Monday, March 5, 2012

နိဗ္ဗာန်

http://estatestore.org/category/price/41-50/page/2/ 

အမြင့်ကြီးမှန်းရအောင်
ကျွန်တော်နင်းမတက်ခဲ့ဘူး
နင်းတက်သွားတဲ့သူတွေကို
အားမကျခဲ့သလို့
နင်းတက်သွားစေဖို့
ချမခင်းပေးခဲ့ဘူး။
အမြင့်ကပြုတ်ကျရင် 
နာမှန်းသိရအောင်
အဲ့နေရာကို
ကျွန်တော်မရောက်နိုင်ဘူး။
ရေပြင်ညီမျဉ်းတောင်
ချော်လဲနေတဲ့ကောင်
မွေးရာပါနှလုံးရောဂါလို
အမြင့်ဆိုတဲ့အသံကြားတာနဲ့
သွေးတက်ချင်တဲ့သူ။
သက္ကရာဇ်တွေ
တရစ်ရစ်မြင့်တက်လာတယ်
ကျွန်တော်ကတော့
တဖြည်းဖြည်းချင်း
နစ်ဝင်သွားတယ်။
အသားမကျတဲ့
ပင်လယ်ကနေစွန့်ခွာပြီး
ကျွန်တော့်နွားခြေရာလေးမှာ
အလံထူတော့မယ် အမေ။  

ညဝေးကြယ်။