Friday, December 23, 2011

အချစ်လို့ခေါ်သလား



You told me You'll love me forever,
How long is forever to You?

Everyone always tell me
to listen to my heart,
But what happens
when even my heart
Doesn't know the answer

A guy and A girl can be just friends.
they will fall for each other...
May Be temporarily
May Be at the wrong time
May Be too late
or
May Be forever...?


The hardest part of moving forward
is not looking back...

Wednesday, December 14, 2011

ကြိုး

ထောင်းခနဲ ဆိုတဲ့အသံနဲ့အတူ
ကြိုးပြတ်သွားခဲ့တယ်။

လူလိမ္မာမဟုတ်ခဲ့တော့
အလျှော့အတင်းဆိုတဲ့
စကားလုံးတွေကို
မျက်ကွယ်ပြုခဲ့သူ...

စောင်းကြိုးလို
အလျှော့အတင်း မညှင်းခဲ့သလို
ဝါယာကြိုးလို
နွေမှာလျှော့ပြီး
ဆောင်းမှာမတင်းနိုင်ခဲ့သူ...

စွန်တစ်ကောင်လို
မာန်မဝင့်ခဲ့ပေမယ်
မှန်စာတိုက်ထားတဲ့ကြိုးလို
မာန်ကြီးခဲ့မိသူ...

တင်းလွန်းရင်ပြတ်
လျှော့လွန်းရင်ပတ်တဲ့
လျှော့ကြိုးကုန်ချိန်ရောက်မှ
ဘွာတေးလုပ်မိသူ...

ဒီလိုနဲ့ပဲ
ဘယ်သူမှမကြားနိုင်တဲ့
ကြိုးပြတ်သံဟာ
ငါ့ နားဝမှာတော့
မိုးချိမ်းသံထက် ကျယ်လောင်လွန်းခဲ့တယ်။

ညဝေးကြယ်။


Wednesday, December 7, 2011

လွင့်ကျသွားသော

နယ်စပ်ဒေသ

နေ့ နဲ့ ည ကြားမှာ
တစ်စက္ကန့် ပဲ ခြားတယ်။

... တစ် ဒီဂရီနဲ့ 
သုံးရာခြောက်ဆယ် ဒီဂရီကြားမှာ
တစ် ဒီဂရီပဲ ခြားတယ်။

ဆောင်းနဲ့ နွေကြားမှာ
လေတစ်ဝှေ့ ပဲ ခြားတယ်။

အပြာနဲ့ အစိမ်းကြားမှာ
အ၀ါတစ်စက်ပဲ ခြားတယ်။

ရှင်ခြင်းနဲ့ သေခြင်းကြားမှာ
မျက်တောင်တစ်ခတ်ပဲ ခြားတယ်။

အချစ်နဲ့ အမုန်း ကြားမှာ
မျဉ်းတစ်ကြောင်းပဲ ခြားတယ်။

ဟိုဘက်ကို ကူးဖို့ ဆိုတာ
လွယ်လွယ်ကလေးပါ။ ။

မင်းလူ။ 
 
နေတွေ ညတွေမှားနေတာ မဟုတ်ခဲ့ပါဘူး ငါဆိုတဲ့ မိန်းမတစ်ယောက် တည်ရှိနေတာကို ကြက်ခြေခတ်ကြီး တစ်ခုပါ  ဘဝမှာ မှန်ကန်ခြင်းတွေ ရှာဖွေနေခဲ့ပြီး အမှားတွေ အကြိမ်ကြိမ်ကျူးလွန်မိနေတဲ့ ငါ့ကို ဘယ်နတ်ဒေဝါကမှ မတားဆီးခဲ့ရတာလဲ 
 နောင်တဆိုတဲ့ ဝေါဟာရကို ငယ်ပေါင်းကြီးဖော်နေရာကနေ ရန်သူကြီးတစ်ယောက်လို သတ်မှတ်ပေးပါ မျဉ်းတစ်ကြောင်းကို ငါကူးရဲတဲ့ သတ္တိမရှိပါဘူး မျက်တောင်တခတ်လေးတော့ ငါခြားချင်နေမိတယ် ရှင်သန်ရတာ ပင်ပန်းလွန်းပါတယ် 
အတိတ်ကို လှည့်ကြည့်လိုက်ရင် နတ္တိ ပစ္စုပန်ကလဲ ဗလာ ငါ့အတွက် အနာဂတ်ဆိုတာ စက္ကူလွတ်တရွက်ပါ စိတ်ခန္ဓာတစ်ခုလုံး မနက်ဖြန်မရှိတဲ့ အိပ်စက်ခြင်းနဲ့ အိပ်စက်လိုက်ချင်တယ် ရှင်သန်ခြင်းက အဲ့လောက်တောင် ခက်ခဲနေရသလား တိုးတိုးဖွဖွရေရွတ်မိတာ ခဏခဏ
ဦးနှောဏ်တစ်ခု လက်နှစ်ဖက် နှလုံးသားတစ်ခု အစာအိမ်တစ်ခု ပါတာခြင်းအတူတူ ဘာဖြစ်လို့များ လောကဓံကို ရင်ဆိုင်ရဲတဲ့ သတ္တိဆိုတာလေး ပျောက်ဆုံးနေရတာလဲ
ဆန့်ကျင်ဘက် မှန်သမျှကို ကြောက့်ရွံ့နေရအောင် ငါလဲလူတစ်ယောက်ပါပဲ ဂျိုမပါပါဘူးကွယ် 
၁။ လာဘ်ရမှု၊
၂။ လာဘ်မရမှု၊
၃။ အခြံအရံရှိမှု
၎။ အခြံအရံမရှိမှု၊
၅။ ကဲ့ရဲ့မှု၊
၆။ ချီးမွမ်းမှု၊
၇။ ချမ်းသာမှု၊
၈။ ဆင်းရဲမှု အဲ့ဒီ့ လောကဓံလေးတောင် ငါတွန်းလှန်နိုင်စွမ်း မရှိခဲ့ဘူး
တကယ်တော့ ငါဆိုတဲ့ မိန်းမတစ်ယောက်က ဘဝဆိုတာကို စိတ်ကူးယဉ် ကဗျာတစ်ပုဒ်လို သတ်မှတ်ခဲ့မိတာ နွေးထွေးတဲ့ နေရောင်ခြည် အေးမြတဲ့ မိုးရေ ချမ်းစိမ့်တဲ့ ဆောင်းလေရူး အဲ့ဒါတွေပဲ ဘဝလို့ ထင်မှတ်ထားတာ စူးရှတဲ့ နွေနေပူ ပြင်းထန်တဲ့ မိုးခြိမ်းသံ သွေးခဲစေတဲ့ ဆောင်းည အဲ့ဒါတွေလည်း ဘဝပဲဆိုတာ မေ့လျော့နေမိတာ
ဘဝဆိုတာ ကဗျာတစ်ပုဒ် စာတစ်ပုဒ် သီချင်းတစ်ပုဒ် ပန်းချီကားတစ်ချပ်မှ မဟုတ်နိုင်တာ နောက်ဆုံးတော့လဲ လွင့်ကျသွားတဲ့ ငါ့စိတ်ဓါတ်ကို ခပ်လေးလေးကုန်းကောက်လိုက်ပြီး ညာဘက်ရင်ဘက်ထဲ ထိုးထည့်လိုက်တယ် အသက်မဲ့နေတဲ့ အပြုံးလေးကို ငါ့နှုတ်ခမ်းထက် ချိတ်ဆွဲလိုက်ပြီးတော့ ငါမနိုးထချင်တော့တဲ့ မနက်ဖြန်ခရီးကို ယိုင်နဲ့နဲ့လေး ဆက်သွားနေရတယ်။
အကယ်၍ သတ္တိဆိုတာလေးများ နတ်ဒေဝါတစ်ပါးပါးက ပေးသနားခဲ့ရင် မနက်ဖြန်ဆိုတာကို မနှိုးထချင်တော့ဘူး.. အကယ်၍ မျဉ်းတစ်ကြောင်းသာ ငါကူးခဲ့ရင် မျက်တောင်တခတ်ဆိုတာ ပြီးဆုံးခဲ့ပြီ.. လွင့်ကျသွားတဲ့ စက္ကူလွတ်တစ်ရွက်ကို ဖမ်းဆုပ်ရင်း မနက်ဖြန်ကို ယိုင်နဲ့နဲ့ ခရီးဆက်လိုက်ပါအုံးမယ် အမေ။

Friday, December 2, 2011

ချစ်သောအမေနဲ့အဖေ... သို့။


အမေနဲ့အဖေ ကျေးဇူးတင်ပါတယ် သမီးကို ဒီအရွယ်အထိ အတက်နိုင်ဆုံးပံ့ပိုးပြီး အနွေးထွေးဆုံး ချစ်ကြင်နာခဲ့လို့ပါ။ တကယ်ဆို သမီးအသက်အရွယ်က ဘဝတစ်ခုကို ခြေစုံရပ်တည်နိုင်ပြီလေ ဒါပေမယ့် သမီးရဲ့အသုံးမကျမှုကြောင့် အရိပ်မမိုးပေးနိုင်ဘူးနော် သမီးဆိုတာ ထီးတဲ့လေ အဲ့ထီးက နေပူမိုးရွာ ကာကွယ်ပေးမဲ့ ထီးရွက်မရှိခဲ့ပါဘူး သမီးကြိုးစားမှာပါ။


ခိုလှုံစရာရင်ခွင်သစ် ရှိနေပြီဆိုလဲ သမီးအတွက့်ကတော့ ရင်ခွင်ဟောင်းကို လိုအပ်နေမြဲပါ ခဏခဏလဲကျတက်တဲ့ သူအတွက့် အိမ်ဆိုတာ နားခိုစရာလေ အတောင်စုံရင်တောင် ခြေစုံမကန်သွားပါဘူး အတောင်စုံမယ့်အချိန် ကျော်လွန်နေခဲ့တာတောင် အဖေရှာဖွေလာတဲ့ အမေခွံကျွေးမယ့် အစားအစာကို အသိုက်မြုံထဲကနေ စောင့်စားနေတဲ့ ငှက်တစ်ကောင်ပါ။


ဘဝဆိုတာက စိတ်ကူးယဉ်ဝတ္တုတစ်ပုဒ် မဟုတ်ခဲ့ပါဘူး ဒါပေမယ့် သမီးအမြဲ စိတ်ကူးယဉ်တက်တယ် အတွေးအခေါ်ကောင်းတယ်ဆိုတာ ဖန်တီးနိုင်တဲ့သူမှပါ ဖန်တီးနိုင်တဲ့ စွမ်းရည်ရှိပေမယ့်လည်း အဲ့ဒါကိုတဖန်အသုံးချနိုင်မှလေ ခုတော့ ဖန်တီးနိုင်ယုံမှာတင် ရပ်တန့်နေတဲ့ သူတစ်ယောက်အတွက်ကတော့ အရာရောက်တယ်ဆိုတဲ့ ဝေါဟာရ ပိုင်ဆိုင်ဖို့ တော်တော်ကြိုးစားအားထုတ်ရမယ် ထင်ပါတယ်။

ဤခရီးနီးသလား
ငါးနာရီလာရသည်
မီးရထား စီးလာပါ
အလကား မစီးရ။ မူလတန်းကျောင်းနေအရွယ်က သင်ခဲ့ရတဲ့ စာလေးတစ်ပုဒ်ပါ လူ့ဘဝခရီးက နီးလားဝေးလား မသိရပေမယ့် သမီးသွားနေတဲ့ ခရီးကတော့ လမ်းပျောက်နေတယ်။

ကြီးမိုက်တဲ့ ကိုယ့်ကိုကိုယ် အဲ့ဒီ့ဘွဲပေးလိုက်ပါပြီ အရင်က ပန်းတိုင်ဆိုတာ အရေးကြီးခဲ့သလောက် အခု ပန်းတိုင်ပျောက်တာ နှစ်ချီခဲ့ပါပြီ လမ်းပျောက်နေတာကို စမ်းတဝါးဝါး လျှောက်နေခဲ့သူ မဟုတ်ပါဘူး  လမ်းမှားကို လိုက်နေမိသူပါ။

ခုအရာရာကို ချင့်ချိန်တက်ပါပြီ လူကြီးလုံးလုံးဖြစ်နေတဲ့ အရွယ်ရောက်မှ ချင့်ချိန်တော့မယ့် သူတစ်ယောက်ကို နားလည်ပေးပါ အမြဲသမီးအပေါ် နားလည်ပေးခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ သမီးကိုယ်တိုင် တောင်းဆိုမိတာပါ။

၂၀၁၁ ဒီဇင်ဘာက က သမီးလမ်းမှားနေတာကို မီးမောင်းထိုးပြလိုက်တာပါ ၂၀၁၂ ကနေစပြီး သမီးဘဝကို အကောင်းဆုံးဖြစ်အောင် ဦးတည်လိုက်ပါပြီ လမ်းမှားရောက်ခဲ့ရင်လဲ လမ်းမှန်ပြန်ရောက်အောင် ကြိုးစားမှာပါ သမီးအိမ်ပြန်လာတော့မယ် အဖေနဲ့အမေ မိဘနဲ့ အတူတကွ နေထိုင်တော့မယ် ရုပ်ဝတ္တုပစ္စည်းတွေ မပံ့ပိုးနိုင်ခဲ့ပေမယ့် မိဘကို ခြေဆုပ်လက်နယ် ပြုနိုင်မယ်လေ သမီးလူဆင်းရဲတာမှုပါဘူး စိတ်မချမ်းသာတာကြီးကို မလိုချင်တော့ပါဘူး တိုးတက်မလားလို့ ထိုးထွက်ခဲ့မိတာမှ စိတ်ဓါတ်တွေပျက်စီးခဲ့ရတဲ့ ကိုယ့်ဘာသာ နှမြောမိပါတယ် အဆိုးထဲက အမြတ်ကတော့ အိမ်ဆိုတာ ဘယ်လောက်တန်ဘိုးကြီးမှန်း သိခွင့်ရလိုက်တာပါ။

ဘဝဆိုတာ တိုက်ပွဲတဲ့ သမီးနောက်မှာ စစ်ကူမရှိဘဲ မတိုက်တော့ပါဘူး အိမ်ဆိုတဲ့ နောက်တန်းရှိမှ သမီးတိုက်ပါတော့မယ် မနိုင်တဲ့စစ်ကို အကြိမ်ကြိမ်တိုက်ခဲ့မိတော့ စစ်ရှုံးတာပဲ အဖတ်တင်ခဲ့ရတာပေါ့။

အရွက်မဲ့တဲ့ ထီးတစ်လက်ကနေ ထီးရွက်၊ထီးကိုင်း၊ထီးရိုး၊ထီးခလုပ် ပြည့်စုံတဲ့ ထီးတစ်လက်ဖြစ်အောင် ကြိုးစားပါတော့မှာပါ။

ညဝေးကြယ်။

Friday, November 25, 2011

Sunday, November 20, 2011

Real Live

အခု လက်ရှိဘဝကြီးကို တော်တော်စိတ်ကုန်နေမိတယ် မနက်နေခေါင်းပေါ်ရောက်ခါနီးမှ အိပ်ယာထ ရေချိုး လာကြိုတဲ့ ရုံးကားပေါ်တက် အလုပ်လာ အလုပ်ရောက်ရင် Internet ဝင် လုပ်ချင်တာလုပ် မလုပ်ချင်လဲ အလုပ်လုပ် ပြီးရင် ထမင်းစား ၁၀နာရီထိုးကာနီးမှ Bank in သွင်း ပြီးရင် အိမ်ပြန် ညစာစားချင်ရင် စားတယ် မစားချင်ရင်မစားဘူး ပြီးရင် Internet ဝင် နေမကောင်းရင် စောစောအိပ်ရင် ည ၁၂ နာရီ ရယ်ခဲ့မိပါတယ် ဘဝဆိုတာကြီးက နတ္ထိကြီးပါလားဆိုပြီးတော့..။

အဲ့လို စက်ရုပ်တရုပ်လို အချိန်ဇယားတွေအောက်မှာ လုပ်နေတာတောင် ၄ နှစ်ဆိုတဲ့အချိန် ရောက်လာတယ် ဗလာကြီးပဲ ရုပ်ဝတ္တုကြည့်မလား စိတ်ခံစားချက်ကြည့်မလား (Blog ရေးနိုင်တာကတော့ အမြတ်တစ်ခု ရှိပါတယ်) သူငယ်ချင်းကပြောတယ်...


“ စိတ်ကူးမလွဲနဲ့နော် မဝိုင်း
  ဒီလိုမျိုးမီးမှန် ရေမှန်နဲ့နေရပြီး အဲယားကွန်းခန်းထဲမှာ 
  အင်တာနက် အလကားပေးသုံးပြီး 
  ကွန်ပြူတာလေးကို ဂျောက်ဂျက်မြည်ရုံ ရိုက်ရုံနဲ့
  တစ်လကို လေးငါးသိန်းမျိုးဆိုသလိုရတာမျိုးက
  ရှေးဘဝ ဘဝက ကုသိုလ်ပါပေလို့နော့
  မဝိုင်းရယ်  အားကျလိုက်တာပ။ ”

ကျွန်မ သူ့ကို ပြန်ပြောမိတာက “ money is everything but money cant get healthly and happily right
 i wann get poor live cuz dont have stress and any pressure , force :) ” 

ဆင်းရဲသားဘဝက လူသာဆင်းရဲတယ် စိတ်ချမ်းသာတယ် 
ထမင်းတော့ ငတ်တယ် သတ်သေမယ့် အတွေးမျိုးမရှိဘူး 
မီးမရှိဘူး ဖယောင်းတိုင် တစ်တိုင်ခြင်းဝယ်သုံးမယ် 
ရေမရှိဘူး ကိုယ်တိုင်ခပ်သုံးမယ် 
Aircon မရှိဘူး ယပ်ခတ်နေမယ် 
Internet မရှိဘူး ရက်ကွပ် Video ရုံသွားမယ် 
Computer မရှိဘူး ရပ်ကွက်ထဲက သတင်းက Connection ကျလဲ သိရတယ် 
တစ်လ ၄၊၅ သိန်းရလဲ ထမင်း နှစ်နပ်စားပြီး ကျောတစ်နေရာစာ အိပ်ရတာပဲ 
နေ့စားလုပ်ရလဲ ထမင်း နှစ်နပ်စားပြီး ကျောတစ်နေရာစာ အိပ်ရတာပဲ
စားတဲ့ အစားအစာခြင်းတော့ တူမယ် နောက်ဆုံးဝမ်းပြည့်ဖို့က အဓိကပါပဲ...။

ငယ်တုန်းက စကားတစ်ခွန်းရှိတယ် သူငယ်ချင်းတွေ နောက်နောက်ပြောင်ပြောင် ပြောမိတာ နေတက်ရင် ကျေနပ်စရာကြီးပါတဲ့ တကယ်ပါ ဘဝမှာ နေတက်ရင် ဘယ်နေရာမဆို အဆင်ပြေပါတယ် အဲ့ဒါကို တစ်ဘဝ တစ်ခန္ဓာကို မွန်းမံနေမိတဲ့ ကိုယ့်အပြစ်တွေပါ..။

တခါတလေကျရင် အတိတ်ကို ပြန်သွားကြည့်မိတယ် အဲ့လိုပြန်သွားမိရင် လက်ရှိအချိန်လေးကို နှစ်သက်စွာ မက်မောမိတယ် အတိတ်မှာ ပျော်ရွှင်စရာတွေ နာကျင်စရာတွေ ရှိခဲ့ပေမယ့် လက်ရှိအချိန်လို ပြန်မရနိုင်ဘူးလေ စိတ်ဓါတ်ကျနေတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို အားပေးချင်တယ် ကျွန်မ Blog ကို ဝင်ဖတ်ကြည့်ပါ ခဏခဏ ဘဝဆိုတာကြီးကို ကျောခိုင်းချင်ခဲ့ပါတယ် ဒါပေမယ့် ကျွန်မခုအချိန်ထိ တည်ရှိနေသေးတယ်လေ..။

ဘာဖြစ်လို့ကျွန်မ အသက်ရှင်နိုင်သေးလဲဆိုတော့ အဲ့ဒီ့အချိန်မှာ ကမ္ဘာပျက်လောက့်တဲ့ ခံစားချက်တွေမှာ စက္ကန့်လေးတစ်ချက် ရွေ့သွားတာနဲ့ ခံစားမှုလဲ ပြောင်းလဲသွားတယ်လေ လီမွန်တီး ပုံပြင်လေး ဖတ်ဖူးခဲ့ရင် နားလည်မှာပါ ကောင်းမွန်တဲ့ လီမွန်တီးတစ်ခွက်ရဖို့ အချိန် ၁၂ နာရီစောင့်ရသလို မှန်ကန်တဲ့ ဆုံးဖြတ်ချက်အတွက့် အချိန် ၁၂ နာရီလောက့်စောင့်လိုက့်ပါ အတိတ်က ၁၂ နာရီမှာ ကမ္ဘာကြီးပျက်သွားမယ့် ခံစားမှုက ပစ္စုပန် အချိန်မှာ ကမ္ဘာသစ်တစ်ခု တည်ဆောက်နိုင်မှာပါ..။

ဘယ်လောက့်သေးငယ်တဲ့ အမှုပဲ ဖြစ်နေပါစေ အချိန်ဆိုတာကို စောင့်ပေးလိုက့်ပါ အချိန်ဆိုတာ အကောင်းဆုံးသမားတော်တဲ့ အဲ့စကားပုံလေးက ကျွန်မအတွက့် နတ်ပေးတဲ့ဆေးတစ်ပါးပါ ခဏခဏလဲကျတက့်တဲ့ ကျွန်မအတွက့် အချိန်ဆိုတဲ့ သမားတော်ကြီးက ကုသပေးခဲ့တာ ဘဝတစ်လျှောက်လုံးပဲလေ..။

ဆရာတော် အရှင်ဆေကိန္ဒ တရားပွဲတစ်ခုမှာ ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်း ကျွန်မအမြဲ မှတ်သားထားတယ် ကိုယ်နဲ့တန်မှ ရတာပါတဲ့။ ကျွန်မကတော့ တစ်ခုခုကို ဆုံးရှုံးခဲ့ရင် ငါနဲ့မတန်လို့ဆိုတဲ့ အတွေးမျိုးတွေးလိုက့်ပါတယ် ငါအဲ့ဒီ့အရာကို ထိုက်တန်ဖို့ လိုနေသေးတာလို့ ကိုယ့်ဘာသာ နှစ်သိမ့်လိုက့်တယ် အဲ့လို့နှစ်သိမ့်မိတဲ့ ကျေးဇူးက နောက့်ထပ်ရလာတဲ့ အရာက ကျွန်မလိုချင်ခဲ့တဲ့အရာထက် ပိုပြီးတန်ဘိုးကြီးတဲ့ ကျွန်မပိုပြီးမြတ်နိုးတဲ့ အရာဖြစ်နေခဲ့တယ် ပါရမီ၊ရေစက်ဆိုတာက တားဆီးမရနိုင်တဲ့အရာတွေပါ..။

အတိတ်မှာ ဘယ်လောက်ပဲ ပြည့်စုံနေပါစေ အနာဂတ်ဆိုတာကြီး ဘယ်လောက့်ပဲ လှပနေပါစေ ပစ္စုပန်ဆိုတဲ့ လက်ရှိအချိန်လေးက ကိုယ့်အတွက့် တကယ့်ဘဝလေးပါ အဲ့ဒီ့တော့ ပစ္စုပန်အချိန်မှာ ဘယ်လောက့်ပဲ ရှုံးနိပ်နေပါစေ ၁၂နာရီကျော်ရင် အဲ့ဒီ့အရှုံးက အတိတ်ဖြစ်သွားပြီလေ ကိုယ်နဲ့ မပတ်သတ့်တော့ဘူးလေ ဒါကြောင့်ဘယ်လောက်ပဲ နာကျင်နေပါစေ ကြေကွဲဝမ်းနည်းနေပါစေ အချိန်ခဏလေး ပေးလိုက့်ပါ အဲ့ခံစားချက်ကနေ လွတ်မြောက်သွားပါတယ်..။
သူငယ်ချင်းမိတ်ဆွေများ အားလုံး ကောင်းမွန်တဲ့ လီမွန်တီးတစ်ခွက် အမြဲ သောက်သုံးနိုင်ကြပါစေရှင်..။


Monday, October 31, 2011

YGN LIVE

30th Sep 2011, Friday

YGN ကိုပြန်ရောက်တယ် အဖေနဲ့ အမေလာကြိုတာဆိုတော့ အရမ်းပျော်မိတယ်။

1st Oct 2011, Saturday

မနက်၇နာရီခွဲ ကလေးတစ်ယောက်ရဲ့ ဘဝကိုစတွေ့ရတယ် မမရဲ့ နှိုးစက်နာရီလို မြည်သံက ထွက်ပေါ်လာတယ် “ ရတီ အင်္ဂလိပ်စာကျောင်းသွားရမယ်လေ မထသေးဘူးလား... ” ၁၀နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ အိပ်ချိန်က ၈နာရီတောင် အနိုင်နိုင်ဖြစ်နေတယ်...

ကိုယ့်ဘေးက ကလေးလေးလှုပ်ရှားလာတယ် “ အမေဘယ်နှစ်နာရီထိုးပြီလဲ... ” ဆိုတဲ့အသံနဲ့အတူ သူမ နံနက်ခင်းကို ပြင်ဆင်လိုက်တယ် ရေချိုး၊အဝတ်အစားလဲ၊မနက်စာစားရင်း ၈နာရီအတန်းကို သူမထွက်သွားတယ်...

ကလေးလေး ကျောင်းသွားတာတောင် ကိုယ်ကတော့ အိပ်ယာထဲမှာ ဇိမ်ကျနေတယ် မမကို ကလေးကြိုရမယ့်အချိန်မေးရင်း တစ်နေ့တာကို စတင်ဖွင့်လှစ်လိုက်တယ် အမေပြင်ဆင်ပေးထားတဲ့ ကောက်ညှင်းပေါင်းနဲ့ ကော်ဖီသောက်ရင်း 5series ကလွှင့်နေတဲ့ ဇာတ်လမ်းတွေကြည့်ရင်း ဝရံတာကနေ လမ်းမထက်ငုံကြည့်မိတယ် တစ်နေတာ စားဝတ်နေရေးအတွက် လူတွေ ပုံစံစုံ၊အရွယ်စုံ လမ်းမထက်မှာ ပျားပန်းခတ်လှုပ်ရှားနေကြတယ်...

၉နာရီခွဲမှာ ရတီ့ကိုကျောင်းကြိုလာတယ် တစ်လမှာ ၈ရက်တက့်ရတဲ့ အင်္ဂလိပ်ကျောင်းက ၁သောင်းခွဲတဲ့၊ ကျောင်းကျူရှင်က ၅သောင်း၊ ဒါတောင် Guide လုပ်ပေးတဲ့ ဆရာမကလူရင်းတွေမို့ Free ဘုရားဘုရား ကလေးမုန့်ဖိုးနဲ့ဆို သူတင်တစ်လ ၁သိန်း ကိုယ်ပို့တဲ့ပိုက်ဆံက ၁သိန်းခွဲ ၆၅နှစ်အရွယ် အဖေပင်စင်ယူပြီး အိမ်မှာမနေနိုင်တဲ့ အဖြစ်ကို နားလည်မိသွားတယ်...

မနက်က အဖေရုံးသွားခါနီး အမေဈေးဖိုးတောင်းသံ ကြားမိလိုက်တယ် သမီးငယ်ရောက်နေတော့ ၁ထောင်ပိုပေးတဲ့ ၅ထောင်တဲ့ အရင်က၄ထောင်ဆို တစ်လ၁သိန်း၂သောင်း ဆန်၊ဆီ၊ဆပ်ပြာ၊သွားတိုက်ဆေး ကျန်တဲ့လူသုံးကုန်က မမဝယ်တာ ဘုရားဘုရား အိမ်စရိတ်တင် ၂သိန်း ရေဖိုး၊မီးဖိုး၊ကျန်းမာရေးစရိတ် ဟူးးး မောလိုက်တာ တစ်လ ၄သိန်း ကိုယ်ပို့တာက ၁သိန်းခွဲ အဲ့ဒါတောင် မပို့တဲ့လကရှိသေးတယ် တစ်လတစ်လ အဖေဘယ်လို ရင်မောနေမလဲဟင်...

ရတီပြန်လာတော့ သူ့ style အတိုင်း Babie ကြည့်တယ် ခဏနေတော့ သူ့အမေက singing song ဆိုရော စာသွားကျက်ဖို့ စာအုပ်ပြင်တဲ့ စိတ်နဲနဲတိုလာတော့ မမကိုပြောမိတယ် “ ကလေးကအခုမှ ၅တန်း ဘာလို့အရမ်းမောင်းနေတာလဲလို့... ” နင်တူမက အိမ်မှာနေရင် Cartoon ကားပဲကြည့်နေတာတဲ့ ကလေးတစ်ယောက်ရဲ့ လွတ်လပ်မှုက ဘယ်မှာလဲ ကျောင်းဖွင့်ရက့်ဆို မနက်၆နာရီခွဲ ထရတယ် ၇နာရီကနေ ညနေ၄နာရီထိ ကျောင်းနဲ့ ကျူရှင် အိမ်ရောက်ရင် အားလပ်ချိန်ခဏပဲ ၈နာရီဆိုစာကျက် ၁၀နာရီမှအိပ် မနက်၆နာရီခွဲ ပြန်ထ စနေ၊တနင်္ဂနွေဆို နေ့လည် ၁နာရီထိ မနားရဘူး Run နေရတယ်...

ခေတ်ကြီးက တိုးတက်လာတာလား လူနေမှုအဆင့်အတန်းတွေ မြင့်မားလာတာလား ကိုယ့်စိတ်ထဲမှာတော့ အရာအားလုံး ရုပ်ဝတ္တုတွေကြီးစိုးနေတာ စိတ်ဆိုတဲ့ခံစားမှုက ချောင်တစ်နေရာမှာ အတင်းထိုးကြိတ်ဖိနှိပ်ခံနေရတာ...

ကိုယ်တိုင်လဲ ရုပ်ဝတ္တုနောက့်လိုက့်ခဲ့မိတာပဲလေ Laptop ဆိုလို့ Laptop ဝယ်တဲ့ အခု Iphone ရောဂါ အဲ့ဒါတွေက တကယ် စိတ်ပျော်ရွှင်မှုအတွက် ဖြည့်စည်းပေးတာလား လူမှုဘဝရုပ်ဝတ္တုယှဉ်ပြိုင်ဖို့အတွက် ဝယ်ယူနေကြတာလား တွေးမိရင် အစဆွဲထုတ်သလို အမျှင်တန်းနေမှာ အသေချာပဲ...

လူတွေက လောကဓံနဲ့ ရင်ဆိုင်ရတာ များလို့လား မသိပါဘူး United Living Mall က ပစ္စည်းသိမ်းတဲ့ ဝန်ထမ်းကစပြီး နောက်ဆုံး Taw Win Center က အထည်ဆိုင်ဝန်ထမ်းအထိ ရန်ကိုတစ်မြို့လုံးစာ စားဝတ်နေရေးဖြည့်စည်းပေးရသူလို ခက်ထန်နေလိုက့်ကြတာ ကိုယ်ပဲအသားမကျတာနေမှာပါ Customer The God မဟုတ်တော့ပါဘူး The Dog ဖြစ်နေပါပြီ ဒါတောင် ဝတ်ထားတာ သပ်သပ်ခတ်ခတ်မို့လို့ အိမ်မှာနေရင်း အဝတ်အစားနဲ့သွားချင်တာ အိမ်ကလူတွေက ပြောနေလို့ အံသြမိပါတယ် ဝန်ဆောင်မှုတွေကို...

အထူးကားတွေ လိုင်းတော်တော်များများ တွေ့ရပါတယ် ဘေးစောင်းထိုင်ရလို့ အထူးကားလို့ ရေးထားတာ ထင်ပါတယ် ဘယ်စီးစီး ၂၀၀ ဆိုတော့ အကြွေမအမ်းရတော့ဘူးပေါ့ ကောင်းပါတယ် Taxi ကားတွေကတော့ ရန်ကုန်ရဲ့ သင်္ကေတထင်ပါတယ် မီတာကို ရှိရဲ့သားနဲ့ မသုံးကြတာကတော့ အောင့်သတ်သတ်ဖြစ်မိပါတယ် ဟိုနားဒီနား ၁၅၀၀ ဆိုပေမယ့် Taxi ပဲစီးဖြစ်ပါတယ်...

ကိုယ်ကသာ ဈေးဖိုး၄၀၀၀ကို အံသြနေတာ တစ်နေ့ကိုယ့်ဘာသာ ဝယ်ကြည့်မယ်ဆိုပြီး ဈေးသွားမိတယ် ၉၀၀ ပိုတယ်ဆိုပြီး ဂုဏ်ယူနေမိတာ ညစာအတွက် ဘာမှမရှိလို့ တော်တော်ကသီသွားတယ် ဒူးနေရာဒူး တော်နေရာတော်လေ လောက်ငှအောင် ဝယ်တက့်တဲ့ အမေစီကနေ စာသင်ရပါအုံးမယ်...

ကျန်တဲ့ဒေသတော့ မပြောတက့်ပါဘူး ကျောက်မြောင်းထဲမှာတော့ လက်ဖက်ရည်ဆိုင်၊ Internet ဆိုင်၊ ဆံပင်ညှပ်ဆိုင် လက်ညှိုးထိုးမလွှဲပါပဲ လူလဲမပြတ်စေရပါဘူး ခေါင်းတစ်ခါလျှော် ၁၅၀၀ ပေါင်းဆေး ပျော့ဆေး ၂၅၀၀ လျှော်ကြတာပါ style တစ်ခုလား မသိပါဘူး ကိုယ့်အိမ်မှာ ခေါင်းမလျှော်ကြတော့တာ အိမ်ကအမေနဲ့ အမကအစ တူမတောင် အဆစ်ပါသေးတယ်...

ငွေယိုပေါက်တွေလို့ မြင်မိပေမယ့် သူတို့အတွက် စိတ်အပန်းဖြေတာပါဆိုပြီး သိပ်တော့အတိုက့်အခံ မပြောခဲ့ပါဘူး ထွက်သမျှဂျာနယ်ဝယ်တက်တဲ့ အဖေ့ကိုလဲ အပြစ်မပြောရဲပါဘူး မနက်၇နာရီကနေ ည၈နာရီထိ Run နေရတဲ့ အဖေ့ကိုလဲ သနားမိပါတယ် ရုံးပိတ်ရက်ဆိုတာ ဘုရားစူးနေရတယ် စနေမို့လို့ ၁နာရီလောက်ပိုအိပ်ရမလား မတွေးပါနဲ့ မနက့်၆နာရီကထဲက လူကြီးဖုန်းဝင်ပြီး တစ်နေတာ Run ရမယ့် အလုပ်ကစောင့်နေပြီ...

အရင်ကတော့ အထက်လူကြီး ယုံကြည်တော့ ကမ်းနားသစ်ပင် မဖြစ်နိုင်ဘူးဆိုပေမယ့် အချိန်ပြည့် Run နေရတော့ အဖေ့ကို အနားယူစေချင်တယ် ကိုယ်ကအဲ့စကားပြောနိုင်တဲ့ အင်အားမရှိသေးတော့ မျိုသိမ့်နေရတယ် ဆန်ကုန်နေလဲ ဒီအဖေ ဆီကုန်နေလဲ ဒီအဖေ စားဝတ်နေရေးအစ သာရေးနာရေးအဆုံး ဒီအဖေအိတ်ကပ်ကနေ နှိုက်နေရတော့ အနားမယူနိုင်တဲ့ အဖေ့ကို ကိုယ်ချင်းစာပါတယ်...

28th Oct 2011, Friday

ညထဲက အိပ်မပျော်ဘူး Aries နဲ့ ဖုန်းပြောပြီးတော့ ၁ နာရီထိုးတော့မယ် မနက်ဖြန် အိမ်နဲ့ဝေးရမယ်ဆိုတဲ့ အသိကြီးက ရင်ထဲဆို့နေတယ် အိပ်မပျော်သေးတဲ့ အဖေနဲ့အမေ ကုတင်ခြေရင်းသွားရင်း အသာကန်တော့မိတယ် အအိပ်ဆတ်တဲ့ မမကလှမ်းပြောတယ် မအိပ်သေးဘူးလားတဲ့ ရင်မောစွာနဲ့ အိပ်ယာဝင်မိတယ် ဘေးနားမှာ အိပ်ပျော်နေတဲ့ တူမဆံပင်ကို အသာအယာပွတ်ပေးနေမိတယ် “ တီလေး မပြန်ပါနဲ့ဆိုတဲ့ စကားသံ ကြားယောင်နေမိတယ် မွေးစကနေ ၆နှစ်ကျော်ထိ ထိန်းလာတဲ့ သံယောဇဉ်က ကြိုးတင်းနေပြီ... ”

မနက် ၄နာရီထဲက အဖေနဲ့အမေ နိုးနေတယ် ပြန်မယ်ဆိုတဲ့ အချိန်ရောက်တိုင်း သူတို့မပြန်စေချင်တာ နားလည်ပေမယ့် မသိကျိုးကျွန် နေလိုက်တယ် လူကြီးခရီးစဉ်ရှိလို့ လေဆိပ်ကို အဖေစောဆင်းရတယ် အမေကလိုက့်ပို့ချင်ပေမယ့် မပို့ခိုင်းတော့ဘူး သူငိုရင်ကိုယ်လဲ မျက်ရည်ကျမှာလေ မမနဲ့အိကေပဲ လိုက့်ပို့တယ်...

ယောင်းမကတော့ ညထဲကစားစရာတွေ အကုန်ထုပ်ပိုးပေးတယ် ဘယ်လောက်ပဲ အစီအစဉ်ဆွဲထား အနီးနားကြရင် အကုန်မေ့တာပဲလေ မိုးလင်းတော့လဲ ကျန်သေးတဲ့အထုပ်တွေ စီစဉ်ပေးတယ် ၇နာရီလေဆိပ်ဆင်းမယ်ဆိုတော့ တူမတော်က ငိုမဲ့မဲ့လုပ်နေတယ် လိုက့်ပို့မယ်ပြောတယ် သူကမငွေရင် သူငိုရင်အမေ့ထက်ဆိုးမယ် ချော့ပြီးကျောင်းကားပေါ်တင်ပေးရတယ်...

၈နာရီ လေဆိပ်ကိုရောက်တယ် တောသားမြို့တက်သလို လေဆိပ်ဟောင်းထဲ ဝင်ချသွားတယ် Taxi Driver ကအရှက်ပြေပြောတယ် ပြည်တွင်းထင်လို့တဲ့ Arrival ထဲဝင်ပြီး အဖေ့စီဖုန်းခေါ်တယ် ခပ်တည်တည်နဲ့ ငါစောသားပဲလို့ အဖေလာမှ ရယ်နေရတယ် ကွင်းချိန်းက ၈နာရီခွဲ အဖေမျက်နှာနဲ့ မြန်မြန်ဆန်ဆန်ပြီးသွားတယ်...

လဝက counter ထိလိုက့်ပို့ရှာတယ် အိမ်အတွက့်စိတ်မပူဖို့ ပြောရှာတယ် Gate 2 ရှေ့ကခုံမှာပဲ ထိုင်နေမိတယ် လာတုံးက လူမရှိတဲ့ လေယာဉ် အပြန်ကြတော့ ခုံနေရာမကျန်ဖူး အလာတုန်းက 8A, အပြန်ကြတော့ 5F တော်တော်အဆင်ပြေပါတယ် ပြတင်းပေါက်နေရာပဲရတယ်ဆိုတော့...

၉နာရီမှာ လေယာဉ်စတက်တယ် ပြေးလမ်းပေါ်အရှိန်ယူလိုက့်ထဲက အသိဝင်လာတယ် ငါဒီတစ်ခေါက် ပြန်လာတာ အများကြီးပြင်ဆင်ရတော့မယ်လို့ အဖေ့မျက်နှာကို ပြေးမြင်မိလိုက့်တယ် ပြတင်းပေါက်ကနေ အောက်ကပင်လယ်ပြင်ကြီး ငုံ့ကြည့်ရင်း သတိတရား ရမိတယ် အပြာရောင်မျိုးစုံဆိုပေမယ့် အဓိကကတော့ ပင်လယ်ရေပါပဲ ငါလဲလူထဲကလူပါပဲ ဂျိုမပေါက်ချင်ပါနဲ့လို့...

၁နာရီ KLIA ကိုရောက်ပေမယ့် တိမ်တွေထူနေတော့ တော်တော်ကြိုးစားပြီး ဆင်းရတယ် လေယာဉ်ကတော့ ငြိမ်နေတာပဲ ကိုယ်ကပြတင်းပေါက်မှာ နေရာရတော့ တိမ်တွေပိန်းပိန်းထူတာ မြင်နေရတယ် ရှေ့ ၁ပေတောင်မှ မမြင်ရတဲ့ကြားမှာ ဆင်းသတ်နိုင်တဲ့ MAI မှလေယာဉ်မှူး ကိုသူရအောင်ကို လေးစားမိပါတယ်...

လူဆိုတာ ကိုယ်လက်ရှိရှိနေတဲ့ နေရာမှာ အကောင်းဆုံးလုပ်နိုင်ဖို့ အကောင်းဆုံးဆိုတာ လက်ခံထားပါတယ်...

( မှတ်ချက်။ ။ ရေးချင်တာတွေကတော့ အများကြီးပါ မရေးနိုင်လို့ မရေးပဲနေရင် Blog နဲ့ အရမ်းဝေးနေတော့    ကြိုးစားပြီး ရေးလိုက်တာပါ။ )



Thursday, September 29, 2011

ရွှေချို





” လူတွေများ တော်တော်ရယ်ရတယ် သူတို့ပြောသမျှကို ရွှေချိုလုပ်ပြီး လိုက်လျောညီထွေ နေမိတော့ ခလုပ်တိုက်ကြတယ်... ဒီနေ့ကစပြီး closed ဖြစ်တဲ့ friend နဲ့ပဲ လိုက်လျောညီထွေ နေတော့မယ်... အတူနေတဲ့ သူငယ်ချင်း ၃ ယောက်လုံးကို ကျေးဇူးတင်ပါတယ် မိသားစုလို နွေးထွေး၊ဖေးမ၊နားလည်မှု အမြဲပေးခဲ့လို့ တကယ်ကျေးဇူးတင်ပါတယ်...။ ”

ဒီနေ့ Gtalk မှာရော FB မှာရော အဲ့ဒီ့စာလေးတင်ထားမိတယ်။ ကိုယ်ကပဲ ကံဆိုးတာလား ကံကောင်းတယ်လို့ ဆိုရမလား ကိုယ့်အကြောင်း နောက့်ကွယ်မှာ ပြောနေရင် ကိုယ်နဲ့ပက့်ပင်းတိုးမိတာ ခဏခဏ ပြောခံရတာများတော့ စိတ်ကုန်လာရော အဲ့လူတွေကိုပါ။ ကိုယ့်စရိုက်ကိုက သီးသန့်နေတက်တယ် ဒီကို စရောက်တုန်းကဆို အတူနေတဲ့ အမနဲ့ပဲ closed ဖြစ်တယ် ကျန်တဲ့သူဆို မေးထူးခေါ်ပြောပဲ။ နှစ်တွေကြာလာတော့ ကိုယ့်စရိုက်ကိုပြင်တယ် water follow, fish follow နေလိုက်မိတယ် ( ရွှေချိုလုပ်လိုက်မိတယ်ပေါ့ ဟိုကတူတူရေဆို ကိုယ်ကဝါးလိုက်မိပါတယ်) ဝန်ခံပါတယ်။ 

ဘာဖြစ်လာလဲဆို ကိုယ့်ရှေ့မှာတော့ ဟီးဟီးဟုတ်နေတာပဲ closed ဖြစ်တာပြောပါတယ် ကျောခိုင်းလိုက်တာနဲ့ နောက်ကျောကို ဓါးနဲ့ထိုးရော။ ကိုယ့်ထမင်းကိုယ်စားပြီး ရစရာမရှိအောင် ပြောခံရတော့လည်း မခံချင်ဘူး။ သူတို့ပြောလို့လဲ ကိုယ့်အလုံးအရပ်လျော့မသွားပါဘူး ကိုယ့်စီးပွားလဲ မထိခိုက်ပါဘူး ဒါပေမယ့် စိတ်မကောင်းတာ တစ်ခုပဲရှိပါတယ် လူတိုင်းကို ရင်းရင်းနှီးနှီး ပေါင်းသင်းလို့မရဘူးဆိုတာ နားမလည်ခဲ့မိလို့ပါ။ အခုတော့ နားလည်သွားပါပြီ အတူနေတဲ့ သူငယ်ချင်း ၃ ယောက်ရှိတယ်လေ သူတို့နဲ့ပဲ လိုက်လျောညီထွေဖြစ်အောင် နေတော့မယ် လူများတော့ ပြသနာများတယ်။

အမေ့ကိုဆို အဖေ့အဖေ၊ ကျွန်တော့်အဘိုး၊ သူ့ယောက္ခမက ခဏခဏပြောတယ် အိမ်ကိုအလည်လာတိုင်း မို့မို့ညည်းကိုယ့်ထမင်းကိုယ်စားပြီး ရွှေချိုမလုပ်နဲ့တဲ့ ပတ်ဝန်းကျင်ကို ကျေးဇူးဆိုတာ ကျေးဇူးပြုတဲ့သူမှ ကန်းကြတာတဲ့ တကယ်မှန်ပါတယ်။အမေက လူမှုရေးအရမ်းနားလည်တယ် ကိုယ့်ထမင်းကိုယ်စားပြီး ကြီးဒေါ်နွားကျောင်းတက်တယ်။
ဟိုတစ်လောကမှ အန်တီမြင့်မြင့်ခင်ဖေ (ရွှေဇီးကွက်)က FB မှာရေးခဲ့ပါတယ် ကျွန်မတို့ ပရဟိတသမားတွေက ကိုယ့်ထမင်းကိုယ်စားပြီး ကြီးဒေါ်နွားကျောင်းယုံတင်မကဘူး ကောက်ရိုးပုံပါ စောင့်ပေးရတယ်တဲ့။ 

တကယ်မှန်ပါတယ် အခုလဲ အမေ့သွေးပါတော့ ကိုယ့်ထမင်းကိုယ်စားပြီး ရွှေချိုလုပ်မိတယ် အဲ့တော့ ဖနောင့်တက်နင်းခံရတာ မှတ်ပြီလား နည်းတောင်နည်းသေးတယ် ကိုယ့်ဘာသာ ပြောချင်မိတယ်။ သူများလာပြောရင် တက်နိုင်သမျှ ရှောင်နေလိုက့်မယ် ရှောင်လို့မရရင် ဒီဘက်နားကဝင် ဟိုဘက်နားကထွက် လိုက်မယ် သူပြန်သွားရင် သူ့စကားလဲပျောက်ရောပဲ ရွှေချိုလုပ်ပြီး အလိုက့်တသင့်ပြောမနေတော့ဘူး။ တော်တော်လေး စိတ်ပျက်နေပြီ လူလေးနဲနဲတောင် ဒီလောက့်စကားရှုပ်နေတာ တရားလဲရပါတယ် တကယ်ပြောတာပါ။

သောကြာနေ့ဆို အိမ်ရောက်ပြီ အိမ်မှာနေတဲ့ တစ်လကို အမေနဲ့တရားလိုက်နာမယ် ကိုယ်စိတ်ကိုသန့်ရှင်းအောင် ဆေးကြောရမယ် ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့က အရေးကြီးတယ်လေ။ ပြန်လာတာနဲ့ သီးသန့်ပဲနေတော့မယ် အလုပ်ကလူတွေရယ် အတူနေတဲ့သူငယ်ချင်းတွေရယ် ဒါလူကုန်ပဲ။ ပြန်လာရင် လုပ်စရာ အများကြီးပဲ အတ္တဟိတ အိမ်အတွက် လတိုင်းငွေလွှဲရမယ်၊ ကိုယ်ပိုင်လုပ်ငန်းလုပ်နိုင်ဖို့ ငွေစုရမယ်။ ပရဟိတ္တ မိဘမဲ့ကလေးတွေ၊ ဘုန်းတော်ကြီးသင်ကျောင်းတွေအတွက့် တက်နိုင်သလောက် လစဉ်လှူရမယ်။ ခုလိုမျိုး အကျိုးမရှိတဲ့ ရွှေချိုလုပ်ရပ်မျိုးကို မလုပ်မိစေရပါတော့ဘူး ကိုယ်ကောင်းအောင်ပဲ ကြိုးစားနေထိုင်ပါတော့မယ်။

Sunday, September 18, 2011

ရိုက်ချိုးမိတဲ့ တဒင်္ဂ





အလွဲတွေနဲ့
ကြီးပျင်းလာတဲ့
ခပ်ညံ့ညံ့လူတစ်ယောက်အတွက့်
နားလည်မှုဆိုတာ
အချိန်ထက် တန်ဘိုးကြီးပါတယ်..


နောင်တဆိုတာကြီးကို
အရင်ရမိရင်
ကောင်းမှာပဲ ကျွန်တော်ခပ်ကြောင်ကြောင်
တွေးမိဖူးတယ်..


အကြိမ်တစ်ရာမှားလဲ
တစ်ရာတစ်ကြိမ်မြောက်
ကျွန်တော်လွဲနေသေးတာပဲ..


ခံစားချက်တွေကို
ကြက်တောင်လိုလေပေါ် မြှောက်တင်ပြီး
ခပ်ဆတ်ဆတ် ခုတ်ချပြစ်လိုက်တယ်..။

Thursday, September 8, 2011

ခပ်ညံ့ညံ့အကောင် ကျွန်တော်။



မှတ်တိုင် ၃၀မှာ
အပြုံးကအင်္သေချေ
ခေါင်းစဉ်မဲ့တာက
အနန္တ…
မချိပြုံး၊မဲ့ပြုံးက
အင်္သေချေမက…
၅နှစ်သားအပြုံးကို
ကျွန်တော်မပြုံးတက်တော့သလို
မချိပြုံး၊မဲ့ပြုံးလဲ
မပြုံးပြချင်တော့ဘူး အမေ…
ဒီလိုနဲ့
ခပ်ညံ့ညံ့လူတစ်ယောက်
မှတ်တိုင်တစ်ခုတိုးသွားတယ်
၃၁ တဲ့…။

4th Sep 2011
Sunday, 2:03pm.

September 8th အဖေ နဲ့ အမေ ကျေးဇူးအသင်္ချေပါ… ဘ၀ဆိုတာကို အသက် ၃၀ထိ မှောက်လိုက် လှန်လိုက် အတည့်ကြည့်လိုက် ဇောက်ထိုးဖတ်လိုက် လုံးလည်ခြာလည်လိုက်ရင်း… ဘဝဆိုတာ ဘာလဲလို့ ခဏခဏပြန်မေးနေရတဲ့ 
ခပ်ညံ့ညံ့အကောင် ကျွန်တော့်မွေးတဲ့နေ့...

I hope last time could I get frosty shade for me always be
Now I got shade already but it can’t champion to me
May be I am egotism.
Nyawaykyal.

အေးချမ်းတဲ့ အရိပ်တစ်ခုမှာ ထာဝရခိုနားဖို့ ကျွန်တော် အိမ်မက်တွေ မက်ခဲ့ဖူးတယ်…
လက့်တွေ့မှာ ကျွန်တော့်ကို အဲ့ဒီ့အရိပ်က ရပ်တည်ကာကွယ် မပေးနိုင်ခဲ့ပါဘူး…
ကျွန်တော်ပဲ အတ္တကြီးခဲ့တာ ဖြစ်မှာပါ။
ညဝေးကြယ်။ ။

I AM THE KING OF MY KINGDOM!! : )
 
ဒီနေ့ကစပြီးတော့ ကျွန်တော့်ကိုကျွန်တော် အုပ်ချုပ်ပြီ အမေ..။

ငါသည် ငါ၏ဘုရင်ဖြစ်၍
ငါသည် ငါ၏ပြည်သူဖြစ်၏။
ငါ့ကိုငါက အုပ်ချုပ်၍
ငါ့အလုပ်ကိုငါလုပ်ရပေတော့မည်။
တာရာမင်းဝေ။ ။


အသက်တာ ၃၀ပြည့်သွားတယ် လူက ၃၀အတွေး မတွေးတက်သေးဘူး
အရာရာ အရင်ကအတိုင်းပဲ မနှစ်ကအတိုင်းပဲ အသက်တစ်နှစ်ကြီးတာက လွဲလို့..
ဒီအချိန်ထိ အိပ်ရေးမက်တုန်း ပိုက်ဆံဖြုန်းနေတုံး နေမကောင်းရင် ဂျီကျတက်နေတုံး အရာရာကို ဒေါသကြီးတက်နေတုံး လောကဓံကို သီးမခံတက်တုံးလေ..
ကိုယ့်ခြေထောက်ပေါ် ခိုင်ခိုင်မာမာ မရပ်ချင်သေးဘူး အမှီကိုအမြဲ လိုအပ်နေတုံး
မရှိတဲ့သူထက် မသိတဲ့သူကခက်တယ်တဲ့ စကားပုံ ပြောင်းလိုက်ချင်တယ် မသိတဲ့သူထက်
သိပြီးမပြင်တဲ့သူ ပိုခက်တယ်လို့..

လူအ တစ်ယောက်ရဲ့ ပေါ့တီးပေါ့ဆ ညနေပေါ့
ပြန်မလာတဲ့ ဖိနပ်လေးအကြောင်းတွေးပြီး
ခုထက်ထိ သူ့ခြေထောက်ကို ရေဆေးနေတုန်း။
တာရာမင်းဝေ။ 

ညဏ်ရည်မမှီဘူး ပြောရအောင်လဲ ကိုယ့်ဘာသာ မဟုတ်ဖူးဆိုတာ သိတယ် IQ
ကသူများထက် ပြေးတယ် မပြေးတာက လူ.. ကိုယ့်ဘာသာ စိတ်မောမိတယ် ဘယ်လိုလုပ်ရမယ်မှန်း မသိတော့ပါဘူး..

အိမ်မှာနေရင် လူပိုကြီးမှန်းသိလို့ အိမ်ပြင်မှာနေတယ် လူပိုကနေ လူလိုကြီး ဖြစ်သွားတာပဲ
အဖတ်တင်တယ် လူဘေးနားက ပိုတဲ့ လိုတဲ့ စာလုံးကို မဖြုတ်ချနိုင်ဘူး လူဆိုတာမလုပ်ပြနိုင်သေးဘူး.. ငါမရှိရင် မဖြစ်ဘူးဆိုတဲ့ အခြေအနေ မရောက်နိုင်မှန်းသိပါတယ် ငါဆိုတဲ့ အသိအမှတ်လေးတော့ ရချင်ပေမယ့် ဒီအချိန်ထိ မဖြစ်လာနိုင်ဘူး...

ငါကွ.. ဆိုတဲ့ စကားလုံးကို စိတ်ကူးမှာ အကြိမ်တစ်ရာမက အော်ခဲဘူးတယ်
လက်သီးဆုပ်ပြီးတော့ I’m Champion ပေါ့ အပြင်မှာတော့ တိုးတိုးလေးတောင်
မရေရွတ်ရဲဘူး ရှက့်လို့ပါ.. ကိုယ့်ဘာသာတောင် မကာကွယ် မစောင့်ရှောက်နိုင်တာ 
သူများကို ဘယ်လို စောင့်ရှောက်မလဲ ကာကွယ်ပေးနိုင်မလဲ.. 

အဖေပြောသလို တက်သမျှသင်တန်းတွေ နံရံကပ်ထားရင် Wallpaper ဖိုးသပ်သာမယ်တဲ့.. အပွင့်သိပ်မကားပါနဲ့တဲ့ သုံးလိုက်တဲ့ငွေတွေ ဖြုန်းလိုက်တဲ့ အချိန်တွေ ၂၇နှစ်ထိ.. ပြီးတော့အိမ်ပြင်ထွက်လာတယ် အချစ်ဆိုတဲ့ ထောင်ချောက်က်ထဲနစ်သွားလိုက်တာ ၃၀ ရောက်ရော ဒီအချိန်မှ မပြင်ရင် နောက့်ဆိုတာ ကျွန်တော့်အတွက် အခွင့်အရေးမရှိတော့ဘူးလေ..

ကိုယ့်ဘာသာ ဗျူဟာခင်းထားပါတယ် လူနဲ့စိတ်နဲ့ တိုက့်ရမယ့် စစ်ပွဲမှာ ရှုံးနိပ့်ရင် ဘဝဆိုတာ မရှင်သန်နိုင်တော့ဘူးလေ ဘဝမှာ အင်္သေချေရှုံးခဲ့ပေမယ့် ဒီတစ်ပွဲတော့ နိုင်ချင်ပါတယ်.. ဒီပွဲမှာအနိုင်ရမှ ရပ်တည်နိုင်မှာပါ မှတ်တိုင် ၃၀ပြည့်ပြီပဲ သရေလောက့်တော့ အနိပ့်ဆုံး ကြိုးစားတိုက်ရတော့မယ်...

ငါ့ရိပ်မြုံကို
ရုပ်ပုံစာတမ်း
ဘာမှမကပ်တမ်း
လမ်းဘေးမှာ မြက်ဖြင့်ဆောက်မည်။
တာရာမင်းဝေ။

“ ၈၊စက်တင်ဘာ၊၂၀၁၁။ အသက် ၃၀ ပြည့် အမှတ်တရ... ”

8th Sep' 11 I am 30 years already not Girl I am lady already!! :(

Monday, August 29, 2011

30' August ကျွန်တော့်ရဲ့ အကြင်နာနတ်သမီး (သို့) အမေ့မွေးနေ့... ♥ ♥ ♥



30' August ကျွန်တော့်ရဲ့ အကြင်နာနတ်သမီး (သို့) အမေ့မွေးနေ့... ♥ ♥ ♥

“ အမေ.. မွေးနေ့မင်္ဂလာပါ ဒီနေ့ကစပြီး အမေစိတ်ပူနေရတဲ့သူ မဖြစ်စေရတော့ပါဘူး

 ကျွန်တော့်ရဲ့ မွေးနေ့လက်ဆောင်ပေါ့ အမေ.. ”




“ အမေ”

 “ အမေ မနက်ဖြန်ဆို အမေ့မွေးနေ့ရောက်ပြီနော် ကျွန်တော် လက်ဆောင်ပေးချင်ပါတယ်
  အမေစိတ်ပူနေရတဲ့ အကောင်မဟုတ်တော့ပါဘူး ဆိုတာလေးကို… ”

မနက်ဖြန်ဆို ကျွန်တော့်အမေ ၅၅ နှစ်ပြည့်ပါပြီ ဒီအရွယ်အထိ အမေ ကျွန်တော့်ကို ပူပင်နေရတုံးပဲလေ
အသက် ၃၀ ရှိနေတဲ့ သူတစ်ယောက်ကို ၁၃ နှစ်ကလေးလို အမေကြောင့်ကြနေရတုံးပဲလေ..

ဘာလို့များ မိဘစိုးရိမ်နေရတဲ့ ကြောင့်ကြနေရတဲ့ ကိုယ် ကျွန်တော်ဖြစ်ခဲ့မှန်း နားမလည်ခဲ့ပါဘူး
တကယ်ဆို ကျွန်တော်မိဘကို ကြောင့်ကြကင်းစေချင်တယ်..

အဖေဆိုလဲ ၆၅ နှစ်ရှိနေပြီ ခုအချိန်ထိ ကျွန်တော့်ဒဏ် သူခံရတုံးပဲ အဖေ ငွေလိုပြန်ပြီ ဘယ်လောက့်ပို့ပေးပါ ပြန်ပို့ပေးပါမယ် အဲ့လိုပြောတာ အကြိမ်မရေတွက်နိုင်ဘူး အဲ့ငွေက သဲထဲရေသွန်သလို ပြန်မရတော့ဘူး..

ကျွန်တော်ရှက်မိပါတယ် ရှက့်လို့သေရင် လူတောင်ပြန်ဖြစ်မှာ မဟုတ်ပါဘူး... ငွေပြတ်လို့ စိတ်ပူရတာ နေမကောင်းလို့ စိတ်ပူရတာ အလုပ်မှာအဆင်မပြေလို့ စိတ်ပူရတာ အိမ်ပြန်လာချင်လို့ စိတ်ပူရတာ အမေ့မှာ အပူတွေများလိုက်တာ ကျွန်တော်က မီးခဲကြီး ဖြစ်နေမှန်း ကိုယ့်ဘာသာ မသိခဲ့ဘူး..

ခုတော့ ကျွန်တော် နောင်တကြီးကြီးရနေပြီ ကျွန်တော်မိဘကို ဒုက္ခပေးတဲ့ကောင် မဖြစ်စေရတော့ပါဘူး ကျွန်တော်ကြောင့် မိဘကြောင့်ကြများနေရတဲ့သူ မဖြစ်စေရတော့ပါဘူး ကျွန်တော် လူလိမ္မာလုပ်တော့မယ်..

