Wednesday, March 7, 2012

ငယ်ဘ၀အမှတ်တရများ။ (၂)




(၁) မှာက မိနီသေသွားတာနဲ့ ဆက်မရေးဖြစ်တာ ၂ နှစ်ပြည့်တော့မယ် မြစ်ကြီးနား သင်္ကြန်က ပြန်စမယ်ဗျာ။ မြစ်ကြီးနားသင်္ကြန်က ပျော်ဖို့ကောင်းတယ် ရန်ကုန်သင်္ကြန်လို ကားတို့ဆိုက်ကယ်တို့ တော်တော်နည်းတယ် စက်ဘီးနဲ့ လျှောက်လည်ကြတာ။ မေခ၊မလိခ မြစ်ဆုံ အဲ့ဒီမြစ်ဆုံ မရောက်ခင် ကရိန်နော် (ကရိန်နော်က ကျွန်တော်တို့နေတဲ့ နေရာကနေ (၉)မိုင်ဝေးတယ်) အဲ့နေရာကို သွားလည်ကြတာ ပြီးရင် မြစ်ရေနဲ့ ရေလောင်းကြတာ ပျော်စရာကြီး လမ်းတောက့်လျှောက်မှာ ရေကစိုလာတာ စက်ဘီးက လေတိုးတော့ လူကပြာနေပြီ ကရိန်နော်လဲ ရောက်ရော မြစ်ရေလောင်းခံရတော့ အေးစိမ့်နေတာပဲ အမှတ်တရပါပဲ။

အဲ့ဒီသင်္ကြန်တုန်းက သွားလည်ကြတာ စက်ဘီးတော်တော်များတယ် အဖေ၊အမေ၊ဖိုးပြည့်က တစ်စီး၊ ကျွန်တော့်ဆရာမ မစမ်းရီ၊ကိုသံ၊ နာမည်မသိတော့ဘူး ကိုကုလားပဲမှတ်မိတယ် (အသားညိုလို့ နာမည်ပြောင်ပေးထားတာ)၊ အဲ့ဒီအမသေးသေးလေးက (မစုလားမသိဘူး)၊ ကိုဝင်းအေး၊ကိုသက်၊မပေါက်၊မနုရီ၊နှင်းဝေလှိုင်တို့မိသားစု နောက့်အများကြီးဗျ မမှတ်မိတော့ဘူး။ ရေပက်တာ တော်တော်လေးကြမ်းတော့ တော်ယုံစက်ဘီးကျွမ်းကျင်တဲ့သူဆို မနင်းရဲဘူး တော်တော်လေး pro ဖြစ်မှ နင်းရဲတာ ကျွန်တော်နဲ့ မမကို တခြားသူတွေက တင်နင်းတယ် တစ်စီးကို ၃ယောက်ပေါ့။ 

ဖြစ်ချင်တော့ ကျွန်တော့်ဆရာမက နောက့်ကနေမစီးဘူး ကိုသံကမနင်းရဲတော့ ဆရာမကနင်းတယ် သူကနောက့်ကနေထိုင်တယ် ပြီးတော့ချမ်းလို့ သဘက်ခြုံထားတယ် နင်းတဲ့ဆရာမက ချောချောလေး နောက့်က ခေါင်းမြီးခြုံထားတော့ ကောင်မလေးဆိုပြီး 
ရောက်တဲ့နေရာတိုင်းက ပေးမထွက်ဘူး အတင်းခေါင်းမြီးခြုံထားတာ ဖွင့်ခိုင်းတယ် ဟီးးး ကိုသံကရှက်ပြီးမဖွင့်တော့ ရယ်ပွဲကိုဖြစ်ရော သူတို့ကအသည်းယားလေ ကျွန်တော်တို့အဖွဲ့က ရယ်လေ နောက့်မှကောင်လေးမှန်းသိတော့ ရယ်လိုက်ကြတာ ကရိန်နော် မရောက်မချင်း လမ်းတောက်လျှောက်ပဲ အပြန်ကြတော့ သူပဲနင်းတော့တယ်။

ကျွန်တော်တို့ နေတဲ့ ၅၀၃ တပ်ကနေ မြစ်ကြီးနားမြို့ထဲကို (၇)မိုင်ဝေးတယ် တပ်အပြင်မှာ နန့်ပေါင်ရွာရှိတယ် အဲ့ရွာထိပ်မှာ ဘက်(စ်)ကားစီးရတာ သေချာတော့ မမှတ်မိတော့ဘူး ဘယ်လောက့်စောင့်ရလဲဆိုတာ ဘက်(စ်)ကားကတစ်စီးပဲရှိတော့ မြို့ထဲကိုပို့ မြို့ထဲကနေပြန်လာမှ လူစောင့်ပြီး နောက့်တစ်ခါထပ်ထွက် တော်တော်လေးတော့ ကြာတယ်။

ကျွန်တော်တို့ကတော့ စက်ဘီးနဲ့သွားတယ် အဖေ၊ကျွန်တော်၊ဖိုးပြည့်က တစ်စီး။ အမေ၊မမက တစ်စီး မြို့ထဲသွားရင် စက်ဘီးနဲ့သွားတာများတယ် မြစ်ကြီးနားမှာနေရင် စက်ဘီးမစီးတက်ရင် ခြေကျိုးတာပဲ အဖေကလွဲရင် ကျန်တဲ့သူ ၄ယောက်လုံး မြစ်ကြီးနားရောက်မှ စက်ဘီးစီးတက်တာ။ စက်ဘီးစီးသင်တုန်းက မှတ်မိသေးတယ် လေယာဉ်ကွင်းနားမှာပဲ ကတ္တရာခင်းထားတော့ အဲ့မှာသွားသင်တာ အဲ့ဒီနားမှာ ဘောလုံးကွင်းရှိတော့ မောင်ဗမာစက်ဘီးကို အရင်တွန်းခိုင်းတယ် ကွင်းတပတ်တွန်းရတာ ဘောလုံးကွင်းတပတ်ဆိုတော့ သေရော။ 

ကျွန်တော်ကလဲ စက်ဘီးစီးတက်ချင်တော့ လဲကျလဲ မနာနိုင်ဘူး စက်ဘီးကိုပြန်ထောင် ရအောင်ပြန်တွန်းတာပဲ စက်ဘီးလဲနိုင်သွားရော စသင်ပေးတယ် ကတ္တရာလမ်းပေါ်မှာ တစ်ခေါက်၊နှစ်ခေါက် နင်းတက်သွားတော့ တော်တော်ဝေးဝေးထိ နင်းသွားရော စက်ဘီးလဲပါလေရော အဲ့မှာ ကိုယ့်လိုအစီးသင်တဲ့ ကောင်လေးက တက်နင်းသွားရော ငိုတာမျုက်ရည် ပေါက်ပေါက်ကျတယ် အမေက ဘောလုံးကွင်းမှာဆိုတော့ မသိဘူး။ တက်နင်းသွားတဲ့သူကလဲ သိတော့ စက်ဘီးချပြီး ဘာလုပ်ရမှန်းမသိဘူး သူကလဲ ကလေးသာသာ အရွယ်။

အဖေ့ဌာနက အရာရှိက ကားနဲ့ဖြတ်သွားတော့ အဖေသမီးမှန်းသိတော့ ဆင်းမေးတယ် ဘာဖြစ်တာလဲဆိုပြီး စက်ဘီးတင်နင်းခံရမှန်းသိတော့ ဆူပါလေရော အဲ့ကောင်လေးကို နှစ်ယောက်လုံးကို သူ့ကားပေါ်တင်ပြီး တပ်ဆေးခန်းကိုခေါ်သွားတယ် အဖေ့ကိုလှမ်းခေါ် အဖေကလဲပြာနေပြီ ဟီးးး တော်သေးတယ် ဘာမှအထဲမှာ မဖြစ်ဘူး စက်ဘီးတစ်စီးလုံး ဗိုက်ပေါ်နင်းသွားတာ။ ဆရာဝန်ကလည်း အံသြနေတယ် ပြီးတော့ အမေပါဆူခံရရော အဲ့ဒါနဲ့ စက်ဘီးမစီးရတော့ဘူး ဒါပေမယ့် လူကြီးတွေလစ်တာနဲ့ ခိုးစီးတော့ ကောင်းကောင်းစီးတက်သွားရော။ နောက့်တော့ အဖေက ဂျပန်စက်ဘီး ပေါ့ပေါ့လေးတစ်စီး ဝယ်ပေးတယ်။

မြစ်ကြီးနားမှာ ကျွန်တော်အရမ်းချစ်တဲ့ သူငယ်ချင်း လီဆူးမလေးရှိတယ် ကျွန်တော့်ဆရာမ မစမ်းရီရဲ့ ညီမတစ်ဝမ်းကွဲ မစမ်းရီအဖေက မြန်မာ၊ အမေကလီဆူး မစမ်းရီတို့ ညီမ ၃ ယောက်ရှိတယ် အကြီးရော အငယ်ရော အမေဘက့်လိုက်ပြီး ခရစ်ယာန်ယူတယ် မစမ်းရီက ဗုဒ္ဓဘာသာ ယူတယ် ကျွန်တော့် သူငယ်ချင်း ငွါးမဆားက ခရစ်ယာန် ဒါပေမယ့်ကျွန်တော်တို့  နှစ်ယောက်ပေါင်း လောင်းကျော်တယ်။

တနင်္ဂနွေနေ့ ဘုရားကျောင်းတက်ရင် ကျွန်တော်ပါတယ် ဖာသာက အာမင်ဆို ကျွန်တော်က အာမင်လိုက်ဆိုတယ်။ ဥပုဒ်နေ့ ဘုန်းကြီးကျောင်းသွားရင် သူပါတယ် ဘုန်းကြီးက သီလပေးရင် သူကလိုက့်ဆိုတယ် အိမ်ကလူကြီးတွေက လွှတ်ပေးထားတယ် လုပ်ချင်တာ လုပ်ကြဆိုပြီးတော့။

နောက့်တစ်ယောက်က သဲအူ သူ့အဖေက ပိုင်းလော့ သူအမေက စိုးမြတ်သူဇာလို အရမ်းချောတယ် တခါတလေ သူအိမ်သွားလည်တယ် ငွါးမဆားရွာပြန်တဲ့အချိန် သူ့အမေ၊သူအမဝမ်းကွဲ၊သဲအူ၊ကျွန်တော် မြစ်ကမ်းပါးသွားပြီး ပုရစ်ဖမ်းတယ် သူ့အမေက မစားရဲဘူး အိမ်ကရဲဘော်တွေ ပေးတာ ဖမ်းပြီးရင် အသက်က ၂၅နှစ် လောက်ဆိုတော့ ကလေးစိတ်ပေါ့ အဲ့တုန်းကတော့ နားမလည်ခဲ့ဘူး ဘာလို့လိုက်ဆော့လဲပဲ တွေးမိတာ။ 

တခြား အရာရှိကတော်တွေထက် သူက အရမ်းသဘောကောင်းတာပဲ သိတယ်လေ အခုချိန်မှ နားလည်တယ် ယောက်ျားနောက့်လိုက့်လာရတော့ ဘာမှမရှိတဲ့ဒေသလေ သူလဲ ကလေးလို ပျော်အောင်နေတာပေါ့။ တနေ့တော့ ဥပုဒ်နေ့ကြီး ကျွန်တော်လည်း ဘုန်းကြီးကျောင်း လိုက်မသွားဘူး သူအိမ်လာဆော့တယ် သူ့အမေက ဥပုဒ်စောင့်တယ် နေလည်ကျတော့ ပုရစ်ဖမ်းကြရော ခဏနေကျတော့ သူအော်ပါလေရော ဥပုဒ်ကျိုးပြီတဲ့ ဟီးးး သီချင်းလေး တအေးအေးနဲ့ ပုရစ်ဖမ်းတာလေ။ သီချင်းဆိုတာလည်း အရမ်းနားထောင်ကောင်းတယ်။ အဲ့နေ့က အစောကြီး အိမ်ပြန်ဆော့ရတယ် သောင်ပြင်မှာ မဆော့လိုက့်ရဘူး။

ကျွန်တော် ရန်ကုန်ပြန်ရောက်ပြီး နောက့်ပိုင်းကို အဆက်အသွယ်မရတော့ဘူး သူတို့နဲ့ နောက်တော့ အဖေကပြောတယ် သဲအူအမေ ဆုံးသွားပြီတဲ့ ရင်သားကင်ဆာနဲ့တဲ့ စိတ်မကောင်းဖြစ်မိတယ် စိုးမြတ်သူဇာကားတွေ ကြည့်တိုင်း သဲအူအမေကို သတိရမိတယ်။

နောက့်မှ တောထဲပန်းခူးလိုက်တာတွေ ကချင်ရွာတွေထဲ သွားလည်တာတွေ ရေးတော့မယ် အခုတော့ ပျင်းသွားပြီ ဆက်ရေးဖို့ကို ဟီးးး ဆက်ရန်ပေါ့နော်။

7th March 2012!!

No comments: