ဘဝမှာ လေးငါးခြောက်ခု မလိုဘူး...
နှစ်ခုပဲ ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်...
ဒီနှစ်ခုပဲ (မောင်ချောနွယ်)
ကျွန်တော် နှစ်ခုလုံးကို လူတစ်ယောက်စီက ရခဲ့ဘူးပြီ..
စက်တင်ဘာ ၈ရက်နေ့ ရောက်တော့မယ် ကျွန်တော့်မွေးနေ့ မှတ်မှတ်ရရ ကျွန်တော့်မွေးနေ့တိုင်းမှာ ချစ်သူဆိုတဲ့ လူတစ်ယောက်မှ မရှိခဲ့ဘူး ဒီနှစ်လည်း မရှိခဲ့နိုင်ဘူး နောင်လည်း ရှိခဲ့မှာ မဟုတ်ဘူး..
ဘဝမှာ မှတ်မှတ်ရရ ချစ်သူနှစ်ယောက်ရှိခဲ့ဘူးတယ် တစ်ယောက်က ကျွန်တော့်ကို စောင့်ရှောက်တယ် ဒဏ်ရာရမှာစိုးရိမ်လို့ တားမြစ်တယ် ဒါပေမယ့် ကျွန်တော်နားမလည်ခဲ့ဘူး အဖြူရောင် သံယောဇဉ်ကို..
ဘဝမှာ ချစ်သူစစ်စစ်လို့ ကျွန်တော်ယုံကြည်ခဲ့တဲ့ လူတစ်ယောက် ရှိခဲ့ဘူးတယ် ကျွန်တော့်ကို ချနင်းခဲ့တယ် လူဆိုတာကို ဘဝနဲ့ရင်းပြီး နားလည်အောင် သင်ပေးခဲ့တယ် ကျွန်တော်လက်ခံလိုက်တယ် လူဆိုတာကို အလွယ်တကူယုံကြည်မိခဲ့လို့ ရိုက်ချိုးခံရတာကို...
တချိန်က အများကြီး ယုံကြည်ခဲ့တယ် မျှော်လင့်ခဲ့တယ် အကုန်လုံး ပျက်သုန်းသွားတယ် အခုချိန်မှာ ကျွန်တော် ယုံကြည်ချက်ဆိုတာ မဲ့နေတယ် ဘယ်အရာမဆို ဦးတည်ချက်မရှိရင် သွေဖယ်ရမှာပဲ ကျွန်တော်လည်း အရောင်ပြောင်းနေပြီ..
တချိန်က ကျွန်တော်ဖြူစင်ခဲ့တယ် အခုချိန်မှာ အရောင်စွန်းနေပြီ တခါတခါ ကျွန်တော်နားမလည်တဲ့ ဘဝမှာ ရှင်သန်ချင်စိတ် မရှိလောက့်အောင် ဖြစ်ခဲ့ဘူးတယ် လူဆိုတာ ကျွန်တော်နားမလည်ခဲ့တာ အမှားလား??? လူဆိုတာကို ကျွန်တော်မေ့ထားသင့်ပြီ..
တချို့က ဘဝအတွက့်ရှင်သန်တယ်..
တချို့က ရှင်သန်ဖို့ဘဝလိုတယ်..
ကျွန်တော်က ရှင်သန်စရာမရှိတဲ့ဘဝ..
ငယ်ငယ်တုန်းကတော့ အသက်ရှင်ဖို့ ထမင်းစားတယ် နဲနဲကြီးလာတော့ ထမင်းစားဖို့ အသက်ရှင်တယ် အရွယ်ရောက်လာတော့ အသက်ရှင်ဖို့ ထမင်းစားရတဲ့ဘဝကို လိုချင်ခဲ့မိတယ် ကြိုးစားတယ် ဒါပေမယ့် ထမင်းစားဖို့ အသက်ရှင်နေရမှန်း တဖြည်းဖြည်း နားလည်လာတယ်..
ကျွန်တော် ပြောင်းလဲသွားပြီ လူဆိုတာကို နားလည်အောင် မကြိုးစားတော့ဘူး ဦးတည်ချက်မရှိတဲ့ လူတစ်ယောက်အတွက့် ရပ်တည်ချက်မဲ့တာ သိပ်မဆန်းကြယ်ပါဘူး ဘဝက ကျွန်တော်ကို ခပ်ပါးပါးလေး သင်ပေးခဲ့တာ နတ္ထိဆိုတဲ့ စကားလုံးတစ်လုံးကို..
I am Kyal.
No comments:
Post a Comment