Thursday, April 7, 2011

ကျွန်တော့်အိမ်

ကျွန်တော့်အိမ်
ညကအိမ်ကို ဖုန်းဆက်ဖြစ်တယ် အမေကသတိရနေတယ်တဲ့ အရင်နှစ်ဒီအချိန်ဆို အိမ်ကိုပြန်ရောက်နေပြီလေ အရင်ကဆို အိမ်ကိုဖုန်းဆက်လို့ သတိရတယ်မပြောရင် ကောက်နေကျ ခုတော့သတိရတယ်ဆိုတဲ့ စကားက ပိုနာကျင်စေတယ်..

အိမ်ကိုခုတလော ခဏခဏသတိရနေတယ် Passport ကလဲရမှာဆိုတော့ ပြန်လို့မရဘူး နှစ်ကုန်ရင်တော့ ကြိုးစားပြီးပြန်ပါမယ် အရင်နှစ်တွေလို သူငယ်ချင်းတွေနဲ့ မ Date တော့ပါဘူး တစ်လဆိုတာခဏလေးလေ အိမ်မှာပဲ နေတော့မယ် ဒီတစ်ခေါက်တော့..

ပြန်မေးကြည့်တယ် ဒီမှာနေတော့ ဘာလုပ်ပေးနိုင်လဲလို့ ဘာမှတော့မလုပ်ပေးနိုင်ပါဘူး ဒါပေမယ့် ကိုယ့်ဘာသာတော့ ရပ်တည်နိုင်တယ်လေ အိမ်ကမထောက်ပံ့ရဘူးပေါ့ Just money နော် တခြားဟာတွေတော့ အိမ်က Support လုပ်ပေးနေရတုန်း..

အိမ်မှာနေရင် သေချာတာက လည်ရာပြန်စားရေး (သို့) ဆာလာအိပ် လုပ်နေမှာ ညဏ်ရည်မမှီဘူး ဆိုရအောင်လည်း မဟုတ်ပြန်ဘူး လူခန္ဓာကိုယ်မဖွံ့ဖြိုးတာလား တခုခုတော့ ချို့ယွင်းနေတာ ဖြစ်မှာပေါ့ ဒီအသက်ရောက်နေတာတောင် ကလေးတစ်ယောက်လို အိမ်ကိုတွယ်တာနေရတာ..

တခါတခါ ကိုယ့်ကိုကိုယ် ခံပြင်းမိတယ် စိတ်ပျက်တာနဲ့မတူဘူးနော် ခံပြင်းတယ်ဆိုတဲ့ အဓိပ္ပါယ်က စိတ်ပျက်တာက ခဏပဲ ခံပြင်းတာက တဖြည်းဖြည်း ကြီးထွားလာတာ အသုံးမကျဘူးပေါ့ အရာမ၀င်ဘူးပေါ့ လူရာမ၀င်ချင်ပါဘူး ကိုယ့်ဘာသာ အသိအမှတ်ပြုချင်တာ ငါလုပ်နိုင်တယ်ဆိုတဲ့ ခံစားမှုလိုချင်တာ ခုတော့..

ဘ၀ဆိုတာ တောင်ကုန်း တစ်ခုလိုပဲလေ အဆင်းအတက် အကွေ့အကောက်တော့ ရှိမှာပေါ့ လမ်းပြေပြေ သွားရတဲ့ အခိုက်မှာ ပျော်ရွှင်ရသလို လမ်းကြမ်းတော့လဲ ပင်ပန်းရတာပဲလေ အမြဲတမ်းတော့ ဘယ်သူမှ မပင်ပန်းနေပါဘူး..

နားလည်တယ် ကျွန်တော့်ဗီဇကိုယ်က သူများထက် သိလွယ်တက်လွယ်တယ် အဖေပြောသလိုပေါ့ ငါ့သမီးက ၀ီရိယလေးတစ်ခုလိုနေတာ ၀ီရိယတင်မကဘူး ဖေရယ် သီးမခံနိုင်တာ လောကဓံကို ကလေးမဟုတ်တော့ပါဘူးကွာ ဘာလို့များ ဒီအချိန်ထိ ကလေးဆန်နေရတာလဲ ကိုယ့်ဘာသာဆုံးမရတာ တော်တော်မလွယ်တဲ့ ကိစ္စပါ..

နှစ်လဲကူးတော့မယ် နှစ်ဟောင်းမှာ ဒီစိတ်ဓါတ်ကို ထားပြစ်နိုင်ခဲ့ရင် ကောင်းမှာပါ မေရယ် ကျွန်တော် အတောင်မစုံတာလား မပျံနိုင်တာလား ဒီတစ်ခေါက် အိမ်ပြန်လမ်းက အပြောင်းအလဲများနဲ့ ကျွန်တော့်ကို စောင့်နေပါတယ် .. ။