Saturday, February 25, 2012

လွတ်မြောက်ခြင်း။



 Freedom from Soul!!

လွတ်မြောက်ခြင်း။

Finally i did!!

နောက်ဆုံးမှာ ကျွန်တော် လုပ်နိုင်ခဲ့ပါပြီ။

Some people don't have change for Life, some people have change but they didn't take.



လူတချို့က ဘဝကို ရွေးချယ်ဖို့ အခွင့်အရေး မရှိခဲ့ဘူး။ တချို့ကတော့ အဲ့ဒီ့အခွင့်အရေးကို အရှုံးအဆုံးခံလိုက်တယ်။

Sometimes I finding exit but I closed The Exit door.

တခါတရံ လွတ်မြောက်ဖို့ ကြိုးစားရင်း ကျွန်တော် ထွက်ပေါက်ကို ပိတ်ထားခဲ့မိတယ်။ 

ဘဝဆိုတာ ဘာမှမဟုတ်ပါဘူး ကျွန်တော်ကသာ ဂျိုတပ် အတောင်တပ်ပြီး လူပျံဖြစ်ချင်ခဲ့မိတာ စိတ်ကူးယဉ်ခဲ့တာပါ ဘဝဆိုတာ အနုအရွ စကားလုံးတွေ တန်ဆာဆင်ထားတဲ့ အချစ်ကဗျာ တစ်ပုဒ်လို ကျွန်တော် ပုံဖေါ်ခဲ့မိတာ သူများ ကန်ရာသီဖွားကတော့ ဘာရယ်ဆိုတာ ကျွန်တော်မသိဘူး ကျွန်တော်ကတော့ မွေးထဲက စိတ်ကူးယဉ်ခဲ့လိုက်တာ အရွယ်တော် တစိတ်ဟိုင်းပြီး သုံးဆယ်ကျော်ထဲ ခြေတဖက်ဝင်ခဲ့တာတောင် စွယ်တော်ရွက်မှာ စာရေးပြီး စာအုပ်ထဲ ညှပ်ထားနေတက်တုန်း။

တကယ်ဆို ကျွန်တော် အသက်မွေးဝမ်းကျောင်း မှားယွင်းနေခဲ့သူ ကွန်ပျူတာရှေ့ထိုင် ကိန်းဂဏန်းတွေ တွက်ချက် အင်တာနက်သုံးနေရတဲ့ ဘဝက ကျွန်တော်နဲ့မှ လားလားမသတ်ဆိုင်တာ အဘိုးဝန်ထမ်း၊ အဖေဝန်ထမ်း၊ အဲ့လိုမျိုးဆက်က အစိုးရရုံးတစ်ရုံးမှာ အောက်တန်းစာရေးလုပ် အားလပ်ချိန် စာလေးဘာလေးရေး စာအုပ်တိုက်လိုက်ပို့ လကုန်ရင် ဟိုဖြတ်ဒီဖြတ် ကျန်ငွေလေး အမေ့ကိုအပ် ဒီလိုပဲ သွားရမှာလေ။

ချွန်ထွက်ပြီးတော့ ဘာကြီးကွ ညာကြီးကွ ဖြစ်ချင်ခဲ့တော့ လူကျမကျဘဲ ခွေးကျကျတော့တာပေါ့ အနီးမမြင်လို့ အဝေးကြီးကြည့်ခဲ့လို့ တံလျှပ်ကို ရေထင်ပြီးတော့ ကိုယ်ခပ်နေတဲ့ လက်ယက်တွင်းကို ခြေဆေးခဲ့သူလို ကယ်ပါယူပါ တဆာဆာ ဖြစ်ရတာ။

ကျွန်တော် အရမ်းအတ္တကြီးတယ် လူတစ်ယောက်မှာ ရှိတဲ့ အတ္တထက်ကိုပိုပြီးတော့ ကျွန်တော်ကြွယ်ဝတယ် ဘယ်အရာကိုမဆို ကျွန်တော့်ကိုကျွန်တော် ရှေ့တန်းတင်ခဲ့တယ် ရလဒ်ကတော့ ကျွန်တော် ဥတစ်လုံး တစ်ကောင်ကြွက်ဖြစ်လာတယ်။

လူဆိုတာ သင့်တင့်လျှောက်ပတ်တဲ့ ပတ်ဝန်းကျင်ရှိရမယ်လေ ကျွန်တော့်အတွက့် ပတ်ဝန်းကျင်ဆိုတာက အပိုသပ်သပ်ဖြစ်နေတယ် လူတွေနဲ့ တရင်းတနှီးဆက်ဆံဖို့ ပညာရပ်က ကျွန်တော်မွေးထဲက ချက်ကြိုးနဲ့အတူ မြေမြုတ်ခဲ့သလား မသိပါဘူး ဒီအချိန်အထိ အဲ့ဒီ့ဘာသာရပ်ကို အောင်မြင်ဖို့ ကျွန်တော်အားမထုတ်ခဲ့မိဘူး။

ဖလော်ပဲပြောပြော ဆိုက်ကိုပဲဆိုဆို ကျွန်တော် လူတွေနဲ့ ဆက်ဆံရမှာ ကြောက်တယ် ဘယ်သူကမှ ကျွန်တော့်ကို ပက်ပက်စက်စက် ကိုယ်ကျိုးနဲအောင် မလုပ်ခဲ့ပေမယ့် သူများအတွက့် ဘာမဟုတ်တဲ့ ကိစ္စသေးသေးက ကျွန်တော့်အတွက် ကမ္ဘာပျက်တာပဲ။ (ကျွန်တော်က အတ္တကြီးတဲ့သူလေ)

ဒီလိုနဲ့ ကျွန်တော့်အဖေ အိုလာပြီ ကျွန်တော့်အမေ အသက်ကြီးလာပြီ သူတို့ အားကိုးရမယ့် ကျွန်တော်က ကမျောက်ကခြောက် ဖြစ်နေတုံးပဲ ကျွန်တော်အတ္တကို ရနိုင်သလောက်သိမ်းပြီး ကျွန်တော်ရုန်းထွက်လိုက့်ပြီ ကျွန်တော်စီးမျောနေတဲ့ ဘဝကနေ ကျွန်တော်နစ်ဝင်ရမယ့် ဘဝဟောင်းစီ။


အဲ့ဒီ့အိမ်မှာ အဖေနဲ့အမေရှိတယ်၊ ကျွန်တော့်မမနဲ့ရတီရှိတယ်၊ ကျွန်တော့်မောင်လေးမိသားစု ရှိတယ်၊ ကျွန်တော် စောင့်ရှောက့်ရမယ့် အဘွားနှစ်ယောက်ရှိတယ် ပုခက်လွဲတဲ့လက်ဖြစ်မှ တန်ဘိုးရှိမှာလား အရိပ်ပေးနိုင်တဲ့ လူတစ်ယောက်ဆိုရင်ရော ပုခက်လွှဲစရာ မလိုတော့ပါဘူး...

 အဘွားရေ ကျွန်တော် လူ့ပေါက်ပန်း ပုံပြင်ကို နိဂုန်းချူပ်လိုက်ပါပြီ လူတော်ကြီး မလုပ်ချင်ပါဘူး ကျွန်တော် လူမိုက်မဟုတ်တော့ဘူးဆိုရင် ကျေနပ်ပါပြီ။