Friday, April 1, 2011

သင်္ကြန် ခံစားမှု


နှစ်သစ်မှာ လူသစ် စိတ်သစ် ဘ၀သစ်နဲ့ ပျော်ရွှင်ပါစေနော် ။
http://www.youtube.com/watch?v=4mvY_YilH7c&feature=related 1st Apirl
1st April သင်္ကြန်ရောက်ရန် ၁၂ ရက်သာလိုပါတော့၏ ။
အရင်နှစ်သစ်ကူးမှာ အပျော်နဲ့ဖြတ်သန်းခဲ့ပါတယ် ဒီနှစ်ကူးမှာတော့ ?? :)

tonight wanna drink but dont have partner so don't drink !! :(
Bad Bro i really miss u
Thingyan is coming i can't go back ygn really really missing :'( 

ကျွန်တော့်ရဲ့ ခပ်ဆိုးဆိုး မောင်လေးကို သတိရပါတယ် (ဖိုးပြည့်) ကြွက်တွင်းလို့ ခေါ်ရလောက်အောင် သင်္ကြန်ဆို အသေသောက်ပါတယ် ဒါပေမယ့် သူ့ဗီဇက ညက်တယ်ဗျ သွေးအေးတယ် လက်ယဉ်တယ် ရန်ဖြစ်ဖူးတယ် အိမ်ကတောင်မသိဖူး သူကအရင်ဆော်ပြီး လစ်သွားတာပဲတဲ့ :D

အိမ်မှာ အလွန်ဆိုးပါတယ် မမကဆူလဲဆူပါတယ် သူဖွသမျှကို ဒိုင်ခံရှင်းပါတယ် သူ့အနွံအတာ အများဆုံးခံရပါတယ် ကျွန်တော်နဲ့က အထက်အောက်လဲဖြစ် အင်္ဂါတွေဆိုတော့ မတည်ဖူး သင်္ကြန်ဆိုရင်တော့ peace ပဲ :) နှစ်ယောက်လုံး အမုန်းကဲချင်တော့ အဖေ့ကိုလည်ဖို့ စည်းရုံးရေးဆင်းရတယ်

သူကအိမ်မှာသာ အရမ်းဆိုးတာ တစိမ်းတွေဆိုရင် အလွန်သည်းခံတက့်ပါတယ် သင်္ကြန်ဆိုရင် ကျွန်တော်က သောက်ပြီးရင် သွေးဆူပါတယ် နဲနဲလေးလာငြိရင်တောင် ရန်ဖြစ်ချင်တယ် ကျွန်တော့် Bro ကပြန်ထိန်းနေရတယ် ရွှေပြည်အေးတရားဟောတယ် တကယ်ဆို သူကအငယ်ဆုံးပါ ကျွန်တော့်ထက် ၄ နှစ်ကျော် ငယ်ပါတယ် အကြီးဖြစ်တဲ့ ကျွန်တော်က သောင်းကျန်းနေတာလေ :P ၁၅ရက်နေ့ဆို လည်နေကျပါ အတက်ကိုအိမ်က ရန်ဖြစ်မှာဆိုးလို့ ပေးမလည်ဖူး အကြတ်နေ့ပဲ လည်ရပါတယ်

ဒီနှစ်တော့ သင်္ကြန်ကိုငြိမ်ငြိမ်လေး ဖြတ်သန်းရမှာပေါ့နော် အိမ်ကိုလွမ်းတဲ့စိတ်လေးရယ် ကွဲအက်သွားတဲ့နှလုံးသားတစ်ခုနဲ့

ထပ်ပြီးဆုတောင်းလိုက်ပါတယ် “နှစ်သစ်မှာ လူသစ် စိတ်သစ် ဘ၀သစ်နဲ့ ပျော်ရွှင်ပါစေနော်... ”