Tuesday, September 18, 2012

Sweet Memo!!








 
၈ရက်နေ့မှာ သွေးမလှူနိုင်ခဲ့ပေမယ့်...
၁၈ရက်နေ့မှာတော့ မှတ်မှတ်ရရ သွေးလှူဖြစ်သွားတယ်...
ဘာပဲဖြစ်ဖြစ် ဘဝမှာ ကောင်းမှုတစ်ခု ကျွန်တော်လုပ့်နိုင်ခဲ့တာပဲလေ..


မနက်က သွေးလှူဘဏ်က ဖုန်းမဆက်တော့ ကျွန်တော်က မမနဲ့ shopping သွားတယ်
အလန်းပေါ့ :P..


၃နာရီကျော်မှာ ဖုန်းဆက်တယ် သွေးလိုနေလို့ ၃နာရီခွဲ နောက်ဆုံးလာပေးပါတဲ့
ဝတ်လာတဲ့ Style နဲ့ ဆေးရုံသွားရတာ အဆင်မပြေဘူး..


ဒါပေမယ့် အိမ်ပြန်ဖို့ မမှီတော့ ဒီအတိုင်းသွားလိုက့်ရတယ်...
ဟိုလည်းရောက်ရော ဆရာဝန်မက ဆူရော သွေးလာလှူတာ အလန်းဖြစ်နေတော့ :P...
အမှတ်တရပေါ့..


ကလေးက ၄ နှစ်ပဲရှိသေးတယ် ၃ နှစ်ကျော်မှာ သွေးကင်ဆာ စဖြစ်တာတဲ့ ၅လပိုင်းက တစ်ခါဆေးရုံတက်ပြီးပြီ ဒီမနက်မှာ အဖျားကြီးတော့ ဆေးရုံပြန်တင်ရတာ ကျွန်တော်ကလည်း A သွေးဆိုတော့ အဆင်ပြေသွားတာပေါ့..


ကျွန်တော်လည်း သူ့အမေကို ဖုန်းနံပါတ်ပေးထားတယ် ကျွန်တော် လှူလို့ရတဲ့အချိန်ရောက်ရင် ထပ်လှူမယ်လို့ တခြားကလေး လိုရင်လည်း အရေးပေါ်လှူလို့ရအောင် ဆေးရုံကိုလည်း ပြောထားတယ် ၄ လတစ်ခါ ကျွန်တော်လှူပါမယ်လို့..


တစ်ခါမှမလှူဘူးတော့ သွေးလှူတာ အကြာကြီးထင်နေတာ ၁၀မိနစ်တောင် မကြာဘူးဗျာ သွေးယူတာ မမကဖုန်းဆက်တော့ လှူပြီးပြီဆိုတော့ အော်ရော နင့်စီက သွေးကိုဘယ်လိုယူလိုက့်တာလဲတဲ့ အနော်လည်း မသိဘူးပေါ့... း )


၃နာရီ ခွဲကျော်မှာ ဆေးရုံရောက်တယ် ဖုန်းဆက်လို့ သွေးလာလှူတာဆိုတော့ Pressure တိုင်းတယ် Form ဖြည့်ခိုင်းတယ် ပြီးတော့ ကုတင်ပေါ်တက် သွေးဖောက် ၁၅ မိနစ်လောက်ပဲကြာတယ် တစ်ခါမှ မလှူုဘူးတော့ Effect ရှိမှာစိုးရိမ်လို့ ခဏအိပ်နေခိုင်းတယ် ဘာမှမရှိဘူးဆိုမှ ကြက်ဥနဲ့ နို့တိုက်တယ် ကလေးအမေက တချိန်လုံး ကျွန်တော့်အနားမှာ သူကအားနာနေတယ် ပိန်ပိန်လေးဆိုတော့ သနားနေတာနေမှာပေါ့... း D


ကျွန်တော်ပျော်ပါတယ် သွေးလှူရတဲ့ ပီတိက တော်တော် ကျေနပ်စေတယ်..



No comments: