Friday, January 13, 2012

ဘယ်သူ ကျွန်တော်နဲ့ ပြိုင်ငြင်းရဲလဲ ၁၃ ဆိုတာ Lucky ဆိုတာကို... ^___^


ထောင်ဆိုတာ ဘယ်လိုအရာလဲဆိုတာ ထောင်ကျဘူးတဲ့သူ (သို့မဟုတ်) အဲ့သူရဲ့ မိသားစုဝင် အဲ့လို ပတ်သတ်ဆက်နွယ်နေတဲ့ သူတွေကသာ အတွင်းကျကျ နားလည်တဲ့ ဝေါဟာရပါ။

နိုင်ငံရေးလုပ်တာ ဥပဒေ ပုဒ်မ ၅ည နဲ့ ငြိစွန်းလို့ ထောင်ကျခဲ့ရပေမင့် ဘယ်သူကရော ထောင်ထဲဝင်ချင်ပါ့မလဲဗျာ ထောင်ပါဆိုမှ ဘယ်လိုလာပြီး လိုလေသေးမရှိ ပြည့်စုံနေတဲ့ နိဗ္ဗာန်ဘုံကြီး ထင်နေသရော့လားဗျာ။

ဘယ်လို အကြောင်းကြောင်းကြောင့် ထောင်ထဲဝင်ရပါစေ အဆင်မပြေနိုင်ပါဘူး အဲ့လိုနေရာဒေသမှာ
 နှစ်ပေါင်းများစွာ နေခဲ့ရတဲ့သူတွေ လွတ်မြောက်လာခြင်းအတွက် ဝမ်းသာဂုဏ်ယူမဆုံး ဖြစ်မိပါတယ် ဒီနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တဲ့ လုပ်ရက်ဟာ သမ္မတကြီးဦးသိန်းစိန်အတွက့် သမ္မတသက်တမ်း ၅နှစ်မှာ အပြောင်မြောက်ဆုံး ဂုဏ်ထူးဆောင်လိုက်တဲ့ ဆုံးဖြတ်ချက်ပါပဲ ဒီဆုံးဖြတ်ချက်ရဲ့ နောက်မှာ ပါရှိတဲ့ ဂယက်ရိုက်ခက်မှုတွေကို (ပြည်သူတွေရဲ့ ဝမ်းသာပျော်ရွှင်ခြင်း၊ အစိုးအရအဖွဲ့ဝင်များရဲ့ ပြစ်တင်ဝေဖန်ခြင်းများ) 

သူလဲ ခံစားရမှာပါ။

ဘာပဲဖြစ်ဖြစ် သမ္မတကြီးအနေနဲ့ သူတက်နိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်ပြီးတော့ လုပ်ဆောင်ပေးပြီးပါပြီ ကျွန်တော်တို့ ပြည်သူတွေဘက်ကလဲ တက်နိုင်သလောက် ဝိုင်းကာဝန်းကာ ကြိုးပမ်းပေးဖို့ပဲ ကျန်ပါတော့တယ် ဘယ်လက်သမားဆရာမှ အိမ်တစ်လုံးကို တစ်ယောက်ထဲ မတည်ဆောက်နိုင်ပါဘူး ဒီလိုပါပဲ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးကိုလဲ သမ္မတကြီးဦးသိန်းစိန် တစ်ဦးထဲ ကြိုးပမ်းမပေးနိုင်ပါဘူး ဒီနေ့ကစပြီး ကျွန်တော်တို့လဲ ကိုယ်တက်နိုင်တဲ့ အခန်းကဏကနေ ကြိုးပမ်းပေးကြပါဆိုခင်ဗျာ။

No comments: