Friday, March 2, 2012

ရင်ခွင်ဟောင်း

http://www.flickr.com/photos/artandsteel/3269867885/

အပြင်လောကကို
နတ်ပြည်အလား
ထင်ရောင်ထင်မှားနဲ့
ကျွန်တော်ထွက်လာခဲ့မိတယ်။
ငရဲမဟုတ်တာတောင်
နွေခေါင်ခေါင်လို
ပူပြင်းလွန်းလှတယ်။
ပင်လယ်ထဲ
ရေငတ်တဲ့လူလို
မြင်မြင်သမျှဟာ
ရေဆိုးရေညစ်တွေ။
အမေ့အိမ်လို
ရေကြည့်တစ်ပေါက်
အလွယ်တကူသောက့်ဖို့
မလွယ်ကူခဲ့ဘူး။
အချိန်ဆိုတဲ့ဆေးကို
နေ့ရက်တွေနဲ့မော့သောက့်
လတွေရောက်ပြီး
နှစ်တွေသာပျောက်ပျောက်သွားတယ်
အိမ်လွမ်းနာကလျော့မသွားခဲ့ဘူး။
ကြယ်ပြောင်ပြောင်
မြင်နေရပါစေ
ကျွန်တော့်အိမ်လောက့်
ဘယ်အရာမှမခမ်းနားဘူး အမေ။

ညဝေးကြယ်။