Tuesday, May 24, 2011

ဟိုရောက် ဒီရောက်

Blog နဲ့ ကင်းကွာနေတာ ၂၃ ရက်ရှိပါပြီ တကယ်မထင်ခဲ့ဘူး အဲ့လိုကင်းကွာနေတာ ...
ဒီလိုပါပဲ ဘ၀ဆိုတာ သိပ်ပြီးမထူးဆန်းသလို သိပ်ပြီးမရိုးရှင်းပါဘူး ...
အလိုက်သင့်လေး မျောတက်ရအောင် ကျွန်တော်က ဗေဒါပင်မဟုတ်ပါဘူး အမေ.. ခံစားချက်ဆိုတာ ရှေ့တန်းတင်တက်တဲ့ ခပ်ညံ့ညံ့ လူတစ်ယောက်
ဒီလိုနဲ့ပဲ အသက်တစ်နှစ်ကြီးသွားခဲ့တာ ... ။

ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက်
ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက်
ချစ်မိသူလောက်တော့
ဘယ်သူမှ လူမိုက် မမည်။

နောက်ဆုံးတော့လည်း
ဘာမှ မဟုတ်ခဲ့ပါဘူး။
ကိုယ့်ရင်ဘတ်ကိုယ် အကြမ်းကြုတ်ဆုံး ဆွဲဖွင့်ပြီး
နေပူကြဲကြဲတွေ သွန်ချ ပစ်ရတာက လွဲရင်ပေါ့။

ငါ့ပင်လယ် ခဲလုံးတွေ ပြုတ်ကျ
ငါ့ရင်မှာ မီးပြတိုက် ထွန်းရ
ငါတစ်ယောက်တည်း လင်း .. လင်း နေတဲ့ည
ငါတစ်ကိုယ်ထဲ လင်းသွားတဲ့ည။

ငါ့ကိုယ်ငါ မိုးကြိုးတွေ ပစ်ချ
ငါ့ကိုယ်မှာ မီးစုန်းတွေ ထွက်ကျ
ငါတစ်ကိုယ်တည်း လင်း.. လင်းနေတဲ့ည။
ငါတစ်ယောက်ထဲ လင်းသွားတဲ့ည။

အရှင်လတ်လတ် လွမ်းလိုက်ရတာ
ဘာနဲ့မှကို မတူတော့ဘူး
မပွင့်ဘဲ ဖူးခဲ့ရတဲ့ ကောင်မို့
...
မှောင်တယ်။

တချို့လူတွေက
ဘ၀မှာ ကြယ်တွေ ကြွေကျခဲ့သတဲ့
ငြိမ်သက်စွာ ခရီးနှင်ကြဦးပေါ့ကွယ်
ကိုယ့်မှာက..
နေတွေ လတွေတောင် ကြွေကျခဲ့ဖူးပါတယ်။

ငါ့ကိုသတ်…ငါ့ရင်ဘတ်ကို ထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ်…။


ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ…
ကြောက်မက်ဖွယ်ရာ လူတွေရဲ့
မဟာဘုတ်ဗေဒင်ထဲမှာမှ
ငါကလည်း “အဓိပတိဘွား”ဖြစ်ချင်ခဲ့တာကိုး။
 

“မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပါပဲ…”
ခွဲခွာခြင်းဟာ …
ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေ လိမ်းသုတ်
နှလုံးသာတည့်တည့်ဆီ
ချိန်ရွယ်မောင်းဖြုတ်လိုက်တယ် …။
 

တာရာမင်းဝေ ကဗျာတွေပါ တပုဒ်လုံးတော့မဟုတ်ပါဘူး ဖတ်ရင်း ကိုယ်နဲ့ တိုက်ဆိုင်တဲ့ ခံစားချက်လေးတွေ ပြန်တင်ထားတာပါ ။ အမှန်က စာရေးမယ်ဆိုပြီး ၀င်လိုက်တယ် အနေဝေးရင် သွေးအေးတယ်တဲ့ သက်ရှိမဟုတ်တဲ့ ကျွန်တော့် Blog လေးတောင် တစိမ်းဆန်နေတယ် ။ မရေးဖြစ်တော့ဘူး အချိန်တွေတာ ကုန်သွားတယ် ဘယ်ကဘယ်လို စရေးရမလဲ မသိတော့သလို ဘယ်အကြောင်းရေးရမယ်မှန်း မသိတော့တာ ။ ဒီလိုပါပဲ လူဆိုတာ အဲ မဟုတ်ဘူး ကျွန်တော်ဆိုတာ အဖေပြောတဲ့ စကားလေးလို ယောင်ခြောက်ဆယ် ဖြစ်နေတာ ။

No comments: