အရှေ့အရပ်ကနေအနောက်အရပ်အထိ တောင်အရပ်ကနေမြောက်အရပ်အထိ အားလုံးသိကြပြီးပြီ။ ငါကတစ်ခါတလေမှဖြူစင်သူဆိုတာ.. (ဝေမှုးသွင်)
Monday, May 30, 2011
ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ် (by Kaung Kin Ko on Monday, May 30, 2011 at 9:45am)
ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ်
သုည တလုံးဟာ
ရှေ့ဆုံးမှာ မနေသင့်ဘူး။
မင်းတို့ နေရာပျောက်မှာကြောက်တာနဲ့ 
ခန်းမတခုလုံး ဖျောက်ထားရသလား။
မိုးကြိုး လျှပ်စီးရယ်…
မင်း… ငါတို့ ကို ပစ်ခတ်ပြာချလည်း
မင်းလည်း ခဏပဲ လင်းမှာပါ။
လမင်းတော့ ဖြစ်လာမှာ မဟုတ်ဘူး။
သူငယ်ချင်းတို့ ရေ…
မိုးတိတ်မှ အပြင်ထွက်မယ်ဆိုတဲ့  စိတ်ဓာတ်တွေနဲ့ တော့ 
ဘယ်ကိုမှ ရောက်မှာ မဟုတ်ဘူး။
ယုံကြည်ချက်တွေကိုထမ်းပြီး
ကမ္ဘာသစ်ဆီသွားမယ်. လမ်းဟာ
ကြမ်းတော့ ကြမ်းလိမ့် မယ်။
ရှေ့မှာလည်း
တစ္ဆေတစ်ကောင်
သေနတ်ကိုင်ပြီး စောင့် နေတယ်။
တစ္ဆေမကြောက်သင့် တဲ့ အချိန်မှာတော့ 
ငါတို့ မျက်လုံးတွေ ကန်းသင့် ရင် ကန်းထားရလိမ့် မယ်။
ပြီးတော့ 
တောက်ပနေတဲ့ မျက်လုံးအသစ်တွေနဲ့ 
အိမ်မက်တွေကိုပဲ တည့် တည့် ကြည့် ပြီး
ရဲရဲဝ့ံဝံ့လျှောက်ရအောင်။
မီးပျက်နေတဲ့ ညတွေမို့ 
ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ်။
ကောင်းကင်ကို(2006 ခုနှစ်)
Tuesday, May 24, 2011
ဟိုရောက် ဒီရောက်
Blog နဲ့ ကင်းကွာနေတာ ၂၃ ရက်ရှိပါပြီ တကယ်မထင်ခဲ့ဘူး အဲ့လိုကင်းကွာနေတာ ...
ဒီလိုပါပဲ ဘ၀ဆိုတာ သိပ်ပြီးမထူးဆန်းသလို သိပ်ပြီးမရိုးရှင်းပါဘူး ...
အလိုက်သင့်လေး မျောတက်ရအောင် ကျွန်တော်က ဗေဒါပင်မဟုတ်ပါဘူး အမေ.. ခံစားချက်ဆိုတာ ရှေ့တန်းတင်တက်တဲ့ ခပ်ညံ့ညံ့ လူတစ်ယောက်
ဒီလိုနဲ့ပဲ အသက်တစ်နှစ်ကြီးသွားခဲ့တာ ... ။
ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက်
ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက်
ချစ်မိသူလောက်တော့
ဘယ်သူမှ လူမိုက် မမည်။
နောက်ဆုံးတော့လည်း
ဘာမှ မဟုတ်ခဲ့ပါဘူး။
ကိုယ့်ရင်ဘတ်ကိုယ် အကြမ်းကြုတ်ဆုံး ဆွဲဖွင့်ပြီး
နေပူကြဲကြဲတွေ သွန်ချ ပစ်ရတာက လွဲရင်ပေါ့။
ငါ့ပင်လယ် ခဲလုံးတွေ ပြုတ်ကျ
ငါ့ရင်မှာ မီးပြတိုက် ထွန်းရ
ငါတစ်ယောက်တည်း လင်း .. လင်း နေတဲ့ည
ငါတစ်ကိုယ်ထဲ လင်းသွားတဲ့ည။
ငါ့ကိုယ်ငါ မိုးကြိုးတွေ ပစ်ချ
ငါ့ကိုယ်မှာ မီးစုန်းတွေ ထွက်ကျ
ငါတစ်ကိုယ်တည်း လင်း.. လင်းနေတဲ့ည။
ငါတစ်ယောက်ထဲ လင်းသွားတဲ့ည။
အရှင်လတ်လတ် လွမ်းလိုက်ရတာ
ဘာနဲ့မှကို မတူတော့ဘူး
မပွင့်ဘဲ ဖူးခဲ့ရတဲ့ ကောင်မို့
...
မှောင်တယ်။
တချို့လူတွေက
ဘ၀မှာ ကြယ်တွေ ကြွေကျခဲ့သတဲ့
ငြိမ်သက်စွာ ခရီးနှင်ကြဦးပေါ့ကွယ်
ကိုယ့်မှာက..
နေတွေ လတွေတောင် ကြွေကျခဲ့ဖူးပါတယ်။
ငါ့ကိုသတ်…ငါ့ရင်ဘတ်ကို ထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ်…။
ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ…
ကြောက်မက်ဖွယ်ရာ လူတွေရဲ့
မဟာဘုတ်ဗေဒင်ထဲမှာမှ
ငါကလည်း “အဓိပတိဘွား”ဖြစ်ချင်ခဲ့တာကိုး။
“မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပါပဲ…”
ခွဲခွာခြင်းဟာ …
ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေ လိမ်းသုတ်
နှလုံးသာတည့်တည့်ဆီ
ချိန်ရွယ်မောင်းဖြုတ်လိုက်တယ် …။
တာရာမင်းဝေ ကဗျာတွေပါ တပုဒ်လုံးတော့မဟုတ်ပါဘူး ဖတ်ရင်း ကိုယ်နဲ့ တိုက်ဆိုင်တဲ့ ခံစားချက်လေးတွေ ပြန်တင်ထားတာပါ ။ အမှန်က စာရေးမယ်ဆိုပြီး ၀င်လိုက်တယ် အနေဝေးရင် သွေးအေးတယ်တဲ့ သက်ရှိမဟုတ်တဲ့ ကျွန်တော့် Blog လေးတောင် တစိမ်းဆန်နေတယ် ။ မရေးဖြစ်တော့ဘူး အချိန်တွေတာ ကုန်သွားတယ် ဘယ်ကဘယ်လို စရေးရမလဲ မသိတော့သလို ဘယ်အကြောင်းရေးရမယ်မှန်း မသိတော့တာ ။ ဒီလိုပါပဲ လူဆိုတာ အဲ မဟုတ်ဘူး ကျွန်တော်ဆိုတာ အဖေပြောတဲ့ စကားလေးလို ယောင်ခြောက်ဆယ် ဖြစ်နေတာ ။
ဒီလိုပါပဲ ဘ၀ဆိုတာ သိပ်ပြီးမထူးဆန်းသလို သိပ်ပြီးမရိုးရှင်းပါဘူး ...
အလိုက်သင့်လေး မျောတက်ရအောင် ကျွန်တော်က ဗေဒါပင်မဟုတ်ပါဘူး အမေ.. ခံစားချက်ဆိုတာ ရှေ့တန်းတင်တက်တဲ့ ခပ်ညံ့ညံ့ လူတစ်ယောက်
ဒီလိုနဲ့ပဲ အသက်တစ်နှစ်ကြီးသွားခဲ့တာ ... ။
ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက်
ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက်
ချစ်မိသူလောက်တော့
ဘယ်သူမှ လူမိုက် မမည်။
နောက်ဆုံးတော့လည်း
ဘာမှ မဟုတ်ခဲ့ပါဘူး။
ကိုယ့်ရင်ဘတ်ကိုယ် အကြမ်းကြုတ်ဆုံး ဆွဲဖွင့်ပြီး
နေပူကြဲကြဲတွေ သွန်ချ ပစ်ရတာက လွဲရင်ပေါ့။
ငါ့ပင်လယ် ခဲလုံးတွေ ပြုတ်ကျ
ငါ့ရင်မှာ မီးပြတိုက် ထွန်းရ
ငါတစ်ယောက်တည်း လင်း .. လင်း နေတဲ့ည
ငါတစ်ကိုယ်ထဲ လင်းသွားတဲ့ည။
ငါ့ကိုယ်ငါ မိုးကြိုးတွေ ပစ်ချ
ငါ့ကိုယ်မှာ မီးစုန်းတွေ ထွက်ကျ
ငါတစ်ကိုယ်တည်း လင်း.. လင်းနေတဲ့ည။
ငါတစ်ယောက်ထဲ လင်းသွားတဲ့ည။
အရှင်လတ်လတ် လွမ်းလိုက်ရတာ
ဘာနဲ့မှကို မတူတော့ဘူး
မပွင့်ဘဲ ဖူးခဲ့ရတဲ့ ကောင်မို့
...
မှောင်တယ်။
တချို့လူတွေက
ဘ၀မှာ ကြယ်တွေ ကြွေကျခဲ့သတဲ့
ငြိမ်သက်စွာ ခရီးနှင်ကြဦးပေါ့ကွယ်
ကိုယ့်မှာက..
နေတွေ လတွေတောင် ကြွေကျခဲ့ဖူးပါတယ်။
ငါ့ကိုသတ်…ငါ့ရင်ဘတ်ကို ထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ်…။
ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ…
ကြောက်မက်ဖွယ်ရာ လူတွေရဲ့
မဟာဘုတ်ဗေဒင်ထဲမှာမှ
ငါကလည်း “အဓိပတိဘွား”ဖြစ်ချင်ခဲ့တာကိုး။
“မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပါပဲ…”
ခွဲခွာခြင်းဟာ …
ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေ လိမ်းသုတ်
နှလုံးသာတည့်တည့်ဆီ
ချိန်ရွယ်မောင်းဖြုတ်လိုက်တယ် …။
တာရာမင်းဝေ ကဗျာတွေပါ တပုဒ်လုံးတော့မဟုတ်ပါဘူး ဖတ်ရင်း ကိုယ်နဲ့ တိုက်ဆိုင်တဲ့ ခံစားချက်လေးတွေ ပြန်တင်ထားတာပါ ။ အမှန်က စာရေးမယ်ဆိုပြီး ၀င်လိုက်တယ် အနေဝေးရင် သွေးအေးတယ်တဲ့ သက်ရှိမဟုတ်တဲ့ ကျွန်တော့် Blog လေးတောင် တစိမ်းဆန်နေတယ် ။ မရေးဖြစ်တော့ဘူး အချိန်တွေတာ ကုန်သွားတယ် ဘယ်ကဘယ်လို စရေးရမလဲ မသိတော့သလို ဘယ်အကြောင်းရေးရမယ်မှန်း မသိတော့တာ ။ ဒီလိုပါပဲ လူဆိုတာ အဲ မဟုတ်ဘူး ကျွန်တော်ဆိုတာ အဖေပြောတဲ့ စကားလေးလို ယောင်ခြောက်ဆယ် ဖြစ်နေတာ ။
Sunday, May 8, 2011
ပြီးပါပြီ
နွေကလည်း တမြေ့မြေ့ တောက်လောင်လို့...
မိုးကလည်း တိုးတိုးတိတ်တိတ် ငိုနေလို့...
နှင်းတွေကလည်း တဖွဲဖွဲ ခုန်ဆင်းလို့...
ကျွန်တော်လည်း သူတို့နဲ့အတူ
တငွေ့ငွေ့ ကျွမ်းလောင်နေလို့ပေါ့
ဒီလိုနဲ့ပဲ တစ်ရက်ပြီးတစ်ရက်
ကျွန်တော့်ကို ၀ါးမြိုသွားတာ... ။
နွေခေါင်ခေါင်ကြီးမှာ စိတ်ဓါတ်တွေက
မိုးပေါက်တွေလို မြေပေါ်ခုန်ဆင်းနေတယ် မေ..
မျှော်လင့်ခြင်းတွေက ရွက်ဝါတွေလို
တဖွဲဖွဲမြေခနေလို့ ...
ဒီလို့နဲ့ပဲ ကျွန်တော်အသက် တစ်နှစ်ကြီးသွားရတာ ...
ခုချိန်ထိ အိမ်မက်မက်နေတုံးပဲ မေ..
ရွှေဘုန်းလူစကားနဲ့ဆို
ကိုယ့်ကိုကိုယ်တော့ သိတာပေါ့မေရယ်
ကျွန်တော် ညံ့တဲ့ကောင်ဆိုတာ ... ။
အက်ရာထင်သွားတဲ့ ပစ္စည်းတစ်ခုတောင်
အကောင်းအတိုင်း မရှိနိုင်တာ
ကြေကွဲသွားတဲ့ ခံစားချက်တစ်ခုကို
ကျွန်တော်ဘာလို့ အကောင်းအတိုင်း
ပြန်လိုချင်နေရတာလဲ မေ..
မဖြစ်နိုင်တော့ပါဘူး ခုအချိန်မှာတော့
အရာအားလုံး ဖရိုဖရဲ ပြီးဆုံးသွားခဲ့တာ... ။
ရာသီဥတုက သာယာနေတယ် မေ..
မာရှယ်လောတော့ ရုပ်သိမ်းသွားပြီ
ဒီည ကျွန်တော်
နှစ်နှစ်ခြိုက်ခြိုက် အိပ်ချင်တယ် မေ... ။
ဒီလိုနဲ့ပဲ..........
ကျွန်တော်...........
အနည်ထိုင်သွားရတာ....
???.................
အမြဲတမ်း အမေ့ကို တမ်းတနေတဲ့
ကောင်ဆိုတော့ အများကြီး မရေးတော့ပါဘူး
ပျော်ရွှင်ဖွယ်ကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်ပါစေ
ဒီနေ့မှစ၍... ။
မေ.. ကိုယ့်ဘာသာ ကြော်ညာလိုက်ပါတယ်
ကျွန်တော် လူလိမ္မာ လုပ်တော့မယ်လို့... ။
8th May 2011
Sunday
Thursday, May 5, 2011
အဝေးက အိမ်..။
ပြန်ဆုံချင်ပါပြီ... ခွဲခဲ့ရတဲ့နေရက်များ လွမ်းရတဲ့နေ့များ ရှည်ကြာလွန်းနေပြီ...
“အိမ်ပြန်ချင်ပါပြီ ... ”
“၃၇၈ ရက်ရှိပါပြီ အိမ်ပြန်မရောက်ခဲ့သည် မှာ ...”
http://breeze-coolnfree.blogspot.com/2008/11/blog-post_28.html
အိမ်..
အပြင်လောက က
ထင်ထားတာထက် ရက်စက်တယ်
ငယ်ငယ်တုန်းက
အိမ်က ထွက်ပြေးချင်တယ်
အသက်ကြီးလာတော့
အိမ်ကို ပြန်ပြေးချင်တယ်
တကယ်တော့ အိမ်ဆိုတာ
အဖေနဲ့အမေ ရှိတဲ့နေရာပါပဲ...
သွေးတူမှ စီးလို့ရတဲ့ မြစ်ပါပဲ...
ကိုယ်ခေါင်းချချင်တဲ့ အရပ်ပါပဲ... ။
လွတ်ငြိမ်းလေပြေ
Subscribe to:
Posts (Atom)