Thursday, August 16, 2012

အခွံ (Bee Thoven)

ကွန်ဒုံစွပ်ထားတဲ့ မေတ္တာတရားတွေနဲ့
ဘ၀ကိုလုယက်နေတဲ့
ခေတ်ထဲမှာ
သန္ဓေတားဆေးတွေများတယ်

ယဉ်ကျေးမှု့ အစုံစုံ ၊ တပ်မက်စရာ အဖုံဖုံနဲ့
ထွေးလုံးနေထိုင်နေတဲ့
ခေတ်ထဲမှာ
အကြင်နာတရားဟာ ဆီလီကွန်တွေများတယ်

အဲဒီလို …. … …..
ကာမသိဒ္ဓိကျမ်းနဲ့
ညစ်ညမ်းတဲ့ လမ်းတွေပေါ်မှာ
မုဆိုးကလည်း မုဆိုးထိုင် ထိုင်
သားကောင်ကလည်း ရနံ့တွေလှိုင်လို့
အချစ်ကို စောင့်ဆိုင်း
ရုပ်ဝတ္ထုရဲ့ မှိုင်းတွေထဲမှာ
တခမ်းတနား သူတို့ရွာသွန်းခဲ့ကြတယ် … …. ….. … ။






 

http://www.facebook.com/notes/bee-thoven/%E1%80%A1%E1%80%81%E1%80%B6%E1%80%BC-/418969841471764



FB က ကျွန်တော် Friend ကဗျာဆရာ ရေးထားတဲ့ ကဗျာပါ ကျွန်တော် ခွင့်မတောင်းခဲ့ပဲ Blog မှာ ပြန် Share ထားတာပါ။ ဟီးးး အဲ့လို ခဏခဏ ယူထားတာ များပြီခင်ဗျ။

Thursday, August 9, 2012

အိမ်မက် ၁။


ဒီနေ့နေဝင်သွားရင်
မနက်ဖြန်ဆိုတာရှိနေမှာပဲ
(ကျွန်တော်အသက်ရှင်နေသ၍)
အိမ်မက်ဆိုတာလည်း
ပျောက်ဆုံးသွားရင်
နောက့်ထပ်အိမ်မက်ရှိနေမှာပဲ
တခါတခါ
အတွေးကအံချော်နေတယ်
နိယာမတွေ၊သီအိုရီတွေ
အမှိုက်ခြင်းသာသာ ဦးနှောက်ထဲမှာ
လမ်းပျောက်နေတယ်
၁+၁= ဝ
ရိုးရိုးလေးတွေးရင်
အမှားဆိုတာ ပုံဆွဲပြရမယ်။
ညဝေးကြယ်။
8th Aug 2012.
11:20pm.