Tuesday, February 28, 2012

အချစ်စစ်


http://favim.com/image/306871/

ဟစ်တလာလို
အာဏာရှင်မဆန်ဘူး
မာသာထရီဇာလို
မေတ္တာရှင်မဟုတ်ဘူး..
ဒါပေမယ့်
အမိန့်ပေးစရာမလိုအောင်
ရို့ကျိုးခတွားခဲ့တယ်
ရောင်ပြန်ဟပ်တာထက်ပိုပြီး
စေတနာတွေတာကျိုးခဲ့တယ်..
မတရားမှု၊တရားမှု
ပေးဆပ်ခြင်း၊ရယူခြင်း
အစွန်းနှစ်ဖက်ကျော်လွန်
အချစ်ဆိုတဲ့ဒုက္ခက
ဂျိုပေါက်၊အတောင်တပ်
ငါ့ရင်ဘက်ကို
စစ်နိုင်သွားတယ်..
ဒဏ်ရာအထပ်ထပ်
စစ်တလင်းမှာ
ငိုကြွေးသံတွေတိတ်ဆိတ်
ရှုံးသူတစ်ယောက်ရဲ့
အပြုံးတစက်တွဲခိုနေတဲ့
နှုတ်ခမ်းတစ်စုံနဲ့
တောက်ပနေတယ်..။

Monday, February 27, 2012

နှင်းဆီ

http://emptyeasel.com/2007/03/05/rebecca-finch-paintings-of-simple-beauty/

သဘာဝက
လောကဓံဆိုတာကို
တွန်းလှန်ဖို့
ဆူးဆိုတဲ့လက်နက်ကို
လက်ဆောင်ပေးလိုက်တယ်။
ကျွန်တော်ဆိုတဲ့ကောင်က
အမြင်ဆိုးတယ်ဆိုပြီး
ချွေချခဲ့မိတယ်။
အဆုံးသတ်က
လှပသွားခဲ့ပါတယ်။

Sunday, February 26, 2012

အရွယ်


http://www.derekmccrea.50megs.com/plein-air-paintings.html

အမေ 
အချိန်ကြောင့်
တည်ငြိမ်လာတာလား
အရွယ်ကြောင့်
တည်ငြိမ်လာတာလည်း
ကျွန်တော်လူဖြစ်လာတယ်။
အရာရာကို ဂရုမဲ့ပြီး
မနေတက်တော့ဘူး
နတ်ရေကန်ထဲ
မကျသွားပေမယ့်
လူမှန်းကို
သိတက်လာတယ်။
မရတော့မယ့်
အတိတ်ကိုလှည့်မကြည်တော့သလို
မဖြစ်သေးတဲ့
အနာဂတ်ကိုလည်း
မတမ်းတကြေး။
အိမ်မက်တွေကို
ကျဲချပြီးတော့
ကျွန်တော်မာန်ဝင့်တက်ခဲ့ပြီ။

Saturday, February 25, 2012

ဟလို


http://www.wroberts.com.au/html/close-ups_of_paintings/nature_abstract_watercolour_painting_by_wayne_roberts.html

အဲ့ဒီ့ကြိုးကရစ်ဖွဲ့တာ
မဟုတ်ဘူး
ကျွန်တော်ကသာ
ပြန်ချည်နှောင်ခဲ့မိတာ
ဗီဇဆိုတာ 
လူတစ်ယောက်စီရဲ့
ပင်ကိုယ်အရည်အသွေး
ကျွန်တော်ဘယ်လောက်ပဲ
ဥပက္ခာပြုနိုင်ပေမယ့်
စကားတခွန်းကြောင့်
အလဲထိုးခံရပြန်တယ်
အမှတ်မရှိတဲ့ရင်ဘက်ကို
ဟလိုဆိုတဲ့
စကားချိုချိုက
ဒေါက်ဖိနပ်နဲ့တက်နင်းပေးတယ်
သံယောဇဉ်ကြီးတဲ့
ကိုယ့်ဘာသာ
အသံတိတ်ဆဲလိုက်တယ် @#$%။

လွတ်မြောက်ခြင်း။



 Freedom from Soul!!

လွတ်မြောက်ခြင်း။

Finally i did!!

နောက်ဆုံးမှာ ကျွန်တော် လုပ်နိုင်ခဲ့ပါပြီ။

Some people don't have change for Life, some people have change but they didn't take.



လူတချို့က ဘဝကို ရွေးချယ်ဖို့ အခွင့်အရေး မရှိခဲ့ဘူး။ တချို့ကတော့ အဲ့ဒီ့အခွင့်အရေးကို အရှုံးအဆုံးခံလိုက်တယ်။

Sometimes I finding exit but I closed The Exit door.

တခါတရံ လွတ်မြောက်ဖို့ ကြိုးစားရင်း ကျွန်တော် ထွက်ပေါက်ကို ပိတ်ထားခဲ့မိတယ်။ 

ဘဝဆိုတာ ဘာမှမဟုတ်ပါဘူး ကျွန်တော်ကသာ ဂျိုတပ် အတောင်တပ်ပြီး လူပျံဖြစ်ချင်ခဲ့မိတာ စိတ်ကူးယဉ်ခဲ့တာပါ ဘဝဆိုတာ အနုအရွ စကားလုံးတွေ တန်ဆာဆင်ထားတဲ့ အချစ်ကဗျာ တစ်ပုဒ်လို ကျွန်တော် ပုံဖေါ်ခဲ့မိတာ သူများ ကန်ရာသီဖွားကတော့ ဘာရယ်ဆိုတာ ကျွန်တော်မသိဘူး ကျွန်တော်ကတော့ မွေးထဲက စိတ်ကူးယဉ်ခဲ့လိုက်တာ အရွယ်တော် တစိတ်ဟိုင်းပြီး သုံးဆယ်ကျော်ထဲ ခြေတဖက်ဝင်ခဲ့တာတောင် စွယ်တော်ရွက်မှာ စာရေးပြီး စာအုပ်ထဲ ညှပ်ထားနေတက်တုန်း။

တကယ်ဆို ကျွန်တော် အသက်မွေးဝမ်းကျောင်း မှားယွင်းနေခဲ့သူ ကွန်ပျူတာရှေ့ထိုင် ကိန်းဂဏန်းတွေ တွက်ချက် အင်တာနက်သုံးနေရတဲ့ ဘဝက ကျွန်တော်နဲ့မှ လားလားမသတ်ဆိုင်တာ အဘိုးဝန်ထမ်း၊ အဖေဝန်ထမ်း၊ အဲ့လိုမျိုးဆက်က အစိုးရရုံးတစ်ရုံးမှာ အောက်တန်းစာရေးလုပ် အားလပ်ချိန် စာလေးဘာလေးရေး စာအုပ်တိုက်လိုက်ပို့ လကုန်ရင် ဟိုဖြတ်ဒီဖြတ် ကျန်ငွေလေး အမေ့ကိုအပ် ဒီလိုပဲ သွားရမှာလေ။

ချွန်ထွက်ပြီးတော့ ဘာကြီးကွ ညာကြီးကွ ဖြစ်ချင်ခဲ့တော့ လူကျမကျဘဲ ခွေးကျကျတော့တာပေါ့ အနီးမမြင်လို့ အဝေးကြီးကြည့်ခဲ့လို့ တံလျှပ်ကို ရေထင်ပြီးတော့ ကိုယ်ခပ်နေတဲ့ လက်ယက်တွင်းကို ခြေဆေးခဲ့သူလို ကယ်ပါယူပါ တဆာဆာ ဖြစ်ရတာ။

ကျွန်တော် အရမ်းအတ္တကြီးတယ် လူတစ်ယောက်မှာ ရှိတဲ့ အတ္တထက်ကိုပိုပြီးတော့ ကျွန်တော်ကြွယ်ဝတယ် ဘယ်အရာကိုမဆို ကျွန်တော့်ကိုကျွန်တော် ရှေ့တန်းတင်ခဲ့တယ် ရလဒ်ကတော့ ကျွန်တော် ဥတစ်လုံး တစ်ကောင်ကြွက်ဖြစ်လာတယ်။

လူဆိုတာ သင့်တင့်လျှောက်ပတ်တဲ့ ပတ်ဝန်းကျင်ရှိရမယ်လေ ကျွန်တော့်အတွက့် ပတ်ဝန်းကျင်ဆိုတာက အပိုသပ်သပ်ဖြစ်နေတယ် လူတွေနဲ့ တရင်းတနှီးဆက်ဆံဖို့ ပညာရပ်က ကျွန်တော်မွေးထဲက ချက်ကြိုးနဲ့အတူ မြေမြုတ်ခဲ့သလား မသိပါဘူး ဒီအချိန်အထိ အဲ့ဒီ့ဘာသာရပ်ကို အောင်မြင်ဖို့ ကျွန်တော်အားမထုတ်ခဲ့မိဘူး။

ဖလော်ပဲပြောပြော ဆိုက်ကိုပဲဆိုဆို ကျွန်တော် လူတွေနဲ့ ဆက်ဆံရမှာ ကြောက်တယ် ဘယ်သူကမှ ကျွန်တော့်ကို ပက်ပက်စက်စက် ကိုယ်ကျိုးနဲအောင် မလုပ်ခဲ့ပေမယ့် သူများအတွက့် ဘာမဟုတ်တဲ့ ကိစ္စသေးသေးက ကျွန်တော့်အတွက် ကမ္ဘာပျက်တာပဲ။ (ကျွန်တော်က အတ္တကြီးတဲ့သူလေ)

ဒီလိုနဲ့ ကျွန်တော့်အဖေ အိုလာပြီ ကျွန်တော့်အမေ အသက်ကြီးလာပြီ သူတို့ အားကိုးရမယ့် ကျွန်တော်က ကမျောက်ကခြောက် ဖြစ်နေတုံးပဲ ကျွန်တော်အတ္တကို ရနိုင်သလောက်သိမ်းပြီး ကျွန်တော်ရုန်းထွက်လိုက့်ပြီ ကျွန်တော်စီးမျောနေတဲ့ ဘဝကနေ ကျွန်တော်နစ်ဝင်ရမယ့် ဘဝဟောင်းစီ။


အဲ့ဒီ့အိမ်မှာ အဖေနဲ့အမေရှိတယ်၊ ကျွန်တော့်မမနဲ့ရတီရှိတယ်၊ ကျွန်တော့်မောင်လေးမိသားစု ရှိတယ်၊ ကျွန်တော် စောင့်ရှောက့်ရမယ့် အဘွားနှစ်ယောက်ရှိတယ် ပုခက်လွဲတဲ့လက်ဖြစ်မှ တန်ဘိုးရှိမှာလား အရိပ်ပေးနိုင်တဲ့ လူတစ်ယောက်ဆိုရင်ရော ပုခက်လွှဲစရာ မလိုတော့ပါဘူး...

 အဘွားရေ ကျွန်တော် လူ့ပေါက်ပန်း ပုံပြင်ကို နိဂုန်းချူပ်လိုက်ပါပြီ လူတော်ကြီး မလုပ်ချင်ပါဘူး ကျွန်တော် လူမိုက်မဟုတ်တော့ဘူးဆိုရင် ကျေနပ်ပါပြီ။

Thursday, February 23, 2012

ရက်လည်


အမှတ်သင်ညာ
နည်းပါးလှစွာ
နင့်မှနင် ဖြစ်နေတဲ့
ငါ့မျက်နှာငါ ပြန်မကြည့်ဝံ့လောက့်အောင်
မုန်းတီးပြစ်လိုက့်ချင်တယ်။
ဘယ်ဘဝက
ဆုတောင်းမှားခဲ့တာလား
ဆုတောင်းကောင်းခဲ့တာလား
အညှိုးမကြီးတက်တဲ့
ငါ့ကိုငါ အဂ္ဂမဟာသီရိသုဓမ္မဘွဲ့
ပေးလိုက်ချင်ပါတယ်။
မွေးသမိခင်က ကင်ပွန်းတက်ပါတယ်
နင့်လို မိန်းမကိုတော့
စိတ်လျှော့လိုက့်ပါပြီတဲ့။
နားလည်ရင် 
သတ်မသေရင်တောင်မှ
လူဝတ်လဲပြီးပြီ။
အခါခါစော်ကားခံရလဲ
အကြိမ်ကြိမ်လက်ခံခဲ့တယ်
စကားလုံးမဲ့သွားပါပြီ
ငါ့သမိုင်းကို စာဖွဲ့ဖို့ကို။
နင့်ကို ရေစက်ချ
သပိတ်သွတ်လိုက့်ပါတယ်
ခင်စန္ဒာဝိုင်းဆိုတဲ့... နွားရယ်။

Saturday, February 4, 2012

ခေတ်သစ်နွားပုံပြင်

 ကိုယ့်ပတ်ဝန်းကျင် လူနေမှုဘ၀ကြီးတစ်ခုလုံး ရွှေမိုးငွေမိုး ရွာနေတယ်.. လို့ 

အထင်ရောက်နေသူကိုတော့ အလယ်ခေတ်လက်တင်ဘာသာစကားနဲ့ Bulla လို့ ခေါ်ပါတယ်။
အဓိပ္ပါယ်ကတော့.... 'နွား' တဲ့။ မင်းခိုက်စိုးစန်။ ။း )
ကျွန်တော်သာ နွားတစ်ကောင်ဆိုရင်
ဘယ်လောက့်ကောင်းလိုက့်မလဲ
ဂျိုပဲဝှက်ဝှက် အမြီးပဲဖွက်ဖွက်
ကျွန်တော့်ဇာတိက နွားပါပဲ...
ခိုင်းနွားတစ်ကောင်မှာ
အထီးအမ ခွဲခြားထားလား
ကျွန်တော့်ကိုကျွန်တော်
အမဆိုတာ လက်ခံထားခဲ့လို့ပါ...
နွားက ဥပုဒ်စောင့်မယ်တဲ့
အဟတ် မြက်စားတဲ့ကောင်က 
လူအထင်ကြီးအောင် အော်ပြနေတာ...
ဒီလိုနဲ့ပဲ ဖွက်ထားတဲ့ဂျိုကိုထုတ်
ဝှက်ထားတဲ့ အမြီးကိုလွှတ်ချပြီး
ကျွန်တော် မြက်ပြန်စားရအုံးမယ် အမေ...။
 
ညဝေးကြယ်။ ။

Thursday, February 2, 2012

ငမွဲ။

မနက်ဖြန်တောင် မပိုင်တဲ့ ကောင်က အနာဂတ်ဆိုတာကို သွားပြီးခလုပ်တိုက်တော့ တွန်းချခံရတာ ဖြစ်သင့်ပါတယ် အချိန်တန် အိပ်ပြန်ပဲ ရှိခဲ့တာကို အချိန်မတန်ခင် အိမ်ပြန်ချင်ခဲ့မိတာ 
ကျွန်တော့်ဘက့်က မှားတာပါ တဒင်္ဂမေ့ထားခဲ့တဲ့ အရွယ်ဆိုတာက ကျွန်တော့်ကို အရိပ်တင်မကဘူး အကောင်ကြီးပါ ချပြတယ် 

စီးပွားရှာရမဲ့ အချိန်လေ နိုင်ငံခြားမှာ အလုပ်လုပ်တယ်တဲ့ ရယ်ချင်လိုက်တာ ကုလားခတ်တဲ့ရေ ကုလားသုံးတာနဲ့ ကုန်တယ် ကျွန်တော်လဲ ကျွန်တော်ရှာတဲ့ငွေ ကျွန်တော်သုံးတာနဲ့ ကုန်ခဲ့တာပါပဲ

ပြက္ခဒိန် ဘယ်နှစ်ခု ဆုတ်ဖြဲပြီးပြီလဲ အခုအချိန်အထိ သူ့ဘာသာ နေတဲ့နတ်တောင် ခလုပ်တိုက်ချင်သေးတယ် ငယ်ငယ်က အမေက ပြောပြခဲ့ဘူးတယ် ကျွန်တော့်ကို သားဆုပန်ရုက္ခစိုးစီမှာ တောင်းတာ ရွှေတိဂုံစေတီရဲ့ မြောက်ဘက်စောင်းတန်းနားကပေါ့ အဲ့ညမှာ အိမ်မက်လာပေးတယ်တဲ့ ရုက္ခစိုးက နင်ကလေးလိုချင်နေတာ ရော့ ဆိုပြီး တွံတွေးထွေးချပေးတာတဲ့ ဘယ်လိုဘယ်ပုံဖြစ်ပြီး ကျွန်တော်မိန်းမ ဖြစ်လာခဲ့မှန်း မသိပါဘူး

စိတ်ဓါတ်အရမ်းကျရင် ကျွန်တော် မိန်းမဖြစ်တာကို မုန်းတီးတယ် ဆိုက်ကိုပဲထင်ထင် ဖလော်ပဲပြောပြော အဲ့ဒါ ကျွန်တော့်ခံစားချက် နောက့်ထပ်မုန်းတီးတဲ့ စကားပုံ တစ်ခုရှိသေးတယ် ကြက်ဖတွန်မှ မိုးလင်းတာတဲ့ အမုန်းပေါ်အမုန်းဆင့်စေတဲ့ စကား မိန်းမဖြစ်လို့ ဘာမှ အသုံးမကျရတဲ့အထဲ အရာမရောက်ပါဘူး လာပြောနေသလို ခံစားရတယ်

ဟိုရောက် ဒီရောက် စိတ်တွေကို ထိန်းကျောင်းရင်း ကဗျာလေးတစ်ပုဒ် သွားတွေ့မိတယ်..

မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး
လယ်စောင့်တဲ့လေး ခြေတံရှည်
မိုးကုတ်အောက်မှာတည်
ကြာနီတပွင့် ဖြူတပွင့်
တဲနှင့် ပနံတင့်။ ။

မင်းသုဝဏ်။ ။


ကျွန်တော် အဲ့လိုဘဝလေးကို မက်မက်မောမော ရှိနေခဲတာ့ကြာပါပြီ ငါဆိုတဲ့ အတ္တကိုသာ ရင်ဘက်ထဲ ထည့်ထားရင် ကျွန်တော် ထွက်သွားခဲ့လောက်ပြီ အဲ့လိုလူမွဲ(ငမွဲ) ဘဝမျိုးမှာ နေထိုင်ဖို့အတွက့်


လူဟာ ဘယ်လောက့်ထိ အသက်ရှင်မလဲ
ဘယ်လောက် အများဆုံး ရနိုင်မလဲ
ခုရထားတဲ့ လောကစည်းစိမ် 
ဘယ်လောက့် ကြာကြာမြဲမလဲ...

http://www.youtube.com/watch?v=flXl85NYPHY  

ဓီရာမိုရ် ရဲ့ ငါ့တို့အိမ် သီချင်းလေး နားထောင်ရင်း ကျွန်တော်ရဲ့ ကပေါက်တိ ကပေါက်ချာ အတွေးတွေကို ကောက်သိမ်းလိုက့်ပါတယ်။

အိပ်ယာဝင်တေး။

လမ်းဘေးမှာ မငိုတော့ပေမယ်
အလွမ်းတေးတော့ ဆိုရအုံးမှာပဲ
ချစ်သူ
နီးစပ်ဖို့အရေး တွေးပျော်ခဲ့ဘူးတယ်
အပြီးမသတ်သေးတဲ့ ဘဝကို
ငါ မေ့လျော့ပြီးတော့
သမုဒ္ဒရာ ဝမ်းတထွာတဲ့
ငါ့မှာ လုံးပမ်းလိုက့်ရတာ
ပြောရှာတယ် မပူပါနဲ့တဲ့
သြော်...
ငါကရှာကြံ ပူတက်သူကြီးကို
တခါတခါ ဘဝဆိုတာကို
ပြာချကြည့်ချင်တယ်
ပူလောင်လွန်းလို့
ဒီလိုနဲ့ပဲ
ငါ့ဆန္ဒ ထိုးထိုးထောင်ထောင်ကို
ချိုးဖဲ့ခေါက်သိမ်း
အိပ်ယာဝင်တေး ဆိုရပြန်အုံးမယ့်။

ညဝေးကြယ်။ ။

Sunday, January 29, 2012

လူအ


အ လွန်းလို့ 
အသနားခံရသလို
ကစားလဲခံရတယ်...
ခဏခဏ 
ချနင်းခံရတော့
ရိုးသားမှုကို ကျင်လာတယ်...
ဆင်ကြီးတစ်ကောင်လုံး
မြင်နေတာတောင် 
ယုန်ပါလို့ ပြောရင် 
ယုံတက်တဲ့ကောင်...
ဥပဒေပုဒ်မ။ ။၄၂၀ 
လိမ်လည်မှု
ပထမတစ်ခါ  
ကိုယ့်အပြစ်မဟုတ်ဘူး
နောက့်တကြိမ် ကိုယ့်အပြစ်
ပြုံးမိလိုက်တယ် 
ခဏခဏအလိမ်ခံတဲ့ကောင်
တသက်တကျွန်း ကျလောက်ပြီ...
ကျွန်တော့်ခေါင်းမှာ
ဘုလေးစမ်းမိသလိုပဲ
မြက်ကျွေးပြီး ချိုလားလို့
ကျောလေးသပ်ပြီး မေးရင်
သွား ၃၂ချောင်း ဖွင့်
ပြုံးပြနေတဲ့ကောင်...
မြက်မှန်းသိတာတောင်
ကျောသပ်ခံရတာနဲ့
လူဆိုတာ အတိတ်မေ့သွားတယ်...။


ညဝေးကြယ်။ ။