Saturday, March 31, 2012

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေရှင်



Thingyan Moe

သင်္ကြန်မိုး တေးရေး - အဉ္ဖလီမောင်မောင်


မြူးကြွတဲ့တေးသံ ပျံလွင့်လို့နေ..
ကူးပြောင်းစ တန်ခူးလေမှာ..
တစ်ယောက်တစ်လှည့်မို့ လှမ်းကာဖျန်းပက်ကြစဉ်
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ...
ခေါင်းကလေးမော့လို့ ပိတောက်ဖူးလေးတွေ
ပန်ဆင်ထားသူရေ..

ပျော်ပျော်ရွှင်ရွှင်တီးမှုတ်ကြတဲ့ပွဲမှာ

ငုံနေရှာတဲ့ပန်းပိတောက်ဖူးတွေထက်
ရာသီအချိန်မှီ လှမ်းပွင့်ခဲ့တဲ့ ပိတောက်ကို
ပန်ဆင်ပါရင် လှသထက်တင့်မှာမို့

မိုးပြေးနဲ့အရောက်လာ ပန်းပွင့်ဖို့ရာ

မြူးကြွတဲ့သင်္ကြန်အခါ
လန်းဆန်းတဲ့မိုးရေ မိုးပြေလေးရေ..
ပိတောက်ပန်းပွင့်ရုံ စိုရုံဖျန်းပက်ဦး
မိုးပြေးလေးရေ.. သင်္ကြန်မိုးပြေးရေ စိုရုံဖျန်းပက်ဦး....


http://i283.photobucket.com/albums/kk281/megumi21/water.gif

လာလည်တဲ့ သူငယ်ချင်းများကို ရေလောင်းပါတယ် နော်း )


 
ပိတောက်ပန်းကြိုက်တဲ့ သူငယ်ချင်းတွေ ပိတောက်ပန်းတွေ ခူးသွားနော် ဘုရားပန်းပဲလှူလှူ၊ အိမ်မှာအလှပန်းအိုးထိုးထိုး၊ ခေါင်းမှာပဲပန်ပန် အရမ်းကျက်သရေ ရှိပါတယ်ရှင်။



┊  ┊  ┊  ┊
┊  ┊  ┊ ★
┊  ┊  ☆
┊  ★


မင်္ဂလာရှိသော★* 。 • ˚ ˚ ˛ ˚ ˛ •
•。★သင်္ကြန်အခါသမယ ဖြစ်ပါစေရှင်★ 。* 。
° 。 ° ˛˚˛ * Π__*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門|
•。★* 。 • ˚ ˚ ˛ ˚ ˛ •
★ 。* 。˚Happy Myanmar New Year For All★* 。 • ˚ ˚ ˛ ˚ ˛ • .。.:*・゚.。.:*・゚☆.。.:*・゚☆.。.:*・゚.。.:*・゚☆.。.:*・゚☆.。.:*・゚*Be Happy, Peaceful & More Successful*・゚☆.。.:*・゚☆.。.:*・゚☆.。.:*・゚☆.。.:*・゚☆.。.:*・゚.。.:*・゚ ☆.。.:*・゚.。.:*・゚☆.。.:*・゚☆.。.:*・゚.。.:*・゚☆.。.:*・゚☆.。.:*・゚*HAPPY NEW YEAR*・゚☆.。.:*・゚☆.。.:*・゚☆.。.:*・゚☆.。.:*・゚☆.。.:*・゚.。.:*・゚ 

Thursday, March 29, 2012

ကိုယ်ဝန်ဆောင်မှတ်စု။



တနေ့က အတူနေခဲ့တဲ့ သူငယ်ချင်းက ကျွန်တော့်ကို နောက်တယ် နင်က ငါ့ကလေးကို ထိန်းပေးရမှာ စိုးရိမ်လို့ပြန်တာလားတဲ့ သူက March 4th ကမှ မင်္ဂဆောင်တာလေ ကလေးယူတော့မှာ တခြားနိုင်ငံ မကူးခင် ကျွန်တော်က ကလေးချစ်တော့ ထိန်းပေးမယ် ပြောထားတာ အစီစဉ်မရှိဘဲ ကောက်ပြန်တော့ သူငယ်ချင်းတွေက စိတ်မကောင်းဘူး။

အရင်က အခန်းမှာ ၅ ယောက်နေတာ ကျွန်တော်ရယ် အိဖြူရယ်က ကုမ္ပဏီ တစ်ခု၊ မချိုအိရယ် ဖြူဖြူရယ်က ကုမ္ပဏီ တစ်ခု ဒါပေမယ့် သူဌေးကတူတူပဲ အခုမင်္ဂလာဆောင်တဲ့ မာလာက ကုမ္ပဏီ တစ်ခု သူဌေးမတူဘူး ဒါပေမယ့် တူတူနေတယ်။

အိဖြူက အရင်ပြန်သွားရော ၄ယောက်ပဲကျန်တယ် မာလာကလည်း မင်္ဂလာဆောင်မှာဆိုတော့ အိမ်ခွဲသွားရော ၃ယောက်ပဲ ကျန်တယ် အခု ကျွန်တော်ပြန်မယ်ဆိုတော့ အခန်းထဲမှာ ၂ယောက်ပဲကျန်တယ်။

အဲ့ဒါနဲ့ သူငယ်ချင်းအတွက့် ကိုယ်ဝန်ဆောင်နဲ့ ပတ်သတ်တဲ့ ဆောင်ရမှာ၊ရှောက်ရမှာတွေ ရှာပေးရင်းနဲ့ ဒီ Post လေးတင်ဖြစ်တယ် ဟီးးး သူများအကျိုးဆောင်ရင်း ကိုယ်ပါကလေးလိုချင်လာတယ် ကလေးတစ်ယောက် ဒုက္ခက မသေးဘူးဗျ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ရတီလေးမွေးတုန်းကဆို တအိမ်လုံး ဗြောင်းဆန်နေရော အဖေ၊အမေ၊ သူ့အဖေ၊သူ့အမေ(ကျွန်တော့်အစ်မ) ပြီးတော့ကျွန်တော် လူ ၅ယောက်ကို မနားရဘူး ကျွန်တော်က MK မှာ အလုပ်လုပ်နေတော့ နားရက်ဆို ကလေးထိန်းတာဝန် အမေနဲ့မမက အချိန်ပြည့် ထိန်းနေရတာလေ။

ခုနေများ ကလေးတစ်ယောက် ထိန်းဖို့ တော်တော်ကြိုးစားရမယ် ဟီးးး လိုချင်တယ်ဆိုတာ စကားအဖြစ်ပြောတာပါ အိမ်ရောက်ရင် တူနဲ့တူမ နှစ်ယောက်တောင် တော်တော်ထိန်းရမယ် တော်ကြာ အဒေါ်ကို လက်ညှိးထိုး ရောင်းစားသွားလို့နော်။

ဒီ Post က ကျွန်တော်ရေးတာ မဟုတ်ပါဘူး ကိုယ်ဝန်ဆောင်ဆိုပြီး Google Search မှာ ရှာရင်း တွေ့တဲ့ Post တွေကို စုပေးထားတာ သူငယ်ချင်းဖတ်ဖို့ဆိုပြီးတော့ အဲ့ဒီတော့ Link တွေကို မမှတ်ထားလိုက့်မိဘူး အခု Post တင်တော့ Credit ပေးဖို့ Link မမှတ်မိဘူး ဖြစ်နေတယ် Broadband ကလည်း ပိုက်ဆံမသွင်းနိုင်သေးတော့ အိမ်မှာက မသုံးနိုင်သေးဘူး အလုပ်မှာတင်တာဆိုတော့ အချိန်က မရဘူးဖြစ်နေတယ် မူရင်း Post ပိုင်ရှင်များကို တောင်းပန်ပါတယ်နော်။


ကိုယ်ဝန်ဆောင်မှတ်စု။



အသက် ၃၅ နှစ်ကျော်မှ ကိုယ်ဝန်ဆောင်ရင် အထူးဆင်ခြင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အကြောင်းကတော့ အသက် ၂၀ နဲ့ ၃၀ ကြား ကိုယ်ဝန်ဆောင်တာထက် ပိုပြီး အန္တရာယ် များတာကြောင့်ပါ။
ဒါပေမဲ့ ဒီနေ့ခေတ်ဆေးပညာ စောင့်ရှောက်မှု ဟာ အရင်ကထက် စိတ်ချလာရပြီဖြစ်တဲ့ အတွက် အသက် ၃၀ နှောင်းပိုင်းနဲ့ အသက် ၄၀ အရွယ်မှာတောင် အမျိုးသမီးအများစု ဟာ ကျန်းကျန်းမာမာ ကိုယ်ဝန်ဆောင် နိုင်ပြီး ကောင်းမွန်စွာ ကလေးမွေးဖွားနိုင် နေပြီ ဖြစ်ပါတယ်။ အသက် ၃၅ နှစ်ကျော်မှ ကလေးယူမယ်လို့ စဉ်းစားထားပါက ထည့် သွင်း စဉ်းစားသင့်တဲ့ အချက်တွေရှိနေပါတယ်။

မျိုးပွားနိုင်စွမ်း လျော့နည်းခြင်း
အသက် ၃၀ ကျော်ပြီဆိုတာနဲ့ အမျိုးသမီးစုရဲ့ မျိုးအောင်နိုင်စွမ်းဟာ လျော့ကျလာလေ့ ရှိတာကြောင့် ကလေးရဖို့ အချိန်ကြန့်ကြာတတ်ပါတယ်။ အသက် ၃၀ ကျော်ချိန်မှာ အမျိုးသမီးအများစုဟာ သားအိမ်တစ်သျှူးတွေ တခြားနေရာမှာ တည်ရှိတဲ့ ပြဿနာ ဖြစ်နှုန်းများတာကြောင့် ဖြစ်ပါတယ်။ အသက် ၃၅ နှစ်ကျော်ပြီး ချိန်မှာ ကိုယ်ဝန်ရအောင် ခြောက်လကြာ ကြိုးစားပြီးမှ ကလေးမရသေးရင် သားဖွားမီးယပ်အထူးကုဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုပါတယ်။

ကိုယ်ဝန်ပျက်ကျနိုင်ခြေများခြင်း
အသက် ၁၉ နှစ်နဲ့ ၂၀ ကျော်ကြား ကိုယ်ဝန်ဆောင်သူတွေဟာ ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်သူတွေထက် ကိုယ်ဝန်ပျက်ကျနိုင်ခြင်း၊ လမစေ့ဘဲ ကလေးမွေးဖွားခြင်း နဲ့ ကလေးအသေမွေးခြင်း အန္တရာယ်တွေနည်းပါတယ်။ ဆယ်ကျော်သက်အရွယ်တွေဟာ ဖွံ့ဖြိုးဆဲ အရွယ်ဖြစ်သလို အာဟာရချို့တဲ့မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ကျန်းမာရေးစောင့်ရှောက်မှု နည်းတာကြောင့်ပါ။
အလားတူပဲ အသက် ၃၅ နှစ်ကျော်မှ ကိုယ်ဝန်ဆောင်ရင်လည်း အသက် ၃၅ နှစ်အောက် ကိုယ်ဝန်ဆောင်သူတွေထက် ကိုယ်ဝန်ပျက်ကျနိုင်ခြေ ပိုများပါတယ်။ အသက် ၄၀ ကျော်မှ ကိုယ်ဝန်ဆောင်မယ်ဆိုရင်တော့ ကိုယ်ဝန်ပျက်ကျနိုင်ခြေ ၄၀ ရာခိုင်နှုန်းရှိ ပါတယ်။ ဒါဟာ အသက် ၃၅ နှစ်ကျော်ချိန်မှာ အမျိုးသမီးအများစုဟာ ခရိုမိုဇုန်းပုံမမှန်ဖြစ်တာကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ခြေ များရတာပါ။

ကိုယ်ဝန်ဆောင်ချိန် ပြဿနာများ ကြုံတွေ့နိုင်ခြင်း
အသက် ၃၅ နှစ်ကျော်မှ ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေဟာ အသက် ၂၀ ကျော် ကိုယ်ဝန်ဆောင်သူတွေနဲ့ ယှဉ်ရင် ကိုယ်ဝန်ဆောင်ချိန်အတွင်း သွေးတိုးခြင်းနဲ့ ဆီးချို သွေးချိုရောဂါရခြင်း ဖြစ်နိုင်ခြေ နှစ်ဆရှိပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်အတွင်း အချင်းနဲ့ သွေးထွက်ခြင်းဆိုင်ရာ ပြဿနာဖြစ်နိုင်ခြေလည်း များပါတယ်။

ကလေးမွေးဖွားရခက်ခဲခြင်း
အသက် ၃၀ ကျော်မှ သားဦး ကိုယ်ဝန်ဆောင်ရင် အသက်ငယ်ငယ်နဲ့ ကိုယ်ဝန်ဆောင် သူတွေထက် ကလေး မွေးဖွားရတာ ပိုခက်ခဲတတ်ပါတယ်။ ဒါကြောင့် အသက် ၃၀ ကျော်မှ ကိုယ်ဝန်ဆောင်သူတွေဟာ ရိုးရိုးမွေးဖွားတာထက် ဗိုက်ခွဲပြီးကလေးမွေးဖွားတာက ပိုအဆင်ပြေတတ်ပါတယ်။

မျိုးရိုးဗီဇ ချို့ယွင်းသော ကလေးမွေးဖွားနိုင်ခြေများခြင်း
အသက် ၃၅ နှစ်ကျော်မှ ကိုယ်ဝန်ဆောင်မယ်ဆိုရင် မျိုးရိုးဗီဇ ချို့ယွင်းချက်ပါတဲ့ ကလေး မွေးဖွားနိုင်ခြေများပါတယ်။ အဖြစ်များဆုံး ပြဿနာက ဒေါင်းရောဂါလက္ခဏာစုပါ။ ဒေါင်း ရောဂါရှိတဲ့ ကလေးငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နည်းခြင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာရှိခြင်းစတဲ့ ပြဿနာတွေဖြစ်ပေါ်တတ်ပါတယ်။
အသက် ၂၅ နှစ်အရွယ်မှာ ကိုယ်ဝန်ဆောင်ပါက ကလေး ၁၂၅၀ ယောက်မှာ တစ်ယောက်၊ အသက် ၃၀ အရွယ်ခန့်မှာ ကိုယ်ဝန်ဆောင်ပါက ကလေး ၉၅၂ ယောက်မှာ တစ်ယောက်၊ အသက် ၃၅ နှစ်အရွယ်ခန့်မှာ ကိုယ်ဝန်ဆောင်ပါက ကလေး ၃၈၅ ယောက်မှာ တစ်ယောက် နဲ့ အသက် ၄၀ နှစ်အရွယ်ခန့်မှာ ကိုယ်ဝန်ဆောင်ပါက ကလေး ၅၆ ယောက် မှာ တစ်ယောက်နှုန်း ဒေါင်းရောဂါလက္ခဏာ ဖြစ်နိုင်ခြေရှိပါတယ်။

Ref : Good Health


Pregnancy Pains ကိုယ်ဝန်ဆောင် ဝေဒနာ (၂ဝ)


ကိုယ်ဝန်ဆောင်တာနဲ့ အရင်လိုမဟုတ်တော့ဘူး။ ခံစားရမှာတွေ ရှိလာမယ်။ ကိုယ်ဝန်ဆောင်တွေက တယောက်နဲ့ တယောက်၊ တခါနဲ့ တခါ မတူကြပါ။ အခုရေးတာမှန်သမျှ ကိုယ်လဲ ခံရမယ် မထင်စေလိုပါ။ သက်သာအောင် ဘယ်လို လုပ်မလဲဆိုတော့ -

၁။ Pregnancy Breast Changes ရင်သားအပြောင်းအလဲများ၊
• ရင်သား ထွားထွားလာမယ်။ အထဲက နို့ရည်ထွက်မဲ့ (ဂလင်း) လေးတွေကြီးလာ၊ အဆီတွေများလာလို့ပါ။
• တချို့မှာ ရင်သားနာမယ်။ ကိုယ်ဝန်ဆောင်ကာစနဲ့ ကလေးဖွါးခါနီးမှာ သိသာတယ်။
• သွေးကြောတွေလဲ များတာလို့ ပြာစိမ်းစိမ်းသွေးကြောလေးတွေ ပိုမြင်လာရမယ်။
• နို့သီး-နို့သီးအဝိုင်း အရောင် ရင့်လာ၊ မဲလာမယ်။
• Colostrum ဆိုတဲ့ ကနဦး-နို့ရည်ထွက်နိုင်တယ်။ ဒါတွေအားလုံးက ပုံမှန်အပြောင်းအလဲတွေသာဖြစ်တယ်။
• Bra (ဘရာ) ချောင်တာသာ ဝတ်ပါ။ မ-တင်ပေးနိုင်အောင်တော့ ဖြစ်ပါစေ။ (ကော်တွန်) နဲ့ သဘာဝပစ္စည်းနဲ့ လုပ်တာသာ ဖြစ်ပါစေ။ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ (ဘရာ) အရွယ်အစား ကြီးကြီးလာဘို့လိုမယ်။ နေ့ရော ညပါဝတ်ထားပါ။ နို့ရည်ကြည်ထွက်နေရင် (ဘရာ) အတွင်းမှာ ဂွမ်းစခံထားပါ။ စိုလာရင် အသစ်လဲပါ။
• နို့သီးထိပ်ကို ရေခပ်နွေးနွေးနဲ့သာ ဆေးကြောပေးပါ။ ရေချိုးချိန်ကလွဲရင် ဆပ်ပြာမသုံးပါနဲ့။ ခြောက်သွေ့စေတယ်။

၂။ Pregnancy Fatigue ကိုယ်ဝန်ဆောင်စဉ် အားယုတ်ခြင်း၊
• ကိုယ်ဝန်ဆောင်လာရင် အားကုန်တယ်။ (အင်နာဂျီ) ပိုလိုလို့ပါ။ ပိုစားပါ။
• Anemia သွေးအားနည်းရောဂါ မရှိအောင်ဆေးစစ်ပါ။ ကုသပါ။
• ကောင်းကောင်းနားပါ။ စောစောအိပ်ရာဝင်ပါ။ နေ့ခင်းလဲ ခဏတဖြုတ်အိပ်ပါ။
• ဖြစ်နိုင်သရွေ့ အချိန်ဇယားလုပ်ထားပါ။ အလုပ်လုပ်တာနဲ့ နားတာ မျှပါစေ။
• ကိုယ်လက်-လေ့ကျင့်ခန်းလုပ်ပါ။

၃။ Pregnancy Nausea or Vomiting ကိုယ်ဝန်ဆောင်စဉ် ပျို့-အန်ခြင်း၊
• ကိုယ်ဝန်ဆောင်တော့ ဟော်မုန်း အပြောင်းအလဲတွေဖြစ်လာလို့ ပျို့တာ၊ အန်တာတွေဖြစ်တယ်။
• ကိုယ်ဝန်ဆောင်စမှာသာ အဖြစ်များပြီး နောက်ဆိုရင် ကိုယ်ခန္ဓာက ထိန်းနိုင်လာမယ်။ ဆေးရုံတက်ရလောက်အောင်အထိ ဆိုးသူလဲရှိတယ်။
• အစာမရှိချိန် မနက်ခင်းမှာ ပိုဆိုးတယ်။ ဒါကြောင့် Morning sickness (မောနင်း-ဆစ်ကနက်စ်) လို့ခေါ်ကြတယ်။ ၄ လရောက်ရင် မဖြစ်တော့ဘူး။
• မနက်ထမှာ ခပ်ခြောက်ခြောက်အစာ စားပါ။ ဥပမာ အနှံတွေကလုပ်တဲ့ စားစရာတွေဖြစ်တဲ့ ပေါင်မုံ့၊ (ခရက်ကာ) စတာမျိုး၊ နောက်ပြီး (ပရိုတင်း) များတာ ဥပမာ အဆီလွတ်အသား၊ (ချိစ်) ကို ညမအိပ်ခင်စားပါ။
• အစာကို တခါစားရင် သိပ်မများစေဘဲ ၂-၃ နာရီတခါစားသောက်ပါ။ ဖြေးဖြေးချင်း အချိန်ယူစားပါ။
• အရည်တွေ တနေကုန်သောက်ပါ။ ဗိုက်ကယ်အောင် မသောက်ပါနဲ့။ အေးနေတဲ့ ကြည်နေတဲ့ ပန်းသီးရည်၊ စပျစ်သီးရည်တွေက ပိုသင့်တယ်။
• စပ်တဲ့၊ ပူတဲ့အစာတွေရှောင်ပါ။
• Vitamin B6 (ဗီတာမင် ဘီ-၆) သောက်ပါ။
• အန်တာ မသက်သာရင် ဆရာဝန်ကို အကူအညီတောင်းပါ။ (စာတပုဒ် သပ်သပ်ရေးထားပါတယ်။)

၎။ Pregnancy Frequent Urination ဆီးခဏခဏသွားခြင်း၊
• ကိုယ်ဝန်ဆောင်စ လတွေမှာ ကြီးလာနေတဲ့ သားအိမ်က သူ့ရှေ့မှာနေတဲ့ ဆီးအိမ်ကိုဖိသလိုဖြစ်လို့ ခဏခဏဆီးသွားချင်လာမယ်။
• အတွင်းခံမှန်သမျှ ကြပ်မနေပါစေနဲ့၊
• Urinary tract infection ဆီးကပူမယ်၊ အောင့်မယ်ဆိုရင် ဆရာဝန်ပြပါ။ ပိုးဝင်တာဖြစ်နိုင်တယ်။

၅။ Pregnancy Headaches ခေါင်းကိုက်ခြင်း၊
• စိတ်ဖိအားများတာ၊ ဝမ်းချုပ်တာကြောင့် ခေါင်းကိုက်တာဖြစ်နိုင်တယ်။ တချို့မှာ Preeclampsia (PET) သွေးဆိပ်တက်တာ ဖြစ်နိုင်တယ်။
• နဖူး၊ ဂုတ်ပိုးနေရာ ရေခဲတင်ပေးပါ။
• အလင်းရောင် မများတဲ့နေရာ-အခန်းမှာ နားပါ၊ ငြိမ်နေပါ။ မျက်စိမှိတ်ပြီး စိတ်လျှော့ပေးပါ။
• Tylenol (Acetaminophen) လိုအပ်ရင် (ပါရာစီတမော) ဆေးပြားသောက်ပါ။
• ပျို့တာနဲ့ ခေါင်းကိုက်တာ တွဲဖြစ်ရင် ဆရာဝန်ပြပါ။

၆။ Pregnancy Constipation ဝမ်းချုပ်ခြင်း၊
• Hormones ပြောင်းလဲလာတဲ့ ဟော်မုန်းတွေ၊ (ဗီတာမင်တွေ) နဲ့ သံဓါတ်အားဆေးတွေကြောင့် ဝမ်းချုပ်နိုင်တယ်။
• သားအိမ်ကနေ နောက်မှာနေတဲ့ အစာဟောင်းအိမ်ကို ဖိနေလို့လဲ ဖြစ်နိုင်တယ်။
• Fiber (ဖိုက်ဘာ) များတဲ့ ဖြူနေအောင်ချွတ်မထားတဲ့ အမှုံ့နဲ့လုပ်တဲ့အစာတွေ၊ လတ်ဆတ်တဲ့အသီးတွေ၊ ဟင်းသီးဟင်းရွက်တွေ ပိုစားပါ။
• ရေ-အရည်ပိုသောက်ပါ။ တနေ့မှာ ရေ ၆-၈ ခွက်၊ ဖျော်ရည် ၁-၂ ခွက်။
• မနက်ခင်းမှာ ခပ်နွေးနွေးအရည် သောက်ပါ။
• Exercise ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
• ရေအိမ်သွားချိန် အလေ့အကျင့်လုပ်ပေးပါ။
• Laxative ဝမ်းနုပ်ဆေး ဆရာဝန်ပေးတာသောက်ပါ။ သဘာဝ ဝမ်းပျော့-ဝမ်းသွားစေတာသုံးပါ။ သင်္ဘောသီး၊ မန်ကျီးသီးမှည့်၊ ကန်စွန်းရွက်။

၇။ Pregnancy Dizziness မူးဝေခြင်း၊
• Pregnancy hormone ကိုယ်ဝန်ဆောင်-ဟော်မုန်း လို့ခေါ်တဲ့ Progesterone (ပရိုဂျက်စတီရုံး) ကနေ သွေးကြောတွေကို ကျယ်စေတယ်။ ခြေထောက်ပိုင်းမှာ သွေးတွေစုလာစေတယ်။ သားအိမ်ဆီလဲ သွေးပိုရစေတယ်။ သွေးဖိအားကျစေတယ်။ အထူးသဖြင့် အနေအထား ရုတ်တရက် အပြောင်းမှာ ဖြစ်တယ်။ ခေါင်းမူးနိုင်တယ်။
• အစာစားချင်စိတ်ကို ပြောင်းစေတယ်။ သွေးထဲမှာ သကြားဓါတ်နည်းရင်လဲ ခေါင်းမူးစေမယ်။
• မတ်တပ်အနေအထားမှာ ကြာကြာနေရရင် ဟိုဟိုဒီဒီသွားလာနေပါ။
• ဘယ်ဘက်ကို စောင်းအိပ်ပြီး နားပါ။
• အနေအထားပြင်တာမှာ ဖြေးဖြေးသာလုပ်ပါ။
• သကြားဓါတ် မနည်းစေအာင် အစာကို မကြာမကြာစားပေးပါ။

၈။ Difficulty Sleeping အိပ်မပျော်ချင်ခြစ်လာခြင်း၊
• Sleep medication အိပ်ဆေးမသောက်ပါနဲ့၊
• အိပ်ရာဝင်ချိန်မှာ နွားနို့ အပူသောက်ပေးပါ၊
• အိပ်ရာမဝင်ခင် ရေနွေးချိုးပါ၊
• ခေါင်းအုံးအပိုသုံးကြည့်ပါ၊ ဘေးတစောင်းအိပ်ပါ။

၉။ Pregnancy Heartburn or Indigestion အစာအကျေ-ဗိုက်အောင့်ခြင်း၊
• အစာခြေစနစ်က အလုပ်နှေးလို့ဖြစ်တယ်။ ကြီးလာနေတဲ့ သားအိမ်ကလဲ အစာအိမ်ကိုဖိတယ်။ ဟော်မုန်းတွေ အပြောင်းအလဲကြောင့်လဲ ပါတယ်။
• အစာကို နည်းနည်းချင်း ခဏခဏစားပါ။ ဖြေးဖြေးသာစားပါ။
• ရေနွေး၊ (ဟာဘယ်လ်) လဖက်ရည်သောက်ပါ။
• ပူ-စပ်တာ၊ မစာမကျေလွယ်တာ၊ ကျော်ထားတွေ ရှောင်ပါ။
• စားပြီးပြီးချင်း လှဲမအိပ်ပါနဲ့။
• အိပ်တာ၊ လှဲတာ အိပ်ရာခေါင်းရင်းကို မြှင့်ထားပါ။ ခေါင်း၊ ပခုံးအောက်က ခေါင်းအုံးခုခံထားနိုင်တယ်။
• အချိုနဲ့ အဆီ တခါတည်း တွဲမစားပါနဲ့။

၁ဝ။ Pregnancy Hemorrhoids လိပ်ခေါင်း၊
• စအိုမှာ သွေးပြန်ကြောလေးတွေဖေါင်းပြီး ဝမ်းသွာတဲ့အခါ အပြင်ကိုစုထွက်လာတာဖြစ်မယ်။ ကိုယ်ဝန်ကနေ မွေးလမ်းနဲ့ အစာဟောင်းအိမ်တွေအပေါ်မှာ ဖိအားသက်ရောက်လို့၊ သွေးလျှောက်တာလဲပိုလာလို့ ဖြစ်ရတယ်။
• ဝမ်းအချုပ်မခံပါနဲ့။ ဝမ်းသွာတဲ့အခါ မညှစ်ရစေနဲ့။
• အကြာကြီးထိုင်တာ၊ ရပ်တာ ရှောင်ရှားပါ။ အနေအထား မကြာမကြာ ပြောင်းပေးပါ။
• လိပ်ခေါင်းနေရာက် ရေခဲတလှည့် ရေနွေးတလှည့်တင်ပေးပါ။
• အတွင်းခံကျပ်မနေပါစေနဲ့။
• လိုအပ်ရင် ဆရာဝန်ပြပါ။

၁၁။ Pregnancy Varicose Veins သွေးပြန်ကြောထုံးခြင်း၊
• ခြေထောက်တွေမှာ သွေးပြန်ကြောတွေ ဖေါင်းကြွပြီး ထုံးနေသလိုထင်-မြင်ရတယ်။ တချို့ကတော့ အရင်ကတည်းက ရှိနေတတ်တယ်။
• မတ်တပ်ရပ်တာ၊ ထိုင်နေတာ အကြာကြီးမလုပ်ပါနဲ့။ ရွေ့လျှားသွားလာပေးပါ။ ခြေနှစ်ချောင်း ချိတ်ထိုင်တာ မကောင်းပါ။
• နားနေချိန်မှာ ခြေထောက်ပိုင်းကို မြှင့်ထားပေးပါ။
• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
• ကိုယ်အောက်ပိုင်း အဝတ်အစား တင်းကြပ်မနေစေပါနဲ့။

၁၂။ Pregnancy Leg Cramps ကြွက်တက်ခြင်း၊
• (ကယ်လ်စီယမ်) များတဲ့အစားအသောက်ပိုစားပါ။ နွားနို့၊ ဒိန်ခဲ၊ အရိုးပါစားလို့ရတဲ့ငါ။
• ဖိနပ် မကြပ်စေနဲ့၊ ခုံမြင့်ဖိနပ်မစီးပါနဲ့။
• နားနေချိန်မှာ ခြေထောက်ပိုင်းကို မြှင့်ထားပေးပါ။
• ခြေနှစ်ချောင်း ချိတ်ထိုင်တာ မကောင်းပါ။
• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
• အိပ်ရာမဝင်ခင် ခြေဆန့်-လက်ဆန့်လုပ်ပေးပါ။
• ပက်လက်အိပ်တာ နည်းပါစေ။
• ခြေထောက်တွေကို နှိပ်နယ်ပေးပါ။

၁၃။ Pregnancy Nasal Congestion နှာခေါင်းပိတ်ခြင်း၊
• အအေးမိသလိုနေတယ်။ ကိုယ်ဝန်ဆောင်-ဟော်မုန်းကြောင့်ဖြစ်ရတယ်။
• ပါး-နှာခေါင်းနေရာကို ရေနွေးဝတ်တင်ပါ။
• Nasal sprays ဆေးမသုံးပါနဲ့။
• ရေ-အရည် များများသောက်ပါ။ တနေ့မှာ ၆-၈ ခွက်။
• ခေါင်းအုံးအပိုသုံးပါ။
• Humidifier or Vaporizer သုံးနိုင်တယ်။

၁၄။ Shortness of Breath အသက်ရှူမဝခြင်း၊
• လမ်းလျှောက်နေရင်းဖြစ်ရင် အရှိန်လျော့ချလိုကပ်ပါ။ နားလိုက်ပါ။
• လက်တွေကို ခေါင်းပေါ်မြှောက်လိုက်ပါ။
• အိပ်ရင် ခေါင်းပိုင်းက မြင့်နေပါစေ။

၁၅။ Pregnancy Stretch Marks အကြောပြန်ခြင်း၊
• ကြီးထွားလာတဲ့ အရေပြားရဲ့ ဆန့်နိုင်၊ ကျုံ့နိုင်စွမ်းက လိုသလောက်မလိုက်နိုင်လို့ဖြစ်တယ်။ ဗိုက်၊ ပေါင်၊ ရင်သားနေရာတွေမှာ အများဆုံးဖြစ်တယ်။ နောင်မှာ လုံးဝပျောက်မသွားပေမဲ့ မှေးမှိန်လာမယ်။
• Vitamins C and E တွေသောက်ပေးပါ။
• Skin lotion လိမ်းပါ။
• ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

၁၆။ Swelling in the Feet and Legs ခြေထောက်ရောင်ခြင်း၊
• ခြေထောက်ကသွေးကြောနဲ့ သွေးပြန်ရည်ကြောတွေအပေါ်မှာ ကြီးလာတဲ့သားအိမ်ကဖိနေလို့ဖြစ်တယ်။
• မတ်တပ် အကြာကြီးမရပ်ပါနဲ့။
• ရေ-အရည် များများသောက်ပါ။ တနေ့မှာ ၆-၈ ခွက်။
• ငန်တဲ့အစာတွေ ရှောင်ပါ။ (ဆိုဒီယမ်) များတဲ့ ဆား၊ ငါးခြောက်၊ ငါးပိ၊ ငန်ပြာရည်၊ ဟင်ချိုမှုံ့၊ ဆော်ဒါ၊ ရှောင်ပါ။
• ခြေထောက်ပိုင်း မျြှင့်ထာနားပါ။
• အဝတ်အစား၊ ဖိနပ် တင်းကြပ်မနေစေပါနဲ့။
• (ပရိုတင်း) များများစားပါ။
• မျက်နှာပါ ရောင်ရင် ဆရာဝန်ပြပါ။

၁၇။ Vaginal Discharge မွေးလမ်းကစိုနေခြင်း၊
• သွေးလှည့်တာနဲ့ ဟော်မုန်းများလာလို့ဖြစ်တယ်။
• အဖြူရောင် ကြည်လင်နေတယ်။ မယားဘူး၊ အနေရမခက်ဘူး။
• (ကော်တွန်) အတွင်းခံသာသုံးပါ။
• အတွင်းခံ တင်းကြပ်မနေစေနဲ့။
• Douche (ဗဂျိုင်းနား) ဆေးကြောနည်း မလုပ်ပါနဲ့။
• ဆပ်ပြာနဲ့ ရေသာသုံးပါ။
• သန့်ရှင်းရေးလုပ်တိုင်း လက်ကို ရှေ့ကနေ နောက်ဖက်ကိုသာ ဦးတည်လုပ်ပါ။
• ဆင်းနေတာက ပူလောင်၊ ယားယံ၊ အနံ့ရှိလာရင် ဆရာဝန်ပြပါ။

၁၈။ Pregnancy Backaches ခါးနာခြင်း၊
• ဖိနပ်မမြင့်ပါစေနဲ့။ အလေးအပင် မမပါနဲ့။
• အောက်ကျတာတခုခုကောက်ချင်ရင် ဒူးကိုအရင်ကွေးပါ။ ခါးကို နောက်မှကွေးပါ။
• မတ်တပ်အကြာကြီးမရပ်ပါနဲ့။ ထိုင်ရင် နောက်ကျာမှီစရာပါတာနဲ့သာထိုင်ပါ။ ထိုင်နေရင်းလဲ ခြေထောက်ကို တခုခုမှာတင်ထားပါ။
• အိပ်ယာအောက်ခံ မာနေပါစေ။ ကြိုးကုတင်၊ စပရင်ကုတင် မသုံးပါနဲ့။ ပက်လက်ကုလားထိုင်မှာ မထိုင်ပါနဲ့။
• ခါးနာတဲ့နေရာကို အပူးကပ်ပေးပါ။ အပူဆေးကပ်ခွါသုံးနိုင်တယ်။ နှိပ်နယ်ပေးပါ။
• မျက်နှာသစ်၊ လက်ဆေး၊ ပန်းကန်ဆေးတာ ကိုယ့်အရပ်နဲ့ အနေတော် ရေစဉ်၊ ကြွေခွက်ဖြစ်ပါစေ၊
• (စတီရွိုက်) မပါတဲ့ အနာသက်သာဆေးသောက်ပါ။

၁၉။ Abdominal Pain or Discomfort ဗိုက်အောင့်ခြင်း၊
• ကိုယ်ခန္ဓာ အနေအထားပြင်ပေးပါ။
• သက်တောင့်သက်သာ ရှိပါစေ။ ရေနွေးအိတ်ကပ်ပါ။
• Tylenol (Acetaminophen) (ပါရာစီတမော) လိုအပ်ရင်သောက်ပါ။
• မသက်သာရင် ဆရာဝန်ပြပါ။

၂ဝ။ Braxton-Hicks Contractions ကလေးလှုတ်ခြင်း၊
• ကိုယ်ဝန် ၅ လကျော်ရင် ကလေးလှုတ်တာ သိသာလာမယ်။
• သက်တောင့်သက်သာ နေထိုင်ပါ။ လူအနေအထား ပြုပြင်ပေးပါ။
• မွေးချင်သလား အထင်မှားတတ်တယ်။

Dr. တင့်ဆွေ





Medical Writings - Medical Writings
Written by Administrator   

1. ကိုယ်ဝန်ဆောင်မိခင်များ သိသင့်သော လိုက်နာရမည့်အချက်များကို ဖော်ပြပေးပါရှင့်။ ဖောလစ်အက်စစ် အပြင် ကိုယ်ဝန်ဆောင် အားဆေးများကို ကိုယ်ဝန်ဘယ်နှစ်ပတ်တွင် စသောက်လို့ရပါလဲ။ ကိုယ်ဝန် ၁ဝ ပတ်ခန့်တွင် Scan ရိုက်လို့ ရပါသလား။ ကိုယ်ဝန်ဆောင်နှင့် ပတ်သက်သော မြန်မာ Website e-book များကိုလည်း ဖော်ပြပေးပါ။

2. သမီးမှာ ကိုယ်ဝန် ၇ ပတ်ရှိနေပါတယ်။ ဘာအစားအသောက်များ ရှောင်ရမလဲရှင့်။ သမီးက အန်လဲအန်တယ်။ အအန်သက်သာစေမဲ့ နည်းလမ်းများ ရှိပါသလား ညွှန်ပြပေးပါ။ ဘာအစားအသောက်များ ပိုစားရမလဲဆိုတာပါ ရေးပေးပါရှင့်။
ကိုယ်ဝန်ဆောင်တွေအတွက် လုပ်ပေးရတာ အသက်နှစ်ချောင်း၊ ကုသိုယ် ၂ ဆ ရပါတယ်။ တခါတလေ ပိုသေးတယ်။

ကိုယ်ဝန်ဆောင်ပြီ ဆိုတာနဲ့ ကျန်းမာရေးအသိနဲ့ယှဉ်ပြီး လုပ်စရာတွေ အများကြီးရှိတယ်။ ကိုယ်ဝန်ကို အပ်ပါ။ သွားပြီး မွေးဖွါးမယ်လို့ ရည်ရွယ်တဲ့ ဆေးခန်း၊ မွေးခန်း၊ ဆေးရုံတွေမှာ အပ်တာက ပိုကောင်းတယ်။ ANC (Antenatal Care) ခေါ်တဲ့ ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်းမှာ ဘာတွေလုပ်ရမယ်ဆိုတာ တိတိကျကျ ရှိတယ်။ တချို့နေရာတွေမှာ အသေးစိတ် လုပ်ပါလိမ့်မယ်။ အသေး မစိတ်နိုင်ရင်လဲ အစိုးရိမ် မကြီးပါနဲ့။ တောနယ်တွေမှာ လက်သည်တောင် မပါဘဲ မွေးနိုင်ကြသေးတယ်။ တယောက်နဲ့ တယောက် အတော်တော့ မတူကြဘူး။

ANC ဆိုတာ မိခင်လောင်းရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ချမ်းသာရေးအပြင်၊ ကလေးအတွက်ပါ လိုတာတွေကို စစ်ဆေး၊ ဆောင်ရွက်ပေးတာပါ။ အရင်ဆုံး ကိုယ်ဝန်ရှိနေတာ သေခြာအောင်လုပ်တာနဲ့ စပါတယ်။ သန္ဓေစတည်ပြီး၊ ၂ ပါတ်ဆိုရင် ဆီးစစ်လို့ရပြီ။ တချို့နည်းတွေက ဒီထက်တောင် စောပြီး စမ်းလို့ရသေးတယ်။ စိတ်ဝင်စားဘို့ ကောင်းတာက ဒီနည်းဟာ သန္ဓေသားရှိ-မရှိစမ်းတာ မဟုတ်ဘဲ၊ အချင်း ဖြစ်နေပြီ ဆိုတာကို စမ်းတာဖြစ်ပါတယ်။

နောက်ဆုံး ရာသီလာခဲ့တဲ့လက ပဌမဆုံး သွေးဆင်းတဲ့ရက်ကို မှတ်ပါ။ Last menstrual period (LMP) ခေါ်တယ်။ ဒီရက်ထဲကို ၉ လ နဲ့ ၇ ရက် ထည့်ပေါင်းတာနဲ့ Expected due date (EDD) မွေးမဲ့ ခန့်မှန်းရက်ကို တွက်ယူနိုင်တယ်။ ပျော်စရာ တမျိုးပေါ့။ Ultrasound Report မှာ ကိုယ်ဝန်က Weeks ဘယ်လောက် နဲ့ Days ဘယ်လောက် ရှိပြီလို့ ရေးကြတယ်။ သွားရိုက်တဲ့ ရက်ထဲကနေ အဲဒါကို ပြန်နုတ်တော့ ကိုယ်ဝန်စရှိတဲ့ရက် LMP ကို ရတယ်။ Week ကို (၄ ပါတ် ၁ လ) လပြန် ဖွဲ့ပြီးမှ အပေါင်း-အနုတ် လုပ်ရတယ်။ အလုပ်သင် ဆရာမတွေအတွက်တော့ သင်္ချာပညာ စမ်းသလိုဘဲ။ သူတို့ခမြာ အတော် ခေါင်းရှုတ်ကြရှာတယ်။

ကိုယ့်မှတ်ရက် LMP နဲ့ တွက်တာက (အာလ်ထွာ-ဆောင်း) ရက်တွက်တာနဲ့ မတူဖြစ်နေတတ်တယ်။ ကိစ္စမရှိဘူး။ ဘယ်လို တွက်တွက် ရှေ့ ၂ ပါတ်၊ နောက် ၂ ပါတ် လွဲတတ်တယ်။ ကျွန်တော့် ဒုက္ခသည်ဆေးခန်းလေးမှာ ၁၇၉ ယောက် မွေးတဲ့ အထဲက ရက်အတိအကျ မွေးသွားတာ ၃ ယောက်ထဲနဲ့ ၁ ရက်ထဲ ကပ်လွဲမွေးတာ ၇ ယောက်ဘဲ ရှိတယ်။

ကိုယ်ဝန်အပ်ပြီး နောက်ဘယ်တော့ ပြန်လာနေရမလဲဆိုတာက မြန်မာပြည်မှာတော့ ကိုယ်ဝန် ၉ လကို ၃ ပိုင်းခြားပြီး၊ ပဌမ ၃ လမှာ ၁ လ ၁ ခါ၊ ဒုတိယ ၃ လမှာ ၂ ပါတ် ၁ ခါ၊ နောက်ဆုံး ၃ လမှာ ၁ ပါတ် ၁ ခါ ခေါ်လေ့ ရှိတယ်။ ထူးခြားရင်လဲ အချိန်မရွေး လာဘို့မှာတယ်။ ထူးတယ်ဆိုတာတွေက ကိုယ်ဝန်နုချိန်မှာ ဆီးအောင့်တတ်တယ်။ ပျက်ကျတတ်တယ်။ Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာတွေ ဆိုးတာဖြစ်တတ်တယ်။ သွေဖိအား အထက်က ၁ဝဝ မပြည့်ရင် ဗီတာမင်ပါတဲ့ Drip သွင်းပေးတာ ကောင်းတယ်။ ကိုယ်ဝန်နောက်ပိုင်းမှာ စောမွေးတာ၊ ခါးနာတာ၊ တမျိုးမျိုး (အရည်၊ သွေး) ဆင်းတာ စသဖြင့် ဖြစ်တတ်တယ်။

ကိုယ်ဝန်ဆောင် အားဆေးတွေကို စောပြီးသောက်နိုင်လေ ကောင်းလေပါ။ ဒါပေမဲ့ ကိုယ်ဝန်ရင့်လာရင် ပိုလိုလာတယ်။ အမျိုးသမီးတိုင်း ယောက်ျားတွေထက် ပိုလိုတာက သိတဲ့အတိုင်း သံဓါတ်နဲ့ ဖေါလစ်အက်စစ် ဖြစ်တယ်။ လူတိုင်း သောက်ရင် ကောင်းတဲ့ ဗီတာမင် ဘီ အပြင်ပေါ့။ ထပ်လိုသေးတာက (ကယ်လ်စီယံ)။

ဆေးကုပ္မဏီတွေကလဲ ရောင်းကောင်းအောင် ကြော်ညာကောင်းကောင်းနဲ့ ထုတ်တယ်။ သံဓါတ်ဆေးကို မြန်မာပြည်မှာ (ယူနီဆက်ပ်) ကနေ အလကားဝေတယ်။ တကမ္ဘာလုံး ဝေရတာမို့ ဈေးချိုချို ဖြစ်အောင် လုပ်ရတယ်။ ဗူးခွံရိုးရိုး၊ ဆေးကို သကြားအုပ် မထားတာမျိုး။ သံချေးနံ့တော့ ရတာပေါ့။ အမှန်က ကောင်းပါတယ်။ “ထောပတ်ကောင်း စလောင်းနဲ့တည်” ဆိုသလို အကောင်းကို ဘာနဲ့ ထည့်ထည့် ကောင်းတာဘဲပေါ့။ သံဓါတ်ကို ဆေးရည်လုပ်၊ ဗူးလှလှနဲ့ ထည့်ရောင်းတော့ ဈေးကြီးသွားရော။ တခါတည်းပြီးအောင် သံဓါတ်ရော၊ ဗီတာမင်ပါ ရောထုတ်တာလဲ ကောင်းပါတယ်။ ဗီတာမင် ဘီ နဲ့ စီ ရောလေ့ရှိတယ်။ အခုထုတ်သေးလားမသိဘူး။ (ဘီပီအိုင်) ကနေ Furamin BC ထုတ်တယ်။ Prenatal capsule ဆိုပြီးလဲ ထုတ်တယ်။ ဘယ်ဆေးမဆို ထုတ်လုပ်တဲ့ ဆေးကုပ္မဏီ နာမည်ရှိတာကို ရွေးစေချင်တယ်။ အိမ်နီးချင်း နိုင်ငံတွေက လူလည်ကြီးများဟာ နာမည်ရှိပြီးသား ဆေးတွေကို ပုံမှားရိုက်ကြတယ်။ ကိုယ့်တိုင်းပြည်က ညံ့နေသေးတော့ ခံနေကြရတာပေါ့။

သံဓါတ်က ဝမ်းချုပ်စေတတ်တယ်။ ဒါပေမဲ့ သောက်ရမှာပါ။ ဝမ်းချုပ်ရင် တခြားဝမ်းနုတ်ဆေးတွေထက် ဝမ်းပြော့ဆေးမျိုးက ပိုသင့်တယ်။ Milk/Cream of Magnesia ဆိုတာ ဇွန်းကြီး ၂ ဇွန်း၊ ညမအိပ်ခင် သောက်ရတယ်။ ရေ၊ အရည် များများ သောက်ပါ။ အသီးအရွက်၊ အသီးအနှံ များများစားပေးပါ။ မန်ကျီးမှည့်ဖျော်ရည်၊ သင်္ဘောသီးမှည့် မှီဝဲပါ။

မိခင်လောင်း တဦးချင်း မတူတာတွေလဲ ရှိတတ်သေးတယ်။ သူများထက် ဗီတာမင် ဘီ ၁၊ ၂၊ အေ နည်းနေတာ။ နောက် တခြားရောဂါ တခုခု ရှိနေတာ။ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ပန်းနာ စသဖြင့်ပေါ့။ သံဓါတ်နည်းလွန်းနေရင် ပါးစပ်က မသောက်ချင်ရင် သံဓါတ် ထိုးဆေး ထိုးပါ။ နားလည်တဲ့သူကို ထိုးပါစေ။ ဒီဆေးက အပ်မသေး-မတိုတာနဲ့ တင်ပါးမှာ ခပ်နက်နက်ထိုးရတယ်။ ဆေးသွင်းပြီး အပ်ပြန်နုတ်ရင် စောင်းနုတ်ရတယ်။ မခြေရဘူး။ ဆေးထိုးတဲ့နေရာ မဲသွားမှာစိုးလို့။

ဗိုက်လာအပ်ရင် လုပ်ပေးမှာလေးတွေ ပြောပါအုံးမယ်။ အထွေထွေစစ်ဆေးခြင်းဆိုတဲ့ ကိုယ်အလေးချိန်၊ အရပ်၊ သွေးဖိအား တိုင်းတာတွေနဲ့ နှလုံး၊ အဆုပ် နားထောင်တာတွေ လုပ်ပါမယ်။ သိတဲ့အတိုင်း အရပ်ပုရင် ခက်တတ်တယ်။ သိပ်မစိုးရိမ်နဲ့ အရပ်မရှည်၊ အသက်ငယ်ငယ်နဲ့ လွယ်လွယ်မွေးတာတွေ ရှိတာဘဲ။ ကိုယ်ဝန်ရင့်လာလို့ Doppler နဲ့ စမ်းရင် မွေးလာမဲ့ သူ့ကလေး Fetal heart sound (FHS) နှလုံးခုန်သံကို ကြားရလို့ မိခင်လောင်းမှာ ပီတိတွေဖြာနေတာ သိပ်သဘောကျဘို့ ကောင်းလှတယ်။

ဆရာဝန်-ဆရာမက သေခြာပေါက် ဗိုက်စမ်းပေးမယ်။ ကြီးလာတဲ့ သားအိမ်ကို ဆီးစပ်ရိုး အထက်မှာ စပြီးစမ်းလို့ရရင် ကိုယ်ဝန်က ၁၂ ပါတ်ရှိနေပြီ။ ချက်အောက်နားဆို ၂ဝ ပါတ်၊ ချက်အထက်နားရှိနေရင် ၂၂ ပါတ်။ ရင်ခေါင်းဆိုက်တယ်လို့ ခေါ်ကြတဲ့ အမြင့်ဆုံးဆိုတာ ၃၈ ပါတ်။ မွေးမှာက ၄ဝ ပါတ်။ ကလေးခေါင်းက အောက်ဆင်းလာလို့ နိမ့်ကျလာတာပါ။

တချို့ကိုယ်ဝန်ဆောင်တွေက ၁၃-၁၆ ပါတ်ကတည်းက အထဲက ကလေးလှုတ်တာ သိကြတယ်။ တချို့က ၂၅ ပါတ် ရောက်မှ သိတယ်။ အဲလို ပဌမဦးဆုံး ကလေးလှုတ်တာကို Quickening လို့ ခေါ်တယ်။ မကြာခင် အဲဒီ ပုဂ္ဂိုလ်လေးက မအေဗိုက်ကို ကန်အုံးမယ်။ ကိုယ့်ကလေးကြောင့် နာရတာကို ပြုံးနေတတ်တာ မိခင်မေတ္တာ။

သွေးစစ်တာမှာ A, B, AB, O သွေးအုပ်စု၊ Rh factor နဲ့ Hb ဖြစ်တယ်။ မိခင်က Rh-negative ဖြစ်နေရင် ကလေးနဲ့သင့်-မသင့် စစ်ရပါမယ်။ သွေးအား နည်းနေ-မနေဆိုတာ Hb အနည်းအများနဲ့ သိစေတယ်။ VDRL for Syphilis ဆစ်ဖလစ်၊ Hepatitis B ဘီပိုး နဲ့ HIV ရှိ-မရှိတွေလဲ စမ်းရမယ်။ တချို့နိုင်ငံတွေမှာ German measles ကိုလည်း စစ်တယ်။

ဆီးစစ်တာက ၂ မျိုးပါ။ ကိုယ်ဝန်ဆောင်စမှာ ဆီးထဲမှာ Albumin (အယ်လ်ဗျူမင်) (ပရိုတင်းဓါတ်) ပါနေတတ်တယ်။ ဆီးလမ်း ပိုးဝင်ရင်လဲ ဒါပါတယ်။ ဆေးသောက် ပျောက်တာပါ။ ဆီးချိုရှိ-မရှိ စမ်းရသေးတယ်။ ဆီးချိုရင် ကလေးထွားတတ်တယ်။

Ultrasound Scan ကို ကိုယ်ဝန်နုတုံး ၁ ခါနဲ့ ရင့်တော့ ၁ ခါ ရိုက်တာ ကောင်းတယ်။ အစားအများကြီး မစားဘဲ၊ ရေအများကြီး သောက်သွားပါ။ အောက်ပိုင်း အဝတ်အစား ချွတ်လို့ လွယ်တာ ဝတ်သွားပါ။ ကိုယ်ဝန်ရှိတာကို ၅ ပါတ် ကတည်းက Scan မှာ သိနိုင်ပြီ။ ၇ ပါတ်မှာ နှလုံးအလုပ်လုပ်နေတာ သေခြာပြီ။ ၅ လ (၂ဝ ပါတ်) ကျမှ ကလေးအင်္ဂါ ချို့ယွင်းမှု ရှိ-မရှိကို စစ်ဆေးတာ ကောင်းတယ်။ နောက် သိချင်တာက သားအိမ်ထဲ မဟုတ်ဘဲ သန္ဓေတည်နေတာလား။ ကိုယ်ဝန် ၆ ပါတ်ကတည်းက သိနိုင်တယ်။ အမွှာဆိုတာလဲ သိမယ်။ ရေမွှာရည် အနည်း-အများ၊ ကလေးက ဒေါင်လိုက်လား၊ ကန့်လန့်လား။

ကိုယ်ဝန် နောက်ပိုင်းမှ Scan ရိုက်ရင် အရေးကြီးတဲ့အချက် ၂ ခုသိမယ်။ အချင်းနေရာနဲ့ ကလေးက Breech ခြေကဖွါး ဖြစ်-မဖြစ် သိဘို့ ဖြစ်တယ်။ ၉ဝ% ကျော် ကိုယ်ဝန်တွေက ကလေးဟာ ခေါင်းက အောက်မှာ။ မဟုတ်ရင် တင်ပါးဆုံ ပြုနေတတ်တယ်။ စောစော ရိုက်တုံးက တင်ပါးဆုံဖြစ်နေပေမဲ့ ကလေးဟာ သူ့ဖါသာသူ လှည့်သွားတတ်တယ်။ ဒါ့ကြောင့် Scan ကို စောစော ရိုက်ထားရင် နောက် ထပ်ရိုက်တာ ကောင်းတယ်။ တင်ပါးဆုံပြုဆိုရင် လှည့်ပေးဘို့ လိုချင်လိုမယ်၊ မွေးရင်လဲ ပိုပြီး ဂရူစိုက်ရမယ်။ နောက်တချက်က အချင်းဟာ ပုံမှန်ဆိုရင် သားအိမ်အဝနဲ့ ဝေးရတယ်။ နီးတာနဲ့ ဖုံးနေတာ ဆိုရင် သေခြာပေါက် ဗိုက်ခွဲမွေးရမယ်။ Scan ရဲ့ကျေးဇူးဘဲ။

ကိုယ်ဝန်ဆောင်တုံး ATT မေးခိုင်-ကာကွယ်ဆေး ၂ ခါကို တခါနဲ့တခါ ၁ လခြာပြီး ထိုးထားပါ။ ကိုယ်ဝန်ဆောင်နေတုံး မသောက်သင့်တဲ့ ဆေးတွေလဲ ရှိတယ်။

အောက်မှာ ရေးတာတွေက ဆေးခန်းအကူ ဆရာမတွေကို သင်ပေးရတာတွေပါ။ နားနားနေနေ ဖတ်ကြည့်ပေါ့။ အထဲက ရင်သွေးကလေးလဲ နားထောင်နေလိမ့်မယ်။ နားနီးတော့ သူကြီးလာရင် ဆရာဝန် ဖြစ်ချင်ဖြစ်လာမှာပေါ့။

ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း၊ Antenatal Care (ANC) Prenatal care
မိခင်လောင်းတိုင်းကို သာမန်အားဖြင့် ရက်သတ္တ ၄-၂၈ ပါတ် အတွင်း တလတကြိမ်။ ၂၈-၃၆ ပါတ် အတွင်း တလ ၂ ကြိမ်၊ ၃၆ ပါတ်ကနေ မွေးတဲ့အထိ တပါတ်တကြိမ်၊ ANC လုပ်ပေးရမယ်။ ကိုယ်ဝန်နဲ့ ပတ်သက်တဲ့ အသိပညာ ပေးရမယ်။ Body weight အလေးချိန်၊ Blood pressure သွေးဖိအား တိုင်းပါ။ ကလေးအနေအထားနဲ့ ကြီးထွားမှုများ မှတ်တမ်းတင်ပါ။ ကလေးနှလုံးခုန်သံ။ Fetal Heart Sound (FHS) နားထောင်ပါ။ ကိုယ်ဝန်ဆောင် အားဆေးများပေးပါ။ ဆီး၊ သွေး၊ စစ်ပါ။

ANC မှတ်တမ်းတင်ခြင်း
ကိုယ်ဝန်ရှိဘူးသမျှ အရေအတွက်ကို G လို့မှတ်ပါ၊ အရှင်မွေးသမျှကို P လို့မှတ်ပါ။ Primigravida သားဦး-ကိုယ်ဝန်ကို G 1 လို့ မှတ်ပြီး၊ နောက်ကိုယ်ဝန်တိုင်းကို G 1, G 2 လို့ ခေါ်သွားမယ်။ တခါမှ မမွေးဖူးရင် P 0 မှတ်ပါ။ ကိုယ်ဝန်ရှိတိုင်း ကလေးအကောင်း မွေးချင်မှမွေးမယ်။ ပျက်တတ်တယ်။ ကိုယ်ဝန်ပျက်တဲ့ အရေအတွက်ကို P ရဲ့နောက်က အပေါင်း လက္ခဏာနဲ့ ရေးမယ်။ ဥပမာ G 3, P 1+1 ဆိုတာ တတိယကိုယ်ဝန် ရှိပြီး၊ ၁ ခါ အကောင်းမွေး၊ ၁ ခါ ကိုယ်ဝန်ပျက်ဘူး။

နောက်ဆုံးရာသီပေါ်ခဲ့သည့်နေ့ Last Menstrual Period (LMP) နောက်ဆုံး သွေးဆင်းတဲ့လက ပဌမဆုံး စလာတဲ့နေ့ကို ယူပါ။ မွေးဖွားမည့်ရက် Expected Due Date (EDD) တွက်ပါ။ LMP ထဲသို့ ၉ လနဲ့ ၇ ရက် ပေါင်းထည့်ရင် EDD ရတယ်။ EDD ရဲ့ ရှေ့-နောက် ၂ ပါတ်အတွင်း မွေးနိုင်တယ်။ သာမန်အားဖြင့် နောက်ဆုံး ရာသီပေါ်ပြီး ရက်ပေါင်း ၂၈ဝ ဒါမှမဟုတ် ရက်သတ္တပါတ် ၄ဝ ဖြစ်တယ်။ ဒါပေမဲ့ (၃၇-၄၂) ပါတ်လည်း ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင် မှတ်တမ်း ရေးမှတ်ရာမှာ ၁ ပါတ် = ၇ ရက်၊ တလ = ၄ ပါတ်၊ တလ = ၃ဝ ရက်နဲ့သာ တထစ်ချတွက်ရပါမယ်။

ဓါတ်ခွဲစမ်းသပ်ခြင်းများ
• Blood grouping (A, B, AB, or O)
• Rh factor
• Hemoglobin (Hb)
• Hepatitis B virus
• Urine Sugar
• Urine Albumin
• (STDs, STIs) VDRL
• Ultrasound

Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာများ
ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ ပျို့-အန်ခြင်း၊ ရင်သားနာခြင်း၊ အစာအိမ်ပြဿနာပေးခြင်း၊ အားယုတ်ခြင်း၊ မကြာ ခဏ ဆီးသွားခြင်း၊ မောပမ်းခြင်း၊ သွေးအနည်းငယ် ဆင်းခြင်း၊ ယခင်ကထက် အားအင်ပြည့်၊ အလေးချိန် တိုးလာမည်။ အနေအထိုင် ခက်ခဲလာမည်။ အရေပြားပြောင်းလဲမှုများရှိမည်၊ သွင်ပြင်လက္ခဏာများ နဲ့ စိတ်ပိုင်းဆိုင်ရာလည်း ပြောင်း လာသည်။

ကိုယ်ဝန်ဆောင်စဉ် ခံစားရမှုများအား ကုသပေးခြင်း
• ခါးနာခြင်း၊ အနေအထား ပြောင်းပေးပါ။ ခွါမြင့်ဖိနပ် မစီးရ။ အလေးအပင်မ မရ။ ခါးကုန်းပြီးမ မတင်ရ။ မလုပ်ရ။ ခြေထောက်ကို အမြင့်မှာတင်ပြီး နားပါ။ ဒူးကွေး၊ ဘေးတဖက် လှည့်အိပ်ပါ။ ပေါင်ခြားထဲ တခုခုခံထားပါ။ ခါးကို အပူ-အအေး တင်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ။
• အသက်ရှူခက်ခဲခြင်း၊ ခါးမတ်မတ် ထိုင်ပါ။ အိပ်လျင် ခပ်မတ်မတ် အိပ်ပါ။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။
• ဝမ်းချုပ်ခြင်း၊ ရေ-အရည်များများ သောက်ပါ။ အသီးအနှံများများ စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်ပါ။
• ကြွက်သားနာခြင်း၊ (ကယ်လ်စီယမ်) ဆေးစားပါ။ လှုပ်ရှားလျင် သက်သက်သာသာလုပ်ပါ။
• အအိပ်ပျက်ခြင်း၊ မအိပ်မီ ရေနွေးဖြင့် ရေချိုးပါ။ နားနားနေနေနေ ထိုင်ပါ။
• အစာမကြေဖြစ်ခြင်း၊ တနေ့ ၅-၆ ကြိမ် အစာနည်းနည်းချင်း စားပါ။ လေထတတ်သည့် အစားရှောင်ပါ။ ဆိုဒါ-အင်တီအက်စစ်ဆေး မစားရ။ အစားစားစဉ် ခပ်မတ်မတ်ထိုင်စားပါ။ စားပြီးပြီးချင်း မအိပ်ရ။ အစားစားပြီး ၂ နာရီ အတွင်း လေ့ကျင့်ခန်းမလုပ်ရ။
• ပျို့-အန်ခြင်း၊ အိပ်ရာထ ထချင်း ဘီစကစ်။ ပေါင်မုံ့ကင်စားပါ။ အိပ်ရာထလျင် ချက်ချင်း အိပ်ရာကမဆင်းရ။ မကြိုက်သည့် အနံ့အသက် ရှောင်ပါ။ အန်တာများက ဆရာဝန်ပြပါ။
• Varicose veins သွေးပြန်ကြောထုံးခြင်း၊ ခြေထောက် မြှင့်ထားပါ။ လှဲနေပါ။ အကြာကြီး မရပ်-မသွားရ။ ခြေအိပ်-ဖိနပ် အကြပ် မစီးရ။ အထူးလုပ်သားသည့် ခြေအိပ်သုံးပါ။ အမြဲထိုင်မနေရ။
• ဖေါရောင်ခြင်း၊ ခြေထောက် မြှင့်ထားပါ။ ဘယ်ဘက်စောင်း အိပ်ပါ။ ဆားလျှော့စားပါ။
• ရင်သား ကြီးထွားလာမည်၊ နာမည်၊ တင်းမည်။ Nipple ထိပ်ဖျား အရောင် ရင့်လာမည်။ ထိပ်ဖျားဝင်နေပါက ဆွဲထုတ်ပေးပါ။ ရေချိုးစဉ် နို့ထိပ်ဝကို သန့်ရှင်းပေးပါ။ Areola ခေါ် နို့သီးဘေးမှ အရောင်ညိုအဝိုင်းတွင် ဘဲ-ငန်း အရေပြားလို အသီးလုံးလေးများ ပေါ်လာမည်။ ရင်သားတွင် အလုံး-အကြိတ် ရှိ-မရှိ စစ်ဆေးပါ။

ကိုယ်ဝန်ရှိချိန်မှာ ဘာလို့ အလေးချိန် တိုးလာသသလဲ။
• မိခင်၏အာဟာရများ = ၇ ပေါင်
• တိုးလာသောအရေ၏အလေးချိန် = ၄ ပေါင်
• တိုးလာသောသွေး၏အလေးချိန် = ၄ ပေါင်
• တိုးလာသောနို့ = ၂ ပေါင်
• ကြီးလာသောသားအိမ် = ၂ ပေါင်
• ကလေး၏အလေးချိန် = ၇့၅ ပေါင်
• ရေမြွှာရေ = ၂ ပေါင်
• အချင်း၏အလေးချိန် = ၁့၅ ပေါင်
• စုစုပေါင်း တိုးသည့်အလေးချိန် = ၃ဝ ပေါင်

ကိုယ်ဝန်ဆောင်စဉ် ပေးရမည့် ဆေးများ
Anti Tetanus Toxoid (ATT) တလခြားပြီး၊ မမွေးမီ ၂ ခါထိုးပြီး ဖြစ်စေရမည်။ Iron သံဓါတ်၊ Folic acid ဖေါလစ်-အက်စစ်၊ ဗီတာမင် ဘီအုပ်စု၊ Calcium ကယ်လ်စီယမ်၊ ဗီတာမင် B 12

ကိုယ်ဝန်ဆောင်စဉ် အန်ခြင်း
ကိုယ်ဝန်ဆောင်သူ ၇ဝ-၈၅ ရာနှုန်းမှာဖြစ်တတ်တယ်။ တခါတလေ ဆေးတွေ အသုံးမကျ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေ ပေးရတဲ့ ဆေးတချို့ဟာ Placebo လူနာ စိတ်သက်သာရစေတဲ့ဆေးလို့ ခေါ်တယ်။

ကိုယ်ဝန်ဆောင်မှာ အန်တာ သက်သာစေဘို့ -
• Pyridoxine ဗီတာမင် ဘီ ၆ ပေးလေ့ရှိတယ်။ Doxylamine 10 mg + Pyridoxine (B6) 10 mg ပေးသင့်တယ်။ B-Natal TheraPops နဲ့ B-Natal Lozenges တွေဟာ ဗီတာမင် ဘီ-၆ ပါတဲ့ဆေးတွေ ဖြစ်တယ်။
• ဆိုးဝါးသူတွေကို Promethazine 12.5-25 mg ကို ၄ နာရီခြား၊ Prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီ ခြား ပေးနိုင်တယ်။
• Meclizine, Dimenhydrinate, Metoclo-pramide တွေကိုလည်း ပေးနိုင်တယ်။
• Methylprednisolone 16 mg စားဆေး၊ ထိုးဆေး ကို နောက်ဆုံးအဖြစ် ပေးနိုင်တယ်။ ၃ ရက်နဲ့ သက်သာရင် ၂ ပတ်အထိ ဆက်ပေးပါ။ မသက်သာရင် ရပ်ပါ။ ကိုယ်ဝန်နုစဉ် Corticosteroids မပေးတာ ကောင်းတယ်။
• Psi Bands Acupressure ကို လက်ကောက်ဝတ်မှာ ပတ်ထားနိုင်တယ်။
• Organic Heartburn Relieving Tea QueaseEASE နဲ့ Essential Oil Therapy တို့က ခေတ်သုံးဆေးတွေပါ။
• ဂျင်း (ချင်း) Ginger capsules of 250 mg တနေ့ ၄ ကြိမ် ပေးတယ်။
• တရုပ်အပ်စိုက်နည်းမှာ Acupuncture point P6 နေရာမယ် စိုက်ပေးရတယ်။

Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စဉ် အလွန်အကြွံ အန်ခြင်း။
• ကိုယ်ဝန်ရှိတုံး ဆိုးဆိုးရွားရွား အန်တာကို ခေါ်တယ်။ ကိုယ်ဝန်ဖျက်ပေးရတဲ့ အထိဆိုးသူရှိတယ်။
• ဘာ့ကြောင့် ဖြစ်ရတယ်ဆိုတာ တိတိပပမသိပါ။
• ကိုယ်ဝန် ၂ဝဝ မှာ ၁ ယောက်ကနေ ၄ ယောက်ထိ ဖြစ်တတ်တယ်။
• ကိုယ်ဝန် ၈-၁၂ ပတ်ရှိချိန် အဖြစ်များတယ်။ ၂ဝ ပတ်ဆိုရင် ၁ဝ% လောက်ဘဲ ဆက်ရှိနေတတ်တယ်။
• အန်တာ ကြာရင် ကိုယ်အလေးချိန် လျော့၊ အာဟာရနည်း၊ ဓါတ်ဆား အချိုးအဆ ပြောင်းလဲလာနိုင်တယ်။
• အနားယူခိုင်းပါ။ အစာကို နည်းနည်းနဲ့ အကြိမ်ခွဲစားစေပါ။ ပရိုတင်း များများ ကြွေးသင့်ပြီး အဆီနဲ့အစပ် လျော့သင့်သည်။
• Normal saline or Lactated Ringer solution သွင်းပေးဘို့ လိုနိုင်တယ်။ ဂလူးကို့စ်၊ ဗီတာမင်ဘီ ၁၊ ဘီ ၆၊ မဂ္ဂနီဆီယမ် ပေးရမယ်။

ကိုယ်ဝန်ဆောင်စဉ် မသောက်သင့်တဲ့ဆေး၊ သတိနဲ့ပေးရမဲ့ဆေးတွေကတော့ -
Arbor vitae, Beth root, Black cohosh, Blue cohosh, Cascara, Chaste tree berry, Chinese angelica, Cinchona, Cotton root bark, Feverfew, Ginseng, Golden seal, Juniper, Kava kava, Licorice, Meadow saffron, Pennyroyal, Poke root, Rue, Sage, Senna, Tansy, White peony, Wormwood, Yarrow, Yellow dock, Vitamin A (များရင်), Isotretinoin, Etretinate, Phenytoin, Carbamezapine, Ergotamine, Methysergide, Aspirin, Ibuprofen, Azithromycin, Zithromax, Zmax, Zathrin, Erythromycin, Clarithromycin, Furazolidone, Prednisolone

Dr. တင့်ဆွေ။


Nausea and vomiting in early pregnancy ကိုယ်ဝန်နုစဉ် ပျို့-အန်တာ အတွက် Randomized Controlled Trial (RCT) ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှု ပြုလို့ ထွက်လာတဲ့ ရလဒ်တွေ

၁။ Cyanocobalmin (Vitamin B12) ဗီတာမင် ဘီ ၁၂ = ထိရောက်မှုရှိတယ်ဆိုတဲ့ အထောက်အထား ရှိသည်။
၂။ Antihistaines (H1 Antagonists) (အင်တီ ဟစ်တမင်း) = ထိရောက်မှုရှိတယ်ဆိုတဲ့ အထောက်အထား အကန့်အသတ်နဲ့ရှိသည်။
၎။ Ginger ချင်း (ဂျင်း) = ထိရောက်မှုရှိတယ်ဆိုတဲ့ အထောက်အထား အကန့်အသတ်နဲ့ရှိသည်။
၎။ Pyridoxine (Vitamin B6) ဗီတာမင် ဘီ ၆ = ထိရောက်မှုရှိတယ်ဆိုတဲ့ အထောက်အထား အကန့်အသတ်နဲ့ရှိသည်။

Hyperemesis gravidarum ကိုယ်ဝန်ဆောင်စဉ် အကြီးအကျယ် အန်ခြင်း
၁။ Corticosteroids = ထိရောက်မှုရှိတယ်ဆိုတဲ့ အထောက်အထား အကန့်အသတ်နဲ့ရှိသည်။
၂။ Diazepam = ထိရောက်မှုရှိတယ်ဆိုတဲ့ အထောက်အထား အကန့်အသတ်နဲ့ရှိသည်။
၃။ Ginger ချင်း (ဂျင်း) = ထိရောက်မှုရှိတယ်ဆိုတဲ့ အထောက်အထား အကန့်အသတ်နဲ့ရှိသည်။
၎။ Ondansetron = ထိရောက်မှုရှိတယ်ဆိုတဲ့ အထောက်အထား မရှိသေး။
19-8-2011

ကိုယ်ဝန်ဆောင် မိခင်တွေ အိပ်စက်ခြင်း နဲ့ပတ်သက်ပြီး သုတေ သန ပညာရှင်တွေက သုတေသန ပြုလုပ်ခဲ့ ပါတယ်။ သူတို့သုတေ သန ကနေ ကိုယ်ဝန်ဆောင် မိခင်တွေ အိပ်စက်မှု ပုံစံကြောင့် ကလေး အသေ မွေးဖွားမှုတွေ ရှိလာတယ်ဆိုတာကို တွေ့လာ ရပါတယ်။ ကိုယ်ဝန်သက် တမ်းရင့် ချိန်မှာ အိပ်စက်မှု ပုံစံက အရေးပါလာပါတယ်။

အင်္ဂလန် နိုင်ငံ၊ အောက်ကလန် တက္ကသိုလ်က သုတေသနပညာ ရှင် တွေက ကလေးအသေ မွေးဖွားတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၅၅ ယောက်နဲ့ ကျန်းမာစွာ ကိုယ်ဝန်ဆောင် ကလေးမွေးဖွားနိုင်ခဲ့တဲ့ ကိုယ်ဝန် ဆောင် ၃၁၀ ကို လေ့လာ သုတေသနပြုလုပ်ခဲ့ပါတယ်။ ပက်လက်အိပ် စက်တဲ့ အမျိုးသမီးတွေနဲ့ ညာဘက်ကို စောင်းအိပ်တဲ့ အမျိုးသမီး တွေဟာ ဘယ်ဘက်ကို စောင်းအိပ်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး တွေထက် အန္တ ရာယ်ဖြစ်နိုင်ခြေ နှစ်ဆ များတယ်လို့ အဲဒီ သုတေသန က တွေ့ရှိထားပါ တယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁,၀၀၀ မှာ လေးယောက်လောက် သာ ဒီလို အန္တရာယ် ဖြစ်နိုင်ခြေနှစ်ဆ ပိုတာဖြစ်တယ်လို့ ဆိုပါတယ်။

ဘယ်ဘက်ကို စောင်းအိပ်တဲ့အတွက် သွေးလည် ပတ်မှုပုံစံမှန်ပြီး ကလေး ဆီကို ပုံမှန် သွေးရောက်တဲ့ အတွက် ကလေးအတွက် ကောာင်း သလို မိခင်ရဲ့အဓိက သွေးကြောကြီးတွေကလည်း ဗိုက်နဲ့ ပိမနေတော့ ပါဘူး။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ ဘယ်ဘက် ကိုပဲ စောင်းအိပ် သင့်ပါတယ်။ ကိုယ်ဝန် မရှိတဲ့အမျိုးသမီးတွေ အနေနဲ့လည်း ပဲ၊ ဘယ်ဘက်ကိုပဲ စောင်းအိပ် သင့်ပါတယ်။ နယူးဇီလန် နိုင်ငံက လုပ်တဲ့ သုတေသနတစ်ခု ကလည်း ဒါကိုထောက်ခံ ပါတယ်။ ဗြိတိန် ဆေးပညာ ဂျာနယ် ကလည်း သုတေ သနတွေ ကျယ်ကျယ်ပြန့်ပြန့်ဆက်လုပ်ဖို့ အားပေးတိုတ်တွန်းပါတယ်။

ဒါ့ကြောင့် ဗြိတိန် တော်ဝင် ဆေးတက္ကသိုလ်က ဒေါက်တာ ဒက်ဟ်နီ ရာဂျာဆင်းဂ်မန် က သုတေသန ထပ်လုပ်ပါတယ်။ သူက “သုတေသန အရ ကလေးအသေ မွေးဖွားတာဟာ တခြား အကြောင်း တွေလည်း ပါသေး တာကို တွေ့ရပါတယ်။ မိခင်ရဲ့အသက်၊ လူမျိုး၊ အချင်းအနေ အထား၊ မိခင်နဲ့ ကလေးက ၀နေလို့ စသည်ဖြင့် သောအကြောင်း အရာ တွေလည်း ပါပါတယ်”လို့ ဆိုပါတယ်။

ကလေး အသေမွေးဖွားခြင်းဆိုင်ရာ ထောက်ပံ့မှု က ဂျက်နက် စကော့က “ဒါက ဖြစ်နိုင်ချေ ရှိနိုင်ပါတယ်။ ဒါပေမယ့် သုတေသန ထပ် လုပ်နိုင်ရင် ကောင်းတယ်။ ပိုလုပ်နိုင်လေ ပိုပြီးတိတိ ကျကျသိလေဖြစ်ပြီး လပို အကျိုးရှိမှာပါ”လို့ ဆိုပါတယ်။

ကိုယ်ဝန်ဆောင် မိခင်တွေကလည်း ကိုယ့်ရဲ့အခြေ အနေကိုကိုယ် စောင့်ရှောက်မှု ပေးနေတဲ့ဆရာဝန် သို့မဟုတ် သားဖွား ဆရာမကို မေးမြန်း ရမှာဖြစ်ပါတယ်။

စစ်ငြိမ်းအေး။


ဖောလစ် အက်စစ်
ကလေးတွင် မွေးရာပါ ကျောရိုး အာရုံ ကြောမကြီး ချို့ယွင်းခြင်းကို ကာကွယ်နိုင်ပါတယ်။
သံဓာတ်
ကြက်သား၊ ငါး၊ အနီရောင် အသား၊ အစိမ်းရောင်ဟင်းသီးဟင်း ရွက်များမှာ ပါဝင်ပြီး ကိုယ်ဝန်ဆောင် စဉ်သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ ကို ကာကွယ်နိုင်ပါတယ်။
ကယ်လစီယမ်
နို့နှင့် နို့ထွက်ပစ္စည်းများ၊ ကယ်လ်စီယမ် ဖြည့်စွက်ထားသော ဖျော်ရည်များတွင် ပါဝင်ပြီး ကလေး ငယ်၏ အရိုး၊ သွား၊ အာရုံကြောများ၊ြွကက်သားများနှင့် နှလုံး စသည်တို့ ဖွံ့ဖြိုးမှုအတွက် လိုအပ်ပါတယ်။
မျှတသောအာဟာရ
- ဂျုံကြမ်း၊ ဆန်ကြမ်း၊ သစ်သီး ဝလံနှင့် ဟင်းသီးဟင်းရွက်၊ အဆီမပါ သော အသားဓာတ်၊ ကျန်းမာရေးနှင့် ညီညွတ်သော ဆီ (မပြည့်ဝဆီ)၊ အဆီထုတ်ထားသော နို့နှင့် နို့ထွက် စားစရာများဟာ ညီညွတ်မျှတတဲ့ အာဟာရ (Balanced Diet) ရဲ့ အစိတ်အပိုင်းများ ဖြစ်ပါတယ်။
Ref: HealthDay New.

ကိုယ်ဝန်ဆောင် အန်လွန်းရင် သတိထားသင့်


ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အန်တာ သာမန်ထက် ပိုများရင် အသည်းနဲ့ ကျောက်ကပ် ထိခိုက်နိုင်ပြီး ကလေးအသေမွေးတဲ့အထိ ဖြစ်နိုင်ကြောင်း သိရပါတယ်။

'ကိုယ်ဝန်ဆောင် အမျိုးသမီး အများစုက ၈၀ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းအထိ မူးဝေတာ အော့အန်တာ သဘာဝအလျောက်ဖြစ်တာဆိုပေမဲ့ ဘာအစာမှ လက်မခံဘဲ တောက်လျှောက်ကြီး အန်နေမယ်ဆိုရင် ဆေးရုံတက်ကုသင့်တယ်' လို့ သားဖွားမီးယပ်ဆရာဝန် ဒေါက်တာ ရဲလွင်က ပြောပါတယ်။

အန်လွန်းအားကြီးကာ ရေဓာတ်၊ ဆားဓာတ် ကုန်ခန်းပြီး အသည်းနဲ့ ကျောက်ကပ်ထိခိုက်နိုင်သလို ဆားဓာတ်ချို့တဲ့သွားတာကြောင့် အာဟာရဓာတ်တွေကို စုပ်ယူနေရတဲ့ သန္ဓေသားကိုလည်း ထိခိုက်နိုင်ပါတယ်။

'ကလေးထိခိုက်တာ ပထမဆုံးပြောရင် ကလေးပျက်တတ်တယ်၊ ပေါင်မပြည့်တဲ့ ကလေးမွေးတတ်တယ်၊ အသေလေးမွေးတတ်တဲ့ အထိ ဖြစ်လာမယ်’ လို့ သားဖွားမီးယပ် ဆရာဝန် ဒေါက်တာရဲသွင်ကပဲ ပြောပါတယ်။

သိပ်ဆိုးတဲ့ အခြေအနေရှိတဲ့ ကိုယ်ဝန်ဆောင်သည်တွေကို intake and output ကြည့်ရမယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်ထဲ အဝင်ဘယ်လောက်ရှိတယ်၊ ဘယ်လောက်ထွက်လဲဆိုတာကို ကြည့်မယ်၊ အထွက်များရင် ကျောက်ကပ်ထိခိုက်လာနိုင်တဲ့ အတွက် သွေးမှာပါတဲ့ ယူရီးယားဓာတ်ကို စစ်ဆေးရပါမယ်။ ကီတုန်းဘော်ဒီ (keetone body) ရှိမရှိ သိရအောင်လည်း ဆီးစစ်ရပါမယ်လို့ ဆိုပါတယ်။

'ဒီလို လူနာရဲ့ ရောဂါအခြေအနေပေါ်ကြည့်ပြီး ကုသရတယ်၊ အသားတွေဝါ၊ မျက်လုံးတွေဝါတာ၊ ကျောက်ကပ် အလုပ်မလုပ်တော့လို့ မအန်အောင် ဆေးပေးရင်လဲ အသည်းနဲ့ ကျောက်ကပ်မထိတဲ့ ဆေးပေးရတယ်၊ အထူးသဖြင့် အထဲက သန္ဓေသားကို ထိခိုက်နိုင်လားဆိုတာကို အဓိကထား စဉ်းစားရတယ်' လို့ အထွေထွေရောဂါကု ဆရာဝန်ဒေါက်တာ သန့်စင်က ပြောပါတယ်။

အခုလို အအန်လွန်တတ်တဲ့ မိခင်တွေက စိတ်ပိုင်းဆိုင်ရာ တစ်ဝက်လောက်ပါတဲ့ အတွက် အလိုလိုက်တဲ့ မိသားစုနဲ့ ခွဲထားတာတွေ၊ ပုံမှန်ကုနေကျ ဆရာဝန်တွေနဲ့ မဟုတ်ဘဲ အခြားဆရာဝန်ပြောင်းပြီး ကုသသင့်ပါတယ်၊ သည်လိုကုသရင် ရောဂါသုံးပုံတစ်ပုံ ပျောက်ကင်းနိုင်တယ်လို့လည်း သိရပါတယ်။
ရင်သွေးငယ် ရယူရန် ဆုံးဖြတ်ထားသည် ဆိုပါက အောက်ပါစာမူကို ဖတ်ရန် တိုက်တွန်းအပ်ပါသည်။  မမျှော်လင့်ဘဲ ကိုယ်ဝန်ဆောင်ကြသည့် သူများ ရှိသကဲ့သို့  မိမိရင်သွေးအတွက် ကြိုတင် ပြင်ဆင်၍ ရင်သွေးငယ် မွေးဖွားသူများလည်း ရှိသည်။ ကြိုတင် ပြင်ဆင်သည်ဆိုရာတွင် ရင်သွေးငယ်အတွက် သင့်တင့်သော စီးပွားရေး အခြေအနေ၊ မိဘများ၏ အသက်အရွယ်၊ ကလေးတစ်ဦးနှင့်တစ်ဦး အသက်ကွာခြားချက် စသည်တို့ ဖြစ်သည်။


ထိုသို့  ကြိုတင် ပြင်ဆင်ရာတွင် အရေးကြီးဆုံးမှာ ကလေးငယ်အား ကျန်းမာသန်စွမ်းသော ကလေးငယ်တစ်ဦး ဖြစ်စေရန် မိခင်အနေဖြင့် ကြိုတင် ပြင်ဆင်ရမည့် ကျန်းမာရေး ပြင်ဆင်မှုများသည်လည်း မမေ့လျော့သင့်သည့် အရာတစ်ခုဖြစ်သည်။ များသောအားဖြင့် ကိုယ်ဝန်ဆောင်ရန် ဆုံးဖြတ်လိုက်သည့် အချိန်တွင် ဇနီးမောင်နှံများမှာ အသုံးပြုနေသည့် ကိုယ်ဝန်တားဆေးများ  မသုံးတော့ခြင်း၊ ယေဘုယျ ကျန်းမာရေးဂရုပြုခြင်း စသည်တို့လောက်သာ  ပြုလုပ်လေ့ ရှိသည်။ သို့သော် ကိုယ်ဝန်ဆောင်ချိန်တွင် ရင်သွေးငယ်အား ရောဂါပိုးများ ကူးစက်မှု မရှိစေရန် လည်းကောင်း၊ သားဖွားပြီး မိခင်အနေဖြင့် ကျန်းမာလှပသော ခန္ဓာကိုယ်အား ပိုင်ဆိုင်နိုင်စေရန်အတွက် လည်းကောင်း၊ ကြိုတင်ပြင်ဆင်မှု နည်းပါးနေသေးကြောင်း သားဖွားမီးယပ် ဆရာဝန်ကြီးများက ပြောကြားသည်။

“သားဖွား မီးယပ်အထူးကု ဆရာဝန်တွေ အများဆုံး တွေ့ကြုံရတာတော့ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေက ဘာမှ  ကြိုတင် ပြင်ဆင်မှု မရှိဘဲ မိခင်လောင်းဘဝကို ရောက်သွားကြတာ များတယ်။ အဲဒီအခါ ကလေးအတွက် အရေးကြီးဆုံးအချိန်တွေ မသိလိုက်ဘဲ ဆုံးရှုံးသွားကြတာ များတယ်” ဟု သားဖွားမီးယပ်အထူးကု ဆရာဝန် တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင်က ပြောသည်။

ကိုယ်ဝန်ဆောင် နေစဉ်တွင် ပထမဆုံး ကိုယ်ဝန်သုံးလသည် ကလေးငယ်အတွက် အရေးကြီးဆုံးသော အချိန်ဖြစ်ကြောင်း သိရှိရန် လိုအပ်သည်။ ထိုသုံးလ အတွင်းတွင် ကလေးငယ်အတွက် အဓိက အစိတ်အပိုင်းများဖြစ်သည့် ဦးနှောက်၊ အသည်း၊ အဆုတ် စသည့် အင်္ဂါအစိတ်အပိုင်းများ အပြင် မျက်လုံး၊ ခြေ၊ လက်များ အသေးစိတ် စတင် ဖွံ့ဖြိုးသည့် အချိန်လည်းဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့သော အရေးကြီးလှသည့် အချိန်တွင် သတိမမူမိသည့် အပြုအမူအချို့ကြောင့် မိမိရင်သွေးအား မွေးရာပါရောဂါများ၊ မသန်စွမ်းမှုများ ဖြစ်ပေါ်သွားစေနိုင်သည်။

“ဘယ်သူက စသတ်မှတ်လိုက်လည်း မသိပေမယ့် လူအများစု ထင်နေတာက ကိုယ်ဝန်ငါးလလောက်မှ ကိုယ်ဝန်အပ်ရမယ်ဆိုပြီး အပ်ကြတယ်။ အဲဒီတော့ ကလေးအတွက် အရေးကြီးဆုံးဖြစ်တဲ့ အချိန်ကာလတွေ လွန်သွားပြီ။ ဘာမှ လုပ်လို့မရတော့ဘူး” ဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သူ ဆရာဝန်တစ်ဦးက ပြောသည်။

ထိုကိုယ်ဝန် သုံးလအတွင်း အမှားတစ်စုံတစ်ရာ ဖြစ်ပါက ကလေးတွင် အင်္ဂါချွတ်ယွင်းခြင်း၊ လူစဉ်မမီခြင်း၊ ဉာဏ်ရည်ချို့တဲ့ခြင်းစသော ဒုက္ခိတကလေးများ မွေးဖွားလာနိုင်သည့်အတွက် ကိုယ်ဝန်ငါးလမှ စ၍ ကိုယ်ဝန်အပ်မည်ဆိုပါက ထိုအရေးကြီးသည့် အချိန်များတွင် ရှောင်ရန်၊ ဆောင်ရန် အကြောင်းအရာများသည်လည်း လွန်သွားခဲ့ပြီ ဖြစ်သည်။

ထိုအချက်များကြောင့် ကိုယ်ဝန်ဆောင်မည်ဟု ဆုံးဖြတ်လိုက်သည့် အချိန်တွင် ကိုယ်ဝန်ဆောင်ရန် အသင့်တော်ဆုံး ဖြစ်စေရန် ခန္ဓာကိုယ် အလေးချိန်အား ဂရုပြုခြင်း၊ ကိုယ်ဝန်အတွက် အန္တရာယ် မဖြစ်စေမည့် နေထိုင်ခြင်းပုံစံများ၊ အစားအသောက်ပုံစံ စသည်တို့အတွက် တတ်ကျွမ်းသည့် ဆရာဝန်များနှင့် ကြိုတင် တိုင်ပင်သင့်ကြောင်း သိရသည်။

“ကိုယ်ဝန်ဆောင်မယ့် သူက မဝလွန်း၊ မပိန်လွန်းသော ခန္ဓာကိုယ်ရှိရမှာ ဖြစ်တဲ့အတွက် ကိုယ်ဝန်မဆောင်ခင် ရှိသင့်တဲ့ အလေးချိန်ဖြစ်အောင် ဂရုပြုရမယ်။ ကိုယ်ဝန်ဆောင်တော့မှ ဝိတ်ချလို့လည်း မရဘူးလေ။ ဆေးလိပ်ငွေ့တွေ အရက်တွေကလည်း သန္ဓေသားကို ထိခိုက်မှု အရမ်းများတဲ့အတွက် အဲဒါတွေ ဖြတ်ရမယ်” ဟု ဒေါက်တာစိုးလွင်က ပြောသည်။

နောက်အရေးကြီးသည့် အချက်တစ်ခုမှာ ကိုယ်ဝန်ဆောင်မည်ဟု ဆုံးဖြတ်သည့်အချိန်မှ စတင်၍ ကိုယ်ဝန်ဆောင်အားဆေး ဟု ခေါ်သည့် ဖောလစ်အက်ဆစ် (Folic Acid) အား တစ်နေ့လျှင် ၄၀၀ မိုက်ခရိုခရမ်နှုန်းဖြင့် နေ့စဉ် သောက်သုံး သွားသင့်ကြောင်း ဒေါက်တာစိုးလွင်က “ရာသီမလာခင် လူသတ်ချင်” ဟူသော ကျန်းမာရေးစာအုပ်တွင် ထည့်သွင်း ရေးသားထားသည်။

ထိုဆေးအား ကိုယ်ဝန်၏ ပထမသုံးလအထိ သေချာစွာ သောက်သုံးထားလျှင် ကလေး၏ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ မွေးရာပါ ချို့ယွင်းချက်များအား ကာကွယ်နိုင်မည် ဖြစ်သည်။ ထို့အပြင် ကိုယ်ဝန်ဆောင်နေသည့် အချိန်တွင်  ဂျိုက်သိုးရောဂါ ဖြစ်ပွားပါကလည်း ကလေးငယ်အား ဝမ်းဗိုက်အတွင်းတွင် သေဆုံးခြင်း၊ ဦးနှောက် ကျပ်မပြည့်ခြင်းများ၊ ဆွံ့အနားမကြား၊ မျက်စိကန်းသည့်  ကလေးဖြစ်စေသည်အထိ အန္တရာယ်ကြီးသော ရောဂါတစ်ခု ဖြစ်သည်။

ကိုယ်ဝန်ဆောင်ရန် ဆုံးဖြတ်သည့်အချိန်တွင် မိမိခန္ဓာကိုယ်ထဲတွင် ဂျိုက်သိုးရောဂါ ကာကွယ်သည့်ဓာတ်များ ရှိ၊ မရှိ ကြိုတင် စစ်ဆေးသင့်ပြီး မရှိပါက ကာကွယ်ဆေးထိုး၍လည်း ကာကွယ်နိုင်ကြောင်း သိရသည်။

တခြား ကူးစက်ရောဂါများ ဖြစ်သည့် ကာလသားရောဂါများ၊ ခုခံအား ကျဆင်းမှုရောဂါများ၊ အသည်းရောင် အသားဝါကဲ့သို့သော ကူးစက်ရောဂါများ ရှိ၊ မရှိကိုလည်း စစ်ဆေးထားခြင်းဖြင့် ကလေးအားကူးစက်မှု မရှိစေရန် ဆောင်ရွက်နိုင်ကြောင်း သိရသည်။ ကိုယ်ဝန်ဆောင်သည့် အချိန်တွင် အသင့်အတင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်က ကလေးနှင့် မိခင်အတွက် ကောင်းမွန်ပြီး တစ်စုံတစ်ရာ လေ့ကျင့်ခန်းများ ပြုလုပ်လိုပါကလည်း ဆရာဝန်နှင့် ဦးစွာတိုင်ပင်သင့်ကြောင်း သိရသည်။

ကိုယ်ဝန်ရှိသည့်အခါတွင် အများစုမှာ သုံးပတ်မှ လေးပတ်အထိ ကိုယ်ဝန်ရှိကြောင်း မသိရှိကြဘဲ တချို့မှာ လအနည်းငယ်အထိ မသိရှိသည့် သူများလည်း ရှိကြသည်။ ထိုမသိရှိသည့် အချိန်တွင် ကြိုတင် ကာကွယ်မှုလည်း မရှိပါက မိမိ ရင်သွေးငယ်အတွက် မလိုလားအပ်သည့် ရောဂါများ ဖြစ်ပွားလာစေနိုင်ပြီး ကလေးမလိုချင်သည့် အချိန်တွင်လည်း ကလေးရရှိသွားပါက စိတ်ချမ်းသာသော အခြေအနေ မဖြစ်လာနိုင်ကြောင်း ဂရုပြုသင့်သည်။ မွေးဖွားပြီးချိန်တွင်လည်း မိခင်ရော၊ ကလေးပါ ကျန်းမာသော ဘဝကို ပိုင်ဆိုင်နိုင်ရန်အတွက် ကြိုတင် ပြင်ဆင်သင့်သည့် အချက်များအား ပြင်ဆင်ရင်း ကျန်းမာသန်စွမ်း ဉာဏ်ရည်ထက်သော ရင်သွေးလေးများ ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

ဝတ်ရည်။

Wednesday, March 28, 2012

Grow Your Own!!

တချို့အရာတွေကို ကိုယ်တိုင်ကြိုးစားမှ ဖြစ်လာနိုင်သလို တချိုအရာတွေကို အချိန်အတိုင်းအတာတစ်ခု စောင့်နိုင်မှ ဖြစ်လာနိုင်မှာ တလဆိုတာ အကောင်းဆုံးအချိန်သတ်မှတ်ချက်ပါ အမေ။




ခုတလော အိမ်ကလွဲရင် ဘယ်သူနဲ့မှ အဆင်မပြေဘူး စိတ်အရမ်းတိုနေမိတယ် လူကလည်းနေမကောင်း အလုပ်မှာကလဲ အဆင်မပြေ ဒီကြားထဲ ဖုန်းဆက်ပြီးနှောက်ယှက်တဲ့ လူကရှိသေးတယ် လောကကြီးကို တော်တော်လေး စိတ်ကုန်သွားတယ်။

ခလုပ်ထိမှ အမိတတဲ့ နောက်ဆုံးတော့ မလုပ်ဖြစ်တာကြာနေပြီဖြစ်တဲ့ ဘာသာရေးဘက် အာရုံနှစ်လိုက့်တယ် တရားနာဖြစ်တယ် သီချင်းနားထောင်တာ၊ online သုံးတာကို တက်နိုင်သမျှ မလုပ်တော့ဘူး Broadband ကလဲ Credit ကုန်သွားတော့ ပိုက်ဆံမသွင်းဖြစ်ဘူး သွင်းစရာပိုက်ဆံလည်း ကုန်ပြီလေ။

တရားနာရင်းနဲ့ အရှင်ဆေကိန္ဒဟောတဲ့ တရားတစ်ပုဒ်မှာ ယူထားတာနဲ့ ပေးလိုက့်တာ ဘယ်ဟာကို ပိုပြီးပူလောင်စေလဲတဲ့ ဒိန်းဆို သွားတွေ့မိတယ် ယူတယ်ဆိုတာ ရေခဲရေသောက်သလိုပဲ သောက်နေတဲ့ တခဏတော့ အေးတယ် ဝမ်းထဲကိုရောက်သွားရင်တော့ ပူလောင်တယ် ပေးတယ်ဆိုတာ ရေနွေးသောက်သလိုပဲ သောက်တဲ့အချိန်မှာတော့ ပူတယ် ဝမ်းထဲရောက်သွားတဲ့အချိန်မှာတော့ အေးမြစေတယ်။

ကျွန်တော်နေ့တိုင်း ရေခဲရေသောက့်ခဲ့မိတယ် အဲ့ကြတော့ တချိန်လုံး စိတ်ပူလောင်နေရရော အခုတော့ ငြိမ်းချမ်းတဲ့လမ်းပေါ် ခြေစုံရပ်မိပါပြီ။

အရင်ကလည်း တရားနာဘူးတယ် အရှင်ဆေကိန္ဒတရားကို တရားပွဲတစ်ခုမှာ ဘုန်းဘုန်းကပြောတယ် လူဆိုတာ ကိုယ်နဲ့တန်ရာပဲ ရနိုင်တယ်တဲ့ ကိုယ်နဲ့မတန်ရာကို ဘယ်လောက်ပဲကြိုးစားပါစေ မရနိုင်ဘူးတဲ့ ကျွန်တော် အရာတော်တော်များများကို မတန်ရာတွေမှန်းခဲ့ဘူးတယ် ဘာဖြစ်လည်းဆိုတော့ ကျွန်တော်အရမ်းပင်ပန်းခဲ့ရတယ်။

ကျွန်တော်ဧပြီလကုန် အိမ်ပြန်ဖို့ကို ပျော်နေမိတယ် ဘာလို့လည်းဆိုတော့ ကျွန်တော်တော်တော်ကို တည်ငြိမ်လာပြီ လူကြီးစိတ်ကလည်း ဝင်နေပြီ ဒီနှစ်ကူးကို ကျွန်တော်အကျိုးရှိအောင် ကြိုးစားမယ် နှစ်သစ်မှာ လူသစ်၊စိတ်သစ်နဲ့ ဘဝသစ်ကိုယှဉ်ပြိုင်မယ်ဗျာ။

Time and Tide Wait for No Men. အချိန်နဲ့ဒီရေသည် လူကိုမစောင့်တဲ့ ကျွန်တော့်ကို ကျော်လွန်သွားတဲ့ အချိန်ဆိုတာ သက္ကရာဇ်တော်တော်များများ ဖြိုချသွားတယ် ငယ်ငယ်တုန်းက စကားပုံလေးတစ်ခု အရမ်းနှစ်သက်တယ် Only One but A Lion. ရယ်ရပါတယ် ခြင်္သေကြီးလည်း စကားပုံအတိုင်း တစ်ကောင်ထဲမနေခဲ့တော့ သောကပင်လယ်ဝေခဲ့ဘူးတယ်။

ဒီနေ့ စာရေးမယ်ဆိုပြီးတော့ Google မှာ Photo ရှာတယ် Grow ဆိုပြီးတော့ ဒီပုံလေးတွေတော့ အရမ်းသဘောကျသွားတယ် ကျွန်တော့်ကို ပြောနေသလိုပဲ အဲ့ဒါနဲ့ ဒီ Post ကို Grow Your Own လို့ ပေးလိုက်တာ။

လူဆိုတာ အတ္တဟိတ၊ပရဟိတ မိမိအကျိုးဒါမှမဟုတ်သူတစ်ပါးအကျိုး ဆောင်ရွက်နိုင်ရမယ်လေ ကျွန်တော်ဘာမှ မလုပ်နိုင်ခဲ့ဘူး အများအတွက့်မပြောနဲ့ ကျွန်တော့်အတွက်တောင် မလုပ်နိုင်ခဲ့ဘူး အခုတော့ အတ္တဟိတကနေ ပရဟိတအထိရောက်အောင် ကျွန်တော်ကြိုးစားတော့မယ်။

Saturday, March 10, 2012

အဓိပတိဖွား။

အမေ ကျွန်တော် အိမ်အရမ်းပြန်ချင်နေတယ် မျက်ရည်စက်လက်နဲ့ ဆုတောင်းမိတယ်  ဒီဇင်ဘာ မြန်မြန်ရောက်ပါစေလို့...

ကံဆိုးမသွားရာ မိုးလိုက့်လို့ရွာတဲ့ ဘာတစ်ခုမှ အဆင်မပြေဘူး အမေ...  ကလေးတစ်ယောက်လို အော်ငိုချင်မိတယ် အိမ်ပြန်ပါရစေဆိုပြီးတော့ ကျွန်တော်ဆုံးဖြတ်ချက် မခိုင်မာခဲ့ဘူးနော် ပြန်မယ်ဆိုပြီး အိမ်ကိုဖုန်းခေါ်ထဲက ကျွန်တော်ပြန်သင့်တယ် အခုတော့...

ကျွန်တော် Resign လုပ်သင့်တာကို Career လုပ်ခဲ့မိတယ် အခုတော့ ကျွန်တော် ပြန်ဖို့အဆင်မပြေတော့ဘူး ကျွန်တော် ဆုတောင်းပါတယ် ဒီကြားထဲ ဘာမှမဖြစ်ပါစေနဲ့လို့ စိတ်ဓါတ်က မြေကြီးအောက်မှာ နစ်နေပြီ ကျွန်တော် ခံနိုင်ရည်ကုန်ဆုံးသွားပြီ လောကဓံဆိုတာကြီးကို...

မွေးထဲက ကံကောင်းခြင်းဆိုတာ အချင်းနဲ့အတူ မြေမြုတ်ခဲ့တဲ့ ကောင်အတွက့် မနက်ဖြန်ဆိုတာ ထူးပြီး မခမ်းနားနိုင်တော့ပါဘူး...

အင်္ဂါ၊ အဓိပတိတဲ့ တခါတခါ ဟားတိုက်ရယ်လိုက်ချင်တယ် ဒုက္ခကို ခါးစီးခံရမဲ့ အဓိပတိကြီးလားလို့ သန်းကောင်ထက် ညမနက်နိုင်ပါဘူးဆိုတဲ့ စကားလည်း ခပ်ဝါးဝါးလေးပဲ ရေရွတ်နိုင်တော့တယ်...

ရင်ဘက်ကို ဟောင်းလောင်းဖွင့် 
ကောင်းကင်နဲ့တောင်
ရန်ဖြစ်ချင်တဲ့ကောင်...။

လူကို စော်ကားချင် စော်ကားပါ
မာနကိုတော့ လာမထိပါနဲ့ လို့...
ကြွေးကြော်ရင်း 
မာရာဒိုနာလို ကန်ချက်ပြင်းပြင်းတွေနဲ့
ခဏခဏ အကန်ခံနေရတဲ့အကောင်...။

အမေ ကျွန်တော့် ရွတ်မိတဲ့ နေနော်ကဗျာလို ခဏခဏ အကန်ခံနေရတော့လည်း အကုန်လုံးကို စိတ်နာလာမိတယ် လူကောင်းလုပ့်ဖို့ ခက်ခဲနေပြီ ကျွန်တော် အကုန်လုံးကို မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံချင်နေပြီ...

ငါ့ကျမှ ကံဆိုးရလားဆိုတဲ့ အတွေးကို မေ့ပြစ်ထားပေမယ့် နာနာကျင်ကျင် ခံစားမိတဲ့အချိန်မှာ  အဲ့အသိက ရင်ဘက်ကို စုတ်ပြတ်စေတယ် အဖြည့်ခံဖြစ်ပါစေလို့ အရင်ဘဝက ဆုတောင်းခဲ့သလား ဆိုရအောင် နေရာတကာ ကျွန်တော်က အရန်လူဖြစ်နေရတယ်...

နောက့်ဆုံးတော့ ကျွန်တော့်ရင်ဘက်ကို ကားလိပ်ချလိုက့်ပါတယ် ပေါ်လီယာနာလို အစွန်းရောက်အောင် အကောင်းဘက်ကနေ တွေးလိုက့်ပါတယ် ခြေ၊လက်အင်္ဂါ အကုန်ရှိတာရယ် စွံ့၊အ၊နားမကြား မဖြစ်တာရယ်က ဆုတောင်းကောင်းခဲ့လို့ပါလို့...။

Friday, March 9, 2012

Zaw Win Htut - Yee Sar Oo Zat Lan (cover)

ဆူး။

ဒီလမ်းကိုလျှောက်ဖို့ ဘယ်သူမှ မစေခိုင်းခဲ့ပါဘူး... ကျွန်တော်ကိုယ်တိုင် ရွေးချယ်ခဲ့တာပါ အခုတော့ ကျွန်တော်ကိုယ်တိုင် ...

ဆူးဆိုတာ 
အဆိပ်ရှိတယ်
အဲ့ဒီ့အဆိပ်လို
ချိုမြပျားရည်တစ်စက်လို
ရစ်မူးခဲ့သူ
အခုတော့...

ကျွန်တော် ဆူးစူးခဲ့ပြီ... ကျွန်တော် ဆုပ်ကိုင်ထားတဲ့ အရာက ဆူးအပြည့်နဲ့နှင်းဆီ ကျွန်တော်တင်းတင်းဆုပ်ကိုင်လေ ဆူးတွေက ကျွန်တော့်ရင်ကို နက်နက်တိုးဝင်လေ ကျွန်တော် တကယ် အရှုံးပေးလိုက်ပါပြီ။

ဘဝဆိုတာ တဒင်္ဂလေးပါ ဘာလို့ ကျွန်တော်မှ ဒီလိုကံဆိုးရတာလည်းလို့ ကံကို ရိုးမယ်မဖွဲ့ရက်တော့ပါဘူး  ကျွန်တော် အချစ်ဆိုတာကို အလံဖြူထောင်လိုက်ပြီ ဒီအတိုင်းလေး နေသွားပါတော့မယ် ၉လဆိုတဲ့ ခဏတာ အချိန်လေးအတွင်းမှာ ဒီတခဏလေး ကျွန်တော်ဖြတ်ကျော်ပြီးရင် အိမ်ဆိုတဲ့ ကျွန်တော့်ခိုနားရာမှာ တဘဝစာ အိပ်စက်နိုင်ပြီ။

သေလောက်အောင် ချစ်ခဲ့ဖူးပါတယ် သေလောက်အောင်လဲ အသည်းကွဲဘူးပါတယ် အဲ့လောက့်နာကျင်နေလဲ အမှတ်မရှိတဲ့ ကျွန်တော်က အချစ်ဆိုတာကို ထွက်သွားဖို့ ခွင့်မပြုနိုင်ဘူး အခုတော့ ကျွန်တော်ပဲ ထွက်သွားလိုက့်ပါတယ်။

နားလည်မှု အဲ့စကားလုံးကို ကျွန်တော်တဘဝလုံး ရှာဖွေတွေ့ရှိမှာ မဟုတ်ပါဘူး ကျွန်တော်ချစ်တဲ့ လူတစ်ယောက့်အတွက့် ကျွန်တော်အတွက့်လည်း အဲ့စကားလုံး တစ်ဘဝလုံး ဘယ်သူမှ ပေးနိုင်မှာ မဟုတ်ပါဘူး။

စာမတက်တာလား အထာမနပ်တာလား အချစ်နဲ့ပတ်သတ်လာရင် ကျွန်တော်စာအုပ်မှာ မှင်နီကြက်ခြေခတ်တွေကြီးပါပဲ အခုတော့ ကျွန်တော် အချစ်ကဗျာမရွတ်တော့ပါဘူး။

Wednesday, March 7, 2012

ငယ်ဘ၀အမှတ်တရများ။ (၂)




(၁) မှာက မိနီသေသွားတာနဲ့ ဆက်မရေးဖြစ်တာ ၂ နှစ်ပြည့်တော့မယ် မြစ်ကြီးနား သင်္ကြန်က ပြန်စမယ်ဗျာ။ မြစ်ကြီးနားသင်္ကြန်က ပျော်ဖို့ကောင်းတယ် ရန်ကုန်သင်္ကြန်လို ကားတို့ဆိုက်ကယ်တို့ တော်တော်နည်းတယ် စက်ဘီးနဲ့ လျှောက်လည်ကြတာ။ မေခ၊မလိခ မြစ်ဆုံ အဲ့ဒီမြစ်ဆုံ မရောက်ခင် ကရိန်နော် (ကရိန်နော်က ကျွန်တော်တို့နေတဲ့ နေရာကနေ (၉)မိုင်ဝေးတယ်) အဲ့နေရာကို သွားလည်ကြတာ ပြီးရင် မြစ်ရေနဲ့ ရေလောင်းကြတာ ပျော်စရာကြီး လမ်းတောက့်လျှောက်မှာ ရေကစိုလာတာ စက်ဘီးက လေတိုးတော့ လူကပြာနေပြီ ကရိန်နော်လဲ ရောက်ရော မြစ်ရေလောင်းခံရတော့ အေးစိမ့်နေတာပဲ အမှတ်တရပါပဲ။

အဲ့ဒီသင်္ကြန်တုန်းက သွားလည်ကြတာ စက်ဘီးတော်တော်များတယ် အဖေ၊အမေ၊ဖိုးပြည့်က တစ်စီး၊ ကျွန်တော့်ဆရာမ မစမ်းရီ၊ကိုသံ၊ နာမည်မသိတော့ဘူး ကိုကုလားပဲမှတ်မိတယ် (အသားညိုလို့ နာမည်ပြောင်ပေးထားတာ)၊ အဲ့ဒီအမသေးသေးလေးက (မစုလားမသိဘူး)၊ ကိုဝင်းအေး၊ကိုသက်၊မပေါက်၊မနုရီ၊နှင်းဝေလှိုင်တို့မိသားစု နောက့်အများကြီးဗျ မမှတ်မိတော့ဘူး။ ရေပက်တာ တော်တော်လေးကြမ်းတော့ တော်ယုံစက်ဘီးကျွမ်းကျင်တဲ့သူဆို မနင်းရဲဘူး တော်တော်လေး pro ဖြစ်မှ နင်းရဲတာ ကျွန်တော်နဲ့ မမကို တခြားသူတွေက တင်နင်းတယ် တစ်စီးကို ၃ယောက်ပေါ့။ 

ဖြစ်ချင်တော့ ကျွန်တော့်ဆရာမက နောက့်ကနေမစီးဘူး ကိုသံကမနင်းရဲတော့ ဆရာမကနင်းတယ် သူကနောက့်ကနေထိုင်တယ် ပြီးတော့ချမ်းလို့ သဘက်ခြုံထားတယ် နင်းတဲ့ဆရာမက ချောချောလေး နောက့်က ခေါင်းမြီးခြုံထားတော့ ကောင်မလေးဆိုပြီး 
ရောက်တဲ့နေရာတိုင်းက ပေးမထွက်ဘူး အတင်းခေါင်းမြီးခြုံထားတာ ဖွင့်ခိုင်းတယ် ဟီးးး ကိုသံကရှက်ပြီးမဖွင့်တော့ ရယ်ပွဲကိုဖြစ်ရော သူတို့ကအသည်းယားလေ ကျွန်တော်တို့အဖွဲ့က ရယ်လေ နောက့်မှကောင်လေးမှန်းသိတော့ ရယ်လိုက်ကြတာ ကရိန်နော် မရောက်မချင်း လမ်းတောက်လျှောက်ပဲ အပြန်ကြတော့ သူပဲနင်းတော့တယ်။

ကျွန်တော်တို့ နေတဲ့ ၅၀၃ တပ်ကနေ မြစ်ကြီးနားမြို့ထဲကို (၇)မိုင်ဝေးတယ် တပ်အပြင်မှာ နန့်ပေါင်ရွာရှိတယ် အဲ့ရွာထိပ်မှာ ဘက်(စ်)ကားစီးရတာ သေချာတော့ မမှတ်မိတော့ဘူး ဘယ်လောက့်စောင့်ရလဲဆိုတာ ဘက်(စ်)ကားကတစ်စီးပဲရှိတော့ မြို့ထဲကိုပို့ မြို့ထဲကနေပြန်လာမှ လူစောင့်ပြီး နောက့်တစ်ခါထပ်ထွက် တော်တော်လေးတော့ ကြာတယ်။

ကျွန်တော်တို့ကတော့ စက်ဘီးနဲ့သွားတယ် အဖေ၊ကျွန်တော်၊ဖိုးပြည့်က တစ်စီး။ အမေ၊မမက တစ်စီး မြို့ထဲသွားရင် စက်ဘီးနဲ့သွားတာများတယ် မြစ်ကြီးနားမှာနေရင် စက်ဘီးမစီးတက်ရင် ခြေကျိုးတာပဲ အဖေကလွဲရင် ကျန်တဲ့သူ ၄ယောက်လုံး မြစ်ကြီးနားရောက်မှ စက်ဘီးစီးတက်တာ။ စက်ဘီးစီးသင်တုန်းက မှတ်မိသေးတယ် လေယာဉ်ကွင်းနားမှာပဲ ကတ္တရာခင်းထားတော့ အဲ့မှာသွားသင်တာ အဲ့ဒီနားမှာ ဘောလုံးကွင်းရှိတော့ မောင်ဗမာစက်ဘီးကို အရင်တွန်းခိုင်းတယ် ကွင်းတပတ်တွန်းရတာ ဘောလုံးကွင်းတပတ်ဆိုတော့ သေရော။ 

ကျွန်တော်ကလဲ စက်ဘီးစီးတက်ချင်တော့ လဲကျလဲ မနာနိုင်ဘူး စက်ဘီးကိုပြန်ထောင် ရအောင်ပြန်တွန်းတာပဲ စက်ဘီးလဲနိုင်သွားရော စသင်ပေးတယ် ကတ္တရာလမ်းပေါ်မှာ တစ်ခေါက်၊နှစ်ခေါက် နင်းတက်သွားတော့ တော်တော်ဝေးဝေးထိ နင်းသွားရော စက်ဘီးလဲပါလေရော အဲ့မှာ ကိုယ့်လိုအစီးသင်တဲ့ ကောင်လေးက တက်နင်းသွားရော ငိုတာမျုက်ရည် ပေါက်ပေါက်ကျတယ် အမေက ဘောလုံးကွင်းမှာဆိုတော့ မသိဘူး။ တက်နင်းသွားတဲ့သူကလဲ သိတော့ စက်ဘီးချပြီး ဘာလုပ်ရမှန်းမသိဘူး သူကလဲ ကလေးသာသာ အရွယ်။

အဖေ့ဌာနက အရာရှိက ကားနဲ့ဖြတ်သွားတော့ အဖေသမီးမှန်းသိတော့ ဆင်းမေးတယ် ဘာဖြစ်တာလဲဆိုပြီး စက်ဘီးတင်နင်းခံရမှန်းသိတော့ ဆူပါလေရော အဲ့ကောင်လေးကို နှစ်ယောက်လုံးကို သူ့ကားပေါ်တင်ပြီး တပ်ဆေးခန်းကိုခေါ်သွားတယ် အဖေ့ကိုလှမ်းခေါ် အဖေကလဲပြာနေပြီ ဟီးးး တော်သေးတယ် ဘာမှအထဲမှာ မဖြစ်ဘူး စက်ဘီးတစ်စီးလုံး ဗိုက်ပေါ်နင်းသွားတာ။ ဆရာဝန်ကလည်း အံသြနေတယ် ပြီးတော့ အမေပါဆူခံရရော အဲ့ဒါနဲ့ စက်ဘီးမစီးရတော့ဘူး ဒါပေမယ့် လူကြီးတွေလစ်တာနဲ့ ခိုးစီးတော့ ကောင်းကောင်းစီးတက်သွားရော။ နောက့်တော့ အဖေက ဂျပန်စက်ဘီး ပေါ့ပေါ့လေးတစ်စီး ဝယ်ပေးတယ်။

မြစ်ကြီးနားမှာ ကျွန်တော်အရမ်းချစ်တဲ့ သူငယ်ချင်း လီဆူးမလေးရှိတယ် ကျွန်တော့်ဆရာမ မစမ်းရီရဲ့ ညီမတစ်ဝမ်းကွဲ မစမ်းရီအဖေက မြန်မာ၊ အမေကလီဆူး မစမ်းရီတို့ ညီမ ၃ ယောက်ရှိတယ် အကြီးရော အငယ်ရော အမေဘက့်လိုက်ပြီး ခရစ်ယာန်ယူတယ် မစမ်းရီက ဗုဒ္ဓဘာသာ ယူတယ် ကျွန်တော့် သူငယ်ချင်း ငွါးမဆားက ခရစ်ယာန် ဒါပေမယ့်ကျွန်တော်တို့  နှစ်ယောက်ပေါင်း လောင်းကျော်တယ်။

တနင်္ဂနွေနေ့ ဘုရားကျောင်းတက်ရင် ကျွန်တော်ပါတယ် ဖာသာက အာမင်ဆို ကျွန်တော်က အာမင်လိုက်ဆိုတယ်။ ဥပုဒ်နေ့ ဘုန်းကြီးကျောင်းသွားရင် သူပါတယ် ဘုန်းကြီးက သီလပေးရင် သူကလိုက့်ဆိုတယ် အိမ်ကလူကြီးတွေက လွှတ်ပေးထားတယ် လုပ်ချင်တာ လုပ်ကြဆိုပြီးတော့။

နောက့်တစ်ယောက်က သဲအူ သူ့အဖေက ပိုင်းလော့ သူအမေက စိုးမြတ်သူဇာလို အရမ်းချောတယ် တခါတလေ သူအိမ်သွားလည်တယ် ငွါးမဆားရွာပြန်တဲ့အချိန် သူ့အမေ၊သူအမဝမ်းကွဲ၊သဲအူ၊ကျွန်တော် မြစ်ကမ်းပါးသွားပြီး ပုရစ်ဖမ်းတယ် သူ့အမေက မစားရဲဘူး အိမ်ကရဲဘော်တွေ ပေးတာ ဖမ်းပြီးရင် အသက်က ၂၅နှစ် လောက်ဆိုတော့ ကလေးစိတ်ပေါ့ အဲ့တုန်းကတော့ နားမလည်ခဲ့ဘူး ဘာလို့လိုက်ဆော့လဲပဲ တွေးမိတာ။ 

တခြား အရာရှိကတော်တွေထက် သူက အရမ်းသဘောကောင်းတာပဲ သိတယ်လေ အခုချိန်မှ နားလည်တယ် ယောက်ျားနောက့်လိုက့်လာရတော့ ဘာမှမရှိတဲ့ဒေသလေ သူလဲ ကလေးလို ပျော်အောင်နေတာပေါ့။ တနေ့တော့ ဥပုဒ်နေ့ကြီး ကျွန်တော်လည်း ဘုန်းကြီးကျောင်း လိုက်မသွားဘူး သူအိမ်လာဆော့တယ် သူ့အမေက ဥပုဒ်စောင့်တယ် နေလည်ကျတော့ ပုရစ်ဖမ်းကြရော ခဏနေကျတော့ သူအော်ပါလေရော ဥပုဒ်ကျိုးပြီတဲ့ ဟီးးး သီချင်းလေး တအေးအေးနဲ့ ပုရစ်ဖမ်းတာလေ။ သီချင်းဆိုတာလည်း အရမ်းနားထောင်ကောင်းတယ်။ အဲ့နေ့က အစောကြီး အိမ်ပြန်ဆော့ရတယ် သောင်ပြင်မှာ မဆော့လိုက့်ရဘူး။

ကျွန်တော် ရန်ကုန်ပြန်ရောက်ပြီး နောက့်ပိုင်းကို အဆက်အသွယ်မရတော့ဘူး သူတို့နဲ့ နောက်တော့ အဖေကပြောတယ် သဲအူအမေ ဆုံးသွားပြီတဲ့ ရင်သားကင်ဆာနဲ့တဲ့ စိတ်မကောင်းဖြစ်မိတယ် စိုးမြတ်သူဇာကားတွေ ကြည့်တိုင်း သဲအူအမေကို သတိရမိတယ်။

နောက့်မှ တောထဲပန်းခူးလိုက်တာတွေ ကချင်ရွာတွေထဲ သွားလည်တာတွေ ရေးတော့မယ် အခုတော့ ပျင်းသွားပြီ ဆက်ရေးဖို့ကို ဟီးးး ဆက်ရန်ပေါ့နော်။

7th March 2012!!