အသက် ၃၀ ဆိုတာ လူတစ်ယောက်အတွက့် အချိန်တွေ အများကြီး ဖြုန်းတီးခဲ့ပြီးပါပြီ..
အမေ့မွေးနေ့အတွက် လက်ဆောင်မဝယ်ရသေးပေမယ့် ကျွန်တော်ခုပေးတဲ့ လက်ဆောင်လေးက အမေ့ကို ပိုပြီးတော့ ပျော်ရွှင်နိုင်စေမယ်ဆိုတာ ကျွန်တော်သိတယ် အမေ.. ကျွန်တော့်ပေးတဲ့ လက်ဆောင်လေးအတွက် အမေကျေနပ်နေမယ်ဆိုတာ ကျွန်တော်နှလုံးသားက ခံစားနေရတယ် ပီတိလေးတွေ.. 

အမေဒီနေ့ကစပြီး ဒီထက်မက ကျန်းမာပျော်ရွှင်နိုင်ပါစေ အမေအလှူရေစက် လက်နဲ့မကွာ ဒီထက်မက လှူတန်းနိုင်ပါစေ ကျွန်တော်လည်း အမေ့ပါရမီဖြည့်ပေးနိုင်တဲ့ ကိုယ် ဖြစ်ရပါစေ.. 

အမေ ကျွန်တော့် အရမ်းချစ်တယ်..။

ကျွန်တော့်အမေ
 


Friday, August 19, 2011

Feeling 30



Mom, i need u now coz i really disappointed my life  
someone said life is a serious of disappointments 
but that time i don't agreement that word 
now true already 21 days how i across my life?

အမေ.. လူတစ်ယောက်က ပြောခဲ့ဖူးတယ် ဘဝဆိုတာ အရမ်းကြောက်ဖို့ကောင်းတဲ့ စိတ်ပျက်စရာကောင်းတဲ့ ထောင်ခြောက်တဲ့ အဲ့ဒီ့အချိန်က ကျွန်တော် သတ္တဝါတစ်ကောင် ကိုယ့်ရှေ့မှာ ရောက်နေသလို ထင်ခဲ့မိတယ် အခု သူ့ရှေ့မှာ ကျွန်တော် သတ္တဝါပြန်ဖြစ်သွားတာ..

Sometimes careless anything is enjoyable for me 
but can't stay always don't care anything!! 
Stay abroad more distress other people so try stable myself!!  
wanna be but now can't be so must be 
I wanna die but i didn't choose this way  
I'm physcho may be I'm crazy 
but i will be finally i believed myself!! 
Mom, let it be!!

တစ်ခါတစ်ခါ ကျွန်တော် ဘာမှကိုယ်ေ_ာက်ဂရုမစိုက်ဘဲ နေမိတယ် စိတ်တော့ချမ်းသာတယ် ဒါပေမယ့် လူဆိုတာ ပတ်ဝန်းကျင်နဲ့ ကင်းကွာလို့ မရဘူးဆိုတာ ကျွန်တော် နားလည်ထားတယ်..
စိတ်ဓါတ်အရမ်းကျနေတဲ့ အချိန်မျိုးမှာ ကျွန်တော် သတ်သေချင်တယ် ဒါပေမယ့် ကျွန်တော်လုပ်မှာ မဟုတ်ပါဘူး ထေဒဝါရဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည့်တဲ့ အကျိုးကျေးဇူးပါ..

Mom, today I did portrayed of a drama. 
I think so I’ll be deceiving all of them. 
Finally I’ll be capitulate them because 
I’m illiterate!!
အမေ.. ကျွန်တော် အရမ်းဟာသပြောတက်တယ် ကျွန်တော်က လူဆိုတဲ့ အရာတွေကို ပုံပြောချင်တယ် ကိုယ့်ကိုကိုယ် ရွှေယုန်ဆိုတဲ့ စိတ်ကြီးဝင်နေခဲ့တယ် တကယ်တော့ ကျွန်တော် ခပ်ညံ့ညံ့ ရွှေကျားဆိုတာ အမြီးမသိမ်းတက်မှ နားလည်သွားတယ်.. စာသင်လိုက်အုံး ကလေးရယ်တဲ့ လောကကြီးက ဟတ်ကနဲ တစ်ချက်ရယ်ရင်းပြောသွားတယ်..
Mom, I Known Already Everything Damn All!!
Mom, before September
I will be trying adjustable my life. 
I want be smart lady already. 
Because she (My Mom) said to me, 
Lady look out the world already. 
Looking disposed eye saw everything will be good. 
Feeling 30 နှစ် ၃၀ လုံး ကျွန်တော် အချိန်တွေကို သွန်ချခဲ့ပြီးပြီ ငွေတွေကို မီးရှို့ခဲ့ပြီးပြီ ရပ်တန့်သင့်ပါပြီ ကျွန်တော် မောနေပြီ အမေ ကလေးတစ်ယောက်လို ထင်ရာစိုင်းပြီးပြီ လူကြီးလုပ်ရတော့မယ် အချိန်ဆိုတာက မေးနေပြီ မင်းသက်တမ်း တစ်ဝက်ကုန်သွားပြီ ဘာလုပ်အုံးမှာလဲတဲ့ ကျွန်တော် အချိန်ဆိုတာကို အဖြေပေးရတော့မယ် “ ကျွန်တော် ကြိုက်တဲ့ စကားပုံလေးပါ အဖေလဲ ပြောဖူးတယ် လုပ်တဲ့သူက မပြောဘူးတဲ့၊ ပြောတဲ့သူက မလုပ်ဖူးတဲ့။ ” ကျွန်တော် ဘယ်လိုလူ အများကြီးမဟုတ်တောင် ကျွန်တော့်ကိုကျွန်တော် သိဖို့ လိုအပ်နေပြီ။

Tuesday, August 16, 2011

ကြိုနေစေချင်တယ်



ကျွန်တော် ဒီ song လေးအခု ဆိုချင်နေတယ်.. တမ်းတမ်းတတလေး ဆိုချင်နေတာ.. ကျွန်တော် အရမ်းဝမ်းနည်းနေတယ်.. ကျွန်တော် အဲ့လို မငိုတာ ကြာပါပြီ.. ခုတော့ ပြန်ငိုတက်နေပြီကွာ..

Sunday, August 14, 2011

ဗောဇ္ဈင်္ဂသုတ်

http://www.youtube.com/watch?v=AOMO4sKYlKk&feature=player_embedded

   ဗောဇ္ဈင်္ဂသုတ်
၁။ သံသာရေ သံသရန္တာနံ၊
သဗ္ဗဒုက္ခ၀ိနာသနေ။
သတ္တ ဓမ္မေ စ ဗောဇ္ဈင်္ဂေ၊
မာရ သေနာပမဒ္ဒနေ။

၂။ ဗုဇ္ဈိတွာ ယေ စိမေ သတ္တာ၊
တိဘ၀ါ မုတ္တ ကုတ္တမာ။
အဇာတိ မဇရာ ဗျာဓိံ၊
အမတံ နိဗ္ဘယံ ဂတာ။

၃။ ဧ၀မာဒိဂုဏူပေတံ၊
အနေကဂုဏသင်္ဂဟံ။
သြသဓဉ္ဇ ဣမံ မန္တံ၊
ဗောဇ္ဈင်္ဂဉ္စ ဘဏာမ ဟေ။

၎။ ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊
ဓမ္မာနံ ၀ိစယော တထာ။
ဝီရိယံ ပီတိ ပဿဒ္ဓိ၊
ဗောဇ္ဈင်္ဂါ စ တထာ ပရေ။

၅။ သမာဓု ပေက္ခာ ဗောဇ္ဈင်္ဂါ၊
သတ္တေ တေ သဗ္ဗဒဿိနာ။
မုနိနာ သမ္မဒက္ခာတာ၊
ဘာဝိတာ ဗဟုလီကတာ။

၆။ သံဝတ္တန္တိ အဘိညာယ၊
နိဗ္ဗာနယ စ ဗောဓိယာ။
ဧတေန သစ္စ၀ဇ္ဇေန၊
သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၇။ ဧကသ္မိံ သမယေ နာထော၊
မောဂ္ဂလ္လာနဉ္စ ကဿပံ။
ဂိလာနေ ဒုက္ခိတေ ဒိသွာ၊
ဗောဇ္ဈင်္ဂေ သတ္တ ဒေသယိ။

၈။ တေ စ တံ အဘိနန္ဒိတွာ၊
ရောဂါ မုစ္စိံ သု တင်္ခဏေ။
ဧတေန သစ္စ၀ဇ္ဇေန၊
သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၉။ ဧကဒါ ဓမ္မရာဇာပိ၊
ဂေလညေနာဘ ဘိ ပီဠိတော။
စုန္ဒတ္ထေရေန တံယေ၀၊
ဘဏာပေတွာန သာဒရံ။

၁၀။ သမ္မောဒိတွာန အာဗာဓာ၊
တမှာ ၀ုဋ္ဌာသိ ဌာနသော။
ဧတေန သစ္စ ၀ဇ္ဇေန၊
သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

၁၁။ ပဟီနာ တေ စ အာဗာဓာ၊
တိဏ္ဏန္နမ္ပိ မဟေသိနံ။
မဂ္ဂဟတာ ကိလေသာဝ၊
ပတ္တာ နုပ္ပတ္တိဓမ္မတံ။
ဧတေန သစ္စ၀ဇ္ဇေန၊
သောတ္ထိ တေ ဟောတု သဗ္ဗဒါ။

  အပူဆိုတာသိတယ် သံယောဇဉ်ဆိုတာကြီးက ကိုယ်ကမှမပူအောင်မှ မနေတက်တာ အဲ့ဒီ့တော့ အပူနည်းအောင် ဘုရားဖက်ရတာပေါ့ (အိမ်က တစ်ယောက်ယောက် နေမကောင်းဖူးဟေ့ဆိုရင် ကျွန်တော်ပြန်ပြေးချင်တဲ့သူ အိမ်ကလူတွေက တော်ယုံမပြောရဲဘူး ကျွန်တော့်အကြောင်းသိလို့)  ကျွန်တော်က ကိုယ်တိုင်နေမကောင်းလဲ အိမ်ပြန်ပြေးချင်တယ် နေမကောင်းတိုင်းသာ ပြန်ပြေးရရင်တော့ ကျွန်တော်သာ သေသွားမယ် သူဌေးကို အိမ်ပြန်လို့တင်တဲ့ အကြွေးကဆပ်လို့ဆုံးမှာ မဟုတ်ဘူး။

Saturday, August 6, 2011

နတ္ထိ



မြတ်နိုးတာကို ဘယ်လိုအရာနဲ့
တိုင်းတာလဲ ဟင်..
ကျွန်တော်ကတော့ မြတ်နိုးတာကို
နှလုံးသားသီးသန့်နဲ့
တိုင်းတာပါတယ်..
တစ်မ္ဘာလုံး မသိရင်နေပါစေ
ချစ်သောသူသိရင်
ကျွန်တော်ကျေနပ်ပါတယ်..
တစ်ခါတစ်ခါ
နှုတ်ကဖွင့်ဟပြောတာထက်
နှလုံးသားက စူးနစ်စွာခံစားမိလိုက်တဲ့
အဖြစ်က ကျွန်တော့်မြတ်နိုးခြင်းကို
ထိုးနှက်ခံလိုက်ရတယ်..
“ ချစ်ခြင်း ”
အဲ့ဒီ့စကားလုံးလေးမှာ
အရာအားလုံး
ဝပ်ဆင်းပေးလိုက်ရတာ
အရိယာ သူတော်စင်ကလွဲရင်
ဘုရားထူးခံနွယ်ဝင်ကနေ
သူတောင်းစားအလွှာအထိ..
အချစ် နဲ့ စစ်မှာ
မတရားတာ မရှိတဲ့
တရားသော အချစ်သာ
ကျွန်တော် တပ်မက်ခဲ့တာ..
စူးနစ်မှုတွေကို
စကားလုံးအဖြစ် သွန်ချလိုက်ရင်
ကျွန်တော့်ကဗျာ
မိုးတွေပြိုကျမှာ..
တစ်နေ့တော့
အစပ်အဆက်မရှိ
နိဂုံးချူပ်လိုက်တယ်..။

Thursday, August 4, 2011

အတ္တ နဲ့ ဆန္ဒ ကြားကလူ

အလည်မပြန်ဖြစ်ဘူးဆိုတော့ အဖေက အပြီးပြန်လာတော့တဲ့ တကယ်ပြန်လာတော့ဆိုလဲ ကျွန်တော်မပြန်ချင်ဘူးအမေ.. အဖေ့အိတ်ကပ် အမြဲနှိုက်နေတဲ့ဘဝထက်စာရင် တခါတလေမှ နှိုက်ရတဲ့ဘဝကို ကျွန်တော်ရွေးပါရစေ။
တခါတခါ အတ္တက ဆန္ဒကို ဝါးမျိုလိုက်မိတယ် ကျွန်တော်ကိုယ်တိုင် မတက်သာလို့ ခပ်ခွာခွာကနေ ရပ်ကြည့်နေလိုက်ရတာထက့် ကျွန်တော်ကိုယ်တိုင် ဆန္ဒကို အတ္တခြေရင်း ဝပ်ဆင်းပေးခိုင်းလိုက်ရတာတော့ တော်တော် ကြေကွဲရတယ် အမေ။
“ အိမ်ကို လွမ်းတယ်ကွာ.. ” ကျွန်တော် ကိုယ့်ခြေထောက်ပေါ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်တဲ့နေ့ဟာ ကျွန်တော် လောကကြီးကို ဦးညွှတ်နှုတ်ဆက်မယ့်နေ့ မဖြစ်ပါစေနဲ့ တိုးတိုးလေး ဆုတောင်းမိပါတယ်။
အသက် ၃၀ မနေ့တစ်နေ့ဆို ပြည့်ပြီ ခုထိ ငါ့အဖေကြီး ဘာမှဆို လုပ်နိုင်နေတယ် လုပ်ခိုင်းနေတုံးပဲ ဒီ post ရေးနေရင်းတောင် တွေးမိလိုက်သေးတယ် မွေးနေ့လက်ဆောင် စိန်ဆွဲသီးသေးသေးလေး ဝယ်ခိုင်းမယ်လို့ ပြောမိရင် တကယ်ဝယ်ပေးမှာ မပြန်ရဘူးဆိုတော့ အဖေကစိတ်မကောင်းဘူးလေ အဲ့ဒီ့တော့ ကျွန်တော်ပူစာရင် သူဝယ်ပေးမှာပဲ အဲ့လောက်ထိ ကျွန်တော်မိဘကို နှိပ်စက်တဲ့ကောင်။
အဖေက ကိုယ့်ခြေထောက်ပေါ်ကိုယ် ၁၇နှစ်အရွယ်ထဲက ရပ်တည်နိုင်ခဲ့ပေမယ့် ကျွန်တော် ၃၀ရှိနေပြီ အဖေ့အရိပ် အိမ်အရိပ်ကနေ တစ်လက်မမှ မရွေ့စတမ်းရပ်နေမိဆဲ ဟူးး တကယ်စိတ်ညစ်ပါတယ် တစ်နေ့တော့ ဆိုတဲ့အချိန်က ရောက်လာပါပြီ ကျွန်တော် မခွာလို့မရတော့ဘူး နေပူထဲထွက်ရတော့မယ်လေ။
“ ဘဝဆိုတာက တိုက်ပွဲလေ ဘယ်သူ့ဘယ်သူကိုမှ စိန်မခေါ်ရပါဘူး ကျွန်တော်နဲ့ ကျွန်တော် ယှဉ်ပြိုင်ရမှာ.. ”
စက်တင်ဘာ ၈ လောကကြီးမှာ နေတက်သလို နေခဲ့တဲ့ ကျွန်တော့်အတွက် ကြိုဆိုမှုများစွာနဲ့ ရင်ဆိုင်ရတော့မှာ ဝန်ခံပါတယ် အရှုံးဆိုတာအတွက် ပြင်ဆင်ထားပါတယ် ဆိုးဆိုးဝါးဝါး မဖြစ်ပါစေနဲ့လို့ မျှော်လင့်ထားတာပေါ့ခင်ဗျာ။

Monday, August 1, 2011

အဝေးကအိမ် သို့..



“ ညဝေးကြယ် ” တကယ်ပဲ ကျွန်တော် ညဝေးကြယ် ဖြစ်နေတာလားကွာ အိမ်ဆိုတဲ့ အေးမြတဲ့အရပ်နဲ့ ဝေးနေရပြီလေ..

အဝေးကအိမ် သို့... တစ်ခါတစ်ခါ အိမ်ကနေ အပြင်ထွက်လာခဲ့မိတဲ့ ဘဝကို တော်တော်လေး နောင်တရမိပါတယ်..

“ အဲ့ဒီအိမ်မှာ နိုင်ငံတော်အကြီးအကဲ မရှိဘူး လိုအပ်ရင် ကုန်းမြင့်ရိပ်သာ ဖြစ်သွားနိုင်တယ်။ အဲ့ဒီ့အိမ်မှာ စီးပွားရေးလုပ်ငန်းရှင် မရှိဘူး လိုအပ်ရင် shopping mall ဆောက်ပေးနိုင်တယ်။ အဲ့ဒီ့အိမ်မှာ ကမ္ဘာကျော်စားဖိုမှုး မရှိဘူး လိုအပ်ရင် 5 stars စားသောက်ဆိုင် ဖွင့်ပေးနိုင်တယ်။ အဲ့ဒီ့အိမ်မှာ သမားတော် မရှိဘူး လိုအပ်ရင် အထူးကုဆေးရုံလို လိုလေသေးမရှိ ဂရုစိုက်ပေးနိုင်တယ်။ အဲ့ဒီအိမ်မှာ ကျွန်တော့်မိသားစုပဲ ရှိပါတယ် ဒါပေမယ့် အရာအားလုံး ဖြည့်စည်းပေးနိုင်တယ်။ ”

မနေ့က တော်တော်လေးဖျားနေတယ် စနေနေ့ကအလုပ်မတက်တော့ အလုပ်က ၂ ရက်စာလုပ်နေရတယ် လူကနေမကောင်း ဖျားကလဲဖျားနေတော့ တော်တော်ကသီတယ် အလုပ်လုပ်ရတာ နှာစေးတာလဲ အရမ်းပဲ ဘေးကလူကို အားမနာနိုင်တော့ဘူး တရှီးရှီးဖြစ်နေတော့ အဖျားကြီးတော့ ခေါင်းကထိုးကိုက်လာတယ် ဆိုင်မှာလဲ တစ်ယောက်ကနေမကောင်းတော့ Installment, Over sea credit card ဆို ဆိုင်ဘက်ပြေးရပြန်ပြီ ဆိုင်နဲ့ ရုံးခန်းက ဝေးနေတော့ လမ်းလျှောက်လိုက်တိုင်း ခေါင်းကို တက်တက်ဆောင့်တယ် အမှန်ဆို ကျွန်တော်ဆေးခန်းပြချင်တယ် လကုန်ရက်ဆိုတော့ ပိုက်ဆံပြတ်နေပြီ ထမင်းစားဖို့တောင် မလောက်ဘူး တော်တော်လေး ဝမ်းနည်းသွားတယ် မျက်ရည်ကျမိတယ် ငါသာ အိမ်မှာဆို အဲ့လိုမဖြစ်ဘူးဆိုတဲ့ အတွေးက နှိပ်စက်နေတယ် တခါတခါ ဘဝကတော်တော်လေး ခါးသီးတယ်ဗျာ။

ကျွန်တော်အိမ်မှာ နေမကောင်းရင် အရမ်းဂရုစိုက်ခံရတာ ဆေးခန်းမသွားနိုင်ရင်တောင် အမေက ချော့ခေါ်တယ် သမီးမလျှောက်နိုင်ရင် ဆိုက်ကားနဲ့သွားမယ် ကားငှားသွားမယ်ဆိုပြီး လိုက့်ပို့တယ် ဘာမှမစားနိုင်ရင်လဲ ကျွန်တော်နေတဲ့ တိုက်ခန်းအပေါ်ထပ်ကနေ သူဒူးနာနေတဲ့ကြားက ကျားကွက်သစ်ထဲ ဆင်းပြီး ကျွန်တော်ကြိုက်တဲ့ အစားအစာ သူကိုယ်တိုင် သွားဆင်းဝယ်ပေးတယ် မိဘမေတ္တာများ အရမ်းတန်ဘိုးကြီးတယ် အဖေရုံးက ပြန်လာရင်လဲ သမီးငယ်နေမကောင်းဘူးဆိုတာနဲ့ အဖေကဆူရော ကလေးကိုဆေးခန်းမပြဘူးလား ဘာလား ညာလား ပြီးရင်မေးပြီ သမီးဘာစားမလဲ အဖေသွားဝယ်မယ်ဆိုတာကြီးပဲ ကျွန်တော်က သူများအတွက် လူကြီးဖြစ်ချင်ဖြစ်နေမယ် ကျွန်တော့်မိသားစုမှာတော့ ပီဘိကလေးပဲ အတောင်မစုံတဲ့ငှက်ပဲ။

ကျွန်တော် နေမကောင်းဘူးဆိုတာ သိရင် အိမ်ကစိတ်ကောင်းမှာ မဟုတ်ဘူး အဲ့လိုပိုက်ဆံမရှိလို့ ဆေးခန်းမပြနိုင်တာသိရင် တော်တော်ဝမ်းနည်းမှာ အဖေက သူဘယ်လောက်ပဲ ခက်ခဲနေပါစေ ကျွန်တော်လိုချင်တဲ့ ငွေ၊ပစ္စည်းဘာမှဆို အကုန်ဖြည့်စည်းပေးခဲ့တာလေ အဲ့လို မိသားစုမှာ ကြီးပျင်းခဲ့ရတဲ့ သူအတွက် မနေ့က အဖြစ်အပျက်က တော်တော်လေး နာကျင်ရတယ် ခုပြန်တွေးလိုက်မိတာတောင် မျက်ရည်ကျတယ်လေ။

အရင်ထဲက လကုန်ခါနီးဆို ပိုက်ဆံပြတ်တယ် လစာက ၁ရက်နေ့မှ cheque သွင်းတာ ဘဏ်မပိတ်ရင် ၃ရက်မှ cheque က ဝင်တာ တစ်နေ့က ဖိနပ်က ပြတ်သွားတော့ ဖိနပ်ဝယ်လိုက်တယ် ၅၀က ဖိနပ်ဘိုးကုန်သွားတယ် လကုန်ထိ အတိအကျတွက်ထားတဲ့ ပိုက်ဆံက ထမင်းစားဖို့တောင် မလောက်မငှဖြစ်သွားတယ် လက်ထဲမှာရှိတာက ၄၀ တစ်ရက် ၁၀နှုန်းနဲ့ မနေ့မနက်က ပဲနို့ဝယ်သောက်တာနဲ့ ၃ကျပ်ကုန်သွားတယ် ကြာဆံပြုတ်က ၆ကျပ် ပိုက်ဆံ၃၁ကျပ်နဲ့ ဆေးခန်းသွားလို့မရဘူးလေ ဆေးခန်းက ၅၀လောက်ကုန်တာ တော်တော်လေးဝမ်းနည်းသွားတယ် အိမ်ကို ခြစ်ခြုပ်စုပြီးပို့တဲ့ကောင်ဆိုလဲ ထားပါတော့ ပိုက်ဆံမရှိတာ ဖြေသာအုံးမယ် ခုတော့။

ငွေမပို့ဖြစ်တာလဲ ကြာပါပြီ စာအုပ်သက်တန်းတိုးထဲက ဒီကြားထဲလှမ်းတောင်းသေးတယ် ခုလည်းအိမ်ပြန်မယ်ဆိုပြီး လက်မှတ်တောင်ဝယ်ထားတာ သူတို့ဥပဒေပြင်ဆင်လို့ ပြန်ဖို့ကအဆင်မပြေတော့ဘူး လေယာဉ်လက်မှတ်ကလဲ ပလုံတောင် မမြည်လိုက်ဘူး အလဟဿဖြစ်သွားတယ် နှမြောတယ်ဆိုတာထက် အိမ်မပြန်ရဘူးဆိုတဲ့ ခံစားချက်က ပိုဆိုးတာ ဟာတာတာကြီးခံစားလိုက်ရတာ အိမ်ပြန်မယ်ဆိုပြီး အားတင်းထားတာလေ။

ပိုက်ဆံပြတ်တာနဲ့ ပတ်သတ်ပြီး Fri တစ်ယောက်က ပြောပြဖူးတယ် သူ့ခံစားချက်ကို အဲ့တုံးက တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ် ဒါပေမယ့် ကာယကံရှင် မဟုတ်တော့ သူ့လောက့်မခံစားပေးခဲ့နိုင်ဘူး ကိုယ့်အလှည့်ကျမှပဲ သူ့ကိုကိုယ်ချင်းစာတက်သွားတယ် Fri က ထမင်းကို လခပေးစားတယ် အိမ်ကိုပိုက်ဆံအကုန်လွှဲတယ် အဲ့နေ့က ဆိုင်ကပိတ်တာကို ကြိုမပြောဘူး သူကလဲ စားနေကြအချိန်ရောက်တော့ ထမင်းသွားစားတယ် ဆိုင်ကပိတ်ထားတယ် လကုန်ရက်ဆို ဘယ်သူမှ ပိုက်ဆံမရှိတော့ဘူး သူမှာလဲ ၅ကျပ်တောင် မပြည့်ဘူး အဲ့ဒါနဲ့ မုန့်ပဲဝယ်စားလိုက်ရတယ် ထမင်းဆိုင်ကို ကြိုမပြောလို့ စိတ်ကလဲတို ပိုက်ဆံကမရှိတော့ စိတ်မကောင်းဖြစ် ဝမ်းနည်းလို့ အဲ့ဒီ့မုန့်ဆိုင်နားမှာပဲ ထိုင်ငိုခဲ့တယ်တဲ့ သူများပြောပြတော့ ကိုယ်ချင်းပဲစာနိုင်တယ် ကိုယ်ဖြစ်တော့မှ အဲ့ဒီ့ feeling ကို နားလည်သွားတာ။

ရေခြားမြေခြားမှာ နေရတဲ့ဘဝက နေ့တိုင်းအဆင်မပြေတာကြုံရပါတယ် ဒီလိုပဲ မေ့မေ့ပျောက်ပျောက် ထားလိုက်တာများပါတယ် အရမ်းခံစားမိတဲ့ အကြောင်းအရာကျတော့ သင်္ခန်းစာ ယူရတာပေါ့ဗျာ။

“ ရေခြားမြေခြားမှာ နေနေကြတဲ့ ကျွန်တော် အပါအဝင် fri တွေအကုန်လုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ”

အိမ်လွမ်းသူ

Saturday, July 23, 2011

Friday, July 15, 2011

အချစ် = ?






People said means of Love some people said taking and some people said giving but
I understand means of Love wanna get all thing of related to him coz I’m Psycho!!


လူတွေက အချစ်ကို အဓိပ္ပါယ် ဖွင့်ကြတယ် တစ်ချို့က အချစ်ဆိုတာ ရယူခြင်းတဲ့... တစ်ချို့ကျတော့လည်း အချစ်ဆိုတာ ပေးဆပ်ခြင်းတဲ့... ကျွန်တော်ကရော ??


ကျွန်တော့်အတွက် အချစ်ဆိုတာ Dream တစ်ခုပေါ့ အဲ့ဒီ့အိမ်မက်ထဲမှာ မျှော်လင့်ချက်တွေ အနာဂတ်တွေ ပြီးတော့ ကျွန်တော့် ချစ်သူနဲ့ ပတ်သတ်နေသမျှ အရာအားလုံး ပိုင်ဆိုင်ချင်တယ် သူနဲ့ပတ်သတ်တဲ့ အဆိုးအကောင်း အကုန်လုံး နောက်ဆုံးကွာ သူ computer screen ပေါ်မှာ ရိုက်လိုက်တဲ့ စာလုံးလေးတစ်လုံးတောင် ပါတယ်...

Loving someone is so dangerous 4 heart....keep your heart safe...



လူတစ်ယောက်ကို ချစ်မိတာ နှလုံးသားအတွက် အန္တရာယ်တဲ့... (သေချာတာပေါ့..) ဘဝတစ်ခုလုံးတောင် ပျက်စီးသွားနိုင်တယ်...

အဲ့ဒါဆို မချစ်နဲ့ပေါ့ ခင်ဗျားပြောနိုင်ပါတယ် တစ်ခုတော့ သတိပေးချင်ပါတယ် အချစ်ဆိုတာ ဖန်တီးလို့မရဘူးဆိုတာ လက်ခံနိုင်ရင်ပေါ့ ဖန်တီးပိုင်ခွင့် မရှိတဲ့ခံစားချက်ကို ဖျက်စီးလို့လဲ မရပါဘူး...

(ျ  ) ရပင့်နဲ့ပဲ ချစ်ချစ် (ြ   ) နဲ့ပဲ ခြစ်ခြစ် ချစ်မိပြီဆိုတာနဲ့ ဒဏ်ရာရတက်ပါတယ်... လက်သည်းလေးခြစ်မိတာတောင် သွေးစို့ပြီး နာကျင်သွားရတာပဲလေ... နှလုံးသားတစ်ခုလုံး ချစ်မိပြီဆိုရင်တော့ အခန့်မသင့်ရင် အသည်းကွဲတက်ပါတယ်...


ရှေးရှေးတုန်းကလဲ အချစ်ဆိုတာ အဓိပ္ပါယ် ဖေါ်ခဲ့ကြတာပဲ ယခုခေတ်မှာလဲ အဓိပ္ပါယ် ဖေါ်နေဆဲပဲ နောင်တစ်ချိန်လဲ အချစ်ဆိုတာ ဘာလဲဆိုတာ သိချင်ကြမှာပဲ...

ကျွန်တော်ကြိုက်တဲ့ ကဗျာလေးလို အချစ်ဆိုတာလဲ ထာဝရ တည်ရှိနေအုံးမှာပါ...


Men   May   Come   and


Men   May   Go   but


I Flow on Forever!!


လူတွေ မွေးဖွားလာကြအုံးမယ်


လူတွေ နှုတ်ဆက်သွားကြအုံးမယ်


လူတွေသာ ပြောင်းလဲသွားကြမယ်


အချစ်ဆိုတဲ့ ခံစားချက်ကတော့ မပြောင်းလဲပဲ တည်ရှိနေအုံးမှာပါ ။ ။

Thursday, July 7, 2011

ရေခဲ မီးတောက်။


ရေခဲတုံးဆိုတာ မီးမလောင်ဘူးလို့ ဘယ်သူပြောခဲ့သလဲ သူကလောင်စာ မဟုတ်လို့ မီးတောက့်တော့ မမြင်ရပေမယ့် သူလောင်ကျွမ်းသွားတယ်ဆိုတာ အရည်ပျော်သွားတဲ့ အခါ လက်ခံရမှာပဲလေ။

ကျွန်တော်လဲ ရေခဲတုံးလိုပဲ ကျွန်တော့်ကိုယ်က မီးတောက့်ကို မမြင်နိုင်ပေမယ့် ကျွန်တော်ရှင်သန်မှု ရပ်တန့်သွားရင် လောင်ကျွမ်းသွားတာပါပဲ အသက်မရှုတော့မှ သေသွားတာ မဟုတ်ပါဘူး ရှင်သန်မှု မရှိတော့တဲ့ လူရှင်ကြီးတွေ အများကြီးပါ ကြည့်တက်ရင် မြင်နိုင်ပါတယ်။

ကျွန်တော်က ပုန်ကန်တဲ့ ဗီဇရှိတယ် ဖိနှိပ်ထားလို့ မရဘူး ဘယ်လိုအခြေအနေ အကြောင်းတရားကမှ ဖိနှိပ်ထားလို့ မရဘူး ချက်ခြင်းမဟုတ်ရင်တောင် ကျွန်တော် တွန်းကန်တက်တယ် ဗီဇဆိုတာ ပလပ်စတစ်အိတ်ထဲထည့် ရေခဲသေတ္တာထဲ ထည့်သိမ်းထားလို့ ရတဲ့အရာမဟုတ်ဘူးလေ။

တခါတခါ ကျွန်တော့်ကို ကျွန်တော် ပုံစံခွက်ထဲထည့် အအေးခံကြည့်ဘူးတယ် သူများနဲ့ တသားထဲ ဖြစ်နေအောင်လို့  အအေးဓါတ်လဲပြယ်ရော ကျွန်တော့်တွန်းကန်အားက ပိုဆိုးသွားတယ် ဖန်ခွက်တစ်ခုကို အပူပေးပြီး ရေလောင်းလိုက်သလို ခွမ်းကနဲ ကွဲအက်သွားတယ်။

လူတစ်ယောက် ရှင်သန်ဖို့ အတ္တ၊ ဗီဇ၊ ကျင့်ဝတ်သိက္ခာ တွန်းအားသုံးခု လိုတယ် အဲ့ဒီသုံးခု အချိုးကျဖို့လဲ အရေးကြီးတယ် ကျွန်တော်က တစ်ခုခုမှာ မမြဲအစွန်းရောက်နေတော့ ကျွန်တော် မရှင်သန်နိုင်တာ သဘာဝကျပါတယ်။

မီးဆိုတာ လောင်စာကျန်နေသေးသရွေ့ လောင်ကျွမ်းနေမှာပဲလေ လောင်စာကုန်သွားမှ မီးငြိမ်းသွားမှာ အဲ့ဒါကြောင့် ကျွန်တော့်ကို ကျွန်တော် မီးရှို့လိုက်တယ် လောင်နေတုန်းတော့ ကျွန်တော်ပူမှာပဲ အမေ လောင်စာကုန်လို့ မီးငြိမ်းသွားရင် ပြီးပါပြီ စာတန်းထိုးရုံပေါ့။

Monday, July 4, 2011

ကြွက်မြီးတန်းလေး မွေးနေ့။


ကြွက်မြီးတန်း (သို့) ရတီလေးမွေးနေ့

အမေ.. ကြွက်မြီးတန်းလေးတောင် ၁၀နှစ်ပြည့်ပြီနော် အချိန်ကုန်တာ မြန်လိုက်တာ ကြွက်မြီးတန်းလေး ကျွန်တော့်နောက် တကောက်ကောက်မလိုက်ရတာ ၃နှစ်တောင်ကျော်ပြီ။

ရတီလေးမွေးတော့ ကျွန်တော့်အသက် ၁၉နှစ်ပဲ ရှိသေးတယ် မမအိမ်ထောင်ကျတာစောတော့ မမကိုယ်ဝန်ရှိတာကို သူငယ်ချင်းတွေကို ပြောရမှာရှက်နေတယ် ၁၉နှစ်ဆိုပေမယ့် တကယ့်ကလေးလိုနေခဲ့တာ မမအတွက့်ကလေးပုံ Wall paper လေးတွေဝယ်ပေးတယ် သူငယ်ချင်းတွေက မေးရင် သူများအတွက်ချည်းပဲ ပြောခဲ့တာ။

ရတီလေးမွေးတဲ့နေ့ကျတော့ အဖေကလာမကြိုဘူးလေ အဲ့တုန်းက MK Fashion Square မှာ အလုပ်ဝင်နေပြီ ညဆို ၁၀နာရီမှ Yankin Center ကပိတ်တာ Customer ရှိတဲ့ Group ကိုစောင့်ရတာနဲ့ ၁၀နာရီခွဲမှ Ferry ကားထွက်ရတာများတယ် ရန်ကင်းနဲ့ ကျောက်မြောင်းက နီးနီးလေးဆိုပေမယ့် အိမ်ကို ၁၁နာရီမှ ရောက်တယ် အဖေက အမြဲလာကြိုတယ်။

အဲ့နေ့က အဖေကလာမကြိုဘူး သတိပဌာန်ထဲက Fighter ကလိုက်လာရော အဖေမကြိုလို့ ဒေါသကထွက်နေတော့ သူ့ကိုအစိမ်းလိုက်ဝါးစားမတက်ပဲ ဒေါကန်နေတော့ ကြောက်ရကောင်းမှန်းလဲ မသိဘူး အိမ်ရောက်တော့ ဘယ်သူမှမရှိဘူး ဖိုးပြည့်ကလဲ ပြင်ဦးလွင်မှာဆိုတော့ အိမ်မှာ အဖေနဲ့အမေ၊ မမတို့လင်မယားရယ် ကျွန်တော်ရယ်ပဲ ရှိတာ မမ ကလေးမွေးတော့ အကုန်ဆေးရုံရောက်နေတာပေါ့။

အိမ်ဘေးက မမီးကလာစောင့်ပေးတယ် ဆေးရုံလိုက်သွားချင်တာ အရမ်းပဲ မမီးကလဲ မနက်မှလိုက်ပို့ပေးမယ်ပြောတယ် အဲ့ဒီ့ကလေးလေးကို ကြည့်ချင်တာလေ ရတီက ကံတော်တော်ကောင်းတယ် သူ့မွေးရက်က ရောက်နေပြီ မမွေးသေးတော့ OG Dr ကစမ်းသတ်ပြီး ချက်ခြင်းခွဲမွေးခိုင်းတာ သူကကံကောင်းတော့ မေ့ဆေးဆရာဝန်တွေကအဆင်သင့် သူတို့ခွဲမယ့်လူတာက မမွေးနိုင်သေးတော့ ရက်ချိန်းလိုက်တာ အဲ့ဒါနဲ့ ကြွက်မြီးတန်းလေး လူဖြစ်လာတာ ဗုဒ္ဓဟူးနေ့ ည၉နာရီ၄၀ ရာဟုမလေး အရမ်းစိတ်ကြီးတယ် ဇွဲခတ်တယ်။

မနက်ကျတော့ မမီးနဲ့ အမျိုးသမီးဆေးရုံသွားရော သူနာပြုဆရာမက သူ့ကိုချည်ထားတာ ကောက်ညှင်းထုပ်လေး သာသာ ကျွန်တော်ကချည်ချင်တော့ ကျွန်တော့်လက်ထဲ ထည့်ပေးတယ် ညီမလေးကို ချည်ချင်လို့လားတဲ့ ကျွန်တော်ဒေါကန်သွားတာပေါ့ သမီးညီမမဟုတ်ဘူး တူမတဲ့ ရယ်ရတယ်နော် ဝတ်ထားတာ ဂျင်းဂါဝန်နဲ့ ရုပ်ကကလေးရုပ်ဆိုတော့ သူက၈တန်းကျောင်းသူထင်လို့တဲ့ တင်းသွားတာပေါ့ ဆရာမ First year ရောက်နေပြီလို့။

ဗိုက်ခွဲထားတဲ့ မမကရယ်ပါလေရော ဆရာမကဆူရတယ် မရယ်အောင်လို့ ဗိုက်ခွဲထားတာ အန္တရာယ်များတယ်လေ ကလေးက ရေမွန်းနေတော့ အသားတွေက ပြာနေတာတဲ့ တော်သေးတယ် အသက်ပါလို့ သူတို့ပြောတယ် အရမ်းလန့်သွားတယ် ကျွန်တော့်လက်ထဲက ကြွက်မြီးတန်းလေးကတော့ အိပ်နေတာ ငြိမ်လို့။

အဲ့ဒါနဲ့ သူငယ်ချင်းတွေကို ကြွားချင်နေတယ် တူမလေးရပြီဆိုတာကို ဘယ်ကနေဘယ်လို ပြောရမယ်လဲမသိဘူး ဒီအတိုင်းပဲ ပြောလိုက်တယ် ငါ့အမကလေးမွေးပြီလို့ မိန်းကလေးလို့ ချစ်စရာလေး မျက်လုံးအရမ်းလှတယ် မျက်တောင်တွေကလဲ အရှည်ကြီးပဲလို့ သူတိုအံသြနေတာပေါ့ ဗိုက်ကြီးတာတောင်မသိဘူးတဲ့ ဟီးး ကိုယ်ဖုံးတာ ကိုယ်ဖေါ်ရတာပေါ့ ကြွက်မြီးတန်းကိုက ကြွားချင်နေတာလေ ကလေးပုံတွေဝယ်တာ မမအတွက်ဆိုတော့ သဘောပေါက်သွားတယ်။

ဆေးရုံကဆင်းတော့ ကြွက်မြီးတန်းလေး အိမ်ရောက်လာရော အဲ့မှာသူနဲ့ကျွန်တော် စပြီးမတည့်တော့တာပဲ ကျွန်တော်ကအိမ်ရောက်ရင် ညစာစားတယ် ပြီးရင်အိပ်ပြီ အိပ်ပျော်နေပြီဆို သူကငိုပြီ တနေ့လုံးသူက သိုးနေအောင်အိပ်ထားတာလေ ညကျတော့မအိပ်ချင်တော့ ဂျီကျရော ဒေါကန်တာပေါ့ မအိပ်ရတော့ အဖေနဲ့အမေကို အော်တော့တာပဲ မမကလဲသူ့ကိုချော့သိပ်တယ် ဒင်းကမရဘူး မအိပ်ဘူးဆိုတာချည်းပဲ မမလဲဧည့်ခန်းထဲ ခေါ်ထုတ်တော့မှ ဒင်းကတိတ်တယ် ပြီးရင် ဒင်းကမီးမဖွင့်ရင် မအိပ်ဘူး ကျွန်တော်က အိပ်ရင်မီးရောင် နဲနဲလေးတောင်ရှိရင် မအိပ်တက်ဘူး မှောင်နေမှ အဲ့မှာ င်္ခြသေ့နဲ့ဆင် တွေ့တော့တာပဲ။

ကျွန်တော်နားရက်ဆို အိမ်မှာမနေဘူး နားရက်တူတဲ့သူငယ်ချင်းတွေနဲ့ လျှောက်လည်တယ် သူမွေးပြီးတော့ အိမ်ကပ်တယ် မတည့်အတူနေဆိုတော့ ညဘက်ကျမတည့်တာ နေ့ခင်းဘက်ဆို သူ့ကိုချည်ထားတာပဲ အမေတို့က လက်ပူလိုက်မယ် လက်ကြိုက်မယ် ချထားဆိုခဏပဲ အိပ်နေရင်တောင် သွားသွားနှိုးတယ် ချည်ထားချင်လို့။

အဲ့မှာအဖေက ပြောတယ် မြေးဦးဆိုတာ အဲ့လိုဆိုတာ အဖေကသားအကြီးဆုံးဆိုပေမယ့် အဖေ့ညီအလတ်က အရင်ဆုံးအိမ်ထောင်ကျတယ် အတူနေဆိုတော့ အဖိုးနဲ့ အဘွားက မမကြီးနဲ့ကိုအောင်ကို ပိုချစ်တယ် အဖေကသူ့ကလေးတွေနဲ့ တန်းတူချစ်စေချင်တယ် သူမြေးရမှ မြေးဦးကိုပိုချစ်တာ နားလည်သွားတာ။

ရတီကကံကောင်းတယ် သူမွေးပြီးထဲက သူ့အတွက်ဆို အကုန်ပြည့်စုံတယ် ကျန်းမာရေးကတော့ညံတယ် ရေမွန်းထားတော့ အဆုပ်မကောင်းဘူး သူကဆေးအရမ်းကြောက်တာ သူ့ကိုဆေးတိုက်ပြီးရင် ၃နာရီထိ Non-Stop ငိုတယ် နောက်ဆုံးမောလာရင်တောင် ညည်းနေတယ် ဆေးသောက်ပြီးရင် လုံးဝပါးစပ်မပိတ်ဘူး ဘယ်လိုမှချော့မရဘူး သူအဆုပ်ဖြစ်တော့ TB ဆေးခြောက်လသောက်ရတယ် မမကတော့ စိတ်ရှည်တယ်ဗျာ ရအောင်တိုက်တယ် အိမ်ကလူတွေက အစတော့ ဝိုင်းချော့ပေးသေးတယ် မရတော့ချုပ်ပြီးတိုက်တယ်။

သူကလူပါး သူ့ကိုမချုပ်ခိုင်းဘူး သမီးဘာသာသောက်မယ်တဲ့ ပြီးရင်မြိုမချဘူး ထွေးထုတ်ပြီး ထုံစံအတိုင်းငိုတော့တာပဲ ဘေးအခန်းကလူတွေက သိနေပြီ လှမ်းစတယ် ရတီလေးဆေးသောက်ချိန်ဆိုပြီးတော့ မမကအရမ်းကြောက်တယ် ဖြစ်ချင်တော့ ရတီလေးကိုယ်ဝန်နဲ့တုံးက သူ့အမျိုးသားက စလိုက်တာမှ ပိုဆိုးသွားတယ် ကြွက်မြီးတန်းလေးက ပိုဆိုးရော လူနားမှာပဲနေတယ် သူ့ကို ဧည့်ခန်းမှာထားပြီး အခန်းထဲသွားရင် တက်မတက် ချက်မတက် ငိုရောလမ်းလျှောက်တက်စ အရွယ်လဲရောက်ရော သူ့အမေဂါဝန်စစွဲထားတယ် ဒါမှမဟုတ်သူ့အဘွား ထမီစစွဲထားတယ် ကျွန်တော်ကချီထားတော့သူ့ အကြိုက်ပေါ့။

၃နှစ်ကျော်လောက်လဲ ရောက်ရောမရတော့ဘူး T4 ဆိုတာချည်းပဲ ကျွန်တော်အပြင်သွားမယ် လုပ်တိုင်း သူ့ကိုခေါ်သွားရတယ် သူနဲ့အကုန်ရောက်ဖူးတယ် သမ္မတမှာရုပ်ရှင်ကြည့်ဖူးတယ် ကစားကွင်းသွားတယ် Plaza တွေခေါ်သွားတယ် ဘုရားလည်းခေါ်သွားတယ် ဆံပင်ညှပ်ဆိုင်ခေါ်သွားတယ် ကားတော့ ငှားသွားတာပေါ့ အမေကဆူရော သူ့မြေးကိုစိတ်မချတာလဲ ပါတာပေါ့ အပျိုလေးဖြစ်ပြီး မရှက်ဘူးလား ကလေးတတန်းတန်းနဲ့ဆိုပြီး။

အဲ့လိုကြတော့ မရှက်ဘူး တစ်ခါစာအုပ်သွားငှားတယ် စာအုပ်ဆိုင်က အမက သမီးကလေးလားဆိုတော့ အရမ်းစိတ်ဆိုးသွားတယ် အဲ့လိုမေးရမလားဆိုပြီး ပြီးတော့ခေါ်သွားတာပဲ မမကအပြင်ထွက်တာနဲတယ်လေ ကျွန်တော်ကပဲ အပြင်ထွက်တာဆိုတော့ ကြွက်မြီးတန်းလေးကကပ်တာပေါ့။

အဲ့လိုနဲ့ပဲ ကြီက်မြီးတန်းလေး ၁၀နှစ်ပြည့်ပြီ အဖေ့မွေးနေ့က ဖုန်းဆက်တော့ အဖေကပြောပြတယ် သမီးအတိုင်းပဲတဲ့ အရမ်းအိပ်ရေးမက်တယ်တဲ့ သူ့ကိုကျောင်းသွားဖို့ နှိုးရင်နာရီကြည့်လိုက်တယ်တဲ့ ၅မိနစ်စောသေးရင် ၅မိနစ်ကြုံတဲ့နေရာမှာ ထိုးအိပ်တယ်တဲ့ မမကလည်း ပြောပြတယ် ပိုက်ဆံကိုချန်မထားဘူးတဲ့ T4 အတိုင်းပဲတဲ့ မုန့်ဖိုး၅၀၀ပေးလိုက်တယ်တဲ့ အလှူငွေဆိုလို့ ၂၀၀ထည့်လိုက်တယ် ကျန်တဲ့၃၀၀ကို မုန့်ဝယ်စားတာ ၁၀၀ကျန်တယ် ၁၀၀ပဲကျန်တာမထူးပါဘူးဆိုပြီး အကုန်သုံးလိုက်တယ်တဲ့ ဟီးးး အိပ်ဆောင် ပိုက်ဆံထည့်ပေးထားလဲ သုံးတယ်တဲ့ အဲ့ဒါကျွန်တော့် အကျင့်တွေလေ အိပ်ရေးမက်တာ ပိုက်ဆံကုန်အောင် သုံးတာ။

ရတီက ကျွန်တော်နဲ့ရုပ်လဲတော်တော်တူတယ် မမနဲ့မတူဘူး မမကတရုပ်မပုံစံ သူကကုလားဆင်လေး ကျွန်တော့်ကလေးလားမေးခံရတာ စိတ်ဆိုးဖို့မကောင်းဘူး ပုံစံတူလေးကို ကျွန်တော်မရှိတော့ ကြွက်မြီးတန်းလေး အပြင်မသွားရဘူးပေါ့ October ပြန်မှပဲ နေရာအစုံ လျှောက်ပို့ပေးရမယ်။

Sunday, July 3, 2011

KL LIFE !


ဘာလဲဆိုရင် ကျွန်တော်လဲ မသိဘူး တော်တော်ကို depression ဝင်နေတာ အဲ့ဒီစကားလုံးကို မပြောချင်ပေမယ့် ထပ်ပြောနေရတယ် အဲ့ဒီကနေစပြီး ဒီ post ကိုရေးဖြစ်တာ။

ညကတော့ စကားလုံးတွေ စီထားတာတစ်မျိုး တကယ်တန်းချရေးဖြစ်တော့တစ်မျိုး ခံစားချက်ဆိုတာ ပုံစံခွက်ထဲက ရေခဲတုံးမှ မဟုတ်တာ။

ဒီ post title ကို KL Life လို့ ကျွန်တော်ပေးထားတာ ခံစားချက်ရှိလို့ပါ ဒီမှာနေတဲ့ ၃ နှစ်ကျော်မှာ changes တော်တော်များတယ် ကျွန်တော့်ဘဝ ခဏခဏ ကမောက်ကမ ဖြစ်တယ် complete ဆိုတဲ့ စကားသုံးဖို့ထက် stable ဖြစ်ဖို့ နေ့တိုင်းကြိုးစားနေရတယ်။

ဘဝ ဆိုတာကြီးက ဘာမှမရှိသလို ဖြစ်နေတယ် Life is Nothing မနက် ၉နာရီခွဲ အိပ်ယာနိုးတယ် ရေချိုးအဝတ်အစားလဲ ဘုရားသောက်တော်ရေကပ် ပြီးရင် Ferry ပေါ်တက် အလုပ်လာ ၁၁နာရီခွဲ work ရောက် မနက်စာစား အဲ့ဒီ့အချိန်ကနေ PC ရှေ့စထိုင်လိုက်တာ နေလည့်စာထွက်စားတဲ့ ၃နာရီ ဒါမှမဟုတ် ၄နာရီမှ နဲနဲ လှုပ်ရှားမှုရှိတယ် ဈေးဝယ်စရာမရှိရင် ပိုဆိုးတယ် ထမင်းဘူးထည်လာယုံပဲဆိုတော့ မိနစ်၂၀လောက်ပဲ ပြီးရင် ပုံစံခွက်ထဲ ထည့်ထားသလို PC ရှေ့ပြန်ထိုင် ည၉နညရီခွဲမှ အဆုံးသတ်တယ်။

၁၀နာရီဆို ကားပေါ်တက် ၁၁နာရီ အိမ်ရောက် ညစာစား မျက်နှာသစ် ဘုရားရေတော်ကပ် အဲ့ဒါနဲ့ ၁၂နာရီထိုးရော YGN မှာဆို အိမ်ကလူတွေ အိမ်မက်တောင်မက်နေလောက်ပြီ online ဝင် စကားပြောစရာရှိတာပြော မပြောရင်လဲ ကိုယ့်ဘာသာ စာဖတ်တယ် သီချင်းနားထောင်တယ် Blog ရေးချင်ရင်ရေးတယ် Photo တွေ Edit လုပ်တယ် ဒါလောက်ပဲ ဘဝဆိုတာကြီးက ကျွန်တော်အမြဲ သီချင်းဖွင့်ထားတယ် စိတ်ကိုနှစ်ထားတာ Stress များလာရင် ပြဿနာရှိတယ်လေ တခါတလေ Stress များတဲ့အချိန် သီချင်းဆူဆူညံညံတွေ နားထောင်ရတာ ကောင်းတယ် Slow တွေနားထောင်ရင် ပိုဆိုးသွားတယ် ဘယ်လိုမှ စိတ်က Active မဖြစ်တော့ဘူး။

ကျွန်တော် online အမြဲသုံးပါတယ် Gtalk ဝင်ထားတယ် အိမ်ကလူတွေ ကျွန်တော်ရှိသေးတယ်ဆိုတာ သိအောင် ကျွန်တော်ကအမြဲ စိတ်ပူတက်တော့ အိမ်ကိုလဲ စိတ်မပူစေချင်ဘူး ပြီးတော့ MYMC အမြဲဖွင့်ထားတယ် အိပ်ချိန်ပဲ ကျွန်တော်နားမထောင် ဖြစ်တာပါ။

ကျွန်တော်က စိတ်ဆတ်တယ် အဲ့လိုဆိုတော့ ပြဿနာဆိုတာ အရိပ်လိုပဲ မခွဲအတူဖြစ်နေတယ် နေမကောင်းဘူး အလုပ်အဆင်မပြေဘူး ပိုက်ဆံမရှိဘူး ချစ်သူနဲ့အဆင်မပြေဘူး တစ်ခုခုကတော့ အမြဲဖြစ်နေတက်တယ် ကံဆိုးရင်တော့ အကုန်ပေါင်းဖြစ်နေရော ကျွန်တော် စိတ်ပျော်နေတဲ့အချိန်ဆိုတာ မှတ်ထားလို့ရတယ် အဲ့ဒါကြောင့် သီချင်းကို အချိန်ပြည့်နားထောင်တယ် ဒီမှာနေတဲ့ ၃နှစ်ကျော်မှာ တော်တော်လေး စိတ်ကုန်နေပါပြီ ပြန်လဲမပြန်ချင်တော့ နေပေါ့ကွာ ဒီအတိုင်းပဲ။

ဒီကိုဘာလာလုပ်တာလဲဆိုတော့ ပိုက်ဆံလိုချင်လို့ ပိုက်ဆံရလားဆိုတော့ ကိုယ့်ဘာသာဆိုရင်တော့ သုံးလောက်တယ်ပေါ့ အဲဒါဆိုရင်လဲပြီးရောပေါ့ မဟုတ်ဘူးလေ ကျွန်တော်က Young မဟုတ်တော့ဘူး ၃၀ဆိုတာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေယုံနဲ့ မရဘူး မိသားစုကို Support လုပ်နိုင်တဲ့သူ ဖြစ်နေရမှာလေ နဲနဲ မြင့်သွားရင် နားလည်ပေးလိုက်ပါ ကျွန်တော့် ဆန္ဒလေးကို ပြောပြတာပါ ဟူးးး မောတယ်ကွာ။

ကျွန်တော် ဒီ Life ထဲကရုန်းထွက်ဖို့ ကြိုးစားနေတယ် အိမ်ကိုခဏပြန်မယ် October ဆိုရင် Don't go any where with friend if i go with Family ! I spend these one month with My family coz i missing them so much ! ဘဝဆိုတာ Nothing မဟုတ်ဘူးဆိုတာ ကျွန်တော့်ကို ကျွန်တော်သိဖို့လိုအပ်နေတာ။

Saturday, July 2, 2011

ကျွန်တော် နဲ့ Facebook

ကျွန်တော် Facebook ကို ဘယ်အချိန်က စသုံးတာလဲ သေချာ မမှတ်မိတော့ဘူး သေချာတာကတော့ အိမ်ကပြန်လာပြီးတော့မှ စသုံးဖြစ်တာ အဲ့ဒီ့နေ့က မာလာ နဲ့ မိုးခမ်း LG Food Count မှာ Account ဖွင့်ပေးတာတော့ မှတ်မိနေတယ်။

သေချာတော့ မသုံးဖြစ်ဘူး စစတုန်းကတော့ Work က Manager ကတော့ FB Game အရမ်းဆော့တယ် တခါတလေ သူ့စိုက်ထားတွေက ရိတ်ဖို့အချိန်ရောက်နေပြီ သူကမအားဘူး အဲ့ဒါဆို Khin ဒါလေးရိတ်ပေးပါဆိုရင် ကျွန်တော်မလုပ်တက်ဘူး ဟီးးး သူဒေါကန်ရော အလုပ်ကလဲ အရေးကြီးရင် သူဆော့လို့မရတော့ သူ့စိုက်ခင်းတွေ ပျက်ရော။

အဲ့လို စမ်းတဝါးဝါးနဲ့ စသုံးတာကနေ တော်တော်လေး သုံးတက်လာတယ် အရင်ကတော့ FB မှာGame ဆော့တာ အဓိကပဲ အပင်တွေစိုက်တယ် အိမ်ဆောက်တယ် Level တွေတက်လာတော့ ဆော့ရတာ ပျင်းလာရော စသုံးထဲက Status ရေးရတာကို အနှစ်သက်ဆုံးပဲ ပြီးတော့ You Tube ကနေ Song တွေတင်တယ် ကဗျာတွေတင်တယ် တာရာမင်းဝေ(ရွှေဘုန်းလူ) ကဗျာတွေကတော့ အများဆုံးပေါ့။

Work ကလူတွေဆို ကျွန်တော်ရေးထားတဲ့ Status နဲနဲများသွားရင် ခေါ်မေးရော တခါက Michael Buble ရဲ့ Home song ကို တင်ထားတယ်ဗျာ ရေလည် Homesick ဖြစ်နေတော့ သီချင်းစာသားတွေကို Status ရေးတယ်ဗျာ နဲနဲများသွားတယ် သေပြီဆရာပဲ Manager ကခေါ်မေးပါလေရော Khin အိမ်ပြန်ချင်ရင် ပြန်နော်တဲ့ ပြန်လို့ရတယ်တဲ့
Let me go homeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeeee
လို့ Status မှာရေးထားတာကို ဟီးး အဲ့လို ဆိုးတာပါ။

နောက်တော့ Notes တွေရေးတက်လာတယ် Photo တင်တာကတော့ သိပ်မကြာဘူးဗျ ဟဲဟဲ ဘယ်သူမှ သင်ပေးစရာမလိုဘူး စသုံးပြီးမကြာဘူး တင်တော့တာပဲ အားရင် ဓါတ်ပုံရိုက်တယ် မကြာပါဘူး FB ပေါ်ရောက်တာပဲ သိပ်စိတ်မပူရဘူး Photo မတင်မှာကို Fri တွေက စိတ်ပူလို့ပြောတယ် ပုံတွေ သိပ်မတင်နဲ့ အန္တရာယ်များတယ် ပြီးတော့ ကိုယ်ကအပြင်မှာရောက်နေတာလေ မရဘူးဗျတင်တာပဲ တင်တဲ့ပုံတွေ မဖျက်ဘဲထားရင် ထောင်ကျော်ရှိမယ် ဟီးး အကျည်းတန် မှန်ကြိုက်ဆိုတာ ရှိတယ်မဟုတ်လား။

Facebook သုံးလို့ အကျိုးရှိတာလဲ ရှိပါတယ် ဦးကျော်သူ Wall က နာရေးကူညီမှု လုပ်ငန်းတွေကို သာဓုခေါ်ရတယ်ဗျာ Blogger တွေအများကြီးနဲ့ Fri ဖြစ်ရတယ် လရောင်လမ်းဆို ကျွန်တော် FB ကနေစသိတာ ရင်ဘက်ခြင်းတူတဲ့ Fri တွေရတယ် ကျွန်တော်နှစ်သက်တဲ့ အဆိုတော်တွေနဲ့ Fri ဖြစ်ခွင့်ရတယ် နိုင်ငံရေးကို ပိုနားလည်လာတယ်။

ဒါပေမယ့် နိုင်ငံရေးကို သေသေချာချာ မလုပ်ဖြစ်ပါဘူး ကျွန်တော်အဖေကဝန်ထမ်းဆိုတော့ မကြိုက်ဘူး ပြီးတော့သူနဲ့ ကျွန်တော်ထိပ်တိုက် မတွေ့ချင်ဘူး ခုအချိန်ထိ အဖေအိတ်ကပ် နှိုက်သုံးနေရတုံးလေ အဲ့ဒါတောင် ထိပ်တိုက်ရင်ဆိုင်ရင် ကျွန်တော့်လောက် လူမပီသတဲ့ သားသမီးရှိမှာမဟုတ်တော့ဘူး။

ဒေါ်စုလွတ်ပြီးနောင်ပိုင်း ကျွန်တော်မရေးဖြစ်တော့ဘူး နိုင်ငံရေးကို အထိမ်းအမှတ်နေ့တွေတော့ နဲနဲလုပ်ဖြစ်တယ်ပေါ့ ကိုဘုန်းမော်နေ့တို့ ကိုနေဘုန်းလတ်နေ့တို့ ဟဲဟဲ လျှော့ထားပါတယ် အိမ်ပြန်ရင် တန်းဝင်နေရမှာ
ကြောက်လို့။