Sunday, April 8, 2012

အိမ်။

အိမ် ......

ချည်တိုင်လို့ပဲခေါ်ခေါ်
ဝပ်ကျင်းလို့ပဲပြောပြော
ကျောတစ်ပြားခင်း
ကြယ်တွေလင်းနေတဲ့ နေရာ
အဲဒီ … ဗိမာန်လေးမှာ
နေရတာ ပျော်တယ် …….. ။

Bee Thoven ရဲ့ အိမ်။
http://www.facebook.com/photo.php?fbid=355450614490354&set=a.181856311849786.34689.100000762550368&type=1&theater 


 ဓိရာမိုရ် ရဲ့ အိမ်။

http://www.youtube.com/watch?v=PzIrUOO6zWM 




 ကျွန်တော်ချစ်တဲ့ အိမ်။
http://www.youtube.com/watch?v=flXl85NYPHY&feature=related



အိမ်ဆိုတဲ့ ကဗျာလေးက Facebook က သူငယ်ချင်းရဲ့ (Bee Thoven)
ကိုယ်ပိုင်ကဗျာလေးပါ ကျွန်တော်နှစ်သက်လို့ ယူသုံးလိုက့်တာပါ သူ့ကိုယ်တောင် ခွင့်မတောင်းမိလိုက့်ဘူး။
☆.。.:*・゚☆.。.:*・゚☆
ကြယ်တွေလင်းနေတဲ့ နေရာ
အဲဒီ … ဗိမာန်လေးမှာ
နေရတာ ပျော်တယ် …….. ။
☆.。.:*・゚☆.。.:*・゚☆
ကျွန်တော့်အိမ်
အဲ့ဒီ့အိမ်မှာ ၂၄နာရီမီးမလာဘူး
အဲယားကွန်းမရှိဘူး
အင်တာနက်သုံးလို့မရဘူး
ဘိုထိုင်အိမ်သာမရှိဘူး
အခွံမှန်သမျှချွတ်ချထားတဲ့အရပ်။
အဲ့ဒီ့အိမ်မှာ အဖေနဲ့အမေ
သူတို့ရဲ့မျိုးဆက် သား၊မြေး၊တီ၊တွတ်
အကြင်နာတရား၊မေတ္တာတရား၊နွေးထွေးမှု
လူတစ်ယောက့်အတွက့်စိတ်အဟာရ
ပြည့်ပြည့်လျှံလျှံပေးနိုင်တဲ့
ကျွန်တော် 
ခေါင်းချချင်တဲ့အရပ်။

No comments: