Thursday, February 2, 2012

အိပ်ယာဝင်တေး။

လမ်းဘေးမှာ မငိုတော့ပေမယ်
အလွမ်းတေးတော့ ဆိုရအုံးမှာပဲ
ချစ်သူ
နီးစပ်ဖို့အရေး တွေးပျော်ခဲ့ဘူးတယ်
အပြီးမသတ်သေးတဲ့ ဘဝကို
ငါ မေ့လျော့ပြီးတော့
သမုဒ္ဒရာ ဝမ်းတထွာတဲ့
ငါ့မှာ လုံးပမ်းလိုက့်ရတာ
ပြောရှာတယ် မပူပါနဲ့တဲ့
သြော်...
ငါကရှာကြံ ပူတက်သူကြီးကို
တခါတခါ ဘဝဆိုတာကို
ပြာချကြည့်ချင်တယ်
ပူလောင်လွန်းလို့
ဒီလိုနဲ့ပဲ
ငါ့ဆန္ဒ ထိုးထိုးထောင်ထောင်ကို
ချိုးဖဲ့ခေါက်သိမ်း
အိပ်ယာဝင်တေး ဆိုရပြန်အုံးမယ့်။

ညဝေးကြယ်။ ။