ကျွန်တော့်ဘက့်က မှားတာပါ တဒင်္ဂမေ့ထားခဲ့တဲ့ အရွယ်ဆိုတာက ကျွန်တော့်ကို အရိပ်တင်မကဘူး အကောင်ကြီးပါ ချပြတယ်
စီးပွားရှာရမဲ့ အချိန်လေ နိုင်ငံခြားမှာ အလုပ်လုပ်တယ်တဲ့ ရယ်ချင်လိုက်တာ ကုလားခတ်တဲ့ရေ ကုလားသုံးတာနဲ့ ကုန်တယ် ကျွန်တော်လဲ ကျွန်တော်ရှာတဲ့ငွေ ကျွန်တော်သုံးတာနဲ့ ကုန်ခဲ့တာပါပဲ
ပြက္ခဒိန် ဘယ်နှစ်ခု ဆုတ်ဖြဲပြီးပြီလဲ အခုအချိန်အထိ သူ့ဘာသာ နေတဲ့နတ်တောင် ခလုပ်တိုက်ချင်သေးတယ် ငယ်ငယ်က အမေက ပြောပြခဲ့ဘူးတယ် ကျွန်တော့်ကို သားဆုပန်ရုက္ခစိုးစီမှာ တောင်းတာ ရွှေတိဂုံစေတီရဲ့ မြောက်ဘက်စောင်းတန်းနားကပေါ့ အဲ့ညမှာ အိမ်မက်လာပေးတယ်တဲ့ ရုက္ခစိုးက နင်ကလေးလိုချင်နေတာ ရော့ ဆိုပြီး တွံတွေးထွေးချပေးတာတဲ့ ဘယ်လိုဘယ်ပုံဖြစ်ပြီး ကျွန်တော်မိန်းမ ဖြစ်လာခဲ့မှန်း မသိပါဘူး
စိတ်ဓါတ်အရမ်းကျရင် ကျွန်တော် မိန်းမဖြစ်တာကို မုန်းတီးတယ် ဆိုက်ကိုပဲထင်ထင် ဖလော်ပဲပြောပြော အဲ့ဒါ ကျွန်တော့်ခံစားချက် နောက့်ထပ်မုန်းတီးတဲ့ စကားပုံ တစ်ခုရှိသေးတယ် ကြက်ဖတွန်မှ မိုးလင်းတာတဲ့ အမုန်းပေါ်အမုန်းဆင့်စေတဲ့ စကား မိန်းမဖြစ်လို့ ဘာမှ အသုံးမကျရတဲ့အထဲ အရာမရောက်ပါဘူး လာပြောနေသလို ခံစားရတယ်
ဟိုရောက် ဒီရောက် စိတ်တွေကို ထိန်းကျောင်းရင်း ကဗျာလေးတစ်ပုဒ် သွားတွေ့မိတယ်..
မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး
လယ်စောင့်တဲ့လေး ခြေတံရှည်
မိုးကုတ်အောက်မှာတည်
ကြာနီတပွင့် ဖြူတပွင့်
တဲနှင့် ပနံတင့်။ ။
မင်းသုဝဏ်။ ။
ကျွန်တော် အဲ့လိုဘဝလေးကို မက်မက်မောမော ရှိနေခဲတာ့ကြာပါပြီ ငါဆိုတဲ့ အတ္တကိုသာ ရင်ဘက်ထဲ ထည့်ထားရင် ကျွန်တော် ထွက်သွားခဲ့လောက်ပြီ အဲ့လိုလူမွဲ(ငမွဲ) ဘဝမျိုးမှာ နေထိုင်ဖို့အတွက့်
လူဟာ ဘယ်လောက့်ထိ အသက်ရှင်မလဲ
ဘယ်လောက် အများဆုံး ရနိုင်မလဲ
ခုရထားတဲ့ လောကစည်းစိမ်
ဘယ်လောက့် ကြာကြာမြဲမလဲ...