Thursday, January 26, 2012

အန်ချခြင်း

အချစ်...
နင်နဲ့ငါကြားမှာ ချည်နှောင်ထားတာ
အချစ်ဆိုတဲ့ စကားလုံး မဟုတ်ဘူး
ဘဝဆိုတဲ့...
စကားလုံးခက်နက်နက်လေးပါ
အချိန်ဆိုတာလဲ
ငါ မယုံကြည်ဘူးချစ်သူ
သံယောဇဉ်ဆိုတဲ့...
ကြိုးကိုတော့ ငါကြောက်တယ်
ငါ့ဘဝကို နင်ချည်နှောင်လိုက်တာ
သံယောဇဉ်...
အချစ်ဆိုတာ
ခပ်ပေါပေါကဗျာတစ်ပုဒ်ဆို
လူတွေငါ့ကိုသတ်မလား
ငါ အသေခံလိုက့်ပါမယ်...
သူတို့မသိတဲ့ ချည်နှောင်မှုကို
ငါရှင်းပြဖို့ မတန်ဘူးဟာ
အချစ်ဆိုတဲ့...
အပေါစားဝတ္တုကို
ခုံမင်နေတဲ့ လူတစ်သိုက်အတွက်
နင့်အတွက်အချိန်တွေ
ဖဲ့မပေးရပါစေနဲ့ဟာ
ငါ နင့်ကိုချစ်တယ်...
အပေါစားကဗျာ
အပေါစားဝတ္တု 
မဟုတ်ဖူး ချစ်သူ
ငါ့ရင်ဘက်က အန်ထုတ်လိုက့်တဲ့ ဘဝပါ။

ညဝေးကြယ်။ ။