Tuesday, March 6, 2012

ကွန်ပျက်


http://www.derekmccrea.50megs.com/pelicans_turtles.html

ဒီပိုးမျှင်တွေကြောင့်
ဘဝတစ်ခုရခဲ့ပေမယ့်
ကွန်ဆိုတာကြီးကို
ဖျောက်ဖျက်ချင်သူ။
ဘုရားပြီးတော့
ငြမ်းဖျက်ချင်သူဆို
ဖိနှိပ်မှုမှန်သမျှ
ခါး ခါး ခါး 
မြည်နေအောင်
သွေးထဲကမုန်းတီးနေသူ။
ဓမ္မ နဲ့ အဓမ္မ က
သွေးထဲမှာသူတပြန်ကိုယ်တပြန်
စီးချင်းထိုးနေသူ။
ပြိုကျခဲ့တဲ့
သက္ကရာဇ်တွေကို
စောင်းငဲ့မကြည့်တမ်း
ကျောခိုင်းလိုက်သူ။
အားရှိပါးရှိ
ကျွန်တော့်စားခွက်ကို
စုံကန်ပြစ်လိုက်တယ်။ 

ညဝေးကြယ်။

No comments: