Sunday, January 15, 2017

Big Bag- 33




အပြင်မှာနေသာတုန်း အိမ်ထဲ ထီးဆောင်းရအုန်းမယ်

အပြင်မှာနေမသာလဲ ဝတ်တရားမပျက်ဖို့ အရေးကြီးတယ်

နေလဲဆောင်းသွားပြီ လူတွေကိုငါမုန်းတီး

ဘဝဟာ ဘာမှမဟုတ်တဲ့ သစ်တော်သီး..




Saturday, January 14, 2017

Enrique Iglesias - Maybe




Thanks God!!

နေ့လည်၁၂နာရီကျော်တောင် အိပ်ယာထဲနှပ်နေတုန်း ၁နာရီလောက်မှ ကော်ဖီထသောက် အိပ်ယာထဲပြန်ခွေ Larva ကြည့်
သီချင်းနားထောင်ရင်း ဖုန်းလာတော့ phone ringtone ကို မကျေမနပ်ဖြစ်နေတယ်

ringtone ကို ခံစားချက်အတိုင်းထည့်ထားတော့ ဖုန်းလာတိုင်း အနာကိုဆွသလိုခံစားရတယ် အဲ့ဒါနဲ့  ကျွန်တော်နားထောင်နေကျ သီချင်းတွေထည့်ထားတဲ့ CDMA ဖုန်း အဟောင်းလေးထဲ သီချင်းတွေရှာကြည့်တော့ မောင်မင်းကြီးသားက သစ္စာရှိတယ် memory card ကျပျောက်သွားတာတောင် သီချင်းတွေ phone ထဲကျန်ခဲ့တော့ အရင်က  ringtone ထားတဲ့ Maybe ကိုပြန်ထားလိုက်တော့ စိတ်ချမ်းသာသွားတယ်

၂၀၀၈ ဖုန်းစကိုင်ထဲက Maybe ပဲထည့်ထားတာ ရန်ကုန်ပြန်ရောက်မှ အကျင့်တွေပျက်သွားပြီး သီချင်းမျိုးစုံပြောင်းထားနေတာ နောက်ဆုံးတော့ သူ့နေရာသူပြန်ရောက်သွားတာပေါ့ဗျာ။



Thursday, January 12, 2017

Westlife - More than Words (Coast to Coast)



ဒီတစ်ပါတ်လုံး စိတ်တိုင်းကျ ကျွန်တော်လွင့်နေတာ Monday ကစပီးတော့ အလုပ်မှာ
Internet သုံးတာ Limite ထားရတော့မယ်ခင်ဗျာ။

Wednesday, January 11, 2017

The Eagles - Hotel California (High Quality)




ကျွန်တော် ဘယ်နေ့အလုပ်ပြုတ်မလဲ မသိဘူး အလုပ်ရောက်တဲ့အချိန်က
နေ့လည် ၁၁နာရီ ၁၂နာရီ ရောက်ပြီဆိုတာနဲ့ အလုပ်မလုပ်ဘူး wifi ဖွင့် YouTube မှာ သီချင်း Down တယ် Cartoon ကားရှာတယ် အခုတလော Larva ကို စုထားတာ ကား၅၀ပြည့်တော့မယ်
ပြီးရင် Blog မှာ သီချင်းတင်တယ် post တော့ မတင်ဖြစ်ဘူး အာရုံမလာတာနဲ့ ရေးလက်စ ရန်ကုန်မြို့အကြောင်းတောင် လက်စမသတ်ရသေးဘူး အဲ့လိုအလုပ်ကြိုးစားနေတာ ဒီတစ်ပတ်လုံးပဲ ပြုတ်တော့လဲ ကောင်းပါတယ် ၁၀၉၊၁၁၀ ဘွဲ့လေးအလကားရတာပေါ့ဗျာ။

Monday, January 9, 2017

Careless Whisper (George Michael Tribute) - Sam Tsui

George Michael - Careless Whisper (Official Video)



ကျွန်တော့်ကတိအတိုင်း Original Song ကို ပြန်တင်ပေးပါတယ် ခင်ဗျာ။