Thursday, January 13, 2011

အိပ်မက်များ၏မြို့တော်..။

ဘယ်အရာကအဆုံးဖြစ်မလဲ..ကျွန်တော့်ဒိုင်ယာရီထဲ မှာ စာကြောင်းတစ်ကြောင်းကို ပုဒ်မ ချလိုက်တိုင်း နောက်တစ်ကြောင်းပြန်စနေတာ..ဖြစ်နိုင်ရင် အဆုံးမသတ်ပါရစေနဲ့..
ကြွက်တစ်ကောင်ကို မနိုင်တဲ့လူနှစ်ယောက်အကြောင်းရုပ်ရှင်ဇတ်ကားကြည့်ပြီလှောင်ရယ်နေမိတယ်..
ကျွန်တော့်ကိုရော လှောင်ရယ်နေမလားမသိဒါဟာအချစ်တဲ့လား..အဲဒါအချစ်တဲ့လား...
ကောင်းကင်ကိုမော့ကြည့်ပြီးမှ ခေါင်းပန်းလှန်လိုက်တယ် ကဲ ကံကြမ္မာရေ ဘာကြေးထပ်လောင်းမှာလဲ. . . ။
တစ်နေ့နေ့တော့ဖြစ်မှာပေါ့အော်ဖြစ်ချင်မှလဲဖြစ်မှာပေါ့ ဖြစ်နိုင်မှလဲဖြစ်မှာမဖြစ်နိုင်တာဘာရှိလဲ(တဲ့)အားလုံးပဲ..အရင်ဆုံး ဒီပုလင်းလေးထဲက ထွက်ခွင့်ပေးပါ။
တစ်နေ့မှာ နေသာမယ် ၊ လေလာမယ် ၊မေခလာ လာမယ်ဟုတ်လားတော်ပါတော့ မဟာဇနကလဲ သူ့ကိုမျှော်ခဲ့တာမှမဟုတ်ပဲ။
သားမပါဘူး ဆရာမအမေဈေးရောင်းခိုင်းနေတာပါ ဆရာမစာအုပ်ပြောက်သွားလို့ပါ ဆရာမရေဘူးမှောက်ကြတာပါ ဆရာမ တစ်ခါတုန်းက ငါတို့တွေ ဝိုးတိုးဝါးတား အပြုံးတွေ..
ဘုရားသခင်ဆိုတဲ့ ငနဲက တော်တော်အရေးမပါတာတဲ့သူမဟုတ်ပါဘူး သူ့ဖန်ဆင်းရှင်တွေက အရေးမပါတာ..
တုတ်မကြိုးချင်ပါဘူး၊ကြိုးတော့ လာမတုတ်နဲ့ပေါ့ကွယ်. . . ငါ့ကိုငါတောင် အနိုင်နိုင်ဖတ်ရှုနေခဲ့ရပေါ့. . . ။
တစ်ခုခုကိုမေ့လျော့ခဲ့ဖို့ ငါတို့အဆင်သင့်ဖြစ်နေကြပြီတစ်ယောက်နဲ့ တစ်ယောက်တူညီတဲ့ အနာဂါတ်တစ်ခု မဖန်တီးနိုင်ချိန်မှာ မေ့လိုက်ပါဆိုတဲ့စကားက အဆင်သင့်ဖြစ်စေခဲ့တယ်..ဘယ်တုန်းက သိခဲ့ကြတာလဲ မသိ?
ဖြစ်နိုင်မယ်ဆိုရင်တော့ ကျွန်တော်ဂစ်တာ တီးချင်ပါသေးတယ်  ဒါပေမဲ့ ကျွန်တော် ကြိုးပြတ်မှာကြောက်နေသေးတယ်ဟုတ်တယ် သံဇဉ်လှလှလေးတွေထွက်လာဖို့ကို ကြိုးတစ်ချောင်းရင်းနှီးရမယ်ဆိုရင် သိပ်သဘာ၀မကြဘူးကဲဒါဆို ဒီကြိုးက ပြတ်မှာသေချာနေပြီလား? (ဟင့်အင်း)ဒါဆို ကြိုးက မပြတ်ဘူးရောအာမခံမလား?(ဟင့်အင်း)ဒါဆိုဘာကြီးလဲ... ပြောပါ ဘ၀ဆိုတာဘာကြီးလဲ..
