ခုဏက အိမ်ကိုဖုန်းဆက်တယ် လူကြုံမှာတဲ့ Luggage အတွက့် လှန်းမေးတာ ကျွန်တော်ကသေချာဝယ်ပေးသွားတယ် ဟိုရောက်မှ ပွစိပွစိဆိုအရမ်းစိတ်ဆိုးတာ မလိုချင်ရင်မယူနဲ့ကြီး ဘုတောတော့တာလေ။
အိမ်ကို ဖုန်းခေါ်တော့ ဟလိုထူးတဲ့အသံက အမေ့အသံမှန်းသိလို့အမေလားလို့ မေးလိုက့်တယ်
မေး ။ ။ အမေလား
ဖြေ ။ ။ အေးအေး အန်တီတဲ့
(ဗုဒ္ဓေါဇဝေါဇဝါ ဖြစ်သွားတယ် ဖုန်းက ဘယ်အိမ်ရောက်နေတာလဲ??)
အဲ့ဒါနဲ့ အဒေါ်ရောက်နေတာလား မသိဘူးဆိုပြီး
မေး ။ ။အန်တီဝေမာလား ဆိုတော့
ဖြေ ။ ။သမီးလား အမေတဲ့ ပြီးတော့ အမေကရယ်နေတယ် (ဟီး အမေကနောက့်တယ်)
အိမ်ကလူတွေလည်း တဝါးဝါး ရယ်ကြရော
အမေက ရှင်းပြတယ် အမေလားမေးတာကို အန်တီလား ကြားလို့တဲ့ အန်တီဝေမာလား ထပ်မေးမှ သမီးအသံမှန်း သိတာတဲ့ (ဒါမျိုးတွေလည်း ဖြစ်တက်ပါတယ်း D)
No comments:
Post a Comment