Thursday, December 30, 2010

2010

ညက အတွေးတစ်ခု ခေါင်းထဲ၀င်လာတယ် 2010 ကုန်တော့မယ် ၂ရက်ပဲလိုတော့တယ် ရင်ထဲမကောင်းဘူး ဖြစ်သွားတယ် ဘ၀မှာ ကြီးကြီးမားမား အပြောင်းအလဲတွေ အချိုးအကွေ့တွေ အကုန်လုံး 2010 မှာဖြစ်ခဲ့တာလေ ၀န်ခံရရင် မုန်းတယ်ဒီနှစ်ကို ကျွန်တော်..

ခါးခါးသီးသီးကို မုန်းတာ ဒါပေမယ့် ၂ ရက်ပဲကျန်တော့တယ်ဆိုတဲ့ အတွေးက မမိုက်ဘူးကွာ တစ်ခုခုပျောက်ဆုံး သွားတော့မလို ခံစားနေရတာ အဲ့လိုမလိုချင်တဲ့ အတိတ်ဆိုရင် ဘာလို့ ရင်ထဲမှာ ကိန်းအောင်းနေရတာလဲ ဘာလို့ ရင်ထဲမှာ စွဲထင်နေရတာလဲ မမိုက်ဘူးကွာ..

မတရားဘူး အဲ့လို ဒဏ်ရာတွေ ငါ့ရင်မှာနေရာပေးထားရတာ မတန်ဘူးကွာ မကျေနပ်ဘူး ဒါပေမယ့် ငါကိုယ်တိုင်မှ မဖယ်ရှားနိုင်တာ ဘာလုပ်နိုင်မှာလဲ 2010 ငါ့အတွက်တော့ ဂျစ်ကန်ကန် ကောင်လေးတစ်ယောက် ခပ်ဆိုးဆိုး ကလေးတစ်ယောက်ပါ ။

#အဲ့ဒီအမုန်းတရားကြောင့်လူကောင်းတစ်ယောက်နဲ့ဆုံစည်းခဲရပါတယ်
#အဲ့ဒီအမုန်းတရားကြောင့်ပဲလူကောင်းတသ်ယောက်ကိုထားခဲ့ပြီးလူလည်တစ်ယောက်နဲ့ထပ်ပြီးကြုံတွေ့ခဲ့ရပြန်တယ်
#ဒီအချိန်မှာတော့ကျွန်တော်တို့သုံးယောက်လုံးဘဝကိုစီကိုလျှောက်နေရပါပြီ

#2020_Edited

Wednesday, December 15, 2010

ရူးသွပ်မှု

* LOVE IS EVERYTHING! blog ကနေကူးထားတာပါ။ *

ခက်ခက်ခဲခဲ

အဆုံးသတ်လိုက်ကျတဲ့

ဇတ်လမ်းလေး တစ်ပုဒ်ရဲ့ အဆုံးမှာ

မင်းရော ငါပါ

ပျော်ရွှင်မနေခဲ့ ကြတာတော့

သေချာပါတယ်။


ပြတ်ပြတ် သားသား

ကျောခိုင်း ခဲ့ကြတဲ့

လမ်းဟောင်းလေး ရဲ့ အလယ်မှာလည်း

မင်းရော ငါပါ

မပြုံးနိုင်ခဲ့ ကြ တာ အသေအချာ ပါ ပဲ။


ဘ၀က အချစ်ထက် အရေးကြီးတယ် တဲ့

အခုချိန်ထိ

မင်းပြောခဲ့တဲ့ စကားလေး ကို

အမှတ်တရ သိမ်းထားရင်း


အိပ်မက်ထဲထိ

လွမ်းနေသေးပါတယ် ဆိုရင်

ငါရူးသွပ်တယ်လို့

မင်းပြောအုံးမှာပဲ မဟုတ်လား။

Tuesday, December 14, 2010

ငါ

မနေ့က ငါက ခမ်းနားတဲ့ စိတ်ကူး

တောက်ပတဲ့ အနာဂတ်

လှပတဲ့ မျှော်လင့်ချက်နဲ့

ရှင်သန်ခဲ့သူပါ..


ဒီနေ့ ငါကတော့

ပျောက်ကွယ်သွားတဲ့ မျှော်လင့်ချက်

အရောင်မဲ့သွားတဲ့ အနာဂတ်

ကြေမွသွားတဲ့ စိတ်ကူးတွေနဲ့

မပီပြင်တဲ့ သီချင်းတပိုင်းတစ

ညီးတွားရင်း..


အိမ်မက်တွေကို

သိမ်းဆည်း စိတ်ကူးတွေကို

မြေမြုပ်ရင်း အနာဂတ်ကို

ယိုင်နဲ့နေတဲ့ စိတ်နဲ့

မောင်းနှင်ရအုံးမယ်…။

Saturday, December 11, 2010

အနားသတ်မျဉ်း

မေငြိမ်း Blog ထဲက ကဗျာလေးပါ ။

(ရင်ဘက်ခြင်း တူသွားလို့ ကူးထားလိုက်တာပါ ။)

အနားသတ်မျဉ်း

မိုးခေါင်ရေရှား ရပ်၀န်းထဲ

စိတ်ကူးလှလှလေးတွေ လင်းလဲ့ည

ကြယ်ပွင့်တွေဆီ ခိုးနမ်းမိခဲ့..


ပျောက်ဆုံးသွားခဲ့

ကျွန်တော့ အိုအေစစ်လေး

အခုဆို

ပျော်နေရောပေါ့.........။


ရင်ခုန်သံ အစွန်းဘက်

မြေပုံအညွှန်းတစ်၀က်နဲ့

ဇာတ်လမ်းဆက်သူဟာ

ဘယ်သူလဲ မေးရင်

တစ်ဘ၀စာ တမ်းတမိသူ

ကျွန်တော့ အပြစ်ပါ..


မဆွေးချင်ဘူး......

ဒါပေမယ့်

လွမ်းမိတယ်။ ။


နေဆူးသစ်