Tuesday, February 28, 2012

ဘကြီးတုတ်။


http://msaduri.wordpress.com/2008/11/05/doa-dari-lelaki-yang-berdosa/


FB ကို ပိတ်ထားလိုက့်တယ် တနေ့တနေ့ သူနဲ့တင် ကိုယ့်အချိန်တွေ ဖြုန်းတီးနေမိလို့ Update News တွေ မသိရတော့ဘူးပေါ့ ဒါပေမယ့် စာဖတ်ဖို့ အချိန်ရလာတယ် ကိုယ်လုပ်ချင်တာကို အချိန်လုပြီး လုပ်စရာ မလိုတော့ဘူး အဲ့ဒါနဲ့ပဲ Blog ကို စိမ်ပြေနပြေ ရေးနေမိတယ်။

ကဗျာ ၃၊၄ ပုဒ်ရေးပြီးတော့ ကဗျာဖတ်ကို အာရုံဝင်လို့ မရတော့ဘူး စာရေးချင်နေမိတယ် စာရေးရအောင်လဲ စာမဖတ်ဖြစ်တာ နှစ်ဝက်ကျော်နေပြီ ဘယ်ကနေ စာရေးလို့ စရေးရမှန်း မသိတော့ဘူး အဲ့ဒါနဲ့ပဲ အိမ်ကလူတွေကို သတိရလာမိတယ် အိမ်မှာ အသက်အကြီးဆုံးဖြစ်တဲ့ အဖေရဲ့အဖေ ကျွန်တော့်အဘိုး ရတီရဲ့အဘေး ၂၀၀၄ခုနှစ်က ဆုံးသွားတဲ့ အဘိုးအကြောင်းကနေ စပြီးရေးမယ်လို့ ဆုံးဖြတ်လိုက့်တယ်။

ဦးအောင်သန်း မှတ်ပုံတင်နာမည်က ငယ်နာမည်က ဖိုးတုတ် တူတွေတူမတွေက ဘကြီးတုတ် ခုအချိန်ထိ အမျိုးနီးစပ်တွေနဲ့ မိတ်ဆက်ရင် ဘကြီးတုတ်မြေးတွေဆို အဘိုးအမျိုးတွေ အကုန်သိတယ် အဘိုးက အမျိုးတွေကြားထဲမှာ သမာသမတ်ကျတယ် အကြီးဆိုဆိုသလောက့် ငဲ့ညှာခဲ့တယ် အဲ့ဒီ့(အကျင့်မကောင်းတကောင်းလေး)က ကျွန်တော့်အဖေ သားအကြီးဆုံးမှာ 100% ကို တပြားမှမလျှော့ အမွေရလာတယ်။

ငဲ့ညှာတက်တာကို အကျင့်မကောင်းဘူးပြောတော့ ကျွန်တော်လွန်မယ် ဒါပေမယ့် ကိုယ်တစ်ယောက်ထဲ လူလွတ်တုန်းက အဲ့ဒီ့စိတ်ဓါတ်က ကောင်းပေမယ့် မိသားစုရှိလာတော့ အရမ်းခက်ခဲပါတယ် အခွင့်အရေးတစ်ခါရလို့ မယူတာ မမှုလောက့်ပေမယ့် အကြိမ်တိုင်းကို ငဲ့ညှာတက်လွန်းတော့ အဆင်မပြေဘူးလေ ကိုယ့်စီအကူအညီ လာတောင်းရင်တာ မငြင်းတမ်းပးတက်တာ ကိုယ်အဆင်မပြေရင် ပြန်ပြီးတော့ အကူအညီမတောင်းဘူးလေ။

အဘိုးအကြောင်းကို ဆက်ပြောတော့မယ် နောက့်ဆို အဘိုးဇာတ်ကနေ အဖေ့ဇာတ်ဖြစ်တော့မယ် အဘိုးကလူချောဗျ အရပ်က ၅ပေ၈လက်မကျော်တယ် ကိုယ်ခန္ဓာကလည်း ထောင်ထောင်မောင်းမောင်း ရုပ်ကလည်း လူဖြောင့်ဆိုတော့ ငယ်ငယ်ကဆို ဘယ်လောက့်များ စန်းပွင့်မလည်း မသိဘူး (အဘွားအမြဲပြောပြတဲ့ ဇာတ်လမ်းတစ်ခုရှိတယ် အဘိုးအရပ်ဖက်ပြောင်းတော့ အဘိုးဘကြီးက သူ့အလုပ်မှာ ဦးစီးဖို့ခေါ်တယ်တဲ့ မလှိုင်မှာ ဘောင်းနို့စီစက်ပိုင်ရှင်ပေါ့ အဘိုးရောအဘွားရော အဖေ့ကိုယ်ဝန်ကြီးနဲ့ သွားကြတာပေါ့ ဘကြီးက သမီးတွေကြီးမွေးတော့ သူ့ဘက်က တူရယ် မိန်းမဘက်ကတူရယ် ညီတူညီမျှ ဦးစီးခိုင်းတာပေါ့ နယ်ကမိန်းမတွေများ ကဲလိုက့်တာ အဘိုးတို့ခေတ်ထဲက ညညဆို အဘွားစီ ပြုံပြီးရောက့်လာကျတယ် မမကျင်ရယ်တဲ့ ဘယ်လိုမှသဘောမထားပါနဲ့တဲ့ ကိုတုတ်ကိုယူပါရစေတဲ့ ကျွန်မအငယ်နေရာမှာပဲ နေမှာပါတဲ့ ဘုရားဘုရား အဘွားဘယ်နေနိုင်မလဲ ဗိုက်တစ်လုံးနဲ့ ရန်ကုန်ပြန်ပြေးလာရော အဘိုးကလည်းမနေရှာပါဘူး ဘကြီးကတားနေရက်နဲ့ ကောက်ကောက်ပါအောင် လိုက့်လာရှာပါတယ်။ အဘိုးက အဲ့လိုမျက်နှာပွင့်တာ)

သား၃ယောက်လုံး မျက်နှာပွင့်တာတော့ တူပါတယ်။ အဘိုးအရပ်အမောင်း အဘိုးရုပ်ရည်တော့ တစ်ယောက်ထဲ ဘယ်သူမှ အမွေမရဘူး။ ကျွန်တော့်အဖေပဲ အရပ်ကိုမှီတယ် ဒါတောင်အဖေက ၁လက်မ နိမ့်သေးတယ်။ အဘိုးရုပ်ကိုတော့ အငယ်ဆုံးသားက အမွေရတယ်။ သားအလတ်ကတော့ အရပ်ရော ရုပ်ပါမတူဘူး ဦးလေးအလတ်က မွေးတုန်းက ရုပ်ဆိုးတော့ ငယ်နာမည်ရတယ် ပန်းချီငိုတဲ့ အဘွားက အဖျားဆွတ်ခေါ်တာ ပန်းချီတဲ့ အဲ့ဒီ့နာမည်တွင်သွားတော့ အမျိုးတွေထဲမှာ ကိုပန်းချီ တူတွေတူမတွေက ဦးပန်းချီ အခုတော့ မြေးတွေရလာတော့ အဘိုးပန်းချီ။

ကျွန်တော်တို့တောင် ငယ်ငယ်က နာမည်တစ်ခုအနေနဲ့ ခေါ်နေကြတာ ဘာလို့ပေးထားတယ်ဆိုတာ မမေးမိကြဘူးလေ အသက်လေးရလာတော့ အဘွားက ရှေးဟောင်းနှောင်းဖြစ်တွေပြောပြရင်း သိခဲ့တာ အဘိုးကအသက်မရှည်ခဲ့ပေမယ့် သူ့မြေး ၇ယောက်၊ မြစ် ၁ ယောက်နဲ့တော့ လက်ပွန်းတတီးနေသွားရှာတယ်။

အဘိုးက အရင်က တပ်ထဲမှာဗိုလ်ကြီးအဆင့်ကနေ ဗဟိုဘဏ်အရပ်ဖက်ကို ပြောင်းလိုက့်တယ် ဘယ်နေရာမှာ ရောက်ရောက် အဘိုးက သမာသမတ်ကြတယ် ဆိုးတာက အဘိုးညီမ အဘိုးရောက်လေရာ ဒေသကို လိုက်ပြီးတော့ အခွင့်အရေးမှန်သမျှ အကုန်သိမ်းကြုံးယူတာပဲ အခုတော့ သူလညှ်းဆုံးရှာပါပြီ အဘိုးညီမဆိုပေမယ့် ဘွားလေးလို့မခေါ်ဘဲ အဖေတို့ခေါ်သလို မြေးတွေအကုန်လုံးက အန်တီကြီးဆိုပြီး လိုက်ခေါ်တာ အခုချိန်ထိပါပဲ။

အဘိုးကို သေသေချာချာ မှတ်မိတာ အရေးအခင်းအပြီး ၇နှစ်သမီးလောက့်က စပြီးတော့ သူငယ်တန်းကို ရန်ကုန်မှာနေပြီးတော့ အောင်စာရင်းထွက်တော့ အဖေက မြစ်ကြီးနားတပ် (၅၀၃) ကိုပြောင်းမိန့်ကျတယ် မိသားစုလိုက့် တပျော်ကြီးပြောင်းသွားကြတယ် ဟိုမှာက ပညာရေးက တော်တော်လေးအားနည်းတော့ အဖေက စိုးရိမ်တယ် သူ့ကလေးတွေကို အဲ့ဒါနဲ့ အရေးအခင်းပြီးစမှာ သမီး ၂ယောက်ကို အဘိုးစီအရင်ပို့ထားလိုက့်တယ် အငယ်ဆုံးကလေးက လက်မလွတ်သေးတော့ အမေကအဖေနဲ့နေခဲ့တယ်။

အဘိုးက စည်းကမ်းကြီးတယ် အဖေလည်းစည်းကမ်းကြီးတယ် ဒါပေမယ့် မိဘနဲ့သားသမီးဆိုတော့ လျှော့ရင်းကနေ ကြိုးပြေလာရော အဘိုးအိမ်မှာ ဦးလေးမိသားစုက အတူနေတယ် မမကြီးနဲ့ကိုအောင်ရှိတယ် သူတို့ကလည်း မီးသေတယ် မမကလည်း သေသေဝပ်ဝပ် နေတယ် ကျွန်တော်က ကြွက်လို့ပြောရသလောက့်ကို ကိုယ်လိုချင်တဲ့ ကစားစရာ စာအုပ်တွေ အကုန်မွှေနှောက်ရှာတာပဲ ဘယ်လောက့်ပဲ ငြိမ်ငြိမ်မနေပေမယ့် စာအုပ်ရသွားရင် ထမင်းမေ့ ဟင်းမေ့ ဖတ်နေပါရော အဲ့အရွယ်ထဲက စာအုပ်စဖတ်တက်တာ။

စဖတ်တာကတော့ ရွှေသွေးတို့ တေဇတို့ ကလေးစာစောင်တွေ အဘိုးကသေချာ အစောင်ရေ အမှတ်စဉ်အလိုက့် စာအုပ်ဆိုင်သွားပြီး ချူပ်ပေးထားတာလေ အဲ့ဒါတွေ့ဖတ်လို့ကုန်ရော ရှေ့ဆောင်ဂျာနယ်တွေ ဖတ်တယ် ဂျာနယ်တွေလည်းကုန်ရော စွယ်စုံကျမ်း ၇နှစ်သမီးကိုယ်နဲ့ စွယ်စုံကျမ်းစာအုပ်နဲ့ ရွယ်တူဖြစ်နေတော့ နောက့်ဖေကပြင်မှာ ဖတ်ရင်ဖတ် မဖတ်ရင် ခြံထဲဆင်းဖတ်တာပဲ။

အဘိုးက မျက်စိနောက်အောင် ဆော့လွန်းလို့ စိတ်ဆိုးပေမယ့် စာဖတ်တာကိုတော့ သူအရမ်းသဘောကြတယ် မောင်မောင့်သမီးက စာတော့ဖတ်တက်သားတဲ့ အဘိုးက အပင်စိုက်တာလဲ ဝါသနာပါတယ် လင်မယားနှစ်ယောက်လုံး စိတ်တူကိုယ်တူ စိုက်ထားတဲ့ သီးပင်စားပင်တွေ ခြံထဲအပြည့် ကျွန်တော်တို့ သိတဲ့အရွယ်မှာ ခြံကတဝက်ခွဲရောင်းပြီးပြီး ဒါပေမယ့် အခုခေတ် ပေ၄၀၊ပေ၆၀ ၂ခြံစာလောက့်ရှိတဲ့ အဘိုးခြံက ကျွန်တော်တို့အတွက် ဧယာမကစားကွင်းကြီးပေါ့။ 

သရက်ပင်၊ပိန္နဲပင်(အိမ်မာ၊အိမ်ပျော့)မာလကာပင်(အူနီ၊အူဖြူ)၊နာနတ်၊ကျွဲကော(အနီသီး)၊ရှောက်ချိုပင်၊
သြဇာပင် မမှတ်မိတော့ဘူး အစုံပဲ ပန်းပင်တွေလဲ အစုံဂမုန်းပန်းတွေ၊သစ်ခွပန်းတွေ၊ ပိတောက်ရော၊ကန့်ကော်ရော တော်တော်စုံတယ် ကန့်ကော်ပွင့်လို့ကတော့ တခြံလုံး မွှေးနေတာပဲ ဒီစာရေးရင်းနဲ့ မျက်ရည်ဝဲမိတယ် အဲ့ဘဝမျိုးကျွန်တော် ပြန်မရနိုင်တော့ဘူးလေ။

ကျွန်တော်ခြံထဲဆင်းရင် အဘွားက မျက်စိဒေါက်ထောက်ကြည့်နေပြီ စားပင်တွေစွတ်တာ သူဘာမှမပြောဘူး သူအမြတ်တနိုးစိုက်ထားတဲ့ ပန်းပင်တွေ ကျွန်တော်က အသုတ်စုံလုပ်ပြစ်တက်လွန်းလို့
အဲ့ကြရင် အဘိုးက ခေါ်ပြောတယ် ပြေရဂာပြေကြောင်း သမီးစားချင်တဲ့ အပင်ခူးစား နင့်အဘွားအပင်တွေတော့ သွားမခူးနဲ့ ကျွန်တော်က လေပြေလေးနဲ့ ဟုတ်ကဲ့ခေါင်းလေးညိမ့်ပြီးတော့ ပြီးရင် လုပ်ချင်တာ လုပ်တော့တာပဲ။

အဘွားက အဖေတို့ ခွင့်ရလို့ လိုက်လာတဲ့အချိန်ကြတော့ တိုင်တယ် အကြီးမက လိမ္မာသလောက် အငယ်မက ပြန်မပြောနားမထောင်တဲ့ ကြွက်လိုပဲ ရှိသမျှစာတွေ ဖွတယ် ဆိတ်လို တစွတ်စွတ်စားတယ်တဲ့ 
ဟီးးး အဘိုးက စည်းကမ်းနဲ့ကျွေးတာ အကုန်လုံး ထမင်းစားချိန်ဆို ထမင်းဝအောင်စားတယ် ကျွန်တော်က မစားဘူး နေလည်ဗိုက်ဆာရင် ဂျီကျရော နေလည်ဆို မုန့်တခါကျွေးသေးတယ် အဲ့အချိန်မတိုင်ခင် ကျွန်တော်ဗိုက်ဆာရော မမကို ဂျီကျတာပေါ့ မမက စည်းကမ်းရှိတော့ အဖေပေးတဲ့မုန့်ဖိုးတွေ စုထားတယ် မသုံးဘူး သူစုထားတာလေးတွေပေးတယ်။

အိမ်ရှေ့ကနေ ဖြတ်သွားတဲ့ မုန်သည်ကို ခေါ်ဝယ်စားခိုင်းတာ ကျွန်တော်က လမ်းထိပ်က မုန့်ဆိုင်သွားဝယ်စားတယ် မုန့်ဆိုင်က ကလေးလည်းဖြစ်တယ် မျက်နှာစိမ်းလည်းဖြစ်တော့ ဘယ်ကလည်း မေးရော ဟီးးး အဲ့မှာနာမည်ကြီးရော အကြီးဆုံးအမတဝမ်းကွဲ ၈တန်းကျောင်းသူတောင် အဲ့လိုမသွားဘူး ကျွန်တော်က အကြောက့်အလန့်မရှိ သွားခဲ့တော့ အဘိုးက မှတ်ချက်ပေးတယ် မောင်မောင့်သမီးက အာဂကောင်တဲ့။

အဘိုးအိမ်မှာ ၁နှစ်လောက့် နေလိုက့်ရတယ် တိုင်းပြည်ကလဲ ငြိမ်သက်နေပြီ ကျွန်တော်တို့ အိမ်ငှားခဲ့တဲ့ သူတွေကလည်း စည်းကမ်းမရှိတော့ အိမ်ကပျက်စီးကုန်တယ် အဲ့ဒါနဲ့ပဲ အဖေခွင့်တောင်းပြီးတော့ ပြန်ပြောင်းလာတယ် အဘိုးက ဘာပဲပြောပြော အဖေ့ကိုတော့ ချစ်ရှာပါတယ် သူနဲ့သူ့သားကြီးက ဝေဿန္တရာ လက်သစ်တွေဆိုတော့ တော်သေးတယ် ဇနီးတွေသားသမီးတွေတော့ မပေးလို့။

ကျွန်တော်တို့အိမ်ပြန်ရောက်တော့ ဒုတိယတန်းကို ဒုတိယအကြိမ်မြောက် ပြန်တက်ရတယ် ၈၈အရေးအခင်းမှာ တစ်နှစ်နားလိုက့်ရတာပေါ့ အဘိုးက ဦးချစ်တင်မုန့်ဟင်းခါးဆို အရမ်းကြိုက်တယ် တခါတခါ အဘွားလိုက့်လာတက်ပေမယ့် အဘိုးတစ်ယောက်ထဲ လာတဲ့အကြိမ်က ပိုများတယ် အဘိုးလာပြီဆို မုန့်ဟင်းခါးဝယ်တဲ့ တာဝန်က ကျွန်တော့်ဦးလေးနဲ့ ကျွန်တော့်တာဝန် ဦးရဲမရှိရင် ကျွန်တော်ပဲ သွားဝယ်ရတယ် အဘွားပါလာရင် အဘွားက အမေ့ကိုဆူရော အမေကရှင်းပြရတယ် အန်တီရယ်တဲ့ ကားလမ်းမကူးရပါဘူးတဲ့ ပြီးတော့ကျွန်တော်တို့ နေတဲ့လမ်းအဆုံးမှာ လမ်းသွယ်ရှိတယ်လေ အဲ့လမ်းသွယ်လေးဆုံးရင် တအိမ်နှစ်အိမ်ဆို ဦးချစ်တင်ဆိုင်ပဲ သူကအိမ်ဆိုင်ဆိုတော့ တနေ့လုံးရောင်းတယ် ညဘက်မှ သိမ်းတာ။

အဘွားက စိတ်မချဘူး အမေကတော့ စိတ်ချတယ် မဟုတ်ဘူးပေါ့ ကိုယ့်ရပ်ကွက်ဆိုတော့ စောက့်ရှောက့်တဲ့သူ များတယ်လေ ပြီးတော့ ကျွန်တော်နေခဲ့တဲ့ မူကြိုအိမ်ဘေးနားတင် တစ်ခုကောင်းတာက အမေခိုင်းရင် ဟိုဒီမဝင်တက်ဘူး အိမ်ကိုတည့်တည့်မတ်မတ် ပြန်လာတက်တယ် အဘိုးကတော့ ဘာမှမပြောဘူး။

အဘိုးလာရင် ယပ်ခတ်ပေးရတယ် မီးမလာရင် ကောက်ရိုးယပ်တောင် အဝိုင်းကြီးနဲ့ မမနဲ့မောင်လေးက ဒိုင်ခံခပ်ပေါ့ ကျွန်တော်က ခေါင်းကုတ်ပေးရတယ် ခေါင်းကုတ်တာက နဲနဲဘီးတချောင်းနဲ့ ဆော့နေတာ အဘွားတို့ အမေတို့က ဆံပင်ဖြူနှုတ်ခိုင်းတယ် အဲ့အချိန်ဆို ကျွန်တော်ဗျူတီပါလာ ဖွင့်ပြီ ဆံမြီးကျစ်လိုကျစ် ထုံးလိုထုံး စိတ်တိုင်းကျကို ဆော့တော့တာ အဲ့အချိန်က ငရဲကြီးမယ်လို့လည်း မတွေးခဲ့မိဘူး။

ကျွန်တော် ၆တန်းလောက့်မှာ အဘိုးတို့ခြံရောင်းလိုက့်တယ်
ကျောက်မြောင်းကို ပြောင်းသွားတယ် ကျောက်မြောင်း ၅ထပ်တိုက့်ကနေ သူ့သားကြီးစီ လာမြဲလာတာပဲ
အဖေ့ကိုလဲ အိမ်ရောင်းပြီး ကျောက့်မြောင်းမှာနေဖို့ အမြဲပြောတယ် သားသမီးတွေနဲ့ အတူတူနေချင်ရှာတယ်လေ ဦးလေးအလတ်က အဘိုးနဲ့အတူနေတယ် ဦးလေးအငယ်က သိမ်ဖြူမှာဆိုတော့ လမ်းလျှောက်သွားရင်တောင် ရောက်တယ် အဖေကပဲ ဥက္ကလာဆိုတော့ အဘိုးက သူ့အနားမှာ နေစေ့ချင်တယ်။

ကျွန်တော် ၉တန်းနှစ်မှာ ကျောက်မြောင်းကို ပြောင်းဖြစ်တယ် အိမ်မှာပြဿနာတက်တော့ အိမ်ကို ဈေးနှိမ်ရောင်းလိုက့်ရတယ် တိုက့်ခန်းတစ်ခန်း ပြန်ဝယ်နိုင်ပေမယ့် လုံးချင်းအိမ်နဲ့တော့ တော်တော်ကြီး နေထိုင်ရတာ ကွာဟသွားတယ်။

ကျွန်တော်တို့အိမ်က ကျောက်မြောင်းလမ်းထိပ် အဘိုးအိမ်က ကျောက်မြောင်းလမ်းထဲဆိုတော့ အဘိုးအတွက့်အဆင်ပြေသွားတယ် အဘိုးဆန္ဒမပြည့်ရှာပါဘူး သားတွေနဲ့ နီးနီးရှိတော့မှ လေဖြတ်သွားတယ် ညဆိုတချိန်လုံးပန်ကာ ဖွင့်အိပ်တယ် ဘာမီတွန်ကို အမြဲသောက်တယ်
ဆေးမတိုးတော့ဘူး အဘိုးကံလို့ပြောရမှာပဲ အဖေက အဆင်ပြန်ပြေလာတယ် အဘိုးကိုသေချာကုပေးနိုင်လိုက့်တယ် ကျန်တဲ့အချိန်အဖေငဲ့ညှာတာ အပြစ်ပြောခဲ့ပေမယ့် အဘိုးကိစ္စမှာတော့ ကျွန်တော်ဘာမှမပြောရက်ဘူး အဖေ့နေရာမှာ ကျွန်တော်ဆိုလဲ ကုမှာပဲလေ။

 SSC မှာတင်တယ် Dr မိမိချိုစီမှာပြတယ် ကျွန်တော်လည်း တော်တော်ပြုစုလိုက့်ရတယ် ကျန်တဲ့သူတွေက အလှည့်ကျအဘိုးကို ပြုစုကျပါတယ် အဘိုးကျွန်တော့်လက့်ကိုကိုင်ပြီး မျက်ရည်ဝဲတော့ တော်တော်ခံစားရတယ် သူသိတယ်လေ မရတော့မှန်း ကျွန်တော်က တက်နိုင်သလောက့် အားပေးတာပေါ့ အဘိုးရယ် ကောင်းသွားမှာပါပေါ့ အဘွားကလည်း မယားကောင်းပီသတယ်။

အဘိုးရှေ့မှာ တချက်မှ မျက်နှာမပျက်ဘူး ကိုသန်းရယ်ကောင်းသွားမှာပါ စိတ်မပူပါနဲ့တဲ့ ဆေးရုံလာရင် သနပ်ခါးအဖွေးသားနဲ့ ညဘက်တောင် သူစောင့်မယ်ဆိုလို့ သားတွေမှာဇွတ်တားရတယ် နာ့(စ်)လဲငှားတာပဲ အိမ်ကလူလည်းရှိတာပဲ ဆိုပြီး ဖျောင်းဖျရတယ် အဘိုးမဆုံးခင် ၁နှစ်ကျော်လုံးလုံး အဘွားပဲပြုစုရတာလေ လေဖြတ်ထားတော့ ချီးအစသေးအဆုံး တခါတခါေါးသထွက်ရင် အဘိုးကအော်သေးတာ အဘွားက ငယ်ချစ်ရော၊ငယ်ကြောက်ရောလေ။

အဘိုးမရတော့ဘူးဆိုတော့ သျှင်ပါကူကို ပြောင်းတယ် ဆေးရုံစရိတ်ကကြီးတော့ ဆရာမကပြောင်းခိုင်းတယ် Dr မိမိချိုသမားကောင်းပီသတယ် နောက့်ဆုံးတော့ အိမ်ကို ပြန်ခေါ်လာတယ် မြေးတွေအနားမှာနေပြီး ခြေဆုပ်လက်နယ်လုပ်ပေးရင် စိုက်ကြည့်ပြီး မျက်ရည်ကျနေရော ပြီးရင်လက့်ကို တင်းနေအောင်ဆုပ်ထားတယ်။

သူ့မြစ်လေးက ၄နှစ်မပြည့်သေးဘူးလေ ရတီကို့အဘိုးကချစ်တယ် အိပ်ယာပေါ်မလဲခင်က ထမင်းစားမယ်ဆို လက်သုတ်ပဝါယူခိုင်းတယ် ပါးစပ်ကို သုတ်ပေးခိုင်းတယ် ခေါင်းကုပ်ခိုင်းတယ် နှိပ်ခိုင်းတယ် ဟိုကမလုပ်တက် လုပ်တက်နဲ့ လုပ်ပေးတာကို သူသဘောကျနေရော။

အခုအချိန် အဘိုးကိုရှိစေချင်တယ် မြေးတွေလည်း အကုန်နီးပါး အိမ်ထောင်ကျကုန်ပြီ သားတွေလည်း မြေးတွေရနေပြီ အဘိုးသာရှိရင် အရမ်းပျော်နေမှာ အဘိုးရောက်ရာ အရပ်မှာ အဆင်ပြေပါစေ သူတော်ကောင်းကို နတ်ကောင်းမပါတယ် အဘိုး အသုဘချတဲ့နေ့က ဦးလေးအငယ်နဲ့ ကျွန်တော်အရင်လိုက့်သွားတယ် အအေးခန်းကထုတ်တော့ အဘိုကိုယ်ကနွေးနေတုန်းပဲ အိပ်နေတဲ့အတိုင်းလေးဗျာ အလောင်းပြင်တဲ့သူက ပြောတယ် တချို့လူမမာ အလောင်းတွေဆို အနံထွက်နေပြီတဲ့ အဘိုးစီက ဘာအနံအသက်မှ မရဘူးလေ အဘိုးလိုသူတော်ကောင်းကို ဘဝဆက်တိုင်း အဘိုးတော်ချင်ပါတယ် ကျွန်တော့်ဆန္ဒပြည့်ဝပါစေ။