Saturday, January 14, 2017

Enrique Iglesias - Maybe




Thanks God!!

နေ့လည်၁၂နာရီကျော်တောင် အိပ်ယာထဲနှပ်နေတုန်း ၁နာရီလောက်မှ ကော်ဖီထသောက် အိပ်ယာထဲပြန်ခွေ Larva ကြည့်
သီချင်းနားထောင်ရင်း ဖုန်းလာတော့ phone ringtone ကို မကျေမနပ်ဖြစ်နေတယ်

ringtone ကို ခံစားချက်အတိုင်းထည့်ထားတော့ ဖုန်းလာတိုင်း အနာကိုဆွသလိုခံစားရတယ် အဲ့ဒါနဲ့  ကျွန်တော်နားထောင်နေကျ သီချင်းတွေထည့်ထားတဲ့ CDMA ဖုန်း အဟောင်းလေးထဲ သီချင်းတွေရှာကြည့်တော့ မောင်မင်းကြီးသားက သစ္စာရှိတယ် memory card ကျပျောက်သွားတာတောင် သီချင်းတွေ phone ထဲကျန်ခဲ့တော့ အရင်က  ringtone ထားတဲ့ Maybe ကိုပြန်ထားလိုက်တော့ စိတ်ချမ်းသာသွားတယ်

၂၀၀၈ ဖုန်းစကိုင်ထဲက Maybe ပဲထည့်ထားတာ ရန်ကုန်ပြန်ရောက်မှ အကျင့်တွေပျက်သွားပြီး သီချင်းမျိုးစုံပြောင်းထားနေတာ နောက်ဆုံးတော့ သူ့နေရာသူပြန်ရောက်သွားတာပေါ့ဗျာ။



No comments: