Tuesday, February 28, 2012

အချစ်စစ်


http://favim.com/image/306871/

ဟစ်တလာလို
အာဏာရှင်မဆန်ဘူး
မာသာထရီဇာလို
မေတ္တာရှင်မဟုတ်ဘူး..
ဒါပေမယ့်
အမိန့်ပေးစရာမလိုအောင်
ရို့ကျိုးခတွားခဲ့တယ်
ရောင်ပြန်ဟပ်တာထက်ပိုပြီး
စေတနာတွေတာကျိုးခဲ့တယ်..
မတရားမှု၊တရားမှု
ပေးဆပ်ခြင်း၊ရယူခြင်း
အစွန်းနှစ်ဖက်ကျော်လွန်
အချစ်ဆိုတဲ့ဒုက္ခက
ဂျိုပေါက်၊အတောင်တပ်
ငါ့ရင်ဘက်ကို
စစ်နိုင်သွားတယ်..
ဒဏ်ရာအထပ်ထပ်
စစ်တလင်းမှာ
ငိုကြွေးသံတွေတိတ်ဆိတ်
ရှုံးသူတစ်ယောက်ရဲ့
အပြုံးတစက်တွဲခိုနေတဲ့
နှုတ်ခမ်းတစ်စုံနဲ့
တောက်ပနေတယ်..။