Saturday, November 6, 2010

တာရာမင်းဝေ

ငါသည်...
တစ်ခါက ဖယောင်းတိုင်ကဲ့သို့ဖြစ်၏
ထို့ကြောင့်
မီးတောက်ကိုချစ်လေသည်။

မိုး၏အမြင့်ကိုမသိ...ဟု
ကိုယ့်ကိုယ်ကို အထင်ရှိ၏။

အမှန်ကား...
မြေ၏အနက်မှာပင် ဝေဝါးဆဲ။

စီးမျောရာတွင်
ဗေဒါကို ကုပ်ဖက်
အနက်ရောင် လှိုင်းခေါင်းများကြားမှာ
ဒေါသအမျက်ချောင်းချောင်းပွားလျက်။

ထိုသော... မနေ့ကငါသည်
ဝါကျင်ဟောင်းနွမ်း နေလုံးကိုထမ်း၍
တောင်စွယ်တန်းမှာ
၀င်ရောက်ပျောက်ကွယ်ခဲ့ပြီ။

ဤယနေ့ ...
ငါ ... သည်
မီးခိုးကဲ့သို့ မိုးပေါ်ထိုးတက်
နှုတ်ဆက်ထွက်ခွါ
အားလုံးကို လွှတ်ချခဲ့ချင်ပါပြီ။

1 comment:

Anonymous said...

ခင်ဗျားကတော့ နှုတ်ဆက်ထွက်ခွါ လွှတ်ချခဲ့လိုက်နိုင်ပါပြီဗျာ...................