Saturday, April 28, 2012

အမှတ်တရ ကွာလာလမ်ပူ။

မိုးရွာတဲ့နေ့က ကျွန်တော်နေတဲ့ အခန်းထဲကနေ အပြင်ကို အမှတ်တရ ရိုက်ထားတဲ့ ဓါတ်ပုံ။






မချိုအိ နဲ့ ကျွန်တော့်အိပ်ယာ။ (သူနဲ့ကျွန်တော်က မလေးရှားကို စလာထဲက တူတူနေရတာ အိမ်တွေသာ ခဏခဏပြောင်းရတယ် သူနဲ့ကျွန်တော်က မခွဲအတူနေခဲ့ရတာ အခုတော့ ကျွန်တော်က စပြီးတော့ သစ္စာဖောက်သွားတာပေါ့...)



မာလာနဲ့ ဖြူဖြူအိပ်ယာ။ (မာလာက မချိုအိနဲ့ ပတ်သတ်ပြီးတော့မှ ခင်တဲ့သူငယ်ချင်းဖြစ်ပေမယ့် သူ့ကိုလည်း ခင်တယ် သူငယ်ချင်းအတွက့်ဆို မညည်းမညူလုပ်ပေးတက်တာ သူရဲ့ အလွန်ဖြူစင်တဲ့ စရိုက်ပါ...) (ဖြူဖြူကလည်း ဒီအိမ်ရောက်မှ တူတူနေရပေမယ့် အငယ်ဆုံးကလေးက ကျွန်တော့်ကို ညှာတယ် တစ်ခုခုဆို သူကလုပ်ပြီးသွားပြီ ဘာသာတရားလည်း အရမ်းကိုင်းရှိုင်းတယ် အေးတဲ့သူဆို ကျွန်တော်ကချစ်တယ်လေ သူက အဲ့လိုကလေးမျိုး...)





အိပ်ယာခြေရင်းမှာ တန်းစီထားတဲ့ အဝတ်ဘီဒိုတွေ ၄နှစ်ဆိုတဲ့ သက်တမ်းတစ်ခုမှာ သူတို့လည်း အိုမင်းကုန်ပြီ။


အရင်နေခဲ့တဲ့ လူတွေထားခဲ့တဲ့ နှစ်ထပ်ကုတင် စပြောင်းတုန်းကတော့ အောက်ထပ်မှာထားမယ်ဆိုပြီးတော့ စဉ်းစားသေးတယ် ကုတင်ကလေးတော့ သယ်ဖို့မနိုင်ဘူး ဖြုတ်လည်း မဖြုတ်တက်တာနဲ့ ဒီတိုင်းထားလိုက့်တာ အခုချိန်မှာတော့ ကျွန်တော်တို့အတွက့် မရှိမဖြစ် ကြောင်အိမ်ပေါ့။




အိပ်ခန်းနဲ့ တွဲထားတဲ့ ရေချိုးခန်း။







ပြန်တော့မယ်ဆိုတော့ အမှတ်တရ ရိုက်ထားတာ တစ်အိမ်လုံးကို ထောင့်စုံကနေ အဲ့ဒီ့နေ့မှ နေမင်းကြီးကလည်း ကျစ်ကျစ်ပူအောင် နှုတ်ဆက်နေတယ်လေ။




ကျွန်တော်နေတဲ့ နေရာမှာ တောင်တွေရှိတယ်ဆိုတာ အိမ်ကမယုံဘူး ကွာလာလမ်ပူမှာ အလုပ်လုပ်တာ ဘယ်ကတောင် ရှိမှာလည်း ထင်တာလေ အလုပ်ကသာ မြို့ပေါ်မှာ သူဌေးပေးတဲ့ အိမ်က ဆင်ခြေဖုံးမှာလေ ရုံးနားရက်ဆို အပြင်သွားဖို့ အဆင်မပြေတာကလွဲရင် လုံခြုံမှုမရှိတဲ့ မလေးရှားလိုနေရာမျိုးမှာ ၄နှစ်လုံးလုံး အန္တရာယ်ကင်းခဲ့တဲ့ အေးချမ်းတဲ့ ဒေသလေးပါ...။









သင်္ကြန်အတက်နေ့ အမှတ်တရ ရိုက်ထားတာ နောက့်နှစ်ဒီအချိန် ကျွန်တော်ဒီနေရာမှာ မရှိနိုင်တော့ဘူးလေ။








ကျွန်တော်နေတဲ့ အိမ်အပြင်ကနေ ရိုက်ထားတာပါ ကျွန်တော်တို့က ချစ်စနှိုးနဲ့ ဝင်ဒါမီယာ အောက်ချိုင့်လို အမည်ပေးထားတဲ့နေရာ...။







ဒီအိမ်မှာ ကျွန်တော်တို့ မမွေးဘဲ အပြင်ကရောက်လာတဲ့ ကြောင်မကြီးရှိတယ် သူကနေ ကြောင်လေးတွေ ပေါက်လိုက်တာ မနည်းဘူး အိမ်မှာ ၁၅ကောင်လောက့်ရှိတယ် ဒီကောင်က အဲ့ဒီ့ကြောင်မကြီးရဲ့ သမီးကနေ ပေါက်တဲ့ မြေး ကျွန်တော်ရှိတုန်း နောက်ဆုံးမွေးတဲ့ အုပ်စု အခုလည်း ဗိုက်ပူနေတာ သူ့အဘွားရော သူ့ဒေါ်တွေရော။




ဒီနေရာက အိမ်အောက်ထပ်ပေါ့ ဧည့်ခန်းရယ်၊ဘုရားခန်း၊မီးဖိုဆောင်၊ ကျွန်တော်တို့စီနီယာ မကြီးသန်းသန်းအခန်း။





ပုံတွေအကုန်လုံး ပျက်သွားတဲ့အတွက့် စိတ်မကောင်းပါဘူး ကျွန်တော့် Laptop ပြင်ပြီးသွားရင် ပြန်ရှာပြီး ထည့်ပေးပါမယ်။

I am Kyal.



No comments: