Thursday, September 8, 2011

ခပ်ညံ့ညံ့အကောင် ကျွန်တော်။



မှတ်တိုင် ၃၀မှာ
အပြုံးကအင်္သေချေ
ခေါင်းစဉ်မဲ့တာက
အနန္တ…
မချိပြုံး၊မဲ့ပြုံးက
အင်္သေချေမက…
၅နှစ်သားအပြုံးကို
ကျွန်တော်မပြုံးတက်တော့သလို
မချိပြုံး၊မဲ့ပြုံးလဲ
မပြုံးပြချင်တော့ဘူး အမေ…
ဒီလိုနဲ့
ခပ်ညံ့ညံ့လူတစ်ယောက်
မှတ်တိုင်တစ်ခုတိုးသွားတယ်
၃၁ တဲ့…။

4th Sep 2011
Sunday, 2:03pm.

September 8th အဖေ နဲ့ အမေ ကျေးဇူးအသင်္ချေပါ… ဘ၀ဆိုတာကို အသက် ၃၀ထိ မှောက်လိုက် လှန်လိုက် အတည့်ကြည့်လိုက် ဇောက်ထိုးဖတ်လိုက် လုံးလည်ခြာလည်လိုက်ရင်း… ဘဝဆိုတာ ဘာလဲလို့ ခဏခဏပြန်မေးနေရတဲ့ 
ခပ်ညံ့ညံ့အကောင် ကျွန်တော့်မွေးတဲ့နေ့...

I hope last time could I get frosty shade for me always be
Now I got shade already but it can’t champion to me
May be I am egotism.
Nyawaykyal.

အေးချမ်းတဲ့ အရိပ်တစ်ခုမှာ ထာဝရခိုနားဖို့ ကျွန်တော် အိမ်မက်တွေ မက်ခဲ့ဖူးတယ်…
လက့်တွေ့မှာ ကျွန်တော့်ကို အဲ့ဒီ့အရိပ်က ရပ်တည်ကာကွယ် မပေးနိုင်ခဲ့ပါဘူး…
ကျွန်တော်ပဲ အတ္တကြီးခဲ့တာ ဖြစ်မှာပါ။
ညဝေးကြယ်။ ။

I AM THE KING OF MY KINGDOM!! : )
 
ဒီနေ့ကစပြီးတော့ ကျွန်တော့်ကိုကျွန်တော် အုပ်ချုပ်ပြီ အမေ..။

ငါသည် ငါ၏ဘုရင်ဖြစ်၍
ငါသည် ငါ၏ပြည်သူဖြစ်၏။
ငါ့ကိုငါက အုပ်ချုပ်၍
ငါ့အလုပ်ကိုငါလုပ်ရပေတော့မည်။
တာရာမင်းဝေ။ ။


အသက်တာ ၃၀ပြည့်သွားတယ် လူက ၃၀အတွေး မတွေးတက်သေးဘူး
အရာရာ အရင်ကအတိုင်းပဲ မနှစ်ကအတိုင်းပဲ အသက်တစ်နှစ်ကြီးတာက လွဲလို့..
ဒီအချိန်ထိ အိပ်ရေးမက်တုန်း ပိုက်ဆံဖြုန်းနေတုံး နေမကောင်းရင် ဂျီကျတက်နေတုံး အရာရာကို ဒေါသကြီးတက်နေတုံး လောကဓံကို သီးမခံတက်တုံးလေ..
ကိုယ့်ခြေထောက်ပေါ် ခိုင်ခိုင်မာမာ မရပ်ချင်သေးဘူး အမှီကိုအမြဲ လိုအပ်နေတုံး
မရှိတဲ့သူထက် မသိတဲ့သူကခက်တယ်တဲ့ စကားပုံ ပြောင်းလိုက်ချင်တယ် မသိတဲ့သူထက်
သိပြီးမပြင်တဲ့သူ ပိုခက်တယ်လို့..

လူအ တစ်ယောက်ရဲ့ ပေါ့တီးပေါ့ဆ ညနေပေါ့
ပြန်မလာတဲ့ ဖိနပ်လေးအကြောင်းတွေးပြီး
ခုထက်ထိ သူ့ခြေထောက်ကို ရေဆေးနေတုန်း။
တာရာမင်းဝေ။ 

ညဏ်ရည်မမှီဘူး ပြောရအောင်လဲ ကိုယ့်ဘာသာ မဟုတ်ဖူးဆိုတာ သိတယ် IQ
ကသူများထက် ပြေးတယ် မပြေးတာက လူ.. ကိုယ့်ဘာသာ စိတ်မောမိတယ် ဘယ်လိုလုပ်ရမယ်မှန်း မသိတော့ပါဘူး..

အိမ်မှာနေရင် လူပိုကြီးမှန်းသိလို့ အိမ်ပြင်မှာနေတယ် လူပိုကနေ လူလိုကြီး ဖြစ်သွားတာပဲ
အဖတ်တင်တယ် လူဘေးနားက ပိုတဲ့ လိုတဲ့ စာလုံးကို မဖြုတ်ချနိုင်ဘူး လူဆိုတာမလုပ်ပြနိုင်သေးဘူး.. ငါမရှိရင် မဖြစ်ဘူးဆိုတဲ့ အခြေအနေ မရောက်နိုင်မှန်းသိပါတယ် ငါဆိုတဲ့ အသိအမှတ်လေးတော့ ရချင်ပေမယ့် ဒီအချိန်ထိ မဖြစ်လာနိုင်ဘူး...

ငါကွ.. ဆိုတဲ့ စကားလုံးကို စိတ်ကူးမှာ အကြိမ်တစ်ရာမက အော်ခဲဘူးတယ်
လက်သီးဆုပ်ပြီးတော့ I’m Champion ပေါ့ အပြင်မှာတော့ တိုးတိုးလေးတောင်
မရေရွတ်ရဲဘူး ရှက့်လို့ပါ.. ကိုယ့်ဘာသာတောင် မကာကွယ် မစောင့်ရှောက်နိုင်တာ 
သူများကို ဘယ်လို စောင့်ရှောက်မလဲ ကာကွယ်ပေးနိုင်မလဲ.. 

အဖေပြောသလို တက်သမျှသင်တန်းတွေ နံရံကပ်ထားရင် Wallpaper ဖိုးသပ်သာမယ်တဲ့.. အပွင့်သိပ်မကားပါနဲ့တဲ့ သုံးလိုက်တဲ့ငွေတွေ ဖြုန်းလိုက်တဲ့ အချိန်တွေ ၂၇နှစ်ထိ.. ပြီးတော့အိမ်ပြင်ထွက်လာတယ် အချစ်ဆိုတဲ့ ထောင်ချောက်က်ထဲနစ်သွားလိုက်တာ ၃၀ ရောက်ရော ဒီအချိန်မှ မပြင်ရင် နောက့်ဆိုတာ ကျွန်တော့်အတွက် အခွင့်အရေးမရှိတော့ဘူးလေ..

ကိုယ့်ဘာသာ ဗျူဟာခင်းထားပါတယ် လူနဲ့စိတ်နဲ့ တိုက့်ရမယ့် စစ်ပွဲမှာ ရှုံးနိပ့်ရင် ဘဝဆိုတာ မရှင်သန်နိုင်တော့ဘူးလေ ဘဝမှာ အင်္သေချေရှုံးခဲ့ပေမယ့် ဒီတစ်ပွဲတော့ နိုင်ချင်ပါတယ်.. ဒီပွဲမှာအနိုင်ရမှ ရပ်တည်နိုင်မှာပါ မှတ်တိုင် ၃၀ပြည့်ပြီပဲ သရေလောက့်တော့ အနိပ့်ဆုံး ကြိုးစားတိုက်ရတော့မယ်...

ငါ့ရိပ်မြုံကို
ရုပ်ပုံစာတမ်း
ဘာမှမကပ်တမ်း
လမ်းဘေးမှာ မြက်ဖြင့်ဆောက်မည်။
တာရာမင်းဝေ။

“ ၈၊စက်တင်ဘာ၊၂၀၁၁။ အသက် ၃၀ ပြည့် အမှတ်တရ... ”

8th Sep' 11 I am 30 years already not Girl I am lady already!! :(