Saturday, March 10, 2012

အဓိပတိဖွား။

အမေ ကျွန်တော် အိမ်အရမ်းပြန်ချင်နေတယ် မျက်ရည်စက်လက်နဲ့ ဆုတောင်းမိတယ်  ဒီဇင်ဘာ မြန်မြန်ရောက်ပါစေလို့...

ကံဆိုးမသွားရာ မိုးလိုက့်လို့ရွာတဲ့ ဘာတစ်ခုမှ အဆင်မပြေဘူး အမေ...  ကလေးတစ်ယောက်လို အော်ငိုချင်မိတယ် အိမ်ပြန်ပါရစေဆိုပြီးတော့ ကျွန်တော်ဆုံးဖြတ်ချက် မခိုင်မာခဲ့ဘူးနော် ပြန်မယ်ဆိုပြီး အိမ်ကိုဖုန်းခေါ်ထဲက ကျွန်တော်ပြန်သင့်တယ် အခုတော့...

ကျွန်တော် Resign လုပ်သင့်တာကို Career လုပ်ခဲ့မိတယ် အခုတော့ ကျွန်တော် ပြန်ဖို့အဆင်မပြေတော့ဘူး ကျွန်တော် ဆုတောင်းပါတယ် ဒီကြားထဲ ဘာမှမဖြစ်ပါစေနဲ့လို့ စိတ်ဓါတ်က မြေကြီးအောက်မှာ နစ်နေပြီ ကျွန်တော် ခံနိုင်ရည်ကုန်ဆုံးသွားပြီ လောကဓံဆိုတာကြီးကို...

မွေးထဲက ကံကောင်းခြင်းဆိုတာ အချင်းနဲ့အတူ မြေမြုတ်ခဲ့တဲ့ ကောင်အတွက့် မနက်ဖြန်ဆိုတာ ထူးပြီး မခမ်းနားနိုင်တော့ပါဘူး...

အင်္ဂါ၊ အဓိပတိတဲ့ တခါတခါ ဟားတိုက်ရယ်လိုက်ချင်တယ် ဒုက္ခကို ခါးစီးခံရမဲ့ အဓိပတိကြီးလားလို့ သန်းကောင်ထက် ညမနက်နိုင်ပါဘူးဆိုတဲ့ စကားလည်း ခပ်ဝါးဝါးလေးပဲ ရေရွတ်နိုင်တော့တယ်...

ရင်ဘက်ကို ဟောင်းလောင်းဖွင့် 
ကောင်းကင်နဲ့တောင်
ရန်ဖြစ်ချင်တဲ့ကောင်...။

လူကို စော်ကားချင် စော်ကားပါ
မာနကိုတော့ လာမထိပါနဲ့ လို့...
ကြွေးကြော်ရင်း 
မာရာဒိုနာလို ကန်ချက်ပြင်းပြင်းတွေနဲ့
ခဏခဏ အကန်ခံနေရတဲ့အကောင်...။

အမေ ကျွန်တော့် ရွတ်မိတဲ့ နေနော်ကဗျာလို ခဏခဏ အကန်ခံနေရတော့လည်း အကုန်လုံးကို စိတ်နာလာမိတယ် လူကောင်းလုပ့်ဖို့ ခက်ခဲနေပြီ ကျွန်တော် အကုန်လုံးကို မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံချင်နေပြီ...

ငါ့ကျမှ ကံဆိုးရလားဆိုတဲ့ အတွေးကို မေ့ပြစ်ထားပေမယ့် နာနာကျင်ကျင် ခံစားမိတဲ့အချိန်မှာ  အဲ့အသိက ရင်ဘက်ကို စုတ်ပြတ်စေတယ် အဖြည့်ခံဖြစ်ပါစေလို့ အရင်ဘဝက ဆုတောင်းခဲ့သလား ဆိုရအောင် နေရာတကာ ကျွန်တော်က အရန်လူဖြစ်နေရတယ်...

နောက့်ဆုံးတော့ ကျွန်တော့်ရင်ဘက်ကို ကားလိပ်ချလိုက့်ပါတယ် ပေါ်လီယာနာလို အစွန်းရောက်အောင် အကောင်းဘက်ကနေ တွေးလိုက့်ပါတယ် ခြေ၊လက်အင်္ဂါ အကုန်ရှိတာရယ် စွံ့၊အ၊နားမကြား မဖြစ်တာရယ်က ဆုတောင်းကောင်းခဲ့လို့ပါလို့...။

No comments: