Thursday, February 23, 2017

Birthdays



အိပ်နေရင်းနဲ့ စိတ်ကူးပေါက်လို့ ထရေးဖြစ်တာဗျ..

May 13 ပထမဆုံးကျွန်တော့်ကို ချစ်ခင်ပေးခဲ့တဲ့ လူတစ်ယောက်မွေးနေ့

သူနဲ့ကျွန်တော် ပြန်မဆုံဖြစ်တော့ပေမယ့် အမှတ်ရနေမိပါတယ်

( He is my boyfriend but he didn't tell me, i love you.)

December 16 ကျွန်တော့်ကို အရိပ်လို့စောင့်ရှောက်ပေးခဲ့တဲ့ လူတစ်ယောက်မွေးနေ့

အဆင်မပြေမှုတွေကြုံရတိုင်း သတိရမိပါတယ် သူစိမ်းတစ်ယောက်ဆိုပေမယ့် သူရှိခဲ့တဲ့အချိန်ကာလမှာ ပြဿနာတိုင်းပြေလည်သွားတယ်

( He isn't my boyfriend but he is always being cared to me.)

March 22 ကျွန်တော့်ရဲ့ ဘဝမှာပထမဆုံး အသဲပေါက်အောင်ချစ်ခဲ့မိလို့ အသဲနာအောင်လုပ်ပေးခဲ့သူမွေးနေ့

မှတ်မှတ်ရရ သူ့မွေးနေ့မှာ ဘုရားတူတူသွားဖူးတယ် ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် ဘဝမှာအမှားဆိုတာ ဘယ်ရှိနိုင်တော့မလဲ

( He is my ex, if we meet on suddenly he asked to me do you still love me, my answer is no because my feeling went already to another one.)

May 16 ကျွန်တော့် Baby မွေးနေ့ မတောင်းပန်တော့ပါဘူး ပြင်လို့မရတဲ့အမှားကို တောင်းပန်တာဟာ တဖက်သားကို ဒဏ်ရာပေးသလိုပါပဲ

( If I will go back that time, I so happy but i didn't go back past.)

September 8 ကျွန်တော့်မွေးနေ့ ဘဝမှာအကြိမ်ကြိမ်ကျရှုံးပြီး အခါခါလဲကျခဲ့ပေမယ့် ကျွန်တော့်မွေးနေ့ကို ကျွန်တော်ချစ်နေဆဲပါပဲ..

ကျွန်တော်မသိချင်တော့တဲ့ မွေးနေ့တစ်ခုတော့ ချန်ထားလိုက်ပါတယ်..

ကျွန်တော်မလိုချင်တဲ့အရာတွေကို ကျွန်တော့်မှတ်ဉာဏ်ကနေ ထုတ်ပြစ်တက်တာ ကျွန်တော့်အကျင့်ဆိုးပါ..

လူတိုင်းမှာအတ္တနဲ့မာနရှိတက်ပေမယ့် ကျွန်တော့်အတ္တက သူတစ်ပါးထက်ပိုကြီးပါတယ်။


Edited_2020

May 10 ပြန်မဆုံဖြစ်တော့တဲ့ လူတစ်ယောက်ရဲ့မွေးနေ့

ကံပါရင် ကမ္ဘာအရှေ့ခြမ်းနဲ့ ကမ္ဘာအနောက်ခြမ်းကလူချင်းတောင် တွေ့ဆုံနိုင်ပေမယ့် ကံမပါရင်တော့ တစ်မြို့ထဲနေရင်တောင် မတွေ့ဆုံနိုင်ပါဘူးဗျာ။


No comments: