Tuesday, December 14, 2010

ငါ

မနေ့က ငါက ခမ်းနားတဲ့ စိတ်ကူး

တောက်ပတဲ့ အနာဂတ်

လှပတဲ့ မျှော်လင့်ချက်နဲ့

ရှင်သန်ခဲ့သူပါ..


ဒီနေ့ ငါကတော့

ပျောက်ကွယ်သွားတဲ့ မျှော်လင့်ချက်

အရောင်မဲ့သွားတဲ့ အနာဂတ်

ကြေမွသွားတဲ့ စိတ်ကူးတွေနဲ့

မပီပြင်တဲ့ သီချင်းတပိုင်းတစ

ညီးတွားရင်း..


အိမ်မက်တွေကို

သိမ်းဆည်း စိတ်ကူးတွေကို

မြေမြုပ်ရင်း အနာဂတ်ကို

ယိုင်နဲ့နေတဲ့ စိတ်နဲ့

မောင်းနှင်ရအုံးမယ်…။