မြွေဟောက်တစ်ကောင်နဲ့ရင်ဆိုင်တွေ့ခဲ့တယ် ၊ မချိုမချဉ်မျက်နှာနဲ့ကျွန်တော့်ကိုပြုံးပြတယ်..သူ့ညို့ချက်ထဲမှာချာချာလည် အချိန်တွေဘယ်လောက်ကုန်သွားတယ်မသိ တစ်စက္ကန့်.. နှစ်စက္ကန့်.. သုံးစက္ကန့်..နောက်ဆုံး စက္ကန့်လေးတွေမှာ ဘ၀တစ်ခုစာ သာယာခဲ့ပါတယ်
သူက ကမ္ဘာကြီးနဲ့ မျက်နှာချင်းမဆိုင်ချင်လို့ ထွက်ပြေးတယ် ကမ္ဘာကြီးကတော့ သူ့နောက်ကိုလိုက်တယ်ဒီလိုနဲ့ လရောင်ဟာ ရက်သုံးဆယ်မှာ ၂ကြိမ်သာ ကမ္ဘာကြီးနဲ့ မျက်နှာလွှဲခွင့်ရနေတာပေါ့ကွယ်...
ကဲကဲ ပုံပြင်လေးကတော့ ဒါပါပဲကွယ် ကလေးတို့လဲမှတ်ထားကြပါ ဘ၀ဆိုတာ သူ့ဟာသူသာ သောက်သလွဲဖြစ်နေတဲ့ ဟာကြီးပါ တခြားဘာတန်ဖိုးမှမရှိပါဘူး..
သူကနာမည်ကြီး? အော်သိပြီ အုတ်ဂူနံပါတ်ဘယ်လောက်မှာလဲ....တွေ့လား ကျွန်တော်က အမြင်ကတ်ဖို့ကောင်းလောက်အောင် အရွဲ့တိုက်တက်တာ..
အနာဂတ်ကို ယုံကြည်မှုရှိပါသလား(တဲ့)အော် မသိလို့ ယုံကြည့်မှုမှာရော အနာဂါတ်ရှိပါသလား[-]ခွပ်... (ဆွဲထိုးလိုက်တယ်)ကျေးဇူးပြုပြီး ကျွန်တော့်ကို အနာဂါတ်အကြောင်းမပြောပါနဲ့..
ဆက်ရေးစရာက ကုန်သလောက်ဖြစ်နေပါပြီ ခက်နေတာက နှလုံးသားကြီးကခုန်နေတာအသက်ရှင်ရတာ လဲပင်ပန်းတယ်အသက်ရှူရတာ လဲပင်ပန်းတယ်ယိုင်နဲ့နဲ့မြင်ကွင်းတွေနဲ့ မှန်ဘောင်လေးထဲမှာ အသက်ရှင်ရတာထက်စာရင် တစ်ခါထဲသေသွားတာက ပိုကောင်းဦးမယ်ငါးလေးတွေကို ချစ်လွန်းလို့ မမွေးမြူခဲ့တာပါကွယ်
ကျွန်တော်တစ်ခါတုန်းက တစ်ခုခုကိုဖန်တီးခဲ့တယ်ကျွန်တော်သေသွားတဲ့ တစ်နေ့မှာ ထိုအရာလေး ကျန်ရစ်နေခဲ့တယ် ကျွန်တော့်ရဲ့ နောက်ဆုံးဒိုင်ယာရီစာကြောင်းလေးကို အလိုမတူစွာ ပုဒ်မချခဲ့ရတဲ့နေ့တုန်းက ကျွန်တော့် ကိုယ်ကျွန်တော် ဆုံးရှုံးခဲ့တယ် မငိုကြပါနဲ့ကျွန်တော်ကိုယ်တိုင် မကျန်ရင်တောင် အလံတော့ထားခဲ့မယ် တစ်မိုးသောက်ရဲ့ အာရုဏ်အောက်မှာ ညှိးငယ်စွာ ထွန်းလင်းခဲ့ရဘူးပါတယ်
လူတစ်ယောက်ရဲ့လွှမ်းမိုးမှုကို လွယ်လွယ်ကူခံရတယ်တဲ့မယုံဘူးလားကျွန်တော်စကားပြောလဲ ကူးစက်လွယ်တယ်ကျွန်တော်စာဖတ်လဲ ကူးစက်လွယ်တယ်ကျွန်တော်က ပတ်၀န်းကျင်အပေါ်လိုက်ပြီး အလိုမတူစွာ ပြောင်းလဲတက်ပါတယ် ကျွန်တော့်ကို ကျွန်တော်လဲ နားမလည်..
သေရတာပင်ပန်းပါတယ်..... ဒါပေမဲ့ ဒီခန္ဒာကြီးကိုအသစ်လဲဖို့ပဲဖြစ်နိုင်ရင် အကြိမ်ကြိမ်သေချင်ပါသေးတယ်အမှန်ကိုမြင်ခဲ့သော်လဲ အမြင်မမှန်နိုင်သေးလေတော့ ဘ၀ဟာ အလင်းရောင် တိုးမပေါက်လောက်အောင် မှောင် ပေ တာ ပေါ့ . . . . ။
ကျွန်တော်က အိမ်မြှောင်တစ်ကောင်ပါ မသေချာတဲ့ အနာဂတ်တွေကို ပြုံးပြကာ ပက်လက် အိပ်စက်နေပါတယ်တစ်ခုခုဆုံးရှုံးမှ နေသာထိုင်သာရှိတာ(တဲ့)မဟုတ်ဘူး ကျွန်တော့်က အရာရာကို ပြန်လည့်ချင်နေတာ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ရယ်လို့ရှိနေတာကို ပြန်ပြင်လို့မရသေးလို့....။
ဟုတ်တယ်မဆိုင်ဘူး ဘယ်သူနဲ့မှမဆိုင်ပါဘူးဘာကြီးလဲ နားမလည်ဘူးညစ်ကြယ်ကြယ် ညီမလေးကိုပဲသတိရတယ်။
ကျွန်တော့်အဒေါ်က ကျွန်တော့အရင်ကောင်မလေးနံမယ်ကို မှားယွင်းကာ ဗက်တီးရီးယား(တဲ့)....ကျွန်တော်ကိုယ်တိုင် သူပြောမှ သတိထားမိတယ်တကယ့် ရောဂါပိုးတစ်မျိုးပါ ခက်ခက်ခဲခဲကုသနေရတယ်...စောနက ပြောသလိုပဲ ငါးလေးတွေကိုချစ်လွန်းလို့ မမွေးမြူခဲ့တာပါ။
ပြီးသွားပါပြီ ဟုတ်တယ်လေ တကယ်တော့ ကျွန်တော်လျောက်ရေးနေတာပါဘာဖြစ်လို့လဲဟုတ်လား.... ကျွန်တော်လဲ အဲဒါကို မသိသေးဘူး။ထားပါလေ အခုက ပြီးနေပြီဆိုမှတော့ ပုဒ်မချလိုက်ပါတယ် ။
#အိမ်မက်များရဲ့မြို့တော်ကနေ ကူးထားတာပါ blog နာမည်ပဲ မှတ်မိလို့ပါဗျာ ကဗျာနာမည်မတင်မိတာ

No comments: