Saturday, January 28, 2012

အလွမ်း


အလွမ်း...
အဲ့စကားလုံးထဲမှာ
သိပ့်သည်းနေတဲ့ ဒြပ်တွေ
ခင်ဗျားမြင်ရဲ့လား...
ဖြူဖြူမဲမဲ
လူမှန်သမျှတော့
ကျဆုံးပေးရမြဲပေါ့...
၅၂၈၊ ၁၅၀၀၊ မေတ္တာ၊ ကိလေသာ
ဘာကြီးပဲပြောပြော
မလွမ်းတက်တဲ့ကောင်
ရုံသွင်းပြချင်လိုက်တာ...
သေးသေးလေးဖြစ်ဖြစ်
၉ လောက်ရှိရှိ
အိတ်ပေါက်ထဲထည့်ထည့်
ရင်ဘက်အလွတ်ကြီးထဲသိမ်းသိမ်း
ဒီကောင်က ကျမကွဲတက်ဘူး...
နားမလည်ရင်လဲ
ခေါက်သိမ်းလိုက်ပါ
ကျွန်တော်ကတော့...
လွမ်းတယ်...။

ညဝေးကြယ်။ ။