Saturday, January 22, 2011

ကျွန်တော့်ကျောင်း

“လေတိုက်ရာလိုက်ပြီး တိမ်းနေတော့
ကျွန်တော့်သစ်ပင် အရိုင်းဆန်တာလား
အမြစ်မခိုင်တာလားမေမေ
လေနီကြမ်းတွေတိုက်တော့ ယိမ်းထိုးနေသလို
လေပြေလေးတိုက်တော့လဲ ယိမ်းနွဲ့နေတာပဲမေမေ” 
“ဘာပဲဖြစ်ဖြစ် ကျွန်တော်သစ်ပင်ပါမေမေ...။” 
“ကြယ်တွေတောင်အိပ်ကုန်ပါပြီ
ကျွန်တော့်သစ်ပင်လေးကတော့
စောင့်နေဆဲပါကွယ်
တနေ့တော့ဆိုတဲ့
မျှော်လင့်ချက်မပါပဲ 
သဘာဝတရားရဲ့ဖြစ်တည်မှုလို
ကျွန်တော်စောင့်နေဆဲပါ...။” 
“ကျွန်တော့်ထိကရုန်းပင်လေး
နိုးလာပြန်ပြီမေမေ
ဘယ်အချိန်ပြန်အိပ်မလဲဆိုတာ
ကျွန်တော်မသိပါဘူး
ခုတော့သူလန်းလန်းဆမ်းဆမ်းနိုးလာတာမေမေ...”
“သစ်ပင်တော့ စိုက်လိုက်ပြန်ပြီမေမေ
ရင်တမမနဲ့ပေါ့
ကျွန်တော့်သစ်ပင်လေးမသေပါစေနဲ့မေမေ...” 
မေမေ... မနေ့ကစိုက်တဲ့သစ်ပင်လေးကြီးလာပြီ
သူ့နာမည်ကအလွမ်းသစ်ပင်တဲ့... ”
“ကျွန်တော်မြက်ပင်လေး ဖြစ်ရပြီမေမေ
မနင်းပါနဲ့ သခင်ရယ်လိုပြားပြားဝပ်တောင်းပန်နေတာတောင် 
သခင် နင်းရက်တယ်
ကျွန်တော့်ကိုယ်လေး စိစိညက်ညက်ကြေမှ
သခင်ကျေနပ်မယ်ထင်ပါတယ်
ကျွန်တော်မြက်ပင်ပါ သခင်..
ပြားပြားဝပ်ပြီးသားပါ မြေပြင်မှာ...”
ကျွန်တော်သစ်ပင်ထပ်မစိုက်တော့ဘူးကွာ
ကျွန်တော့်ကိုယ်ကျွန်တော်ခွင့်မပြုဘူးမေမေ
နောက်ထပ်အပင်စိုက်ဖို့
ကျွန်တော်ရပ်သင့်နေပြီ ဒီလိုလုပ်ရပ်တွေကို
ဘ၀မှာသင်ယူရမှာက အများကြီး
မပျော်ဖူးဆိုပြီး မူကြိုပဲတက်နေလို့မရတော့ဘူး
ကျွန်တော်အတန်းတက်သင့်နေပါပြီ
မူကြိုမှာပဲမနေသင့်တော့ပါဘူး
ဘ၀ကျောင်းကပေးတဲ့ လက်မှတ်တခုတော့ရှိသင့်နေပါပြီ
ကျွန်တော့်ဘ၀ကျောင်းမှာ ကျောင်းအပ်လိုက်ပါပြီ
ဒီနေ့ကတော့ကျွန်တော်ရဲ့အမှတ်တရနေ့ပါ
ကျောင်းပို့မယ်သူမရှိဘူး
လာကြိုမယ့်သူမရှိပေမယ့်
ကျွန်တော်ကျောင်းစတက်ပါပြီ...။

Thursday, January 20, 2011

သစ်ပင်



သစ်ရွက်ကို ကိုယ်ပြန်စိုက်ဖို့ကြိုးစားဆဲမှာ
သစ်ပင်က ကြွေကျလာခဲ့.
ကိုယ်လို ပေကပ်ကပ်ကောင်ကတော့
ကျောက်တုန်းတွေကိုလည်း ငုံ့ကြည့်ခင်မင်နေခဲ့ ။
တာရာမင်းဝေ


မေမေကျွန်တော်သစ်ပင်ပါ
ဘာလိုများထင်းအဖြစ်
လောင်ကျွမ်းစေတာလဲ 
ကျွန်တော့်သစ်ပင်လေး 
ငိုနေတယ်မေမေ 
ထင်းလုပ်ဖို့စိုက်ခဲ့တာမဟုတ်ပါဘူး
ခုတော့ပြာဖြစ်တော့မယ်
မေမေကယ်ပါအုံး
ကျွန်တော့်အကိုင်းအခက်တွေနဲ့
အရိပ်ပေးချင်တာ
ကျွန်တော့်သွေးသားတွေကို
အသီးအရွက်အဖြစ်စားသုံးစေချင်ခဲ့တာ
ကျွန်တော်ထင်းမဟုတ်ပါဘူး
မီးမထိုးပါနဲ့
ကျွန်တော်သစ်ပင်ပါ ။

Wednesday, January 19, 2011

သူရဲကောင်းသစ်ပင်

ကိုယ့်ကိုယ်ကို ဒိုင်းနဲ့ကာထားပြီးမှ
သူတစ်ပါးကို ဓါးဖြင့်ရွယ်ရဲလျှင်
သူရဲကောင်းဟု မခေါ်ချင်။
တာရာမင်းဝေ


မြို့ရိုးတည်ဆောက်ပြီးမှ
စစ်တိုက်တတ်သူတွေ မဟုတ်ခဲ့ကြတော့
သွေးစက်ချင်း ပေါင်းဆုံသွားမှ
နှုတ်ခမ်း မှာပြုံးနေနိုင်မယ် မဟုတ်လား။
ချစ်သက်ထွေး


စစ်တော့တိုက်ခဲ့တယ်
မြို့ရိုးလည်း မတည်ဆောက်ခဲ့သလို
ဒိုင်းနဲ့လဲ မကာမိခဲ့ပါဘူး ။
 
သူရဲကောင်းမဟုတ်တောင်
သစ်တစ်ပင်တော့ ဖြစ်ချင်ခဲ့ပါတယ်
ငှက်တစ်သောင်းမဟုတ်ပေမယ့်
ငှက်တအုပ်လောက် နားခွင့်ပေးချင်ခဲ့တာ။


တကယ်တော့ ငှက်ဖြစ်နေတာမသိခဲ့သူပါ
လက်ဖြန့်ခံချင်သူ ဖြစ်ချင်ပေမယ့်
ကိုယ်တိုင်လက်ဖြန့်နေမိခဲ့တာ အကြိမ်ကြိမ်။


သစ်ပင်ကမစိုက်ခင် သေသွားတယ်
လက်ကမကမ်းခင် ကျိုးသွားတယ်
ခုတော့ကျွန်တော်သစ်ပင်ဆိုက်ပါမယ်
လက်ကမ်းနိုင်အောင် ကြိုးစားပါမယ်။

Sunday, January 16, 2011

ဟိုရေးဒီရေး

ထိုင်တော့စောင့်နေတာပါပဲ အဲ ဘာကိုစောင့်နေမှန်းမသိတာ စောင့်တော့စောင့်နေပါတယ် ငုတ်တုတ်ထိုင်းရင်းနဲ့
ဘာစောင့်နေတာလဲတော့မသိဘူးဗျ အချိန်ကိုလား လူကိုလား ခင်ဗျားသိရင်ပြောပြပါလား 
တွေးတော့တွေးနေတာပဲ ဘာတွေလဲတော့မသိဘူး အဲ အိမ်မက်တွေပါတယ်ဗျာ လူတွေလည်းပါတယ် 
ဘ၀တဲ့ ၀ဘဆိုရင်ရောဗျာ မရဘူးလား အဲ ကျွန်တော်ကတော့ ရတယ်ထင်တယ် အရှေ့အနောက်ပြောင်းလိုက်တာပဲလေ
အဓိပါယ်မတူဘူးလို့ ခင်ဗျားပြောနိုင်တယ် ခင်ဗျားကကျွန်တော်မှမဟုတ်တာတခုခုတော့တခုခုပဲတဲ့
မေးကြည့်တယ် အဲ့ဒီတခုခုဆိုတာဘာလဲလို့ ဘုကြည့်ကြည့်တယ် နားလည်လိုက်တာ အော် တခုခုဆိုတာဒါပဲလို့
လုပ်တော့လုပ်နေတယ်ဘာလုပ်နေလဲမသိတာ အဲဘာလုပ်ရမှန်းတော့မသိဘူး လုပ်တော့လုပ်နေတယ် ကိုတေဇာကတော့ ပြောတယ်
 တကယ်ပါ
လျှောက်ရေးနေတာပါ။
တကယ်ပါ
ရေးရင်း လျှောက်နေတာပါ။

Really!
I'm playing, writing.
Really!
I'm writing, playing a role.

တေဇာ (လရောင်လမ်း)
တဲ့ ကျွန်တော်ကတော့ ရေးလဲရေးပါတယ် လျှောက်တော့မလျှောက့်ရသေးဘူးဗျ မတ်တပ်စမ်းနေလို့ ဗျာ
နတ်ဆေးကတော့ပြောတယ်ဗျ
ရူးပါ
...တစ်ခါတစ်ခါရူးပေးရတယ်
ကျွန်တော်လဲရူးနေပါသည်
ရဲလေးလိုတော့ဆယ်စက္ကန့်ထဲမဟုတ်ဘူ
ဆော့ကရေးတီးလိုလဲအဆိပ်မသောက်ဘူး
အိုင်းစတိုင်းလိုလဲ သင်္ချာမတွက်ဘူး
ကိုယ့်စတိုင်နှင့်ကိုသာရူးပါသည်...။
ရူးပါ...။
 
ရူးရတာမှမလွယ်တာဗျာ တော်တော်နောက်တဲ့လူဗျာ အဲ တွေးတော့တွေးနေပါတယ် ဘာတွေးမှန်းတော့မသိဘူးဗျ 
ခင်ဗျားသိရင်ပြောပြပါလား

Friday, January 14, 2011

တနေ့တာအလွဲ


ကန့်သတ်ချက်မရှိတော့ပါဘူး ခံစားချက်သတ်သတ်နဲ့နေပါတော့မယ် ကြွေးကြော်နေလဲ တကယ်တမ်းကျတော့ ကန့်သတ်ချက်ကိုဂရုစိုက်နေတုံးဗျ ၂၉နှစ်ကျော် မူတွေနဲ့နေလာတော့လည်း အကျင့်ဆိုတာမပျောက်သေးတာပေါ့ လူတစ်ယောက်စိတ်ကိုချက်ခြင်းပုံသွင်းမရတာ မေ့သွားတာဗျ ဟ ဟ..


အဖြစ်ကတော့ရီရတယ် ကိုယ့်ဘာသာကျေနပ်နေတယ် မူတွေကို ဂရုစိုက်တာလေခံပေါ့ကွာ မနေ့ကလက်ထဲ ရင်းဂစ်၁၀၀ကျော်ကျော်ရှိတယ် ဒီလငွေက ရေအလားဒလဟောထွက်နေတာ ညကခရီးဆောင်အိတ်၀ယ်တယ် အိမ်ပစ္စည်းပို့ဖို့ရာ 2011ကူးနေပြီ KLမှာ သောင်တင်နေတုံး လက်ကျန်လေးအိတ်ထဲမှာ ရင်းဂစ်၅၀ကျော်ကျော်ဒီမနက်ထမင်းစားလိုက်တော့ ရင်းဂစ်၄၀လောက်ပဲကျန်တယ်ဗျ သောက်စရာကော်ဖီကလဲကုန်တာကြာပြီ..


အမတစ်ယောက်က ပေးပေမယ့် အားနာတဲ့စိတ်ကအရိုးဆွဲနေတော့ ဒီနေ့မသောက်ဖြစ်ဘူး အဲဒါနဲ့ အလုပ်နားမှာရှိတဲ့ Giant သွားပြီး၀ယ်မယ်ပေါ့ Monday စားဖို့လဲအသီးလေးအနှံလေးပေါ့ Card ထဲမှာရှိတဲ့လက်ကျန်ငွေ ထုတ်သွားမယ်ပေါ့ လူကိုဂရုစိုက်တာလေ ကိုယ့်ဘာသာပိုက်ဆံမရှိလဲ ဘာဖြစ်လဲဗျာ သုံးလောက်ရင်ပြီးရောပေါ့ မဟုတ်ဘူးအပိုလေး အလျှံလေးကလိုချင်တာ..


ATM မှာလဲထုတ်ရော မရဘူးဗျာ ၁ခါမရ ၂ခါလဲမရတော့ လူတက်လုပ်တယ် စက်ထဲပိုက်ဆံမရှိဘူးပေါ့ ဘေးကစက်ပြောင်းတယ်ဟဲ ဟဲမရဘူး မျက်နှာကရဲလာပြီ ပတ်၀န်းကျင်ကိုဂရုစိုက်တာလေ မရလဲဘာဖြစ်လဲ စက်ပြောင်းပေါ့ ၄လုံးတောင်ရှိတာ ဟဲ ဟဲ မပြောင်းပါဘူး ထွက်လာလိုက်တယ် ကိုယ့်ဘာသသဘောကျနေတယ်..


နင်လားဟ ကန့်သတ်ချက်မရှိတာ ပတ်၀န်းကျင်ဂရုမစိုက်တော့ဘူးဆိုတာ နေတာကြာပြီဗျ စျေး၀ယ်တာလဲကြာပြီ ဒီတခါကစိတ်တော်တော်ပင်ပန်းတာ တွက်နေရတာလေ မလောက်မှာကြောက်တာ ဟိုဟာထဲ့ဒီဟာထည့်နဲ့ ခြင်းပြည့်သွားတယ် တွက်ကြည့်လိုက်တယ် ၄၀ကျော်နေပြီဘုရားရေပေါ့..

ဟိုဟာပြန်ချဒီဟာပြန်ချပေါ့ အင်း ၃၀ကျော်လောက်တော့ရှိတယ်မဆိုးဘူးပေါ့ ATM မှာထုတ်မရလဲ ဂရုမစိုက်တော့ဘူးဗျာ ရုံးကနေချီးမယ်ပေါ့ ကျန်တဲ့ရက်တွေအတွက် လ၀က်ပဲရှိသေးတာလေ Cashier မှာရှင်းရော ၂၅.၁၅တဲ Happyပေါ့ဗျာ ငါကွပေါ့ပျော်နေတာအဲ မပြီးသေးဘူးဗျ မျက်စိဆိုတဲ့ကောင်က အငြိမ်မနေဘူးသူတွေ့ချင်တာ သွားတွေ့တယ်ကလေးတွေစားတဲ့ Jelly ပျော့ပျော့လေးတွေ..

လူကသာ ၃၀နားကပ်နေတာ ခုထိစားချင်တုံး အော်ငါ့မှာလဲ ရင်းဂစ်၂၀လောက်ကျန်တာပဲရပါတယ် ၁၀၀gm မှ ရင်းဂစ်၁.၉၉ပေါ့ထည့်ခိုင်းလိုက်တယ် သူကရောမှာလားဆိုတောင် Noပေါ့ ချိန်လဲချိန်ရော ရင်းဂစ်၇.၉၁တဲ့ မျက်ရည်ဝဲသွားတယ် ငါချခဲ့တဲ့ဟာတွေ ရှင်းရင်တောင် ရင်းဂစ်၁၀ဖိုးပဲရှိမယ် ခုတော့ ၁ရက်တောင်မခံတဲ့ ဟာစားတာ ရင်းဂစ်၇.၉၁တဲ့..

ဒါပဲလေ ဂရုစိုက်တာလေ ပြောချင်တာက လိုချင်တာယူလာပေါ့ ရှင်းတော့မှမလောက်ရင်မလောက်ဘူးပေါ့ အလကားတောင်းတာမှမဟုတ်တာ ပိုက်ဆံပေး၀ယ်တာလေ မဟုတ်ဘူးခုတော့ ရီရယ်တယ်ဗျ တော်ပါပြီဘယ်တော့မှ ဖြစ်သင့်တာမလုပ်တော့ဘူးလုပ်ချင်တာပဲ လုပ်တော့မယ်ဗျာ။

Thursday, January 13, 2011

အိပ်မက်များ

မျှော်လင့်ခြင်း နတ်သမီး

 (၁)

" အစ်ကို... မနက်က အစ်ကို့ဆီကို ဖုန်းတစ်ကောလ် လာတယ် သိလား။"

" ဟုတ်လား... ဘယ်သူလို့ပြောသွားသေးလဲ"

" ဟင့်အင်း... ဘာမှတော့ပြောမသွားဘူး... မိန်းကလေးတစ်ယောက်အသံပဲ"

" အော်... သင့်ခ်ယူနော်"

ကျွန်တော်ရုံးကိုရောက်ရောက်ချင်း အော်ပရေတာမလေးက ပြောလာသော မက်ဆေ့ခ်ျဖြစ်သည်။ အရင်နေ့တွေတုန်းကလည်း ကျွန်တော်ရုံးမှာ မရှိတဲ့အချိန်တွေမှာ ကျွန်တော်ဆီကိုဖုန်းလာတိုင်း တယ်လီဖုန်းအော်ပရေတာတွေက ပြောပြနေကြမို့ ဘာမှတော့မထူးဆန်း။ ဒါပေမယ့် ဒီနေ့တော့ တစ်လမ်းလုံး စိတ်ကူးယဉ်လာသော အရာတစ်ခုနှင့်တိုက်ဆိုင်နေသည်မို့ ကျွန်တော်ရင်ဖိုသွားသည်။ ဟုတ်သည်ပဲ။ ဒီနေ့က သူမနှင့်ကျွန်တော့်ကြားမှာ တစ်ချိန်ကပေးထားခဲ့ဘူးသော ကတိစကားတစ်ခုရှိသည်မို့ ဒီနေ့များ သူမဖုန်းခေါ်လာလျှင်ဟူသော အတွေးတစ်ခုက ကျွန်တော့်ကိုတစ်နေ့ကုန်လွမ်းမိုးထားသည်ပဲမဟုတ်လား။

ယနေ့ဂျုတီကျသော အော်ပရေတာမလေးက ရောက်တာသိပ်မကြာသေးသော ၀န်ထမ်းအသစ်မို့ ကျွန်တော်ဘာမှ ဆက်မမေးဖြစ်တော့။ အရင့်အရင်အော်ပရေတာတွေသာဆိုလျှင် သူမဆီကလာသောဖုန်းဆိုပါက အသံကိုမှတ်မိနေပြီသားမို့ ကျွန်တော့်ကို နောက်ပြောင်ကျီစယ်ရင် လာပြောမှာ သေချာပါသည်။ ကျွန်တော့်ရုံးကိုဖုန်းဆက်တတ်သော သူငယ်ချင်းတွေကလည်း လက်ချိုးရည်ရလောက်အောင် နည်းသားမို့ သူတို့ဆီကိုဖုန်းဆက်ပြီး မနက်ကငါ့ဆီကိုဖုန်းခေါ်လားဟု မေးကြည့်ချင်ပေမယ့် ကျွန်တော့်စိတ်ကို ကျွန်တော်အတတ်နိုင်ဆုံး ကြိုးစားထိန်းရင် အလုပ်ထဲမှာပဲ စိတ်ကိုနှစ်ထားလိုက်တော့သည်။


(၂)

ပြာလဲ့လဲ့ပင်လယ်ပြင်ကြီး၏ အနားသပ်ဆီသို့ နေ၀န်းနီနီတစ်ခုက ပုန်းလျှိုးငုံ့ဆင်းဖို့ တာစူနေပြီ။ ဖြုလွှလွှသဲသောင်ပြင်ပေါ်မှာ ကျွန်တော်တစ်ကိုယ်တည်းထိုင်နေရင်း ရေပြင်ကျယ်ကို ဘာရယ်မဟုတ်ငေးကြည့်နေမိသည်။ မှောင်ရည်ပျိုးလာပြီဖြစ်သော ရေမျက်နှာပြင်ရှိကျောက်ဆောင်တွေကြားမှာ ထူးထူးဆန်းဆန်းအရာ၀တ္တုတစ်ခုကို အမှတ်မထင် ကျွန်တော်သတိထားမိသွားသည်။ ရေစပ်ကိုဆင်းရင်း အဲဒီ့အရာ၀တ္တုလေးကို သွားရောက်ဆယ်ယူကြည့်တော့ ရှည်ရှည်မျောမျောနှင့် ကြုပ်လိုမျိုးရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်နေသည်။ ကြုပ်ပေါ်မှာ ကျွန်တော်တစ်ခါမှမမြင်ဘူးသော ဘာသာစကားနှင့်စာတစ်ချို့ကိုရေးထားပြီး အဖုံးနေရာကိုတော့ ချိတ်ပိတ်ထားသည်။ ဒီကြုပ်ကလေးကိုမြင်တော့ ကျွန်တော့်အတွေးထဲကို ရုတ်တရက်၀င်လာတာက ကျွန်တော်ငယ်ငယ်က ဖတ်ခဲ့ဘူးသော မီးခွက်စောင့်ဘီလူးအကြောင်းနှင့် တီဗွီဇာတ်လမ်းတွဲတစ်ခုထဲက ဂျင်းနီဆိုသော လိုတရဖန်ဆင်းရှင်တွေကိုပဲ ဖြစ်ပါသည်။ ပြီးတော့ အကယ်၍များ ဟောဒီ့ကြုပ်လေးထဲကနေ ကျွန်တော်၏ လိုအင်ဆန္ဒတွေကို ဖန်ဆင်းပေးနိုင်သော တန်ခိုးရှင်တစ်ယောက်သာ ထွက်လာခဲ့လျှင်ဆိုပြီး စိတ်ကူးယဉ်နယ်ချဲ့နေမိတော့သည်။ ကျွန်တော့်စိတ်ကူးထဲမှာတော့ ကြုပ်လေးထဲမှထွက်လာမည့် တန်ခိုးရှင်ကြီးက ဖန်ဆင်းပေလိုက်သော ကျွန်တော်အရမ်းလိုချင်သည့် စိမ်းလန်းစိုပြေနေသော မြက်ခင်းစိမ်းကျယ်ကျယ်တွေရှိသည့် ခြံ၀င်းလေးတစ်ခုနှင့် တိုက်ပုလေးတစ်လုံး၊ ပြီးတော့ဇိမ်ခံကားကြီးတစ်စီး၊ ပြီးတော့ချစ်စရာကောင်းသော ကလေးလေးတွေနဲ့ မိသားစုလေးတစ်ခု စသည်စသည်ဖြင့်...။


အတွေးတွေဆုံးသွားတော့ ကြုပ်ကလေးကို ကျွန်တော်စေ့စေ့ကြည့်ရင်း ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။ ပြီးတော့ လက်တစ်ဖက်နှင့် ကြုပ်ကလေးကို အားယူလွှဲရင်း ရေပြင်ကျယ်ကြီးဆီသို့ ဝေးနိုင်သမျှဝေးအောင် အားကုန်သုံးပြီး လွှင့်ပစ်လိုက်သည်။ ကျွန်တော်လွှင့်ပစ်လိုက်သော ကြုပ်ကလေးကတော့ လှိုင်းကြက်ခွပ်ကလေးတွေကိုစီးရင်း ကျွန်တော်နှင့်ဝေးရာ ပင်လယ်ပြင်ကြီးဆီသို့ စီးမျောထွက်ခွာသွားပါတော့သည်။


(၃)

မနက်မိုးလင်းတော့ သူငယ်ချင်းတွေကို ကျွန်တော်ညကမက်ခဲ့သော အိပ်မက်လေးအကြောင်းကို ၀မ်းသာအားရပြန်ပြောဖြစ်သည်။ အိပ်မက်ထဲမှာ ကျွန်တော်က တစ်ခါမှမရောက်ဘူးသော ပင်လယ်ကမ်းခြေတစ်ခုကို ရောက်သွားသည့်အကြောင်း၊ ရှေးဟောင်းကြုပ်လေးတစ်ခုကို    အမှတ်မထင်တွေ့ခဲ့သည့်အကြောင်း၊ ကြုပ်လေးထဲကနေ တန်ခိုးရှင်တစ်ယောက်များ ထွက်လာပြီး လိုချင်တာတွေ ဖန်ဆင်းပေးနိုင်လျှင်ဆိုပြီး စိတ်ကူးယဉ်ခဲ့ပုံအကြောင်းတွေနှင့် နောက်ဆုံးတော့ အဲဒီ့ကြုပ်ကလေးကို ဖွင့်မကြည့်တော့ပဲ ပင်လယ်ပြင်ထဲသို့ ပြန်လည်မျှောချလိုက်သည့် အကြောင်း စသဖြင့်ဖြစ်သည်။


ကျွန်တော့်စကားဆုံးသွားတော့ သူငယ်ချင်းတွေက " မင်းကွာ တော်တော်တုံးတာပဲ။ အလကားရတဲ့ အိပ်မက်ထဲမှာတောင် ဘာလို့ကြုပ်ကလေးကို ဖွင့်မကြည့်ပဲ လွှင့်ပစ်လိုက်ရတာလဲ" ဆိုပြီး အားမလိုအားမရ မေးလာကြသည်။ အဲဒီ့တော့ ကျွန်တော်ကလည်း သူတို့ကိုမေးခွန်းတစ်ခု ပြန်ထုတ်ဖြစ်သည်။ "တကယ်လို့သာ ငါစိတ်ကူးယဉ်သလို တန်ခိုးရှင်ထွက်မလာဘူးဆိုရင်ရော... " ဆိုတော့ သူတို့ဆွံ့အသွားကြသည်။


(၄)

အကယ်၍ ညကကျွန်တော်မက်ခဲ့သော အိပ်မက်လေးထဲမှာသာ ကျွန်တော်စိတ်ကူးယဉ်ခဲ့သလို တန်ခိုးရှင်တစ်ယောက်သာ ထွက်မလာနိုင်ခဲ့လျှင်၊ ကျွန်တော်လိုချင်တောင့်တသော အရာတွေမရခဲ့ဘူးဆိုလျှင် ကျွန်တော်လည်း ယနေ့မနက်ခင်းလို စိတ်လက်ကြည်ကြည်သာသာဖြင့် နိုးထလာနိုင်လိမ့်မည် မဟုတ်ပါ။ အခုတော့ အိပ်မက်လေးထဲမှာ ကျွန်တော်က ကျွန်တော်စိတ်ကူးယဉ်ထားသော အရာတွေကိုဖန်ဆင်းပေးနိုင်သည်ဟု ယုံကြည်ထားသော ကြုပ်ကလေးကိုလွှင့်ပစ်ခဲ့သည့်အတွက် တန်ခိုးရှင်ဖန်ဆင်းပေးနိုင်သော အရာ၀တ္တုတွေကို မပိုင်ဆိုင်ခဲ့ပေမယ့် "ထွက်လာခဲ့လျှင်"ဟူသော မျှော်လင့်ချက်လေးတစ်ခုကိုတော့ ပိုင်ဆိုင်နိုင်ခဲ့ပါသည်။ အကယ်၍ အိပ်မက်ထဲမှာသာ ကြုပ်ကလေးကိုဖွင့်ကြည့်လိုက်ပြီး ဘာတန်ခိုးရှင်မှထွက်မလာခဲ့လျှင်၊ ကျွန်တော်လိုချင်ခဲ့သောအရာများကို ဆုံးရှုံးရမည့်အပြင်၊ "မျှော်လင့်ချက်"လေးတစ်ခုကိုပါ ထပ်မံဆုံးရှုံးရပါအုံးမည်။


မနေ့ကကျွန်တော့်ဆီကို ဖုန်းဆက်လာသော မိန်းကလေးသည် သူမဖြစ်ချင်မှလည်း ဖြစ်ပါလိမ့်မည်။ အကယ်၍များကျွန်တော်သာ သူငယ်ချင်းတွေဆီကို ဖုန်းဆက်မေးရင်း တစ်ယောက်ယောက်ကများ သူဆက်တာပါဟု ပြောလာလျှင် ကျွန်တော့်ပိုင်ဆိုင်ထားသည့် မျှော်လင့်ခြင်းလေးတစ်ခုကိုပါ ထပ်မံဆုံးရှုံးရအုံးမည်။ အခုတော့ ကျွန်တော်ချစ်ရသောသူမကို ဆုံးရှုံးခဲ့ရရင်တောင်မှ၊ သူမအတွက်မျှော်လင့်ခြင်းလေး တစ်ခုကိုတော့   ပိုင်ဆိုင်နိုင်ပါသေးသည်။လူဆိုသည်မှာ မျှော်လင့်ခြင်းနှင့် အသက်ရှင်နေကြသူများ ဖြစ်ကြောင်း စာအုပ်တစ်အုပ်တွင်ဖတ်ခဲ့ဘူးသည်။ တစ်ကယ်တော့ လူတိုင်းသည် တစ်ခါတစ်ရံ ကိုယ့်စိတ်ကူးနှင့် ကိုယ်ရူးနေကြသော အတော်ရယ်စရာကောင်းသည် ပုဂ္ဂိုလ်များဖြစ်ကြပါသည်။


ဘာပဲပြောပြော ဒီနေ့ရုံးရောက်ရင်တော့ မနေ့ကအော်ပရေတာမလေးကို ညကကျွန်တော်မက်ခဲ့သော အိပ်မက်လေးအကြောင်း ဖောက်သည်ချရပါအုံးမည်။


မျိုးဇော်

၂၀၁၁၊ ဇန်နဝါရီ (၁)

နာကျင်ခြင်း

အ ချ စ် တဲ့ စ ကာ း လုံ း နှ စ် လုံ း ထဲ ပါ

- ျ  နဲ့   -် ပို ေ န ေ တာ့ ကျွ န် ေ တာ်

မ ေ ပါ င် း တ က် ခဲ့ ပါ ဘူ း

ခု ေ တာ့ ဘ ၀ ဆို တဲ့

ရို း ရို း ရှ င် း ရှ င် း စ ကာ း ကို ပဲ

သ င် ယူ ပါ ေ တာ့ မ ယ်

စာ လုံ း ေ ပါ င် း မှ န် ေ အာ င်


ဟ ာ း ဟ ာ း ရ ယ် ရ တ ယ်

အ သ ည် း ကွဲ တာ တဲ့

ေ သွ း မ ထွ က် တဲ့ ဒ ဏ် ရာ က

ဘာ လို့ နာ ကျ င် ေ န ရ တာ လဲ ဗျာ

ေ သ ချာ တာ က ေ တာ့

ကျွ န် ေ တာ် ေ ကြာ က် သွား ပြီ

အ ချ စ် ဆို တာ ကို ပါ ။

အိပ်မက်များ၏မြို့တော်..။

ဘယ်အရာကအဆုံးဖြစ်မလဲ..ကျွန်တော့်ဒိုင်ယာရီထဲ မှာ စာကြောင်းတစ်ကြောင်းကို ပုဒ်မ ချလိုက်တိုင်း နောက်တစ်ကြောင်းပြန်စနေတာ..ဖြစ်နိုင်ရင် အဆုံးမသတ်ပါရစေနဲ့..
ကြွက်တစ်ကောင်ကို မနိုင်တဲ့လူနှစ်ယောက်အကြောင်းရုပ်ရှင်ဇတ်ကားကြည့်ပြီလှောင်ရယ်နေမိတယ်..
ကျွန်တော့်ကိုရော လှောင်ရယ်နေမလားမသိဒါဟာအချစ်တဲ့လား..အဲဒါအချစ်တဲ့လား...
ကောင်းကင်ကိုမော့ကြည့်ပြီးမှ ခေါင်းပန်းလှန်လိုက်တယ် ကဲ ကံကြမ္မာရေ ဘာကြေးထပ်လောင်းမှာလဲ. . . ။
တစ်နေ့နေ့တော့ဖြစ်မှာပေါ့အော်ဖြစ်ချင်မှလဲဖြစ်မှာပေါ့ ဖြစ်နိုင်မှလဲဖြစ်မှာမဖြစ်နိုင်တာဘာရှိလဲ(တဲ့)အားလုံးပဲ..အရင်ဆုံး ဒီပုလင်းလေးထဲက ထွက်ခွင့်ပေးပါ။
တစ်နေ့မှာ နေသာမယ် ၊ လေလာမယ် ၊မေခလာ လာမယ်ဟုတ်လားတော်ပါတော့ မဟာဇနကလဲ သူ့ကိုမျှော်ခဲ့တာမှမဟုတ်ပဲ။
သားမပါဘူး ဆရာမအမေဈေးရောင်းခိုင်းနေတာပါ ဆရာမစာအုပ်ပြောက်သွားလို့ပါ ဆရာမရေဘူးမှောက်ကြတာပါ ဆရာမ တစ်ခါတုန်းက ငါတို့တွေ ဝိုးတိုးဝါးတား အပြုံးတွေ..
ဘုရားသခင်ဆိုတဲ့ ငနဲက တော်တော်အရေးမပါတာတဲ့သူမဟုတ်ပါဘူး သူ့ဖန်ဆင်းရှင်တွေက အရေးမပါတာ..
တုတ်မကြိုးချင်ပါဘူး၊ကြိုးတော့ လာမတုတ်နဲ့ပေါ့ကွယ်. . . ငါ့ကိုငါတောင် အနိုင်နိုင်ဖတ်ရှုနေခဲ့ရပေါ့. . . ။
တစ်ခုခုကိုမေ့လျော့ခဲ့ဖို့ ငါတို့အဆင်သင့်ဖြစ်နေကြပြီတစ်ယောက်နဲ့ တစ်ယောက်တူညီတဲ့ အနာဂါတ်တစ်ခု မဖန်တီးနိုင်ချိန်မှာ မေ့လိုက်ပါဆိုတဲ့စကားက အဆင်သင့်ဖြစ်စေခဲ့တယ်..ဘယ်တုန်းက သိခဲ့ကြတာလဲ မသိ?
ဖြစ်နိုင်မယ်ဆိုရင်တော့ ကျွန်တော်ဂစ်တာ တီးချင်ပါသေးတယ်  ဒါပေမဲ့ ကျွန်တော် ကြိုးပြတ်မှာကြောက်နေသေးတယ်ဟုတ်တယ် သံဇဉ်လှလှလေးတွေထွက်လာဖို့ကို ကြိုးတစ်ချောင်းရင်းနှီးရမယ်ဆိုရင် သိပ်သဘာ၀မကြဘူးကဲဒါဆို ဒီကြိုးက ပြတ်မှာသေချာနေပြီလား? (ဟင့်အင်း)ဒါဆို ကြိုးက မပြတ်ဘူးရောအာမခံမလား?(ဟင့်အင်း)ဒါဆိုဘာကြီးလဲ... ပြောပါ ဘ၀ဆိုတာဘာကြီးလဲ..
မြွေဟောက်တစ်ကောင်နဲ့ရင်ဆိုင်တွေ့ခဲ့တယ် ၊ မချိုမချဉ်မျက်နှာနဲ့ကျွန်တော့်ကိုပြုံးပြတယ်..သူ့ညို့ချက်ထဲမှာချာချာလည် အချိန်တွေဘယ်လောက်ကုန်သွားတယ်မသိ တစ်စက္ကန့်.. နှစ်စက္ကန့်.. သုံးစက္ကန့်..နောက်ဆုံး စက္ကန့်လေးတွေမှာ ဘ၀တစ်ခုစာ သာယာခဲ့ပါတယ်
သူက ကမ္ဘာကြီးနဲ့ မျက်နှာချင်းမဆိုင်ချင်လို့ ထွက်ပြေးတယ် ကမ္ဘာကြီးကတော့ သူ့နောက်ကိုလိုက်တယ်ဒီလိုနဲ့ လရောင်ဟာ ရက်သုံးဆယ်မှာ ၂ကြိမ်သာ ကမ္ဘာကြီးနဲ့ မျက်နှာလွှဲခွင့်ရနေတာပေါ့ကွယ်...
ကဲကဲ ပုံပြင်လေးကတော့ ဒါပါပဲကွယ် ကလေးတို့လဲမှတ်ထားကြပါ ဘ၀ဆိုတာ သူ့ဟာသူသာ သောက်သလွဲဖြစ်နေတဲ့ ဟာကြီးပါ တခြားဘာတန်ဖိုးမှမရှိပါဘူး..
သူကနာမည်ကြီး? အော်သိပြီ အုတ်ဂူနံပါတ်ဘယ်လောက်မှာလဲ....တွေ့လား ကျွန်တော်က အမြင်ကတ်ဖို့ကောင်းလောက်အောင် အရွဲ့တိုက်တက်တာ..
အနာဂတ်ကို ယုံကြည်မှုရှိပါသလား(တဲ့)အော် မသိလို့ ယုံကြည့်မှုမှာရော အနာဂါတ်ရှိပါသလား[-]ခွပ်... (ဆွဲထိုးလိုက်တယ်)ကျေးဇူးပြုပြီး ကျွန်တော့်ကို အနာဂါတ်အကြောင်းမပြောပါနဲ့..
ဆက်ရေးစရာက ကုန်သလောက်ဖြစ်နေပါပြီ ခက်နေတာက နှလုံးသားကြီးကခုန်နေတာအသက်ရှင်ရတာ လဲပင်ပန်းတယ်အသက်ရှူရတာ လဲပင်ပန်းတယ်ယိုင်နဲ့နဲ့မြင်ကွင်းတွေနဲ့ မှန်ဘောင်လေးထဲမှာ အသက်ရှင်ရတာထက်စာရင် တစ်ခါထဲသေသွားတာက ပိုကောင်းဦးမယ်ငါးလေးတွေကို ချစ်လွန်းလို့ မမွေးမြူခဲ့တာပါကွယ်
ကျွန်တော်တစ်ခါတုန်းက တစ်ခုခုကိုဖန်တီးခဲ့တယ်ကျွန်တော်သေသွားတဲ့ တစ်နေ့မှာ ထိုအရာလေး ကျန်ရစ်နေခဲ့တယ် ကျွန်တော့်ရဲ့ နောက်ဆုံးဒိုင်ယာရီစာကြောင်းလေးကို အလိုမတူစွာ ပုဒ်မချခဲ့ရတဲ့နေ့တုန်းက ကျွန်တော့် ကိုယ်ကျွန်တော် ဆုံးရှုံးခဲ့တယ် မငိုကြပါနဲ့ကျွန်တော်ကိုယ်တိုင် မကျန်ရင်တောင် အလံတော့ထားခဲ့မယ် တစ်မိုးသောက်ရဲ့ အာရုဏ်အောက်မှာ ညှိးငယ်စွာ ထွန်းလင်းခဲ့ရဘူးပါတယ်
လူတစ်ယောက်ရဲ့လွှမ်းမိုးမှုကို လွယ်လွယ်ကူခံရတယ်တဲ့မယုံဘူးလားကျွန်တော်စကားပြောလဲ ကူးစက်လွယ်တယ်ကျွန်တော်စာဖတ်လဲ ကူးစက်လွယ်တယ်ကျွန်တော်က ပတ်၀န်းကျင်အပေါ်လိုက်ပြီး အလိုမတူစွာ ပြောင်းလဲတက်ပါတယ် ကျွန်တော့်ကို ကျွန်တော်လဲ နားမလည်..
သေရတာပင်ပန်းပါတယ်..... ဒါပေမဲ့ ဒီခန္ဒာကြီးကိုအသစ်လဲဖို့ပဲဖြစ်နိုင်ရင် အကြိမ်ကြိမ်သေချင်ပါသေးတယ်အမှန်ကိုမြင်ခဲ့သော်လဲ အမြင်မမှန်နိုင်သေးလေတော့ ဘ၀ဟာ အလင်းရောင် တိုးမပေါက်လောက်အောင် မှောင် ပေ တာ ပေါ့ . . . . ။
ကျွန်တော်က အိမ်မြှောင်တစ်ကောင်ပါ မသေချာတဲ့ အနာဂတ်တွေကို ပြုံးပြကာ ပက်လက် အိပ်စက်နေပါတယ်တစ်ခုခုဆုံးရှုံးမှ နေသာထိုင်သာရှိတာ(တဲ့)မဟုတ်ဘူး ကျွန်တော့်က အရာရာကို ပြန်လည့်ချင်နေတာ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ရယ်လို့ရှိနေတာကို ပြန်ပြင်လို့မရသေးလို့....။
ဟုတ်တယ်မဆိုင်ဘူး ဘယ်သူနဲ့မှမဆိုင်ပါဘူးဘာကြီးလဲ နားမလည်ဘူးညစ်ကြယ်ကြယ် ညီမလေးကိုပဲသတိရတယ်။
ကျွန်တော့်အဒေါ်က ကျွန်တော့အရင်ကောင်မလေးနံမယ်ကို မှားယွင်းကာ ဗက်တီးရီးယား(တဲ့)....ကျွန်တော်ကိုယ်တိုင် သူပြောမှ သတိထားမိတယ်တကယ့် ရောဂါပိုးတစ်မျိုးပါ ခက်ခက်ခဲခဲကုသနေရတယ်...စောနက ပြောသလိုပဲ ငါးလေးတွေကိုချစ်လွန်းလို့ မမွေးမြူခဲ့တာပါ။
ပြီးသွားပါပြီ ဟုတ်တယ်လေ တကယ်တော့ ကျွန်တော်လျောက်ရေးနေတာပါဘာဖြစ်လို့လဲဟုတ်လား.... ကျွန်တော်လဲ အဲဒါကို မသိသေးဘူး။ထားပါလေ အခုက ပြီးနေပြီဆိုမှတော့ ပုဒ်မချလိုက်ပါတယ် ။
#အိမ်မက်များရဲ့မြို့တော်ကနေ ကူးထားတာပါ blog နာမည်ပဲ မှတ်မိလို့ပါဗျာ ကဗျာနာမည်မတင်မိတာ