Friday, January 27, 2012

သဘာဝလွန်

ဘာ...
ပန်းဖြစ်ချင်လို့
ခပ်သွမ်းသွမ်းရယ်သံ
လွင့်ကျလာတယ်...
ပွင့်ပြီးမှဖူးရအောင်
ရူးလှချီလား
ဆိုခရေးတီးလို
ကမ္ဘာကျော်ဖို့
မိုနာလီဇာလို
ပြုံးပြလိုက့်ပါလား...
အသံမဲ့စကားတခွန်း
ရင်ကိုမှန်သွားတယ်...
တဝက်တပျက်
မျက်နှာကိုရုတ်သိမ်း
ရေလောင်းပေးလိုက်ပါတယ်...။


ညဝေးကြယ်။ ။