Saturday, August 6, 2011

နတ္ထိ



မြတ်နိုးတာကို ဘယ်လိုအရာနဲ့
တိုင်းတာလဲ ဟင်..
ကျွန်တော်ကတော့ မြတ်နိုးတာကို
နှလုံးသားသီးသန့်နဲ့
တိုင်းတာပါတယ်..
တစ်မ္ဘာလုံး မသိရင်နေပါစေ
ချစ်သောသူသိရင်
ကျွန်တော်ကျေနပ်ပါတယ်..
တစ်ခါတစ်ခါ
နှုတ်ကဖွင့်ဟပြောတာထက်
နှလုံးသားက စူးနစ်စွာခံစားမိလိုက်တဲ့
အဖြစ်က ကျွန်တော့်မြတ်နိုးခြင်းကို
ထိုးနှက်ခံလိုက်ရတယ်..
“ ချစ်ခြင်း ”
အဲ့ဒီ့စကားလုံးလေးမှာ
အရာအားလုံး
ဝပ်ဆင်းပေးလိုက်ရတာ
အရိယာ သူတော်စင်ကလွဲရင်
ဘုရားထူးခံနွယ်ဝင်ကနေ
သူတောင်းစားအလွှာအထိ..
အချစ် နဲ့ စစ်မှာ
မတရားတာ မရှိတဲ့
တရားသော အချစ်သာ
ကျွန်တော် တပ်မက်ခဲ့တာ..
စူးနစ်မှုတွေကို
စကားလုံးအဖြစ် သွန်ချလိုက်ရင်
ကျွန်တော့်ကဗျာ
မိုးတွေပြိုကျမှာ..
တစ်နေ့တော့
အစပ်အဆက်မရှိ
နိဂုံးချူပ်လိုက်တယ်..။