Thursday, August 16, 2012

အခွံ (Bee Thoven)

ကွန်ဒုံစွပ်ထားတဲ့ မေတ္တာတရားတွေနဲ့
ဘ၀ကိုလုယက်နေတဲ့
ခေတ်ထဲမှာ
သန္ဓေတားဆေးတွေများတယ်

ယဉ်ကျေးမှု့ အစုံစုံ ၊ တပ်မက်စရာ အဖုံဖုံနဲ့
ထွေးလုံးနေထိုင်နေတဲ့
ခေတ်ထဲမှာ
အကြင်နာတရားဟာ ဆီလီကွန်တွေများတယ်

အဲဒီလို …. … …..
ကာမသိဒ္ဓိကျမ်းနဲ့
ညစ်ညမ်းတဲ့ လမ်းတွေပေါ်မှာ
မုဆိုးကလည်း မုဆိုးထိုင် ထိုင်
သားကောင်ကလည်း ရနံ့တွေလှိုင်လို့
အချစ်ကို စောင့်ဆိုင်း
ရုပ်ဝတ္ထုရဲ့ မှိုင်းတွေထဲမှာ
တခမ်းတနား သူတို့ရွာသွန်းခဲ့ကြတယ် … …. ….. … ။






 

http://www.facebook.com/notes/bee-thoven/%E1%80%A1%E1%80%81%E1%80%B6%E1%80%BC-/418969841471764



FB က ကျွန်တော် Friend ကဗျာဆရာ ရေးထားတဲ့ ကဗျာပါ ကျွန်တော် ခွင့်မတောင်းခဲ့ပဲ Blog မှာ ပြန် Share ထားတာပါ။ ဟီးးး အဲ့လို ခဏခဏ ယူထားတာ များပြီခင်ဗျ။

No comments: