Sunday, September 9, 2012

မွေးနေ့





 ရင်ဘက်ကို ဟောင်းလောင်းဖွင့် ကောင်းကင်နဲ့ ရန်ဖြစ်ချင်တဲ့ကောင်... 

အခုတော့ လေတိုက်ရင်တောင် ပစ္စုပန်လေး ယိုင်နဲ့သွားမှာ စိုးရိမ်တက်နေပြီ...။

ခဏခဏ မှားခဲ့တဲ့ ကျွန်တော် ဘဝမှာ ထပ်ပြီးမှားစရာ မကျန်လောက့်တော့ပါဘူး...

ဘာမှမရှိတော့တဲ့ အချိန်မှာ ကျွန်တော့်မွေးနေ့လေး တကယ်ကို တန်ဘိုးရှိခဲ့ပါတယ်...

မနက်စောစော မထတက်တဲ့ကောင် အမေနဲ့အတူ အာရုံဆွမ်း ကူလောင်းပေးတယ်...

အိမ်က ဘုရားစင်မှာ ဆွမ်း၊သစ်သီး၊ပန်းကပ်တယ် အိမ်က အဆင့်သင့်လုပ်ပေးတာပါ...

ရွှေတိဂုံဘုရားသွားတယ် ပန်း၊ဆီမီး၊ရေ၊ပိုက်ဆံလှူဖြစ်တယ်...

ပြီးတော့ သွေးလှူဖို့သွားတယ် ကျွန်တော် period ဖြစ်တာ ၄ ရက်ပဲရှိသေးတော့ မလှူဖြစ်ခဲ့ရဘူး...

ဒါပေမယ့် ကျွန်တော် အရေးပေါ်သွေးလိုတိုင်း လှူဖို့ဆုံးဖြတ်ထားတယ်...

ဒီနှစ်မွေးနေ့မှာ အဖေက အဝတ်ဘီဒိုတစ်လုံးဝယ်ပေးတယ်၊ အမေက ဆွမ်းလောင်းပေးတယ်၊

မမက နာရီလက်ဆောင်ပေးတယ်၊ ကျွန်တော့် MD က ၁သိန်းပေးတယ်...

ဘဝက လူဆိုတာကို အနှစ်သုံးဆယ်အချိန်နဲ့ လဲခဲ့ရတဲ့ သင်ခန်းစာ ပေးခဲ့တယ်...


No comments: