Saturday, June 8, 2019

ခေါက်ဆန်လမ်း




















2018 အကုန်မှာ ရုံးက ကလေးနဲ့ မဲဆောက်ကို ၁၂၀,၀၀၀/- နဲ့ မသွားဖြစ်လို့ Bangkok ကို budget tour $135 နဲ့သွားမယ်ဆိုပြီး တကယ်သွားဖြစ်တော့ ၇၅၀,၀၀၀/- လောက် ကုန်သွားတဲ့ခရီးစဉ် ကျွန်တော်ဆရာကြီးလုပ်ပြီး Baiyoke မှာ တည်းတာလဲပါသွားတာပေါ့..


ခေါက်ဆန်မှာ ကလေး၂ယောက်နဲ့ အမူးသောက်ပါမယ်ဆိုမှ ကလေးတစ်ယောက်ရဲ့ သူငယ်ချင်း

  Bkk က ဧည့်သည် ဘုရားလူကြီးလေးပါလာတော့ ဘီယာ၂ပုလင်းသောက်ပြီး Hotel ပြန်လစ်ခဲ့ရတဲ့ အမှတ်တရ..


#Bkkjune2019



ဒီတစ်ခါ Bangkok ကို သွားဖြစ်ရင်တော့ ခေါက်ဆန်မှာ Whiskey ကို Neat သောက်မယ်ဗျာ..

 

Monday, December 31, 2018

ပုဂံဘုရားဖူး






















ရုံးက ကလေးနဲ့ ပုဂံဘုရားဖူးဖို့ Package ဝယ်ထားတာ သူကနေမကောင်းလို့ မလိုက်နိုင်တော့ အဖေနဲ့သားအဖနှစ်ယောက် ဘုရားဖူးသွားဖြစ်တယ် ထိုင်ခုံကိစ္စစကားများတာနဲ့ စပ်ဆလူးစိန်မတစ်ယောက်ကြောင့်စကားများရတာကလွဲရင် ပျော်ဖို့ကောင်းပါတယ်..


အဖေနဲ့စိတ်ဆိုးတာနဲ့ ပိုက်ဆံမတောင်းဘဲ
လက်ထဲကျန်တဲ့ ပိုက်ဆံလေးနဲ့ ယွန်းလက်ကောက်လေး၂ကွင်းပဲဝယ်လာမိလို့ ပုဂံဘုရားတွေထပ်ဖူးရင်း ယွန်းလက်ကောက်တွေ အများကြီးဝယ်ပါအုန်းမယ်..


#Post_30_5_2020

Sunday, December 16, 2018

Day Trip (ကျိုက်ထီးရိုးစေတီ)











#ခိုင်သူနဲ့ ၁၀နှစ်ကျော် အဆက်အသွယ်ပြတ်နေတာ အဖေ့ဖုန်းကို သူဆက်မှပဲ သူငယ်ချင်း၂ယောက် ပြန်ဆုံရတာ မှတ်မှတ်ရရ သူ့မွေးနေ့မှာ ကျိုက်ထီးရိုးဘုရား သွားဖူးဖြစ်တယ် သူ့တူမလေး၂ယောက်နဲ့အတူတူ

(15.12.2018)

#post_2020_5_23

Saturday, April 29, 2017

Bye




ကျွန်တော် ညဝေးကြယ်ကို မရေးဖြစ်တော့ဘူးဗျာ 2016 နိုဝင်ဘာမှ ကျွန်တော့် Blog ပိတ်တော့မယ်ပြောလို့ myheartbeatthe ကို စရေးဖြစ်တယ် ရေးစကတော့ နာမည်အစုံပဲပေးခဲ့တယ် နောက်တော့ဗျာ..


ထားလိုက့်ပါတော့ မပြောတော့ပါဘူး အခုချိန်မှာ ကျွန်တော်အဆင်မပြေပေမယ့် တစ်စုံတစ်ယောက်ပျော်ရွှင်နေတာကို မထိခိုက်စေချင်တော့ပါဘူး..

Heartbeat မှာ စာပိုရေးဖြစ်တယ် ညဝေးကြယ်မှာက သိပ်မရေးနိုင်တော့ဘူး ကျွန်တော် Feel လာရင် ပထမဆုံးဝင်မိတာ Heartbeat ဆိုတော့ တဖြည်းဖြည်းနဲ့ ညဝေးကြယ်နဲ့ဝေးသွားတာ ညဝေးကြယ်က ကျွန်တော့်ရင်ဘက် မဟုတ်တော့သလို ခံစားလာရတယ်..

နေ့လည်က လရိပ်တင်ရင်းနဲ့ ဆုံးဖြတ်လိုက်တယ် Heartbeat မှာပဲ တသတ်မှတ်ထဲ ရေးတော့မယ်ဆိုပြီးတော့ ဝမ်းနည်းပါတယ် ကျွန်တော့်ရင်ဘက်ဖြစ်ခဲ့တဲ့ Blog ကို ထားခဲ့ရလို့ လူတွေကို သစ္စာမရှိဘူးပြောခဲ့တဲ့ကျွန်တော်ကရော သက်မဲ့ Blog ကိုတောင် 
သစ္စာမဲ့မိတာ နာကျင်ရပါတယ်..


ခင်ဗျားတို့ စိတ်ဝင်စားရင်တော့ လာလည်ပေါ့ဗျာ အောက်ဆုံးမှာ Link ထားခဲ့ပေးပါတယ် အခုလောလောဆယ်တော့ Suicide Art တွေ လွှမ်းနေသေးတာတော့ နားလည်ခွင့်လွှတ်ပေးပါဗျာ ကျွန်တော့်အသည်းက အနာမကျတ်သေးလို့ဗျာ။

Phyo Pyae Sone – La Yate

https://youtu.be/ItKWvB9IUAQ


Nothing, now I feel like that song ,
so I sharing for him.
Thanks God,
you give me a live.


ဘာမှမဟုတ်ပါဘူးဗျာ အိမ်ရေးပျက်တာများနေလို့ အလုပ်လုပ်ဖို့ အာရုံမလာဘူး
ဖြစ်နေတာ စိတ်သက်သာအောင်
သီချင်းနားထောင်တော့ သတိရသွားလို့ပါ..

သတိရတယ်ဆိုတဲ့ နေရာမှာပဲ

ကျွန်တော့်ကိုကျွန်တော်

ရပ်ထားလိုက်ပါတယ်ဗျာ..

Thursday, April 13, 2017

Happy Myanmar New Year 1378-1379!!


နှစ်သစ်ကနေစတင်ပြီး လူသစ်၊စိတ်သစ်ဖြင့် ဘဝအသစ်ကို စတင်ပါတော့မည်ခင်ဗျာ..။
😊😊😊