Thursday, September 29, 2011

ရွှေချို





” လူတွေများ တော်တော်ရယ်ရတယ် သူတို့ပြောသမျှကို ရွှေချိုလုပ်ပြီး လိုက်လျောညီထွေ နေမိတော့ ခလုပ်တိုက်ကြတယ်... ဒီနေ့ကစပြီး closed ဖြစ်တဲ့ friend နဲ့ပဲ လိုက်လျောညီထွေ နေတော့မယ်... အတူနေတဲ့ သူငယ်ချင်း ၃ ယောက်လုံးကို ကျေးဇူးတင်ပါတယ် မိသားစုလို နွေးထွေး၊ဖေးမ၊နားလည်မှု အမြဲပေးခဲ့လို့ တကယ်ကျေးဇူးတင်ပါတယ်...။ ”

ဒီနေ့ Gtalk မှာရော FB မှာရော အဲ့ဒီ့စာလေးတင်ထားမိတယ်။ ကိုယ်ကပဲ ကံဆိုးတာလား ကံကောင်းတယ်လို့ ဆိုရမလား ကိုယ့်အကြောင်း နောက့်ကွယ်မှာ ပြောနေရင် ကိုယ်နဲ့ပက့်ပင်းတိုးမိတာ ခဏခဏ ပြောခံရတာများတော့ စိတ်ကုန်လာရော အဲ့လူတွေကိုပါ။ ကိုယ့်စရိုက်ကိုက သီးသန့်နေတက်တယ် ဒီကို စရောက်တုန်းကဆို အတူနေတဲ့ အမနဲ့ပဲ closed ဖြစ်တယ် ကျန်တဲ့သူဆို မေးထူးခေါ်ပြောပဲ။ နှစ်တွေကြာလာတော့ ကိုယ့်စရိုက်ကိုပြင်တယ် water follow, fish follow နေလိုက်မိတယ် ( ရွှေချိုလုပ်လိုက်မိတယ်ပေါ့ ဟိုကတူတူရေဆို ကိုယ်ကဝါးလိုက်မိပါတယ်) ဝန်ခံပါတယ်။ 

ဘာဖြစ်လာလဲဆို ကိုယ့်ရှေ့မှာတော့ ဟီးဟီးဟုတ်နေတာပဲ closed ဖြစ်တာပြောပါတယ် ကျောခိုင်းလိုက်တာနဲ့ နောက်ကျောကို ဓါးနဲ့ထိုးရော။ ကိုယ့်ထမင်းကိုယ်စားပြီး ရစရာမရှိအောင် ပြောခံရတော့လည်း မခံချင်ဘူး။ သူတို့ပြောလို့လဲ ကိုယ့်အလုံးအရပ်လျော့မသွားပါဘူး ကိုယ့်စီးပွားလဲ မထိခိုက်ပါဘူး ဒါပေမယ့် စိတ်မကောင်းတာ တစ်ခုပဲရှိပါတယ် လူတိုင်းကို ရင်းရင်းနှီးနှီး ပေါင်းသင်းလို့မရဘူးဆိုတာ နားမလည်ခဲ့မိလို့ပါ။ အခုတော့ နားလည်သွားပါပြီ အတူနေတဲ့ သူငယ်ချင်း ၃ ယောက်ရှိတယ်လေ သူတို့နဲ့ပဲ လိုက်လျောညီထွေဖြစ်အောင် နေတော့မယ် လူများတော့ ပြသနာများတယ်။

အမေ့ကိုဆို အဖေ့အဖေ၊ ကျွန်တော့်အဘိုး၊ သူ့ယောက္ခမက ခဏခဏပြောတယ် အိမ်ကိုအလည်လာတိုင်း မို့မို့ညည်းကိုယ့်ထမင်းကိုယ်စားပြီး ရွှေချိုမလုပ်နဲ့တဲ့ ပတ်ဝန်းကျင်ကို ကျေးဇူးဆိုတာ ကျေးဇူးပြုတဲ့သူမှ ကန်းကြတာတဲ့ တကယ်မှန်ပါတယ်။အမေက လူမှုရေးအရမ်းနားလည်တယ် ကိုယ့်ထမင်းကိုယ်စားပြီး ကြီးဒေါ်နွားကျောင်းတက်တယ်။
ဟိုတစ်လောကမှ အန်တီမြင့်မြင့်ခင်ဖေ (ရွှေဇီးကွက်)က FB မှာရေးခဲ့ပါတယ် ကျွန်မတို့ ပရဟိတသမားတွေက ကိုယ့်ထမင်းကိုယ်စားပြီး ကြီးဒေါ်နွားကျောင်းယုံတင်မကဘူး ကောက်ရိုးပုံပါ စောင့်ပေးရတယ်တဲ့။ 

တကယ်မှန်ပါတယ် အခုလဲ အမေ့သွေးပါတော့ ကိုယ့်ထမင်းကိုယ်စားပြီး ရွှေချိုလုပ်မိတယ် အဲ့တော့ ဖနောင့်တက်နင်းခံရတာ မှတ်ပြီလား နည်းတောင်နည်းသေးတယ် ကိုယ့်ဘာသာ ပြောချင်မိတယ်။ သူများလာပြောရင် တက်နိုင်သမျှ ရှောင်နေလိုက့်မယ် ရှောင်လို့မရရင် ဒီဘက်နားကဝင် ဟိုဘက်နားကထွက် လိုက်မယ် သူပြန်သွားရင် သူ့စကားလဲပျောက်ရောပဲ ရွှေချိုလုပ်ပြီး အလိုက့်တသင့်ပြောမနေတော့ဘူး။ တော်တော်လေး စိတ်ပျက်နေပြီ လူလေးနဲနဲတောင် ဒီလောက့်စကားရှုပ်နေတာ တရားလဲရပါတယ် တကယ်ပြောတာပါ။

သောကြာနေ့ဆို အိမ်ရောက်ပြီ အိမ်မှာနေတဲ့ တစ်လကို အမေနဲ့တရားလိုက်နာမယ် ကိုယ်စိတ်ကိုသန့်ရှင်းအောင် ဆေးကြောရမယ် ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဖို့က အရေးကြီးတယ်လေ။ ပြန်လာတာနဲ့ သီးသန့်ပဲနေတော့မယ် အလုပ်ကလူတွေရယ် အတူနေတဲ့သူငယ်ချင်းတွေရယ် ဒါလူကုန်ပဲ။ ပြန်လာရင် လုပ်စရာ အများကြီးပဲ အတ္တဟိတ အိမ်အတွက် လတိုင်းငွေလွှဲရမယ်၊ ကိုယ်ပိုင်လုပ်ငန်းလုပ်နိုင်ဖို့ ငွေစုရမယ်။ ပရဟိတ္တ မိဘမဲ့ကလေးတွေ၊ ဘုန်းတော်ကြီးသင်ကျောင်းတွေအတွက့် တက်နိုင်သလောက် လစဉ်လှူရမယ်။ ခုလိုမျိုး အကျိုးမရှိတဲ့ ရွှေချိုလုပ်ရပ်မျိုးကို မလုပ်မိစေရပါတော့ဘူး ကိုယ်ကောင်းအောင်ပဲ ကြိုးစားနေထိုင်ပါတော့မယ်။

Sunday, September 18, 2011

ရိုက်ချိုးမိတဲ့ တဒင်္ဂ





အလွဲတွေနဲ့
ကြီးပျင်းလာတဲ့
ခပ်ညံ့ညံ့လူတစ်ယောက်အတွက့်
နားလည်မှုဆိုတာ
အချိန်ထက် တန်ဘိုးကြီးပါတယ်..


နောင်တဆိုတာကြီးကို
အရင်ရမိရင်
ကောင်းမှာပဲ ကျွန်တော်ခပ်ကြောင်ကြောင်
တွေးမိဖူးတယ်..


အကြိမ်တစ်ရာမှားလဲ
တစ်ရာတစ်ကြိမ်မြောက်
ကျွန်တော်လွဲနေသေးတာပဲ..


ခံစားချက်တွေကို
ကြက်တောင်လိုလေပေါ် မြှောက်တင်ပြီး
ခပ်ဆတ်ဆတ် ခုတ်ချပြစ်လိုက်တယ်..။

Thursday, September 8, 2011

ခပ်ညံ့ညံ့အကောင် ကျွန်တော်။



မှတ်တိုင် ၃၀မှာ
အပြုံးကအင်္သေချေ
ခေါင်းစဉ်မဲ့တာက
အနန္တ…
မချိပြုံး၊မဲ့ပြုံးက
အင်္သေချေမက…
၅နှစ်သားအပြုံးကို
ကျွန်တော်မပြုံးတက်တော့သလို
မချိပြုံး၊မဲ့ပြုံးလဲ
မပြုံးပြချင်တော့ဘူး အမေ…
ဒီလိုနဲ့
ခပ်ညံ့ညံ့လူတစ်ယောက်
မှတ်တိုင်တစ်ခုတိုးသွားတယ်
၃၁ တဲ့…။

4th Sep 2011
Sunday, 2:03pm.

September 8th အဖေ နဲ့ အမေ ကျေးဇူးအသင်္ချေပါ… ဘ၀ဆိုတာကို အသက် ၃၀ထိ မှောက်လိုက် လှန်လိုက် အတည့်ကြည့်လိုက် ဇောက်ထိုးဖတ်လိုက် လုံးလည်ခြာလည်လိုက်ရင်း… ဘဝဆိုတာ ဘာလဲလို့ ခဏခဏပြန်မေးနေရတဲ့ 
ခပ်ညံ့ညံ့အကောင် ကျွန်တော့်မွေးတဲ့နေ့...

I hope last time could I get frosty shade for me always be
Now I got shade already but it can’t champion to me
May be I am egotism.
Nyawaykyal.

အေးချမ်းတဲ့ အရိပ်တစ်ခုမှာ ထာဝရခိုနားဖို့ ကျွန်တော် အိမ်မက်တွေ မက်ခဲ့ဖူးတယ်…
လက့်တွေ့မှာ ကျွန်တော့်ကို အဲ့ဒီ့အရိပ်က ရပ်တည်ကာကွယ် မပေးနိုင်ခဲ့ပါဘူး…
ကျွန်တော်ပဲ အတ္တကြီးခဲ့တာ ဖြစ်မှာပါ။
ညဝေးကြယ်။ ။

I AM THE KING OF MY KINGDOM!! : )
 
ဒီနေ့ကစပြီးတော့ ကျွန်တော့်ကိုကျွန်တော် အုပ်ချုပ်ပြီ အမေ..။

ငါသည် ငါ၏ဘုရင်ဖြစ်၍
ငါသည် ငါ၏ပြည်သူဖြစ်၏။
ငါ့ကိုငါက အုပ်ချုပ်၍
ငါ့အလုပ်ကိုငါလုပ်ရပေတော့မည်။
တာရာမင်းဝေ။ ။


အသက်တာ ၃၀ပြည့်သွားတယ် လူက ၃၀အတွေး မတွေးတက်သေးဘူး
အရာရာ အရင်ကအတိုင်းပဲ မနှစ်ကအတိုင်းပဲ အသက်တစ်နှစ်ကြီးတာက လွဲလို့..
ဒီအချိန်ထိ အိပ်ရေးမက်တုန်း ပိုက်ဆံဖြုန်းနေတုံး နေမကောင်းရင် ဂျီကျတက်နေတုံး အရာရာကို ဒေါသကြီးတက်နေတုံး လောကဓံကို သီးမခံတက်တုံးလေ..
ကိုယ့်ခြေထောက်ပေါ် ခိုင်ခိုင်မာမာ မရပ်ချင်သေးဘူး အမှီကိုအမြဲ လိုအပ်နေတုံး
မရှိတဲ့သူထက် မသိတဲ့သူကခက်တယ်တဲ့ စကားပုံ ပြောင်းလိုက်ချင်တယ် မသိတဲ့သူထက်
သိပြီးမပြင်တဲ့သူ ပိုခက်တယ်လို့..

လူအ တစ်ယောက်ရဲ့ ပေါ့တီးပေါ့ဆ ညနေပေါ့
ပြန်မလာတဲ့ ဖိနပ်လေးအကြောင်းတွေးပြီး
ခုထက်ထိ သူ့ခြေထောက်ကို ရေဆေးနေတုန်း။
တာရာမင်းဝေ။ 

ညဏ်ရည်မမှီဘူး ပြောရအောင်လဲ ကိုယ့်ဘာသာ မဟုတ်ဖူးဆိုတာ သိတယ် IQ
ကသူများထက် ပြေးတယ် မပြေးတာက လူ.. ကိုယ့်ဘာသာ စိတ်မောမိတယ် ဘယ်လိုလုပ်ရမယ်မှန်း မသိတော့ပါဘူး..

အိမ်မှာနေရင် လူပိုကြီးမှန်းသိလို့ အိမ်ပြင်မှာနေတယ် လူပိုကနေ လူလိုကြီး ဖြစ်သွားတာပဲ
အဖတ်တင်တယ် လူဘေးနားက ပိုတဲ့ လိုတဲ့ စာလုံးကို မဖြုတ်ချနိုင်ဘူး လူဆိုတာမလုပ်ပြနိုင်သေးဘူး.. ငါမရှိရင် မဖြစ်ဘူးဆိုတဲ့ အခြေအနေ မရောက်နိုင်မှန်းသိပါတယ် ငါဆိုတဲ့ အသိအမှတ်လေးတော့ ရချင်ပေမယ့် ဒီအချိန်ထိ မဖြစ်လာနိုင်ဘူး...

ငါကွ.. ဆိုတဲ့ စကားလုံးကို စိတ်ကူးမှာ အကြိမ်တစ်ရာမက အော်ခဲဘူးတယ်
လက်သီးဆုပ်ပြီးတော့ I’m Champion ပေါ့ အပြင်မှာတော့ တိုးတိုးလေးတောင်
မရေရွတ်ရဲဘူး ရှက့်လို့ပါ.. ကိုယ့်ဘာသာတောင် မကာကွယ် မစောင့်ရှောက်နိုင်တာ 
သူများကို ဘယ်လို စောင့်ရှောက်မလဲ ကာကွယ်ပေးနိုင်မလဲ.. 

အဖေပြောသလို တက်သမျှသင်တန်းတွေ နံရံကပ်ထားရင် Wallpaper ဖိုးသပ်သာမယ်တဲ့.. အပွင့်သိပ်မကားပါနဲ့တဲ့ သုံးလိုက်တဲ့ငွေတွေ ဖြုန်းလိုက်တဲ့ အချိန်တွေ ၂၇နှစ်ထိ.. ပြီးတော့အိမ်ပြင်ထွက်လာတယ် အချစ်ဆိုတဲ့ ထောင်ချောက်က်ထဲနစ်သွားလိုက်တာ ၃၀ ရောက်ရော ဒီအချိန်မှ မပြင်ရင် နောက့်ဆိုတာ ကျွန်တော့်အတွက် အခွင့်အရေးမရှိတော့ဘူးလေ..

ကိုယ့်ဘာသာ ဗျူဟာခင်းထားပါတယ် လူနဲ့စိတ်နဲ့ တိုက့်ရမယ့် စစ်ပွဲမှာ ရှုံးနိပ့်ရင် ဘဝဆိုတာ မရှင်သန်နိုင်တော့ဘူးလေ ဘဝမှာ အင်္သေချေရှုံးခဲ့ပေမယ့် ဒီတစ်ပွဲတော့ နိုင်ချင်ပါတယ်.. ဒီပွဲမှာအနိုင်ရမှ ရပ်တည်နိုင်မှာပါ မှတ်တိုင် ၃၀ပြည့်ပြီပဲ သရေလောက့်တော့ အနိပ့်ဆုံး ကြိုးစားတိုက်ရတော့မယ်...

ငါ့ရိပ်မြုံကို
ရုပ်ပုံစာတမ်း
ဘာမှမကပ်တမ်း
လမ်းဘေးမှာ မြက်ဖြင့်ဆောက်မည်။
တာရာမင်းဝေ။

“ ၈၊စက်တင်ဘာ၊၂၀၁၁။ အသက် ၃၀ ပြည့် အမှတ်တရ... ”

8th Sep' 11 I am 30 years already not Girl I am lady already!! :(