Saturday, February 4, 2012

ခေတ်သစ်နွားပုံပြင်

 ကိုယ့်ပတ်ဝန်းကျင် လူနေမှုဘ၀ကြီးတစ်ခုလုံး ရွှေမိုးငွေမိုး ရွာနေတယ်.. လို့ 

အထင်ရောက်နေသူကိုတော့ အလယ်ခေတ်လက်တင်ဘာသာစကားနဲ့ Bulla လို့ ခေါ်ပါတယ်။
အဓိပ္ပါယ်ကတော့.... 'နွား' တဲ့။ မင်းခိုက်စိုးစန်။ ။း )
ကျွန်တော်သာ နွားတစ်ကောင်ဆိုရင်
ဘယ်လောက့်ကောင်းလိုက့်မလဲ
ဂျိုပဲဝှက်ဝှက် အမြီးပဲဖွက်ဖွက်
ကျွန်တော့်ဇာတိက နွားပါပဲ...
ခိုင်းနွားတစ်ကောင်မှာ
အထီးအမ ခွဲခြားထားလား
ကျွန်တော့်ကိုကျွန်တော်
အမဆိုတာ လက်ခံထားခဲ့လို့ပါ...
နွားက ဥပုဒ်စောင့်မယ်တဲ့
အဟတ် မြက်စားတဲ့ကောင်က 
လူအထင်ကြီးအောင် အော်ပြနေတာ...
ဒီလိုနဲ့ပဲ ဖွက်ထားတဲ့ဂျိုကိုထုတ်
ဝှက်ထားတဲ့ အမြီးကိုလွှတ်ချပြီး
ကျွန်တော် မြက်ပြန်စားရအုံးမယ် အမေ...။
 
ညဝေးကြယ်။ ။