Tuesday, November 16, 2010

ခ ကဗျာ

ခင်တွယ်သူ
ခွဲသွားတဲ့ အသည်းက
ခွက်တစ်လုံးလို
ခွမ်းကနဲ..
အစိတ်စိတ်အမွာမွာ...

ခုလိုအချိန်မှာ ..
ခက်ထန်နေတဲ့..
စိတ်တွေ..
ခွင့်ပေးလိုက်မယ်ဆိုရင်
ခုန်ပေါက်နေတဲ့ မြင်းရိုင်းတစ်ကောင်ကို
ခမ်းခမ်းနားနား မြင်ရလိမ့်မယ်..

ခုတ်ထစ်ခြင်းခံရတဲ့
ခံစားချက်တွေက
ခုံမင်စရာ...
တစ်ခုမှမရှိ
ခင်တွယ်စရာ..
တစ်ခုမှမရှိ..

ခြားနားခဲ့တာတောင်
ခုချိန်ထိ..
စိတ်ရိုင်းကို
ခဝါချလို့..
မရတဲ့ကောင်..
အိပ်နေတာပဲ
လောကကြီးငြိမ်းချမ်းမှာပါဗျာ..

တာရာမင်းဝေ

1 comment:

Anonymous said...

ဟား.2. ကြိုက်တယ်
ခင်ဗျားမသေသင့်သေးဘူးဗျာ...... ခင်ဗျားရဲ့စာတွေနဲ့လူဖြစ်လာတဲ့ကောင်တွေရှိတယ်!
တင်ပေးတဲ့သူလဲ ကျေးဇူး!