Tuesday, September 18, 2012

Sweet Memo!!







၈ရက်နေ့မှာ သွေးမလှူနိုင်ခဲ့ပေမယ့်...
၁၈ရက်နေ့မှာတော့ မှတ်မှတ်ရရ သွေးလှူဖြစ်သွားတယ်...
ဘာပဲဖြစ်ဖြစ် ဘဝမှာ ကောင်းမှုတစ်ခု ကျွန်တော်လုပ့်နိုင်ခဲ့တာပဲလေ...

မနက်က သွေးလှူဘဏ်က ဖုန်းမဆက်တော့ ကျွန်တော်က မမနဲ့ shopping သွားတယ်
အလန်းပေါ့ :P...
၃နာရီကျော်မှာ ဖုန်းဆက်တယ် သွေးလိုနေလို့ ၃နာရီခွဲ နောက်ဆုံးလာပေးပါတဲ့
ဝတ်လာတဲ့ Style နဲ့ ဆေးရုံသွားရတာ အဆင်မပြေဘူး...
ဒါပေမယ့် အိမ်ပြန်ဖို့ မမှီတော့ ဒီအတိုင်းသွားလိုက့်ရတယ်...
ဟိုလည်းရောက်ရော ဆရာဝန်မက ဆူရော သွေးလာလှူတာ အလန်းဖြစ်နေတော့ :P...
အမှတ်တရပေါ့...

ကလေးက ၄ နှစ်ပဲရှိသေးတယ် ၃ နှစ်ကျော်မှာ သွေးကင်ဆာ စဖြစ်တာတဲ့ ၅လပိုင်းက တစ်ခါဆေးရုံတက်ပြီးပြီ ဒီမနက်မှာ အဖျားကြီးတော့ ဆေးရုံပြန်တင်ရတာ ကျွန်တော်ကလည်း A သွေးဆိုတော့ အဆင်ပြေသွားတာပေါ့...

ကျွန်တော်လည်း သူ့အမေကို ဖုန်းနံပါတ်ပေးထားတယ် ကျွန်တော် လှူလို့ရတဲ့အချိန်ရောက်ရင် ထပ်လှူမယ်လို့ တခြားကလေး လိုရင်လည်း အရေးပေါ်လှူလို့ရအောင် ဆေးရုံကိုလည်း ပြောထားတယ် ၄ လတစ်ခါ ကျွန်တော်လှူပါမယ်လို့...

တစ်ခါမှမလှူဘူးတော့ သွေးလှူတာ အကြာကြီးထင်နေတာ ၁၀မိနစ်တောင် မကြာဘူးဗျာ သွေးယူတာ မမကဖုန်းဆက်တော့ လှူပြီးပြီဆိုတော့ အော်ရော နင့်စီက သွေးကိုဘယ်လိုယူလိုက့်တာလဲတဲ့ အနော်လည်း မသိဘူးပေါ့...း )

၃နာရီ ခွဲကျော်မှာ ဆေးရုံရောက်တယ် ဖုန်းဆက်လို့ သွေးလာလှူတာဆိုတော့ Pressure တိုင်းတယ် Form ဖြည့်ခိုင်းတယ် ပြီးတော့ ကုတင်ပေါ်တက် သွေးဖောက် ၁၅ မိနစ်လောက်ပဲကြာတယ် တစ်ခါမှ မလှူုဘူးတော့ Effect ရှိမှာစိုးရိမ်လို့ ခဏအိပ်နေခိုင်းတယ် ဘာမှမရှိဘူးဆိုမှ ကြက်ဥနဲ့ နို့တိုက်တယ် ကလေးအမေက တချိန်လုံး ကျွန်တော့်အနားမှာ သူကအားနာနေတယ် ပိန်ပိန်လေးဆိုတော့ သနားနေတာနေမှာပေါ့...း D

ကျွန်တော်ပျော်ပါတယ် သွေးလှူရတဲ့ ပီတိက တော်တော် ကျေနပ်စေတယ်...

ညဝေးကြယ်။


Sunday, September 9, 2012

မွေးနေ့။



ရင်ဘက်ကို ဟောင်းလောင်းဖွင့် ကောင်းကင်နဲ့ ရန်ဖြစ်ချင်တဲ့ကောင်... 

အခုတော့ လေတိုက်ရင်တောင် ပစ္စုပန်လေး ယိုင်နဲ့သွားမှာ စိုးရိမ်တက်နေပြီ...။

ခဏခဏ မှားခဲ့တဲ့ ကျွန်တော် ဘဝမှာ ထပ်ပြီးမှားစရာ မကျန်လောက့်တော့ပါဘူး...

ဘာမှမရှိတော့တဲ့ အချိန်မှာ ကျွန်တော့်မွေးနေ့လေး တကယ်ကို တန်ဘိုးရှိခဲ့ပါတယ်...

မနက်စောစော မထတက်တဲ့ကောင် အမေနဲ့အတူ အာရုံဆွမ်း ကူလောင်းပေးတယ်...

အိမ်က ဘုရားစင်မှာ ဆွမ်း၊သစ်သီး၊ပန်းကပ်တယ် အိမ်က အဆင့်သင့်လုပ်ပေးတာပါ...

ရွှေတိဂုံဘုရားသွားတယ် ပန်း၊ဆီမီး၊ရေ၊ပိုက်ဆံလှူဖြစ်တယ်...

ပြီးတော့ သွေးလှူဖို့သွားတယ် ကျွန်တော် period ဖြစ်တာ ၄ ရက်ပဲရှိသေးတော့ မလှူဖြစ်ခဲ့ရဘူး...

ဒါပေမယ့် ကျွန်တော် အရေးပေါ်သွေးလိုတိုင်း လှူဖို့ဆုံးဖြတ်ထားတယ်...

ဒီနှစ်မွေးနေ့မှာ အဖေက အဝတ်ဘီဒိုတစ်လုံးဝယ်ပေးတယ်၊ အမေက ဆွမ်းလောင်းပေးတယ်၊

မမက နာရီလက်ဆောင်ပေးတယ်၊ ကျွန်တော့် MD က ၁သိန်းပေးတယ်...

ဘဝက လူဆိုတာကို အနှစ်သုံးဆယ်အချိန်နဲ့ လဲခဲ့ရတဲ့ သင်ခန်းစာ ပေးခဲ့တယ်...

ညဝေးကြယ်။

Friday, September 7, 2012

သုံးဆယ်။

နှစ်သုံးဆယ်လုံး ကျွန်တော်ဆိုးခဲ့ပြီးပြီ... မနက်ဖြန်ကစပြီး ကျွန်တော်လိမ္မာသင့်ပါပြီ...။




အဓိပ္ပါယ်ရှိသော မွေးနေ့တစ်ခုကို မနက်ဖြန်ပေါင်းများစွာမှာ ကျွန်တော်ပိုင်ဆိုင်နိုင်ပါစေ။

အများကြီး မျှော်လင့်ခဲ့ဘူးတယ် ပိုင်ဆိုင်ချင်တာတွေလည်း ရှိခဲ့ဘူးတယ် အခုချိန်မှာ ကျွန်တော် အရာအားလုံးကို လွှတ်ချထားခဲ့ပါပြီ...

လူဆိုတာ လက်ဗလာနဲ့ ဝင်လာခဲ့ပြီး လက်ဗလာနဲ့ပဲ ပြန်ထွက်သွားရတာပါ ကျွန်တော် ဘာတွေ မျှော်လင့်တောင့်တနေအုန်းမှာလဲ...

အိမ်မက်တွေ စိတ်ကူးတွေ အနာဂတ်တွေ မရှိတော့တဲ့ အခုလက်ရှိအချိန်လေးဟာ ကျွန်တော့်အတွက့် အကောင်းဆုံးဆုလဒ်ပါ...။

ညဝေးကြယ်။

ကမ္ဘာသစ်က ကဗျာလေးပါ ကျွန်တော်နှစ်သက်လို့ share ထားတာပါ ကဗျာဆရာက ကိုချစ်ဇောဝေပါ။

မွေးနေ့။
လူ့လောကထဲကို ရောက်လာတဲ့

အထိမ်းအမှတ် နှစ်ပတ်လည်နေ့ ။


ပြက္ခဒိန် တွေ တစ်ခုပြီး တစ်ခုပြောင်းသွားတိုင်း
ဘာတွေလုပ်ခဲ့တယ် ဘာတွေဖြစ်ခဲ့တယ်ဆိုတာ


ကိုယ့်ကိုယ်ကိုယ် အသိဆုံး ။

အဲဒီအတွက် အပြစ်တွေ အကုန်လုံး

အဲဒီအတွက် အချစ်တွေ အကုန်လုံး

အဲဒီအတွက် အမုန်းတွေ အကုန်လုံး

အဲဒီအတွက် အပြုံးတွေ အကုန်လုံး

အကောင်းဆုံးတွေထဲက အကောင်းဆုံးတွေထက်

ပိုကောင်းတဲ့ မနက်ဖြန်တွေဖြစ်အောင်


အားလုံးရဲ့ ဆုတောင်းသံတွေကြား

မှတ်တိုင်တစ်ခု စိုက်ထားနိုင်ဖို့

ကိုယ့်သမိုင်း ကို ကိုယ်ကိုယ်တိုင်ရေးရင်း

ဘ၀ကို လျှောက်လှမ်းရဦးမယ်...။



               ရေး - ကိုချစ်ဇောဝေ


Tuesday, September 4, 2012

စက်တင်ဘာ


ဘဝမှာ လေးငါးခြောက်ခု မလိုဘူး...
နှစ်ခုပဲ ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်...
ဒီနှစ်ခုပဲ (မောင်ချောနွယ်)
ကျွန်တော် နှစ်ခုလုံးကို လူတစ်ယောက်စီက ရခဲ့ဘူးပြီ...

စက်တင်ဘာ ၈ရက်နေ့ ရောက်တော့မယ် ကျွန်တော့်မွေးနေ့ မှတ်မှတ်ရရ ကျွန်တော့်မွေးနေ့တိုင်းမှာ ချစ်သူဆိုတဲ့ လူတစ်ယောက်မှ မရှိခဲ့ဘူး ဒီနှစ်လည်း မရှိခဲ့နိုင်ဘူး နောင်လည်း ရှိခဲ့မှာ မဟုတ်ဘူး...

ဘဝမှာ မှတ်မှတ်ရရ ချစ်သူနှစ်ယောက်ရှိခဲ့ဘူးတယ် တစ်ယောက်က ကျွန်တော့်ကို စောင့်ရှောက်တယ် ဒဏ်ရာရမှာစိုးရိမ်လို့ တားမြစ်တယ် ဒါပေမယ့် ကျွန်တော်နားမလည်ခဲ့ဘူး အဖြူရောင် သံယောဇဉ်ကို...

ဘဝမှာ ချစ်သူစစ်စစ်လို့ ကျွန်တော်ယုံကြည်ခဲ့တဲ့ လူတစ်ယောက် ရှိခဲ့ဘူးတယ် ကျွန်တော့်ကို ချနင်းခဲ့တယ် လူဆိုတာကို ဘဝနဲ့ရင်းပြီး နားလည်အောင် သင်ပေးခဲ့တယ် ကျွန်တော်လက်ခံလိုက်တယ် လူဆိုတာကို အလွယ်တကူယုံကြည်မိခဲ့လို့ ရိုက်ချိုးခံရတာကို....

တချိန်က အများကြီး ယုံကြည်ခဲ့တယ် မျှော်လင့်ခဲ့တယ် အကုန်လုံး ပျက်သုန်းသွားတယ်  အခုချိန်မှာ ကျွန်တော် ယုံကြည်ချက်ဆိုတာ မဲ့နေတယ် ဘယ်အရာမဆို ဦးတည်ချက်မရှိရင် သွေဖယ်ရမှာပဲ ကျွန်တော်လည်း အရောင်ပြောင်းနေပြီ...

တချိန်က ကျွန်တော်ဖြူစင်ခဲ့တယ် အခုချိန်မှာ အရောင်စွန်းနေပြီ တခါတခါ ကျွန်တော်နားမလည်တဲ့ ဘဝမှာ ရှင်သန်ချင်စိတ် မရှိလောက့်အောင် ဖြစ်ခဲ့ဘူးတယ် လူဆိုတာ ကျွန်တော်နားမလည်ခဲ့တာ အမှားလား??? လူဆိုတာကို ကျွန်တော်မေ့ထားသင့်ပြီ...

တချို့က ဘဝအတွက့်ရှင်သန်တယ်...
တချို့က ရှင်သန်ဖို့ဘဝလိုတယ်...
ကျွန်တော်က ရှင်သန်စရာမရှိတဲ့ဘဝ...

ငယ်ငယ်တုန်းကတော့ အသက်ရှင်ဖို့ ထမင်းစားတယ် နဲနဲကြီးလာတော့ ထမင်းစားဖို့ အသက်ရှင်တယ် အရွယ်ရောက်လာတော့ အသက်ရှင်ဖို့ ထမင်းစားရတဲ့ဘဝကို လိုချင်ခဲ့မိတယ် ကြိုးစားတယ် ဒါပေမယ့် ထမင်းစားဖို့ အသက်ရှင်နေရမှန်း တဖြည်းဖြည်း နားလည်လာတယ်...

ကျွန်တော် ပြောင်းလဲသွားပြီ လူဆိုတာကို နားလည်အောင် မကြိုးစားတော့ဘူး ဦးတည်ချက်မရှိတဲ့ လူတစ်ယောက်အတွက့် ရပ်တည်ချက်မဲ့တာ သိပ်မဆန်းကြယ်ပါဘူး ဘဝက ကျွန်တော်ကို ခပ်ပါးပါးလေး သင်ပေးခဲ့တာ နတ္ထိဆိုတဲ့ စကားလုံးတစ်လုံးကို...

ညဝေးကြယ်။