Wednesday, December 28, 2016

အသည်းရက်စက်တယ်-Ah Thae Yat Sat Tal




2012 ထဲ က original song ကို ကျွန်တော်လိုချင်ခဲ့တာ ဒီနေ့အထိ ရှာမတွေ့သေးပါဘူး မနေ့ညက အိမ်မက်ဆုံရာမှာ နားထောင်ရလို့ မြန်မာလို ပြန်ဆိုထားတာကို YouTube ကနေ ရှာ Down ထားတာပါ မူရင်းသီချင်း ရှာတွေ့ရင် ထပ်တင်ပေးပါမယ်ဗျာ..

Tuesday, December 27, 2016

အဖြူထည်။


Credit : https://goo.gl/images/p7geX1


မနက်က အလုပ်လာတော့ ကားငှားစီးဖြစ်တယ် ကားပေါ်မှာ ဝေလသီချင်းနားထောင်မိတော့ ကျွန်တော် တကယ် Feel ဖြစ်သွားတယ် လူဖြစ်ခွင့်ပေးပါကို အရင်ကနားထောင်ခဲ့ဘူးပေမယ့် ဒီမနက်ကျွန်တော်နားထောင်ရတာ တော်တော်လေးခံစားရပါတယ်...

ကိုယ်ကိုတိုင် လူပီပီသသနေထိုင်ဖို့ အပြစ်ကင်းစင်တဲ့ အဖြူထည်ကို လူမဆန်စွာရက်စက်ကျတာ

မေမေ..
ကမ္ဘာကြီးပေါ်ကလူတွေအကြောင်း သားသိချင်သေးတယ်
မောင်နှမတွေနဲ့အတူတူ ကျောင်းလဲတက်ချင်တယ်
လူဖြစ်ခွင့်ပေးပါကွယ်...

ကမ္ဘာပေါ်က အဖြူထည် ဘယ်လောက်များများ ကျွန်တော်တို့ လူမဆန်စွာ သတ်ခဲ့ပြီးပြီလဲဗျာ

သူတို့သာ ရှင်သန်ခွင့်ရခဲ့ရင် ကမ္ဘာကြီးအတွက့် မဟုတ်တောင် သူတို့အမေ သူတို့အဖေအတွက့်တော့ လူသားဆန်တဲ့ သား၊သမီးတစ်ယောက်အဖြစ် လူဖြစ်ခွင့်ရကျမှာပါ အခုတော့

ဖေဖေ..
ကျပ်တည်းနေတဲ့ ဒီမိသားစုလေးမှာပဲနေမယ်
အဖေနဲ့အမေနဲ့  ကြုံနေတဲ့ဒုက္ခတွေကိုထမ်းမယ့်
ကလေးလေးတစ်ယောက်ပါပဲ...

အဖေ၊အမေလို့ သူတို့ခေါ်ချင်ခဲ့မှာပဲ မိသားစုဆိုတာကိုလဲ သူတို့ပိုင်ဆိုင်ချင်ခဲ့မှာပဲ လူမဆန်တဲ့ ကျွန်တော်တို့အတွက့် အဖြူထည်တွေ လူဖြစ်ခွင့်ဆုံးရှုံးခဲ့ရတာ

ကျွန်တော်ဟာ ကျွန်တော့်လူမျိုးကို သိပ့်ပြီးချစ်တက်တယ်
မိဘအကျိုးကို သယ်ပိုးထမ်းရွက်ချင်တယ်..
ဖျက်မချလိုက်ပါနဲ့ ခဏလောက့်ဖြစ်ဖြစ်
ကမ္ဘာမြေပေါ်ရှင်သန်ခွင့်ပေး..

တစာစာတောင်းဆိုရင်း ကြွေလွင့်သွားရတဲ့ အဖြူထည်တွေ နောက်တစ်ကြိမ် လူဖြစ်ခွင့်ရပါ့မလား ဆရာဝန်တွေ အင်ဂျင်နီယာတွေ ကျောင်းဆရာတွေ ဘာသာရေးဆရာတွေ မိခင်လောင်းတွေ ဘယ်လောက်တောင်များ ကျွန်တော်တို့

မေမေ..
တောင်တန်းတွေနဲ့ ပင်လယ်များလဲ ကြည့်ချင်သေးတယ်
ဟာသဆိုတဲ့ အရာတွေကြားထဲမျောချင်တယ်
လူဖြစ်ခွင့်ပေးပါကွယ်...

တောင်တန်းတွေ ပင်လယ်တွေ ချိုင့်ဝှမ်းတွေ မြစ်တွေ ကွင်းပြင်တွေ သဘာဝတရားကို ချစ်တက်တဲ့ ကျွန်တော်နဲ့တူတဲ့ အဖြူထည်တွေ
ရသ ဟာသ ဗဟုသုတ ခံစားချက်တွေကို ကျွန်တော်လို ခံစားတက်တဲ့ အဖြူထည်တွေ ဟား ဘယ်တောင်များဗျာ

ကျွန်တော်ရှင်သန်တာ လူ့သက်တမ်း တဝက်ကျော်ပါပြီ ကျန်တဲ့သက်တမ်းတဝက်မှာ ကျွန်တော်ရှင်သန်ခွင့် ရမလားမရဘူးလား စိတ်မဝင်စားတော့ပါဘူး ကျွန်တော့်ပတ်ဝန်းကျင်က အဖြူထည်တွေ ကြွေလွင့်မသွားရအောင် ရှင်သန်ခွင့်ရအောင်ကျြိုးစားသွားမှာပါ

အမေ့ရဲ့ နို့ချိုတစက်နဲ့ ရန်တွေကိုကာကွယ်ဖို့
ကမ္ဘာမြေပေါ်ရှင်သန်ခွင့်ပေး မေမေ..
လူဖြစ်ခွင့်ပေး ဖေဖေ..
အနူးအညွတ့်တောင်းပန်ပါတယ် အဖေအမေရင်ခွင်ကြား
ပျော်ရွှင်စွာ နေခွင့်ပေးပါ...

အရိယာမဖြစ်သေးခင်
လူတိုင်းမှားတက်ကျပါတယ်
ကိုယ့်အမှားတစ်ခုကြောင့်
အသက်တစ်ချောင်းကို မစတေးလိုက်ပါနဲ့။

By
My heart beat
27th December 2016.

Wai La - Lu Phyit Khwint Pay Par

Saturday, August 20, 2016

ပိုးစုန်းကြူးကို လိုချင်တဲ့ ပိုးစုန်းကြူး



ဒီလိုနဲ့ပဲ ကျွန်တော် သီချင်းတွေ ပြန်နားထောင်မိတယ်
ကဗျာတွေ ရေးမိတယ်...


ကျွန်တော်ချစ်ခဲ့တဲ့ စနေကို ကျွန်တော်ကို မုန်းခွင့်ပြုပါစေ..

ခံစားလွယ်တဲ့ ရင်ဘက်ကိုပဲ အပြစ်တင်ရမလား
အမှတ်မရှိတဲ့ ကိုယ့်ကိုကိုယ်ပဲ ဆဲရေးတိုင်းထွာရမလား
အချစ်ဆိုတာကြီးကိုပဲ ဒေါသထွက်ရမလား
အဆုံးသတ်မှာတော့..

ကျွန်တော်က ရင်ဘက်ကိုဟောင်းလောင်းဖွင့် ကောင်းကင်နဲ့ ရန်ဖြစ်ရဲပေမယ့်
ပတ်ဝန်းကျင်ဆိုတာကြီးကိုတော့ အသေကြောက်ပါတယ်..

ကျွန်တော်အသက်တာ သက်တမ်းခေါက်ရိုးကျိုးသွားရတာ ကျွန်တော့်အတ္တတွေက သစ်လွင်စဲပါ..

ပြန်မလာတော့တဲ့သူကို လွမ်းရတာထက် ကျွန်တော့်ဘေးကသူကို မေ့ရတာ ပိုခက်ပါတယ်..

လေးဖြူရဲ့ သံယောဇဉ်သီချင်းကို အကျယ်ကြီးအော်ဆိုပြီး ကျွန်တော် နင်လို့ နာမ်စားသုံးတဲ့သူ့ကို မိုက်မိုက်ရိုင်းရိုင်း ဆဲပြစ်လိုက်ချင်တယ်..

သီချင်းတွေ ပြန်နားထောင်တာ ကဗျာတွေ ရေးဖြစ်တာအတွက့် ကျေးဇူးတင်ပါတယ်
ကျေးဇူးပြု ပြီး
အဲ့နားလေးမှာပဲ
ပုဒ်မနှစ်ချောင်းချသွားပေးပါ

နေ့ကိုလိုချင်တဲ့ ည
ညကိုလိုချင်တဲ့ ပိုးစုန်းကြူး
ကျွန်တော်ကတော့
ပိုးစုန်းကြူးကို လိုချင်တဲ့ ပိုးစုန်းကြူးပဲ ဖြစ်ချင်တယ်။

I am Kyal.


Tuesday, February 16, 2016

မြောက်ဘက်ပင်လယ်နယ်နိမိတ် (သို့) Northern Limit Line.

























ဆုတောင်းလို့ပြည့်ရင် အဲ့ဒီလူ ၆ယောက်လုံးကို အသက်ပြန်ပေးချင်ပါတယ်...

If I will pray to My Lord, I will give back their soul to them. 

ကျွန်တော့်အဖိုးတွေ၊ ကျွန်တော့်အဖေက စစ်သားမို့လို့လားတော့ မသိပါဘူး ကျွန်တော့်သွေးထဲမှာ စစ်သားကို ချစ်တဲ့စိတ်က ကျွန်တော့်ခန္ဓာကိုယ်မှာ အပြည့်ရှိပြီးသား အခုတော့ အဲ့ဒီစိတ်က လူကိုနှိပ်စက်နေတာ...

လောက်ကိုင်မှာ ကိုးကန့်တွေနဲ့ စစ်ဖြစ်ပြီး စစ်သားတွေ တိုက်ပွဲကြတုန်းကလည်း ကျွန်တော်မှာ စိတ်မကောင်းဖြစ်လိုက်ရတာ တလောက လေတပ်က လေယာဉ်ပျက်ကျတော့လည်း စိတ်မကောင်းထပ်ဖြစ်ရတာ...

ကိုယ်ကမြန်မာလူမျိုးမို့လို့ ကိုယ့်နိုင်ငံသားတွေအတွက့် စိတ်မကောင်းဖြစ်တာကို နားလည်ပါသေးတယ် အခုတော့ ကိုရီးယားစစ်သားတွေ ကျသွားတာကြည့်ပြီး ခံစားနေရတယ်ဗျာ စာဖတ်နေတဲ့လူကတော့ေ_ာက်ရူးဆိုပြီး ဆဲနေလောက်ပြီ ကိုယ့်ဘာသာလည်း စိတ်လေပါတယ်ဗျာ...

မနေ့ည ၈နာရီခွဲလောက်က 
 Northern Limit Line ကို 5 Movie ကနေ မြောက်ဘက်ပင်လယ်နယ်နိမိတ်ဆိုပြီး မြန်မာစာတန်းထိုးပြတယ်
ကြည့်ရင်းနဲ့ စိတ်မကောင်းဖြစ်လိုက်တာ သူတို့ ၆ယောက်ကျသွားတော့ မျက်ရည်တွေကျမိတယ် ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတယ်ဆိုတော့ 
စိတ်ကထိန်းလို့ကို မရဘူး တစ်ညလုံးလည်း အိပ်လို့မရတော့ဘူး ဆုလည်းတောင်းမိတယ် ဖြစ်လေရာဘဝမှာ ယောက်ကျားဖြစ်ရင် စစ်သားဖြစ်ရပါစေသား မိန်းမဖြစ်ရင်တော့ စစ်သားနဲ့ လက်ထပ်ပါရစေသား ဆုတောင်းမိတယ် စိတ်ထဲမှာတော့ ၂၀၀၂ခုနှစ်ကို မှတ်ထားလိုက်တယ်...

မနက်အလုပ်ရောက်တော့ တစ်နေ့လုံး အလုပ်မလုပ်ဖြစ်ဘူး 
Google  မှာ South Korea Marain 2002 ဆိုပြီးရှာတာ 
ဒီ Link ကို သွားတွေ့တယ်


အဲ့ကနေ စမွှေတာ ဗိုလ်မှူးယွန်း နာမည်ကို သိလိုက်ရတယ် 
Lieutenant Yoon Young-ha ဗိုလ်မှူး ယွန်း နာမည်ကနေ စရှာလိုက်တာ ဇာတ်ကားနာမည်ပါ ရှာတွေ့လိုက်တယ် Northern Limit Line Full HD ကို လိုချင်လို့ You Tube မှာရှာကြည့်တော့ ၇မိနစ်စာက အများဆုံးတင်ထားတာပဲတွေ့တယ် 

အမှန်တကယ်က Young-ha ကို သိချင်တာ အကုန်လုံးထက် ပိုပြီးတော့ အကုန်လုံးကို သနားပါတယ် ဒါပေမယ့် 
Young-ha ကို ပိုသနားတယ် သူ့အဖေက Navy က ဗိုလ်မှူးဟောင်းတစ်ယောက်ဖြစ်ပြီး ရန်သူကို သက်ညှာခွင့်ပေးလိုက့်လို့ တာဝန်မှရပ်ဆဲခံရတာ သားဖြစ်သူ Young-ha က တိုက်ပွဲမှာ ကျဆုံးသွားရတာ စိတ်ထဲမှာ အရမ်းခံစားရတယ် ရေလည် နာကျင်တယ်ဗျာ

လွန်ခဲ့တဲ့ ၁၄နှစ်က ဖြစ်ရပ်မှန်ကို ပြန်ကြည့်ရတာ တော်တော်လေး ခံစားရပါတယ် အသက်ရှင်ကျန်ခဲ့ ရဲဘော်၊ရဲဘက် မိသားစုဝင်တွေအတွက့် အနာဟောင်းကို ပြန်တူးစွသလို ဖြစ်မိမယ်ဆိုတာ နားလည်ပါတယ် 
ဒါပေမယ့် သူတို့ကို ဂုဏ်ပြု ပြီး ဒီကားကို ရိုက်ကူးပေးလို့ ရေမြေခြားမှာ နေထိုင်တဲ့ ကျွန်တော်တို့ပါ သိလိုက်ရတာပါ အဲ့ဒီ့အတွက့် ရိုက်ကူးပေးတဲ့ သူများကိုလည်း နားလည်ပေးပါလို့...

Rest in Peace 

Lieutenant Commander Yoon Young-ha 1973-2002

Three chief petty officers, Jo Cheon-hyung, Seo Hoo-won and Hwang Do-hyun.

Petty Officer Second Class Park Dong-hyuk.

Chief Petty Officer Han Sang-guk.


Second Battle of Yeonpyeong(From Wikipedia, the free encyclopedia)

 The Second Battle of Yeonpyeong was a confrontation at sea between North Korean and South Korean patrol boats along a disputed maritime boundary near Yeonpyeong Island in the Yellow Sea in 2002. This followed a similar confrontation in 1999. Two North Korean patrol boats crossed the contested border and engaged two South Korean patrol boats. The North Koreans withdrew before South Korean reinforcements arrived.





On June 29 2002, a North Korean patrol boat crossed the northern limit line and was warned to turn back. Shortly afterward a second patrol craft crossed the line and it too was warned to retreat back across the line. The North Korean boats began threatening and harassing the South Korean vessels following them.

After traveling three miles south past the limit line, the North Korean vessels attacked the two South Korean patrol boats that had been monitoring them. At 10:25 The vessel that had crossed the line first opened fire with its 85mm gun and scored a direct hit on the wheelhouse of one of the South Korean craft causing several casualties.

The two squadrons then began a general engagement with the South Koreans using their 40 and 30 mm guns against the North Korean RPGs, 85mm, and 35mm guns. After about ten minutes two more patrol boats and two corvettes reinforced the South Korean vessels and severely damaged one of the North Korean craft. Now heavily outnumbered and taking casualties the North Korean vessels were forced to retreat back across the Limit Line at 10:59.





Both the North Korean and South Korean flotillas took casualties from the action. Thirteen North Koreans were killed and twenty five wounded. The South Koreans suffered 4 casualties including Lt. Cmdr. Yoon Young-ha and three chief petty officers, Jo Cheon-hyung, Seo Hoo-won and Hwang Do-hyun. Nineteen others were injured, and one of them, Petty Officer Second Class Park Dong-hyuk, died 22 days later. One sailor, Chief Petty Officer Han Sang-guk, went missing during the skirmish, and he was later found dead. This totaled 6 deaths afterwards. The damaged South Korean craft later sank while under tow, while the damaged North Korean vessel was able to limp its way back to port. Both sides laid blame on each other and South Korea demanded an apology from North Korea.

According to a North Korean defector's statement in 2012, the North Korean patrol boat crewmembers involved in the battle suffered extensive splinter injuries from the South Korean "Devastator" shells. The injured North Koreans were reportedly quarantined in a hospital in Pyongyang to hide the extent of the casualties suffered in the battle.

Credit:https://www.behance.net/gallery/27563937/Battle-of-Yeonpyeong-Memorial-design

Sunday, February 14, 2016

ဈာပန



နယ်ရုပ်တစ်ခုအတွက့်တော့
စစ်တုရင်တစ်ပွဲလုံးကို
တိုက်ဖို့ဆိုတာ
အိမ်မက်တစ်ခုပါပဲ..

ဆုတောင်းလို့ရရင်
ကျွန်တော်
အသေလေးမွေးလာရမှာ..

ခါးပါများတော့
ဘဝဆိုတာ
ဘာကြီးမှန်းကိုမသိချင်တော့တာ..

အိမ်ဆိုတာ
ဝေးနေသူအတွက့်ပျားရည်
အသေလေးတစ်ယောက့်အတွက့်တော့..

အိမ်မက်ကိုချိုးဖဲ့ပြီး
အသေကောင်ကိုဈာပနချလိုက်ပါတယ်။

I am Kyal.



Saturday, February 13, 2016

la yate (လရိပ်) cover By Yan Naing

လွင့်မျောခြင်း



ကောင်မလေးရေ
အဲ့ဒီနေ့က မိုးမရွာသလို
တိမ်တွေလည်း ပြိုမကျလာပါဘူး
ငါ့ကိုငါ စွန်လွှတ်မိတာပါ
ကြိုးနဲ့ရစ်လုံးမပါဘဲနဲ့ပေါ့။

I am Kyal.



Friday, January 15, 2016

Feeling 35!!




ဘာလိုလိုနဲ့ ၂၀၁၆ ရောက်ပြီ ကျွန်တော်လည်း
၃၅နှစ်ထဲရောက်ပြီ အသက်တွေကြီးလာလို့ ခံစားချက်တွေလည်း
တဖြည်းဖြည်း ခမ်းခြောက်လာသလား ထင်ရတယ်
No pain, No Game. ပေါ့ဗျာ ခံစားမှုနည်းလာသလို့
နာကျင်မှု လည်းမရှိသလောက့်ပါပဲ အခုတော့
Live life, Laugh lots and Love forever.
(but for me Love moment.)

I am Kyal.