Friday, March 9, 2012

ဆူး။

ဒီလမ်းကိုလျှောက်ဖို့ ဘယ်သူမှ မစေခိုင်းခဲ့ပါဘူး... ကျွန်တော်ကိုယ်တိုင် ရွေးချယ်ခဲ့တာပါ အခုတော့ ကျွန်တော်ကိုယ်တိုင် ...

ဆူးဆိုတာ 
အဆိပ်ရှိတယ်
အဲ့ဒီ့အဆိပ်လို
ချိုမြပျားရည်တစ်စက်လို
ရစ်မူးခဲ့သူ
အခုတော့...

ကျွန်တော် ဆူးစူးခဲ့ပြီ... ကျွန်တော် ဆုပ်ကိုင်ထားတဲ့ အရာက ဆူးအပြည့်နဲ့နှင်းဆီ ကျွန်တော်တင်းတင်းဆုပ်ကိုင်လေ ဆူးတွေက ကျွန်တော့်ရင်ကို နက်နက်တိုးဝင်လေ ကျွန်တော် တကယ် အရှုံးပေးလိုက်ပါပြီ။

ဘဝဆိုတာ တဒင်္ဂလေးပါ ဘာလို့ ကျွန်တော်မှ ဒီလိုကံဆိုးရတာလည်းလို့ ကံကို ရိုးမယ်မဖွဲ့ရက်တော့ပါဘူး  ကျွန်တော် အချစ်ဆိုတာကို အလံဖြူထောင်လိုက်ပြီ ဒီအတိုင်းလေး နေသွားပါတော့မယ် ၉လဆိုတဲ့ ခဏတာ အချိန်လေးအတွင်းမှာ ဒီတခဏလေး ကျွန်တော်ဖြတ်ကျော်ပြီးရင် အိမ်ဆိုတဲ့ ကျွန်တော့်ခိုနားရာမှာ တဘဝစာ အိပ်စက်နိုင်ပြီ။

သေလောက်အောင် ချစ်ခဲ့ဖူးပါတယ် သေလောက်အောင်လဲ အသည်းကွဲဘူးပါတယ် အဲ့လောက့်နာကျင်နေလဲ အမှတ်မရှိတဲ့ ကျွန်တော်က အချစ်ဆိုတာကို ထွက်သွားဖို့ ခွင့်မပြုနိုင်ဘူး အခုတော့ ကျွန်တော်ပဲ ထွက်သွားလိုက့်ပါတယ်။

နားလည်မှု အဲ့စကားလုံးကို ကျွန်တော်တဘဝလုံး ရှာဖွေတွေ့ရှိမှာ မဟုတ်ပါဘူး ကျွန်တော်ချစ်တဲ့ လူတစ်ယောက့်အတွက့် ကျွန်တော်အတွက့်လည်း အဲ့စကားလုံး တစ်ဘဝလုံး ဘယ်သူမှ ပေးနိုင်မှာ မဟုတ်ပါဘူး။

စာမတက်တာလား အထာမနပ်တာလား အချစ်နဲ့ပတ်သတ်လာရင် ကျွန်တော်စာအုပ်မှာ မှင်နီကြက်ခြေခတ်တွေကြီးပါပဲ အခုတော့ ကျွန်တော် အချစ်ကဗျာမရွတ်တော့ပါဘူး။

No comments: