Tuesday, December 27, 2016

အဖြူထည်။


Credit : https://goo.gl/images/p7geX1


မနက်က အလုပ်လာတော့ ကားငှားစီးဖြစ်တယ် ကားပေါ်မှာ ဝေလသီချင်းနားထောင်မိတော့ ကျွန်တော် တကယ် Feel ဖြစ်သွားတယ် လူဖြစ်ခွင့်ပေးပါကို အရင်ကနားထောင်ခဲ့ဘူးပေမယ့် ဒီမနက်ကျွန်တော်နားထောင်ရတာ တော်တော်လေးခံစားရပါတယ်...

ကိုယ်ကိုတိုင် လူပီပီသသနေထိုင်ဖို့ အပြစ်ကင်းစင်တဲ့ အဖြူထည်ကို လူမဆန်စွာရက်စက်ကျတာ

မေမေ..
ကမ္ဘာကြီးပေါ်ကလူတွေအကြောင်း သားသိချင်သေးတယ်
မောင်နှမတွေနဲ့အတူတူ ကျောင်းလဲတက်ချင်တယ်
လူဖြစ်ခွင့်ပေးပါကွယ်...

ကမ္ဘာပေါ်က အဖြူထည် ဘယ်လောက်များများ ကျွန်တော်တို့ လူမဆန်စွာ သတ်ခဲ့ပြီးပြီလဲဗျာ

သူတို့သာ ရှင်သန်ခွင့်ရခဲ့ရင် ကမ္ဘာကြီးအတွက့် မဟုတ်တောင် သူတို့အမေ သူတို့အဖေအတွက့်တော့ လူသားဆန်တဲ့ သား၊သမီးတစ်ယောက်အဖြစ် လူဖြစ်ခွင့်ရကျမှာပါ အခုတော့

ဖေဖေ..
ကျပ်တည်းနေတဲ့ ဒီမိသားစုလေးမှာပဲနေမယ်
အဖေနဲ့အမေနဲ့  ကြုံနေတဲ့ဒုက္ခတွေကိုထမ်းမယ့်
ကလေးလေးတစ်ယောက်ပါပဲ...

အဖေ၊အမေလို့ သူတို့ခေါ်ချင်ခဲ့မှာပဲ မိသားစုဆိုတာကိုလဲ သူတို့ပိုင်ဆိုင်ချင်ခဲ့မှာပဲ လူမဆန်တဲ့ ကျွန်တော်တို့အတွက့် အဖြူထည်တွေ လူဖြစ်ခွင့်ဆုံးရှုံးခဲ့ရတာ

ကျွန်တော်ဟာ ကျွန်တော့်လူမျိုးကို သိပ့်ပြီးချစ်တက်တယ်
မိဘအကျိုးကို သယ်ပိုးထမ်းရွက်ချင်တယ်..
ဖျက်မချလိုက်ပါနဲ့ ခဏလောက့်ဖြစ်ဖြစ်
ကမ္ဘာမြေပေါ်ရှင်သန်ခွင့်ပေး..

တစာစာတောင်းဆိုရင်း ကြွေလွင့်သွားရတဲ့ အဖြူထည်တွေ နောက်တစ်ကြိမ် လူဖြစ်ခွင့်ရပါ့မလား ဆရာဝန်တွေ အင်ဂျင်နီယာတွေ ကျောင်းဆရာတွေ ဘာသာရေးဆရာတွေ မိခင်လောင်းတွေ ဘယ်လောက်တောင်များ ကျွန်တော်တို့

မေမေ..
တောင်တန်းတွေနဲ့ ပင်လယ်များလဲ ကြည့်ချင်သေးတယ်
ဟာသဆိုတဲ့ အရာတွေကြားထဲမျောချင်တယ်
လူဖြစ်ခွင့်ပေးပါကွယ်...

တောင်တန်းတွေ ပင်လယ်တွေ ချိုင့်ဝှမ်းတွေ မြစ်တွေ ကွင်းပြင်တွေ သဘာဝတရားကို ချစ်တက်တဲ့ ကျွန်တော်နဲ့တူတဲ့ အဖြူထည်တွေ
ရသ ဟာသ ဗဟုသုတ ခံစားချက်တွေကို ကျွန်တော်လို ခံစားတက်တဲ့ အဖြူထည်တွေ ဟား ဘယ်တောင်များဗျာ

ကျွန်တော်ရှင်သန်တာ လူ့သက်တမ်း တဝက်ကျော်ပါပြီ ကျန်တဲ့သက်တမ်းတဝက်မှာ ကျွန်တော်ရှင်သန်ခွင့် ရမလားမရဘူးလား စိတ်မဝင်စားတော့ပါဘူး ကျွန်တော့်ပတ်ဝန်းကျင်က အဖြူထည်တွေ ကြွေလွင့်မသွားရအောင် ရှင်သန်ခွင့်ရအောင်ကျြိုးစားသွားမှာပါ

အမေ့ရဲ့ နို့ချိုတစက်နဲ့ ရန်တွေကိုကာကွယ်ဖို့
ကမ္ဘာမြေပေါ်ရှင်သန်ခွင့်ပေး မေမေ..
လူဖြစ်ခွင့်ပေး ဖေဖေ..
အနူးအညွတ့်တောင်းပန်ပါတယ် အဖေအမေရင်ခွင်ကြား
ပျော်ရွှင်စွာ နေခွင့်ပေးပါ...

အရိယာမဖြစ်သေးခင်
လူတိုင်းမှားတက်ကျပါတယ်
ကိုယ့်အမှားတစ်ခုကြောင့်
အသက်တစ်ချောင်းကို မစတေးလိုက်ပါနဲ့။

By
My heart beat
27th December 2016.

No comments: