Monday, May 30, 2011

ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ် (by Kaung Kin Ko on Monday, May 30, 2011 at 9:45am)


ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ်

သုည တလုံးဟာ
ရှေ့ဆုံးမှာ မနေသင့်ဘူး။

မင်းတို့ နေရာပျောက်မှာကြောက်တာနဲ့ 
ခန်းမတခုလုံး ဖျောက်ထားရသလား။

မိုးကြိုး လျှပ်စီးရယ်…
မင်း… ငါတို့ ကို ပစ်ခတ်ပြာချလည်း
မင်းလည်း ခဏပဲ လင်းမှာပါ။
လမင်းတော့ ဖြစ်လာမှာ မဟုတ်ဘူး။

သူငယ်ချင်းတို့ ရေ…
မိုးတိတ်မှ အပြင်ထွက်မယ်ဆိုတဲ့  စိတ်ဓာတ်တွေနဲ့ တော့ 
ဘယ်ကိုမှ ရောက်မှာ မဟုတ်ဘူး။

ယုံကြည်ချက်တွေကိုထမ်းပြီး
ကမ္ဘာသစ်ဆီသွားမယ်. လမ်းဟာ
ကြမ်းတော့ ကြမ်းလိမ့် မယ်။

ရှေ့မှာလည်း
တစ္ဆေတစ်ကောင်
သေနတ်ကိုင်ပြီး စောင့် နေတယ်။

တစ္ဆေမကြောက်သင့် တဲ့ အချိန်မှာတော့ 
ငါတို့ မျက်လုံးတွေ ကန်းသင့် ရင် ကန်းထားရလိမ့် မယ်။

ပြီးတော့ 
တောက်ပနေတဲ့ မျက်လုံးအသစ်တွေနဲ့ 
အိမ်မက်တွေကိုပဲ တည့် တည့် ကြည့် ပြီး
ရဲရဲဝ့ံဝံ့လျှောက်ရအောင်။

မီးပျက်နေတဲ့ ညတွေမို့ 
ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ်။

ကောင်းကင်ကို(2006 ခုနှစ်)

No comments: