Friday, September 7, 2012

သုံးဆယ်။

နှစ်သုံးဆယ်လုံး ကျွန်တော်ဆိုးခဲ့ပြီးပြီ... မနက်ဖြန်ကစပြီး ကျွန်တော်လိမ္မာသင့်ပါပြီ...။




အဓိပ္ပါယ်ရှိသော မွေးနေ့တစ်ခုကို မနက်ဖြန်ပေါင်းများစွာမှာ ကျွန်တော်ပိုင်ဆိုင်နိုင်ပါစေ။

အများကြီး မျှော်လင့်ခဲ့ဘူးတယ် ပိုင်ဆိုင်ချင်တာတွေလည်း ရှိခဲ့ဘူးတယ် အခုချိန်မှာ ကျွန်တော် အရာအားလုံးကို လွှတ်ချထားခဲ့ပါပြီ...

လူဆိုတာ လက်ဗလာနဲ့ ဝင်လာခဲ့ပြီး လက်ဗလာနဲ့ပဲ ပြန်ထွက်သွားရတာပါ ကျွန်တော် ဘာတွေ မျှော်လင့်တောင့်တနေအုန်းမှာလဲ...

အိမ်မက်တွေ စိတ်ကူးတွေ အနာဂတ်တွေ မရှိတော့တဲ့ အခုလက်ရှိအချိန်လေးဟာ ကျွန်တော့်အတွက့် အကောင်းဆုံးဆုလဒ်ပါ...။

ညဝေးကြယ်။

ကမ္ဘာသစ်က ကဗျာလေးပါ ကျွန်တော်နှစ်သက်လို့ share ထားတာပါ ကဗျာဆရာက ကိုချစ်ဇောဝေပါ။

မွေးနေ့။
လူ့လောကထဲကို ရောက်လာတဲ့

အထိမ်းအမှတ် နှစ်ပတ်လည်နေ့ ။


ပြက္ခဒိန် တွေ တစ်ခုပြီး တစ်ခုပြောင်းသွားတိုင်း
ဘာတွေလုပ်ခဲ့တယ် ဘာတွေဖြစ်ခဲ့တယ်ဆိုတာ


ကိုယ့်ကိုယ်ကိုယ် အသိဆုံး ။

အဲဒီအတွက် အပြစ်တွေ အကုန်လုံး

အဲဒီအတွက် အချစ်တွေ အကုန်လုံး

အဲဒီအတွက် အမုန်းတွေ အကုန်လုံး

အဲဒီအတွက် အပြုံးတွေ အကုန်လုံး

အကောင်းဆုံးတွေထဲက အကောင်းဆုံးတွေထက်

ပိုကောင်းတဲ့ မနက်ဖြန်တွေဖြစ်အောင်


အားလုံးရဲ့ ဆုတောင်းသံတွေကြား

မှတ်တိုင်တစ်ခု စိုက်ထားနိုင်ဖို့

ကိုယ့်သမိုင်း ကို ကိုယ်ကိုယ်တိုင်ရေးရင်း

ဘ၀ကို လျှောက်လှမ်းရဦးမယ်...။



               ရေး - ကိုချစ်ဇောဝေ


No comments: