Thursday, May 5, 2011

အဝေးက အိမ်..။


ပြန်ဆုံချင်ပါပြီ... ခွဲခဲ့ရတဲ့နေရက်များ လွမ်းရတဲ့နေ့များ ရှည်ကြာလွန်းနေပြီ...

“အိမ်ပြန်ချင်ပါပြီ ... ”

“၃၇၈ ရက်ရှိပါပြီ အိမ်ပြန်မရောက်ခဲ့သည် မှာ ...”

http://breeze-coolnfree.blogspot.com/2008/11/blog-post_28.html

အိမ်..

အပြင်လောက က
ထင်ထားတာထက် ရက်စက်တယ်
ငယ်ငယ်တုန်းက
အိမ်က ထွက်ပြေးချင်တယ်
အသက်ကြီးလာတော့
အိမ်ကို ပြန်ပြေးချင်တယ်
တကယ်တော့ အိမ်ဆိုတာ
အဖေနဲ့အမေ ရှိတဲ့နေရာပါပဲ...
သွေးတူမှ စီးလို့ရတဲ့ မြစ်ပါပဲ...
ကိုယ်ခေါင်းချချင်တဲ့ အရပ်ပါပဲ... ။

လွတ်ငြိမ်းလေပြေ

No comments: